ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး
ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး
ပြီးခဲ့တဲ့ ကျနော့်ရဲ့ “ငယ်အိမ်မက်” ဆိုတဲ့ပို့စ်မှာ ချစ်ခြင်း၊ မုန်းခြင်းနဲ့ပတ်သက်ပီး နဲနဲ အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။
သီအိုရီပိုင်းကိုတော့ ပညာရှင်တွေအကျယ်တဝင့်ဆွေးနွေးပါလိမ့်မယ်… ကျနော်ကတော့ ကျပ်မပြည့်သူ အူတူတူမို့ ဉာဏ်မှီသလောက်ပဲ တွေးပါတယ်…
ကျနော်တို့ကျောင်း အလယ်တန်းလောက်မှာထဲကသင်ရသလို အောက်ဆီဂျင်ဆို O2 ၊ ရေဆို H2O….
မော်လီကျူးလေးတစ်ခု လျော့သွားလို့ဖြစ်စေ၊ ပိုသွားလို့ဖြစ်စေ… structure ပျက်သွားရင် အောက်ဆီဂျင်က အောက်ဆီဂျင် မဟုတ်တော့သလို၊ ရေကလဲ ရေမဟုတ်တော့ပါဘူး….
အနော်အောက်ဆီဂျင်ခမျာ… အောက်ဆီဂျင်အဖြစ်နဲ့လူသားတွေကို အကျိုးပြုဖို့ အရမ်းကြိုးစားခဲ့ပါတယ်… ဒါပေမဲ့ ကံကြမ္မာ က မျက်နှာသာမပေးလို့ မော်လီကျူးတွေပိုလာပီး CO2 ဖြစ်သွားတယ်… အနော့်ကို အောက်ဆီဂျင်လို့ပဲ သဘောထားပီး ရှုပေးဂျဘာာာာ… ရမလား… လာဇတ်နာမပြနဲ့ ဘူသူမှ အီးမရှုဘူး
ပြီးခဲ့တဲ့ တစ်ပတ်လောက်တုံးက ကျနော်တို့ရုံးမှာ မြို့သစ်အကောင်အထည်ဖေါ်ရေး ပရောဂျက်တစ်ခု ဆွေးနွေးကြပါတယ်။ အဲဒီ့မှာ Water Supply Plant အတွက် နိုင်ငံတကာမှာတော့ ဟိုက်ဒရောလစ်ဒီဇိုင်းကိုသုံးကြပါတယ်။
ရေအရင်းအမြစ်သိုလှောင်ရေးအတွက်ကော၊ ရေပေးဝေရေးအတွက်ပါ၊ ပရောဂျက်ဧရိယာက မြေကြီး Soil Test လုပ်ထားတဲ့ ဒေတာတွေ၊ ရယူရမဲ့ရေကို test လုပ်ထားတဲ့ဒေတာတွေ၊ ground survey ဒေတာတွေအကုန်လုံး ကို ဆော့ဖဝဲထဲ ထည့်၊ အဲ့ဒီ့ ဆော့ဖဝဲကမှ ဘယ်နေရာမှာ ဘယ်နှစ်မီတာ အနက်တူးရမယ်၊ ပိုက်အထူဘယ်လောက်သုံးရမယ်၊ pressure ဘယ်လောက်ပေးရမယ်ဆိုတာ ပြန်တွက်ပီး ဒီဇိုင်းပြန်ထုတ်ပေးတာကို ဟိုက်ဒရောလစ်ဒီဇိုင်းလို့ ခေါ်တယ်လို့ ကျနော်တို့ ရုံးက ကျွမ်းကျင်ပညာရှင် ရှင်းပြပါတယ်။
နိုင်ငံတကာမှာတော့ Tap Water က သောက်လို့ရအောင်သန့်တာမို့၊ သူတို့ Water Supply System မှာ ရေ သန့်စင်ဖို့ အရမ်း ဂရုစိုက်ပါတယ်။ အဲဒီမှာ ရေသန့်စင်မှုကို ပျက်စေတဲ့အကြောင်းတွေကတော့ ရေ pressure များရင်ဖြစ်ဖြစ်၊ ပိုက်မြုတ် ထားတဲ့မြေကြီးပေါ်က ဖိအားကြောင့်ဖြစ်ဖြစ်၊ ပိုက်ရဲ့ materials တစ်ခုခု ရေမှာပျော်ဝင်သွားရင်ပဲဖြစ်ဖြစ် ရေမော်လီကျူးပုံစံ ပျက်ပြီး၊ ရေသန့်စင်မှုမရှိတော့ပါဘူး။
ဆိုတော့…. အဟွတ်… အဟွတ်… အဟမ်းးးးး
လိုရာဆွဲပြောရရင် အချစ်ဆိုတာလဲအဲ့လိုပဲလိုကျနော်ထင်ပါတယ်…
မည်သည့်အရာမဆို မိမိဂုဏ်သတ္တိပျက်သွားရင် ဘဝပျက်တာပါပဲ… ဆိုလိုတာ မူရင်းဘဝ ပြန်ရဖို့ခက်ပါတယ်။
နောက်တစ်ခုက quality control ကိစ္စပေါ့နော်၊
တွင်းထွက်ဆိုရင် ရှားပါးရမယ်၊ အရောင်ကနှစ်သက်ဖွယ်ရာဖြစ်ရမယ်၊ မာကျောမှုအဆင့်တစ်ခုရှိရမယ်… အဲတာမှရတနာ လို့ သတ်မှတ်ပါတယ်…
အချစ်အဆင့်အထိရောက်မလာတဲ့ အချစ်ကို ကျနော် အချစ်လို့ မသတ်မှတ်ပါဘူး…
“He’s just not that into you” ဆိုတဲ့ ရုပ်ရှင်လေးတစ်ခုကျနော်ကြည့်ဖူးပါတယ်…
“သူက မင်းကို စိတ်ဝင်စားမနေပါဘူး” လို့ ပြောလို့ရမယ်ထင်တယ်… ကိုဘလှိုင် ဆိုရင်တော့ ပိုလှအောင် ဘာသာပြန် တတ်မယ်….
ယောက်ကျားလေးတွေ သဘာဝကိုပြောထားတဲ့ ကားလေးပါ။ မိန်းကလေးတွေကသာ စိတ်ကူးယဉ် စိတ်ခံစားမှုကို ဦးစားပေး အသေးအဖွဲလေးတွေ အလေးအနက်ထားချဲ့တွေးပေမဲ့၊ ယောက်ကျားဦးနှောက်ဖွဲ့စည်းပုံက အဲ့လောက်ရှုပ်ရှုပ်ထွေးထွေး အလုပ်မလုပ်ပါဘူး…
သူတို့ချစ်တယ်ဆိုရင် ချစ်တဲ့မိန်းခလေးဆီရောက်အောင်လာပါတယ်…
ချစ်တော့ချစ်တယ်… မလာဘူးဆိုရင် ရှင်းရှင်းလေးပဲ လာလောက်အောင်မချစ်လို့ပါ…
လိုချင်တဲ့မိန်းကလေးကို ရအောင်ကြိုးစားပါတယ်၊ မကြိုးစားဖူးဆိုရင် ရှင်းရှင်းလေးပဲ ကြိုးစားရလောက်အောင် မချစ်လို့ပါ….
အရည်အချင်းမမှီတဲ့ အချစ်မဟုတ်တဲ့ ခပ်ညံ့ညံ့ စိတ်လှုပ်ရှားမှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ကားထဲမှာတော့ ဇတ်သိမ်းကလှပါတယ်…. Exception တစ်ခုအဖြစ် ပျော်ရွင်စရာ ဇတ်သိမ်းခန်းတစ်ခုပေးထားပါတယ်…
အဲဒီတော့ ကျနော်တို့နေ့စဉ်ဘဝတွေမှာလဲ Exception တွေ အများကြီးရှိနိုင်ပါတယ်… ကျနော်တို့ လက်ခံနိုင် လက်မခံနိုင်ကတော့ ကျနော်တို့အပိုင်းပေါ့လေ….
ချွင်းချက်တစ်ခုကြောင့် အခွင့်အရေးတစ်ခုရတဲ့အခါ….
လက်ခံနိုင်လောက်အောင် လိပ်ပြာသန့်မသန့်ကိုပေါ့….
ဘယ်လိုပဲဖြစ်ဖြစ် ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့ဗျာ….
….
……
……….
…………….
နိအာ့ဂျောင့် ယောက်ကျားမရတာလို့တော့ မပြောဂျနဲ့နော်…
53 comments
တောင်ပေါ်သား
March 6, 2015 at 9:06 am
တော်တာဗျာ
မိုက်တယ် 🙂
Wow
March 6, 2015 at 9:13 am
မလိမ်မာဝူး လူဇိုးမဂျီးလို့ ပေါချင်တာလားငင်င်င်
ဦးကြောင်ကြီး
March 6, 2015 at 9:46 am
အဝှာမပါဒဲ့ အခြစ် ဆားမပါဒဲ့ဟင်း ချားရသလိုပဲ မီကောင်း မီကောင်း…
Kaung Kin Pyar
March 6, 2015 at 10:25 am
Wow
March 6, 2015 at 10:40 am
ခု… ရဘီလားးးးး
pooch
March 6, 2015 at 10:50 am
ဝိုးရယ် နင်လည်း ငါနဲ့ တူတူပဲ တသက်လုံးတယောက်ထဲသာ နေတော့ :cryy:
Wow
March 6, 2015 at 11:25 am
နာတို့နှစ်ယောက်ယူဂျမယ်လေ… လူမိုက်ခင်ဇော် မသိစေနဲ့
ခင်ဇော်
March 6, 2015 at 11:34 am
ဘာ။
နိ ပို့(စ) မြင်လို့ ရွာထဲ ဝင်လာတဲ့သူ ရင်ကို ဒီလို ခြေစုံကန်ရသလားး :mrgreenn:
ပို့(စ) ထဲမှာ မောင်လေး လှိုင်ကို ဖျာရောင်းထားတာလည်း ဖျက်ပေးဘာ။ :mrgreenn:
~~~~~~~~~
နာ့ အဖို့ကတော့ အချစ်ဆိုတာနှိုင်းဖို့ ဘာ ဥမပါမှ မရှိပါဘူးး
ချစ်နေအချိန်ဟာ ချစ်တာပါပဲ။
အဲ။
အဲဒီလူကို မချစ်ဘူးဆိုလည်း မချစ်တော့ပါဘူးးး
ဆိုတော့ ချစ်ခြင်းမုန်းခြင်းဟာလည်း မတည်မြဲတဲ့ နာ့ရဲ့ အရူးစိတ် (အဲလေ) နာ့ရဲ့ မတည်ငြိမ်တဲ့ စိတ်အပေါ် မူတည်နေတဲ့ ခံစားချက်မို့ …..
ဖြစ်-ပျက်
ဖြစ်- ပျက် ပေါ့လေ။
ဟိ။
Wow
March 6, 2015 at 11:39 am
အဟွာလေ.. မယ်ပုကိုက လဂါးစတာ… ရမားလို့

မောင်လေးလှိုင်ဆိုတာ မိုးလေးကို ပေါဒါလား အဟွတ်….
အချစ်ကတော့ ဟွာလေ သူများကိုယ့်ချစ်မချစ်ဆိုတာတော့ တိုင်းရမာပေါ့ ကွကိုယ်တော့ ချိန်ခွင်ထဲ ဘယ်ဝင်ထိုင်မလဲ… နာက လူလည်ပါ
pooch
March 6, 2015 at 11:40 am
အေး ကောင်းတယ် :mrgreenn:
Wow
March 6, 2015 at 11:46 am
ဟေးးးးးး နာစွံဘီကွ
Kaung Kin Pyar
March 6, 2015 at 10:51 am
ခု ရသွားဘီ…

Wow
March 6, 2015 at 11:25 am
ရရင် ဟုတ်တယ်
Mr. MarGa
March 6, 2015 at 11:01 am
ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး
ဘာမှမဖြစ်အောင်လုပ်ရင်လည်း ဘာမှမဖြစ်ဘူး
ဖြစ်ချင်တာ မဖြစ်ရလို့ ဖြစ်ချင်တိုင်း ဖြစ်နေတာမျိုး မဟုတ်ရင် တော်ပြီ
ဘာဖြစ်ဖြစ် ဖြစ်ချင်ရာဖြစ် ဆိုပြီး မဖြစ်ရင် တော်ပြီ
ဒါပဲ
ဖြစ်လေရာဘဝ ဖြစ်ချင်တဲ့သူနဲ့ ဖြစ်ချင်သလို ဖြစ်ပါဇီ ဝိုးမမရေ :mrgreenn:
Wow
March 6, 2015 at 11:31 am
အာ့ဆို နိကတော့ ဖစ်ချင်ရာဖစ်နေတာပေါ့နော်
Mr. MarGa
March 6, 2015 at 11:42 am
ဘာမှကို မဖြစ်တာ
ဘာမှ မလုပ်လို့
:k:
naywoon ni
March 6, 2015 at 11:37 am
ဘာမှ မဖြစ်တဲ့နောက် ဘာများဖြစ်စေ့ချင်လို့လဲကွယ် ။
ဒီစကားနဲ့ ပတ်သက်လို့ နဲနဲ ဝင်အထွန့်တက်လိုက်ဦးမှနဲ့ တူရဲ့ ။။အရင်ကပြောနေတဲ့ စကား ” တစ်ကယ်ဖြစ်ချင် တစ်ကယ်လုပ် ” တဲ့ အဲ့က ကာလရွေ့လျောသွားတော့ “ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး ” တဲ့ နဲနဲအားပျော့သွားပြီ ။ ခု နောက်ပိုင်း” ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး” တဲ့ ။ စေတနာမပါတဲ့ ဝန်ထမ်းတွေ ပြောလေ့ရှိတဲ့ စကား ။ အလုပ်လုပ်ချင်သလောက်လုပ်မယ် ။ လာဘ် စားချင်စားမယ် ။ ဘာမှ ( ပြဿနာ ) မဖြစ်ရင် ဘာမှ မဖြစ်ဘူး ဆိုတဲ့ စကား ။။( ပြဿနာ ) ဖြစ်ရင်တော့ ( တစ်ခုခု ) ဖြစ်သွားနိုင်သပေါ့လေ ။
အဲ့ဒိလိုပဲ
“အချစ်ဆိုဖြစ်ဖို့ ကိုယ်ခံအားနည်းနေဖို့လိုတယ် ” ( ဘယ်သူပြောသွားသလဲ လိုက်ရှာမနေနဲ့ ခုမှ “နေဝန်းနီ “ပြောတာ ) အဲ့ ဒိတော့ အချစ်မတွေ့သေးတာ ကိုယ်ခံအား သိပ်ကောင်းနေတယ်လိုပဲ မှတ်ယူလိုက်တော့ ဝူး ရေ 🙂
Wow
March 6, 2015 at 11:44 am
ဟယ် အာ့ဆို အနော်က ရမ်းရမ်းဂျီးကို တော်နေတာပေါ့နော်
pooch
March 6, 2015 at 12:08 pm
ဟယ် အဘနီ အဲ့ဒါတကယ်လား ဝမ်းသာစရာပဲ
ငါကွ :mrgreenn:
ခင်ဇော်
March 6, 2015 at 12:16 pm
ဘယ်နဲ့ လဗျိုဂျီး ပြောတာ အဟုတ်မှတ်မနေကြနဲ့ ဒီ နှစ်ကောင်။
နာ ပြောတာ နားထောင်။
သဘာဝတရားကြီး က ပေးထားတဲ့ ကိုယ့်အင်္ဂါအစိတ်အပိုင်းတွေကို အသုံးမပြုရင်သော်လဂေါင်း
အသုံးပြုလွန်းအားကြီးရင်သော လဂေါင်းး ကင်ဆာဖြစ်တတ်တယ်။
နင်တို့တွေ ၂ လုံး ကင်ဆာဖြစ်လိမ့်မယ်နော်။
:boss:
Wow
March 6, 2015 at 12:38 pm
အာ့ချို ချွိပေါဒဲ့အတိုင်းးး ကင်ဆာဖြစ်မှာ ကြောက်လို့ပါ…
pooch
March 6, 2015 at 12:43 pm
အာ့ဆို နာလည်း ကြောက်တယ် ဆွိစကားပဲ နားထောင်မယ် :loll:
ဂျက်စပဲရိုး
March 6, 2015 at 1:07 pm
အသိ ဦးလေး တစ်ယောက် ပြောဖူးတယ်။
မိန်းမယူတယ် (အိမ်ထောင်ပြုတယ်) ဆိုတာ အဲ့လို လုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ
လူက နည်းနည်းလေးတော့ မိုက်ရူးရဲ ဆန်ပေး နေမှ တဲ့။
အစဉ်းစား လွန် ကုန်ရင် အဲ့လို ကိုယ်ခံအား တွေ သိပ်ကောင်းလွန်း ကုန်မယ် ပေါ့လေ။ 😛 😛
မြစပဲရိုး
March 7, 2015 at 5:45 am
မိုက်သဗျာ အဘနီ ရာ။
😉 :))
မြစပဲရိုး
March 6, 2015 at 2:01 pm
သီအိုရီ တွေ ပိုက်ပြီး ပြန်လာမယ် ဟေ့။ :))
အခု တော့ ပြေးရဦးမယ်။ lol:-)))))
Wow
March 6, 2015 at 2:05 pm
ဘယ်ရမလဲ ချစ်အရီးလေးကို ထောင်ဖမ်းနေတာ
ဝင့်ပြုံးမြင့်
March 6, 2015 at 2:16 pm
.စိတ်ညစ်တယ်။ အပျိုကြီး သုံးယောက်ကို စကားတစ်ခွန်း တိုးတိုးလေး ပြောမယ်။
.ယောက်ျားပေါတယ်၊ လင်ရှားတယ်။
.(မှတ်ချက် – ရွာသားများ မကြားစေရ။ )
.နောက်တော့မှ ယောက်ျားနိုင်နည်း ပို့စ်တစ်ပုဒ်တင်ပေးပါဦးမယ်။ ထုံးစံအတိုင်း သီဝရီပိုင်းပေါ့။
Wow
March 6, 2015 at 2:47 pm
အိုက်ပို့စ်လေး စောင့်ပီးမ ယောက်ကျားယူရမာပေါ့နော်
Mike
March 6, 2015 at 4:01 pm
.အချစ်လား…သူဖျားနေတယ် :k:
naywoon ni
March 6, 2015 at 6:27 pm
အချစ်လား ဒီအိမ်မှာ မနေတာကြဘီ
အချစ်လားဟေ့ ဝင်ခဲ့လေကွယ် ။
Alinsett@Maung Thura
March 6, 2015 at 6:38 pm
အချစ်ဆိုတာ အတဲ့သူတွေ ချစ်တာဆိုပဲ…
ဘယ်မှာလဲမသိ..ဖတ်ဖူးထားတာ..
အမှန်တော့ အချစ်ဆိုတာ… အဟုတ်တကယ်ထင်မိတဲ့ အချိန်တကွေ့မှာ ချစ်မိတယ်ထင်မှတ်တဲ့ စိတ်ခံစားမှုလေးများလားလို့…
ပြီးတော့… ပဝါပါးပါးလေးသာ ခြားတဲ့ မုန်းစိတ်နဲ့ ဟိုဘက်ခြမ်း ဒီဘက်ခြမ်းက အရာလေး…
padonmar
March 6, 2015 at 10:20 pm
ဘာသီအိုရီမှ မရှိတော့ ဘာမှလည်း မဖြစ်ခဲ့ပါဘူးကွယ်။
အေးချမ်းပါတယ်။
Wow
March 7, 2015 at 8:43 am
အေးအေးချမ်းချမ်း ကြာခွက်စားနေတာပဲကောင်းပါတယ် တီဒုံရာ
မြစပဲရိုး
March 7, 2015 at 5:41 am
အောင်မြလေး။ CO2 ကိုများ အပေါစား မှတ်လို့လား။
သစ်ပင်တွေ အတွက် အကြိုက်ပါလေ။
သီချင်း ထဲ က သီဝရီ နဲ့ ပြောမယ်။
စိုင်းထီးဆိုင် ဆိုခဲ့တဲ့ “ဒီထက်ပိုပြီး မတတ်နိုင်ဘူး” ထဲ မှာ
+++++
“ကျောက်တိုင်း အပြစ်ကလေးတော့ရှိတယ်၊
လူတိုင်း ချွတ်ယွင်း ချက်ရှိမယ်၊
သဘာဝရဲ့ သဘောတရား တစ်ခုပါဘဲ၊
ပုံစံ တခုထဲ ဇွတ်အတင်းသွတ်သွင်းနေရင်
နဂိုရှိရင်းစွဲ ဂုဏ်အင်ပျက်စီး မဲ့ အရေး
ပြန်ငဲ့ကွက်သင့်တာလဲ မင်းအသိပါဘဲ”
ရေနက်လဲ ကြမ်းရှိရမယ်
အပင်မြင့် လဲ အဖျားရှိရမယ်
အရာရာမှာ အဆုံးရှိကြရစမြဲ
ဒါပေမဲ့ လဲ တိုင်းလို့မရစကောင်းနိုင်တဲ့
ချစ်ခြင်းတော့ ရှိပါတယ်
မင်းမတောင်းရဘဲ ကိုယ်ပေးအပ်ခဲ့တာလဲ မင်းအသိပါဘဲ”
“ဒီထက်ပိုပြီး မင်းအလို ကို မလိုက်နိုင်ဘူး”
+++++++
သီချင်း ထဲ က သီဝရီ အရ ဆိုရင်ပေါ့လေ။
တို့မိန်းကလေး တွေ က မှန်းထားတာ နဲ့ ကိုယ်တော်များ လုပ်နေတာ တွေ က လွဲ နေတတ်သကွဲ့။
တစ်ချို့ ဇွတ်ကပ်ပြီး ချွဲတတ် တဲ့ ဟာမျိုး တွေ က ရေရှည် မမြဲတတ်ဘူး။
တစ်ချို့ တစ်ခွန်း ဘဲ ပြောပြီး ဘာမှ ဆက်မပြောတော့ဘဲ နေပြီး စွဲစွဲမြဲမြဲ ရှိတတ်တယ်။
ကိုယ့်ကို ပရက်ရှာ မပေးတဲ့ သဘောလဲ ပါမှာပါ။
ဒီတော့ သူ့ရဲ့ တုံးတိတိ ပီယဝါစာချစ်ဖွယ်သောစကား မပြောတာ ကို အတင်း တွန်း ပြောခိုင်းမိရင်
သူရဲ့ နဂို ရှိရင်းစွဲ ဂုဏ်သတ္တိ လေး ပျက်သွားတတ်ပါတယ်။
ဒီတော့ ကိုယ့်ကို သဲသဲလှုပ် မကပ်တိုင်း အမှန်တကယ် မချစ်ဘူး လို့ ကောက်ချက်ချဖို့ ခက်သား။
သူ့ရဲ့ တစ်ခြား အမူအကျင့် တွေ ဓလေ့စရိုက် စိတ်ဓာတ် တွေ ကိုလဲ ပလိုဂရမ် ထဲ မထည့်ဘဲ run လိုက်မယ် ဆိုရင် အဖြေမှန် မရ ဘူး လေ ကလေးမလေး ရဲ့။
ချစ်သော
အန်တီLove :))
ခင်ဇော်
March 7, 2015 at 7:32 am
နာ သာဆို
အာတီဒုံ မန့်သော်လည်းးးကောင်းးးးး
အရီးး မန့်သော် လည်းးကောင်းးးး
ဘီစီပေးးးတယ် ဝါးးးမမ
အဲလို ထဲ က တစ်မျိုးးး မဟုတ် တစ်မျိုးးး နေတတ်မှ…
နိ ဟာ နာ့ ပေါက်ကရတွေ ဆို အမြဲ ဟိုင်းးလိုက် လုပ်တယ်..
:k:
:k:
Wow
March 7, 2015 at 8:37 am
ပြောရင်မယုံဝူး နောက်တယ်ထင်တယ်… နာက ပေါက်ကရအဆင့်ပဲရှိပါဒယ်ဆို.. သိပ်အလေးအနက်ကြီးတွေ တွေးမျအူး
Wow
March 7, 2015 at 8:42 am
ဆိုလိုတာက ဘီလိုပဲဖြစ်ဖြစ် ကင်ဆာမဖြစ်အောင်ပဲဖြစ်ဖြစ်ပေါ့နော် … ဟီးးးး
Wow
March 7, 2015 at 8:47 am
ကျနော့်ထက် ပညာအားဖြင့်ကြီး တဲ့လူကြီးတွေကို နောက်သလိုဖြစ်နေရင် ခွင့်လွတ်ပါ၊ တီဒုံတို့ အရီးတို့….
အရီးစာခေးလေး ပြောသွားတာ သွေးထွက်အောင်မှန်ပါတယ်… နောက်ထပ် ဘီစီကလဲ ပေးမြတော့ဝူး…
ကျေးဇူးပါ အရီးလေး :kwi:
မြစပဲရိုး
March 7, 2015 at 5:54 pm
ဟိ ဟိ။
ဒီ လူကြီး တွေ ကို ဘက်စုံပညာတတ် လို့ မှတ်နေလေသလား ဝါး လေးရဲ့။
အမှန်တော့ ပြောသာပြောရ အစ်မဒုံ ပြောတဲ့ သီဝရီ မရှိ တော့ အေးချမ်းတယ် ဆိုတာ ကတော့ အမှန်တရား ပညာရှိ စကားပါ။
ကိုယ့်မှာတော့ သိသိ နဲ့ အဲဒီသီဝရီ ကြီး ကို စမ်းသပ် မိလိုက်လို့ ကိုယ့်ဘွ တောင် ကိုယ်မပိုင် တော့။
ဒါပေသည့်။
စမ်းကြည့် လဲ မှားတယ် တော့ မခေါ်ပါဘူး။
အက်ဒဗန်းချား ပေါ့။
သက်လုံတော့ ကောင်းပစေ အေ။
ဒါထက်
အဲ့ မင်းသား ရဲ့ စရိုက် လေးများ အကြမ်းဖျင်း သိခွင့်ရလေမလား။ သိချင်တယ်။ 😉 :))
Wow
March 10, 2015 at 9:03 am
အနော့်လို ဗာဂိုပါပဲ အရီး :kwi:
ခင်ဇော်
March 10, 2015 at 9:37 am
နာ မြန်းလားးး
ဒါမှမုန့်
ဂျားလား
ဆက်လားး
Wow
March 10, 2015 at 9:56 am
နိပဲပေါ့ ဟိုမလောက်လေးမလောက်စားနှစ်ယောက်က စာရင်းကိုမရှိ
black chaw
March 7, 2015 at 12:02 pm
ဟုတ်လိုက်လေ ဝေါင်းရယ်…။
ဘာမှ မဖြစ်မှတော့ ဘာမှ မဖြစ်ဘူးပေါ့…။
ထောက်ခံသွားပါတယ်…။
သခေါ ဘလက်ချင်…။
Wow
March 7, 2015 at 3:49 pm
နာမယ်ပေးကင်ပွန်းတပ်ခ တစ်ဝိုင်းပေးဘာာာ
Courage
March 8, 2015 at 7:30 am
အချစ်ဆိုတာ Tap Water လို လှည့်ဖွင့်လိုက်ရုံနဲ့ သောက်လို့မရတာ အမှန်ပဲဗျ
:528:
Wow
March 10, 2015 at 9:04 am
ချစ်ခြင်းဆိုဒါ ဝက်အူချောင်းမှ မဟုတ်ပဲ မဏိစန္ဒာ
Shwe Ei
March 9, 2015 at 1:58 pm
-ဘာမှမဖြစ်ရင်..ဘာမှမဖြစ်ဝူးဆိုတာထက်
-ဘာမှမလုပ်လို့ ဘာမှမဖြစ်တာလို့ ထင်ရပါတယ်..မမဝေါင်း
-အိုက်တော့ ဘာဘဲဖစ်ဖစ် တစ်ခုခုလုပ်လိုက်ဖို့ အကြံပေးချင်ပါတယ်..
-မိန်းမတို့ လုံ့လ..သေခါမှ လျှော့ရမယ် ပေါ့ခညာ 🙂
Wow
March 10, 2015 at 8:53 am
ဟုတ်တယ်… ကျီပြာလေးပြောတာမှန်တယ်… ဖြစ်ချင်တာဖြစ်အောင် ဖြစ်ချင်ရာဖြစ် လုပ်ပစ်မယ်
Crystalline
March 9, 2015 at 4:43 pm
🙄 🙄 🙄
Wow
March 10, 2015 at 9:00 am
:byee: 😥 :hee:
:sar:
ဗုံဗုံ
March 10, 2015 at 10:12 am
အားအားယားယား ချစ်အနေဗူး…
ကွကိုယ်စားဖို့သောက်ဖို့တောင် အနိုင်နိုင် ..
:boss:
Wow
March 10, 2015 at 10:22 am
အာ့လဲ မှန်တာပဲ စားဖို့က အရေးအကြီးဆုံး…
အော့ တူမရေး ရွာက နွားကြီး ကင်စားဂျမယ်..
အောင် မိုးသူ
March 10, 2015 at 10:10 am
တစ်ခါတစ်ခါမှာတော့ အချစ်ဆိုတာ အရာရာကို ဖြတ်ကျော်နိုင်စွမ်းရှိတာပဲ