( ဇာတ်လမ်း ) ၁
( ဟော ဦး ဒီကားနဲ့ပါလာတာလား )
( ဪ ဟုတ်တယ် )
( ထမင်းချိုင့် မပါဘူးလား )
( အင်း ဆိုင်မှာပဲ ဝယ်စားတာ )
( ပိုကုန်တာပေါ့ ၊ အမျိုးသမီးက မထည့်ပေးဘူးလား )
( ဘယ်က ဘာအမျိုးသမီး ဘာမိန်းမမှ မရှိပါဘူးဗျာ )
( အမယ် ဟုတ်လို့လား ဦးရယ် )
( ဒါ လိမ်စရာလားဗျ ၊ ကိစ္စသေးသေးလေးကအစ ဦး မလိမ်တတ်ဘူး )
စကားပြောရင်း လှိုင်မင်းလဘက်ရည်ဆိုင် ရောက်လာပါတယ် ၊ ဒီတစ်ခါ သူရှင်းမယ်ဆိုတဲ့ ကတိနဲ့ အတူ ဝင်ထိုင်ဖြစ်ပါတယ် ၊
( ဒါနဲ့ ဟိုနေ့တွေက နွယ့်ကို မတွေ့မိဘူး )
( ဪ ဟုတ်တယ် ၊ နယ်မှာ စေ့စပ်ပွဲသွားတာ )
( ဟင် ဘယ်လို ဘယ်လို စေ့ စေ့စပ်ပွဲ သွားလုပ်တာ ဟုတ်လား )
သေပြီထင်တယ်ဗျာ ၊ စ စမယ် မကြံသေးဘူး ၊
( ဘာလို့ ဒီလောက်လန့်သွားးတာလည်း ဦးရဲ့ ၊ နွယ့်အမ စေ့စပ်တာပါ )
( အမယ်လေး ၊ လန့်တာ မပြောနဲ့လေ ၊ နွယ်ပြောတာက စေ့စပ်ပွဲသွားတာဆိုတော့ )
( အင်းလေ ၊ စေ့စပ်ပွဲသွားတာပါဆို )
ကိုယ့်ခေါင်းထက်ကြီးတဲ့ အလုံးကြီး ရင်ဝကနေ ပြန်ကျသွားသလိုပဲ ၊
( နွယ့်အမက နွယ်တို့မြို့မှာပဲ ဆရာမ လုပ်နေတာ ၊ သူနဲ့ စေ့စပ်တာကလည်း မြို့ကပါပဲ )
( ဪ ကျောင်းဆရာပဲလား )
( မဟုတ်ပါဘူး ၊ ကုန်သည်ဆိုပါတော့ ၊ သူ့သမီးလေးက အမဆီမှာ ကျူရှင်တက်တယ်လေ )
( အန် ဘယ်လို ဘယ်လို )
( ဪ အဲ့တစ်ယောက်က မိန်းမဆုံးထားတာ ၊ ပြီးခဲ့တဲ့ ၂ နှစ်လောက်က ၊
ဒီ သမီးအကြောင်းပြုပြီး အမနဲ့ စသိခဲ့တာ ၊ သူတို့ စ ကြိုက်တော့ အဘ နဲ့ အမေက တားသေးတယ် ၊
နောက် တကယ်ကို ချစ်နေကြမှန်းသိလို့ သဘောတူလိုက်တာ ၊
အမကလည်း ခေါင်းမာတယ်လေ ၊ ဝါမဝင်ခင် လက်ထပ်ကြလိမ့်မယ် ၊ )
( အင်းပေါ့လေ ၊ တကယ် ချစ်တယ်ဆိုတော့လည်း )
( အဲဒါ တကယ် ချစ်တာလား အနေနီးသွားလို့လား ဟင် )
( အနေနီးရာက အမက ဟိုလူကို သံယောဇဉ်ရှိသွား ကို်ယ်ချင်းစာသွား
ကလေးကိုလည်း သနား အဲဒီကနေ စတာနေမှာပေါ့ ဟုတ်ဘူးလား )
ပြောသာပြောနေရတယ် ၊ ဘယ့်နှယ် ဒီဇာတ်လမ်းမျိုးနဲ့မှ တိုးရတယ်လို့ ၊
အေးလေ ဒီလို သံယောဇဉ်အချစ်မျိုးကို
နွယ် လက်ခံသွားရင်လည်း ကိုယ်နွဲရမယ့်တိုက်ပွဲမှာ အပေါင်းလက္ခဏာ ဖြစ်လာစေမှာလေ ၊
( ကဲ ဦး နွယ်ကချည်းပြောနေ ၊ ဦးအကြောင်းပြောဦးလေ )
ဘုရား ကယ်တော်မူပါ ၊ ဘာက စ ပြောရပါ့မလဲ ? ညာာလို့လည်း မဖြစ် ၊
( အင်းးး ဦးဘဝက သိပ်အထူးကြီးတော့ မဟုတ်ပါဘူး ၊ မိန်းမ ရခဲ့ဘူးတယ် ၊
အယူအဆ အတွေးအခေါ် မတူလာကြတော့လည်း ကွဲတာဟာ အကောင်းဆုံးပဲ လို့ ဆုံးဖြတ်ပြီး
လွန်ခဲ့တဲ့ ၅ နှစ်ကျော် ၆ နှစ်က ကွာရှင်းခဲ့ကြတယ် ၊ ဟောဒီ ဦးဖုန်းစခရင်ပေါ်က ပုံဟာ ဦး သားပါ ၊
သားကို အုပ်ထိန်းခွင့်ရဖို့ ဦး တောင်းဆိုခဲ့ရတာ ၊
ဒီအတွက် ဦး ပေးဆပ်လိုက်ရတာက ကားတစ်စီး ဆိုပါတော့ ၊ ဦးက ကားတစ်စီးထက် သားသမီးကို ပိုမက်တယ်လေ )
( ဪ မေးမိတာ ဆောရီးနော် ၊ နွယ် တကယ် စိတ်မကောင်းပါဘူူး )
( ဘာ စိတ်မကောင်းစရာ ရှိလို့လည်း ၊ မနေနိူင်တော့လို့ ကွဲတာ အဖြေမှန်ပဲ ၊
အဲ တကယ် ချစ်ရက်နဲ့ အချစ်မခံရတာကမှ ကြေကွဲစရာ မဟုတ်လားနွယ် )
( အင်း ဟုတ်ပါတယ်လေ ၊ ဒါဖြင့် ဦး နောက်အိမ်ထောင် ပြုဦးမှာလား ဟင် )
( ဦးကလည်း ချစ်မယ် ၊ ဦးအချစ် နဲ့ ဦးဘဝကိုလည်း နားလည်နိူင်သူမျိုးနဲ့ တွေ့ရမယ်ဆိုရင် ဦး တစ်ဘဝလုံး ပုံပေးလိုက်မှာပါ ၊ )
( ဪ အင်းပေါ့ အင်းပေါ့ ဟော ဦး ၉ နာရီထိုးတော့မယ် ၊ ရုံးထဲ ဝင်စို့နော် )
30 comments
Alinsett@Maung Thura
March 7, 2015 at 3:02 pm
ရုံးထဲ ပြန်အထွက် ညနေခင်းမှာ …ဘာလား ညာလား..
အဲဒါကို ထပ် စိတ်ဝင်စားနေပြန်ပါပြီ…
ငါ့နှယ်.. .
:k:
တောင်ပေါ်သား
March 7, 2015 at 3:34 pm
ဒီညနေဇာတ်လမ်းကို တနင်္လာနေ့မှ ဖတ်ပေါ့ကွယ် ၊ 🙂
ညနေ တွေ့ပဲတွေ့ပါစေဦး ၊
တိမ်မည်း
March 7, 2015 at 3:35 pm
ဇာတ်လမ်း ၁ ဆိုပဲ စောင့်ဖတ်နေမယ်ဗျို့။
ခင်ဇော်
March 7, 2015 at 4:35 pm
ဘွလုံး ပုံတော့မယ် ဆိုဗျဲ။
ဒေးလီး ဇာတ်ကွက်လေးတွေ သိရတော့မယ်ပေါ့။
:k:
နက်ဖြန်ကျ သူ့ ထမင်းနဲ့ စားဖို့ ဟင်းလေး တစ်ခွက်လောက် ချက်သွားလိုက်။
:sar:
တောင်ပေါ်သား
March 7, 2015 at 4:36 pm
Tomorrow is Sunday ? 🙁
ခင်ဇော်
March 7, 2015 at 4:40 pm
အဲ။
ဟုတ်သားးး
ဂလိုဆို နက်ဖြန်ချက်ထားပြီး မန်းဒေး ယူသွားလိုက်။
ကောင်းဘူးလား
:k:
မြစပဲရိုး
March 7, 2015 at 5:56 pm
အလိုလေး။
ဒါဆို Live လွှင့်နေတဲ့ ဇာတ်လမ်း ပေါ့ လေ။
ပိုပြီး စိတ်ဝင်စားစရာဘဲ ကိုမျိုး။ :))
naywoon ni
March 7, 2015 at 6:06 pm
ဟိုက် လျှာလပတ်ရည် အဲ့ဂလောက်ဂျီး ရောက်ရောက်ချင်း ဆောက်နဲ့ ထွင်းပစ်ရလားဟင် အဆက်မကြည့်ရဲဘူးနော် 🙂
Courage
March 8, 2015 at 7:04 am
ဆက်ပါဦး ဆက်ပါဦး ၂ကလေးကို
sorrow
March 8, 2015 at 5:04 pm
.အခုက ခြုံခိုတိုက်တဲ့အဆင့်မဟုတ်တော့ဘူး…. မြို့သိမ်းတိုက်ပွဲအဆင်ဖြစ်နေတယ်… ဘာပဲဖြစ်ဖြစ် မြန်လေကောင်းလေပဲ .ဘဝအကြောင်းတောင်မေးနေတယ်…ဆိုတော့ကာ..သူကလဲစိတ်ဝင်စားပုံပါပဲ..နက်ဖြန်လက်ဖမ်းကိုင်ပလိုက်တော့ …အဝင်လေးက သင်းနေပြီအစ်ကို … ဖြစ်နိုင်တယ်..အဟိဟိ..
မြစပဲရိုး
March 8, 2015 at 5:08 pm
ဟေး …
ဘာတွေ ချွန် နေတာတုန်း။
တော်ကြာ ဟိုက ပါးကို ပြန်နမ်း သွားဦးမယ်။
လက်နဲ့။ lol:-))))
sorrow
March 8, 2015 at 5:20 pm
အရီးလေးရယ်…Who , Braves are loved တဲ့ဗျ… ရဲရင့်တဲ့လူတွေပဲ အချစ်ခံရတာ… အစ်ကို…နားမယောင်နဲ့ …ကျော်ပြောတာမှအမှန်..ကိုယ်တွေ့ .အောင်မြင်ထားတဲ့ ပရိုဖိုင်ရှိတယ်ဗျ…. အဟိဟိ
ခင်ဇော်
March 8, 2015 at 5:22 pm
ဟုတ်တယ်။
ဟုတ်တယ်။
အောင်ပွဲဆိုတာ ရဲရင့်သူတွေ အတွက်ပဲ။
ရဲဘော် ဆက်လုပ်!!!
Mr. MarGa
March 9, 2015 at 12:26 am
ဒီလူရီးပြောတာ ကန့်ကွက်ရန်မရှိ
စွန့်စားပလိုက်စမ်းဘာာ ဗျာ
:k:
မြစပဲရိုး
March 11, 2015 at 5:42 am
ကိုယ်တော် စော – ဒီမှာတော့ ဇာတ်လမ်း ဆက် မလာသေးပါလား။ ဖြေဆေး ဆောင်ထားပေရော့။
lol:-)))
kai
March 8, 2015 at 5:58 pm
နွယ်နဲ့သူ့ဇတ်လမ်းမှာ…
သံယောဇဉ်နွယ်တွေတော့..
တနွယ်စီယှက်လို့.. ဆက်နွယ်လာပြီ..
ချစ်နွံနစ်ရင်… မနွဲ့စတမ်း။
ဦးကျောက်ခဲ
March 9, 2015 at 9:19 am
အဟိ … အဟိ … တိုးတိုးတိတ်တိတ် ဂဇက်မှာတက်ပြီးနည်းပေးရရင်…
ဦး… ဘွက အဲ့လိုမို့ ဦး… ကို လက်တွဲနိုင်မည့်သူ မရှိနိုင်ပါဘူးလို့… လှော်…
ဟာ ဦးကလည်း . အချစ်ဆိုတာ ဒါတွေနဲ့မဆိုင်ပါဘူးလို့ … ပြန်ပြောလိမ့်မယ် …
အဲ့ကြရင်… ဆိုင်ပါတယ်လို့ ပြန်ငြင်း… နာနာငြင်း …
နောက်ဆုံးမှ … နွယ်သာ အဲသည့်နေရာမှာဆို ဘီလိုစဉ်းစားမလဲ … ဆိုပြီး ချုပ်လိုက်…
:k: ဟီ ဟိ
ခင်ဇော်
March 9, 2015 at 9:29 am
အဲ့ ချုပ်နည်းကြီး ကြားဖူးသလိုလိုပဲ။
ဟေးဟေးဟေးးး
ကောက်ပင်ရိပ်လှီး ပြောနည်းတွေ။
ခိ
:k:
ဦးကျောက်ခဲ
March 9, 2015 at 9:36 am
ရှူး… တိုး တိုး …
မန့်ပြီးမှ ဒီချုပ်နည်းကို သိသူတွေရှိမှန်း သတိရ… ခွိ
:k:
pooch
March 9, 2015 at 10:48 am
တတ်လည်း တတ်နို်င်တဲ့သူတွေ နိုင်ဘူး သူတို့ကို :mrgreenn:
Crystalline
March 9, 2015 at 3:26 pm
အာ့နည်းကြီးက သများလည်း ကောင်းကောင်းကြားဖူးနေပါတယ်.. :mrgreenn:
မြစပဲရိုး
March 11, 2015 at 5:44 am
သားလေး လဲ မကြားစေနဲ့။ lol:-))))
Mike
March 9, 2015 at 2:00 pm
.အော်…ကိုမျိုး အချစ်တွေမကုန်နိုင်သေးပါလားနော် :mrgreenn:
sorrow
March 10, 2015 at 4:37 pm
အောင်မြင်သွားပြီထင်တယ်… စာမလာ သတင်းမကြား… ဂုဏ်ယူဝမ်းမြောက်ပါကြောင်း… အဟိဟိ
တောင်ပေါ်သား
March 10, 2015 at 4:46 pm
သူနဲ့ မဆုံဖြစ်သေးပါ ၊၊
ရုံးလာတာလည်း မတွေ့ 🙁
မနက်ဖြန် တိုက်ကင်းထွက်မည် ၊
Wow
March 10, 2015 at 4:56 pm
အသေတော့ဟိုက မလုပ်လိုက်ဝူးမလားဟင်င်င်
တောင်ပေါ်သား
March 11, 2015 at 9:03 am
ယနေ့မနက် တွေ့
မနက်ဖြန် ပို့စ်တင်ပါမည်
အခြေအနေ ကောင်းနေဆဲ 🙂
sorrow
March 15, 2015 at 10:09 am
. ဒီလိုပါခင်ဗျ .. ..တစ်ခါသား ကျော်လေ..မုန့်တခုအလွန်စားချင်ဗျ..တောင်းစားတယ်..မရ…အရမ်းချိုချိုသာသာရှင်းပြတယ်… …ဘယ်လိုစားချင်တာပါဆိုပြီး..မရ….အဲ့တာနဲ့..ဗြတ်ဆို..ဆွဲလုပြီး..ပါးစပ်ထဲ ပလုတ်ကနဲ ..ထည့်ပစ်တာ..ပိုင်ရှင်ဘာဆိုဘားမှမတတ်နိုင်..ပါးစပ်လေးဟပြီး..ကြောင်သွားယုံအပြင် .အဟိဟိ…ဆိုတော့ကာ.
..တစ်ခါတလေ တောင်းနေတာထက်..ဆွဲလုပြီး ပါးစပ်ထဲပစ်ထည့်ပလိုက်တာ ပိုထိရောက်ကြောင်း…အဟိဟိ
sorrow
March 11, 2015 at 1:17 pm
လက်ဖမ်းကိုင်ပလိုက်နော်… အစ်ကို…သိလား..အဟိဟိ..အခုခေတ်က လက်ရဲဇတ်ရဲတွေမှ အဆင်ပြေတာ …
•*¨နန်းတော်ရာသူ •*¨
March 15, 2015 at 4:16 pm
ဖြစ်ရပ်မှန်ဇာတ်လမ်း လွမ်းခန်းတော့မပါစေနဲ့ဗျာ
🙂