Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အခါတော်ပေး…ကိုရွှေဘလက်…။

black chawMarch 11, 20151min120152

မိတ်ဆွေများ သိပြီးဖြစ်တဲ့အတိုင်း

ယောက်ျားတော်တော်များများဟာ အိမ်ထောင်သက်လေး နည်းနည်းရလာတာနဲ့

အိမ်က မိန်းမ ကို ချောင်ထိုးချင်လာတတ်တာ သဘာဝပါ…။

ဥပမာ ကောင်းကောင်း ပြရရင် နိုဇိုးမိကြီး ကိုသာ ကြည့်…။

အောင်မယ် သူက နှယ်နှယ်ရတော့ မဟုတ်ဘူးခင်ဗျ…။

ယိုဒယား ကို မိန်းမ မပါ ပဲ တစ်ယောက်တည်း သွားသွား ကဲ သတဲ့…။

ဘလက်ကြီးတို့ကတော့ သိပေမယ့် ဘယ်သူ့မှ ပြန်ပြောမနေပါဘူးဗျာ…။

သူ့ဇာတ်သူနိုင်အောင် ကရင် ပြီးတာပဲပေါ့…။

အခုတောင် အင်တာနက်ပေါ်မှာ လူစုံတုန်းလေး ပြောလိုက်မိတာ…။

ဟေးဟေး။

အခုလည်း မြန်မာဂဇက်က ကျွန်တော့် ညီမတွေ တူမတွေခင်ဗျာ

သူတို့ ယူတဲ့ယောက်ျားတွေ ကြောင့်

ဒူးနဲ့ မျက်ရည်သုတ်နေရတဲ့ အဖြစ်မျိုးတွေ ကြုံတွေ့နေကြရရှာသတဲ့…။

အဲလို ကိစ္စမျိုးတွေဆို သူတို့ ကျွန်တော့်ကို ဖုန်းဆက်ပြီး လှမ်း…လှမ်းတိုင်တတ်ကြတယ်လေ…။

အောင်မယ်…ဒါမျိုးတော့ ဘာရမလဲ…။

ဒင်းတို့ လင်တွေ ဒင်းတို့ဆီကို ခြေဦးပြန်လှည့်စေမယ့် နည်းလမ်းကောင်းလေး တစ်ခုတွေ့တာနဲ့

အခုပို့စ်ကို ရေးပြီးသကာလ ညွှန်ကြားမှုပြုလိုက်ရတာပါ…။

အခါတော်ပေးတဲ့ ကိုရွှေဘလက် ပေါ့ဗျာ…။

ပထမတစ်ယောက်…

အိမ်မှု တာဝန်တွေနဲ့ ခင်ပွန်းသွားလေရာ မလိုက်နိုင်လို့

သံသယ စိတ်နဲ့ နေနေရရှာတဲ့ မမစိမ်း (ရွှေတိုက်စိုး ကတော်)

ရွှေတိုက် ကတော် မမစိမ်းခင်ဗျာ ကလေးတစ်ဖက် အိမ်မှုတာဝန်တစ်ဖက် နဲ့

ယောက်ျားလုပ်သူ သွားလေရာ မလိုက်နိုင်ရှာပါဘူး။

ယောက်ျားလုပ်တဲ့ ရွှေတိုက်စိုး ကတော့ အလုပ်တာဝန် အကြောင်းပြပြီး

မာဆတ်ခန်းသွားလား သွားရဲ့…။ ကာရာအိုကေ သွားလား သွားရဲ့…။

မန္တလေး ဆိုတာလည်း အိမ်ဦးနဲ့ ကြမ်းပြင်သာသာ…။

မန္တလေးမှာလည်း ကောင်မလေးတစ်ယောက်နဲ့ နားစွန်နားဖျားသတင်းတွေလည်း ထွက်ရဲ့…။

ဆိုတော့…မမစိမ်း ခင်ဗျာ…။

ခင်ပွန်းဖြစ်တဲ့ ရွှေတိုက် ပြောသမျှကိုပဲ ကြိတ်မှိတ် ယုံနေရတာပဲပေါ့…။

တကယ်ဆို သူ့ယောက်ျားက ယုံစရာ တစ်စက်မှ မကောင်းတာကိုလည်း

မမစိမ်းတို့ နောကြေနေပြီးသားပဲ…။

သမီးလေး မျက်နှာ ထောက်ထောက်ပြီး သည်းခံခွင့်လွှတ်နေရတာပဲပေါ့…။

ရခါစက အဲလို မကျေနပ်ရင် တရားထိုင်ခိုင်းပြီး အပြစ်ပေးခဲ့တာပေါ့…။

အိမ်ထောင်သက် နည်းနည်း ကြာလာတော့ ပြောမရ ဆိုမရ ဖြစ်လာပြီပေါ့…။

သံသယ စိတ်က လူကို နှိတ်စက်တတ်ပါတယ် မမစိမ်းရယ်…။

ဘာမှမပူနဲ့ မမစိမ်းရေ…။ ရွှေတိုက် တစ်ယောက် ခြေညိမ်သွားစေဖို့

ဦးဘလက် အကောင်းဆုံး လမ်းညွှန်ပေးမယ်ဟေ့…။

အဟမ်း…အဟမ်း…အဟမ်း….။

ဒုတိယ တစ်ယောက်

မိမိ ဘာပြောပြော အကောင်း မထင် အပြစ်သာမြင်နေလို့

စိတ်ညစ်နေရရှာတဲ့ မွသဲ (သင်္ဘောကက်ပတိန်ကြီး ကတော်)

ကက်ပတိန် ကိုကို က မွသဲ ဘာလုပ်လုပ် အကောင်းမမြင်ပဲ အပြစ်ပဲ ပြောနေသတဲ့…။

အရင်တုန်းကဆို သဲလေး…သဲလေး နဲ့ ပါးစပ်က မချခဲ့တဲ့ ကိုကိုဟာ အခုတော့ ဗွေဖေါက်စ ပြုလာခဲ့ပြီပေါ့…။

မွသဲ အသက်ကလည်း ၃ဝ ကျော်ကနေ ၄ဝ နီးလာပြီဆိုတော့ ကိုကိုက စိတ်ကုန်လာတာပဲပေါ့…။

ဟိုနေ့ကဆို ကြက်ဥကြော်ထားတာကို မပြုတ်ထားရကောင်းလားဆိုပြီး နာရင်းအုပ် သတဲ့…။

အင်း…ကျွန်တော့် ညီမလည်း လင်ဆိုးမယား တစ်ဖါးဖါးပဲ…။

ဟိုတစ်နေ့ကလည်း ကြက်ဥပြုတ်ထားပြန်တော့ ကြော်မထားလို့ ဆိုပြီး နာရင်းအအုပ်ခံရသေး သတဲ့…။

ဝဋ်ပေါ့အေ…။

အဲဒါနဲ့…ကဲ ဒီလောက်တောင် ဖြစ်လှတာ တစ်လုံးကို ကြော်ပြီး တစ်လုံးကို ပြုတ်ထားပေးလိုက်တော့လည်း

ကြော်ရမယ့် အလုံးကိုပြုတ်ပြီး ပြုတ်ရမယ့် အလုံးကို ကြော်ထားတယ်ဆိုပြီး နာရင်းအုပ်ပြန် သတဲ့…။

အဲဒါ…အချစ်လျော့လာပြီး အပြင်မှာ အသစ်တွေ့နေတဲ့ သဘောတွေပဲ မွသဲရဲ့…။

မငိုနဲ့ မငိုနဲ့…။ ယောက်ျားတွေ ဟာ ဒီလိုပါပဲအေ…။

အဲလို ကိစ္စတွေ အဆင်ပြေသွားစေဖို့ ညီးကို ငါ လမ်းညွှန်ပေးမယ်ဟေ့…။

အဟမ်း…အဟမ်း…အဟမ်း…

တတိယ တစ်ယောက်

ယောက်ျားလုပ်သူက တစ်နေ့ တစ်ခြား မိမိအပေါ် အေးစက်စက် ဆက်ဆံပြီး

အချစ်ပြယ်နေပြီ လို့ ထင်နေတဲ့ နိုဗီ ခေါ် ရီရီဝင်း…

သူငယ်ချင်း ရီရီဝင်း။

နင့်ယောက်ျားက နင့်အပေါ် ဆက်ဆံရေးတွေ ကျိုးတို့ကျဲတဲ ဖြစ်နေတယ်ဆို…။

အေး ယောက်ျားတွေက ဒီအတိုင်းပါပဲအေ…။

မနက်မိုးလင်း အလုပ်သွားလို့မှ နှုတ်ဆက်အနမ်းလေး ပေးမသွားလို့

စိတ်ဆင်းရဲနေရတယ်ပေါ့…။

ရုံးကအပြန်နောက်ကျလို့ မေးရင်လည်း မကြိုက်ချင်ဘူးပေါ့…။

အသက်ကလည်း ရလာပြီကိုးအေ့။

ဒါနဲ့ ညီးအသက်က ၄ဝ နဲ့ ဘယ်လောက်…။

ဟေးဟေး စတာပါအေ…။ ညီးက ၃၅ လောက်ပဲ ရှိတာ ငါသိပါတယ်…။

အဲ…ဒီလို အချိန်မျိုးမှာ ညီးယောက်ျားကို မိန်းမမာယာ အပြည့်ထုတ်သုံးပြီး

အပိုင်ထိန်းချုပ်ထားဖို့ လိုတယ်အေ့…။

မပူပါနဲ့အေ…။

ညီးကို အကောင်းဆုံး လမ်းညွှန်ပေးပါ့မယ်အေ…။

အဟမ်း…အဟမ်း…အဟမ်း

စတုတ္ထ တစ်ယောက်

အချိန်မှန်အိမ်မပြန်ပဲ ခြေများနေလို့ မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေရရှာတဲ့ ဆူးမမ…။

ဒီမှာ ဆူး…။ ညီး ယောက်ျား အချိန်မှန် အိမ်မပြန်လို့ဆို…။

အေး…မျက်ရည်ကျနေရင် ညီး ရှုံးတာပေါ့အေ…။

ဟိုတုန်းကတော့

ညစာကို ဆူးလေး နဲ့ လက်ဆုံစားရတာ ကိုကို့အတွက် ဘာနဲ့မှ မလဲနိုင်ပါဘူးဆိုတဲ့ ကိုကို…။

အခုတော့ စားသောက်ဆိုင်တွေမှာပဲ ပျော်နေပြီပေါ့…။

ဟိုတုန်းက ဆူး ချက်တဲ့ ဟင်း လောက် ဘယ်ဆိုင်မှ မကောင်းဘူးဆိုတဲ့ ကိုကို…။

အခု စင်တင်တွေ ရှိတဲ့ စားသောက်ဆိုင်တွေမှာပဲ ညစာစားနေပြီပေါ့…။

သူဌေးလေးကလည်း ဖြစ်ပြန်…၊ ရူပါလေးကလည်း အလန်းစားလေးဆိုတော့

ဆော်တွေကလည်း အတင်းတွယ်ကပ်နေကြပြီပေါ့။

ဆိုင်က အဆိုတော်မလေးတစ်ယောက်နဲ့တောင် ညိနေလို့ ညီးအသီးတွေကွဲနေ ဆို…။

ဘာမှ မပူနဲ့ ဒီကောင်ကြီး ခြေငြိမ်သွားအောင် ငါ အကောင်းဆုံး လမ်းညွှန်မှုပေးမယ်အေ…။

အဟမ်း…အဟမ်း…အဟမ်း

ပဉ္စမ တစ်ယောက်

ရှာသမျှ ငွေမအပ်ပဲ အပျော်အပါး အတွက်သာ သုံးနေလို့ စိတ်ဆင်းရဲနေရရှာတဲ့ မမနှင်း…။

ဒီမှာ မမနှင်း…။

ကိုကျောက်အကြောင်းတော့ ကျွန်တော်က အတွင်းသိ အစင်းသိ…။

ဝင်ငွေကလည်း လွှတ်ကောင်းတော့ မိန်းကလေးတွေက ယုံကမတိုး ပိုက်ကတိုး လုပ်ချင်ကြတာကလား။

ပြီးတော့ ဒင်းအသားအရေက ညိုညက်ညက်လေး ဆိုတော့ အဖြူတွေကြားမှာ စတားဖြစ်ပြီပေါ့အေ…။

လစာ ဒေါ်လာ ၆ ထောင်လောက်ရတာ ၃ ထောင်လောက်ပဲ အပ်တာပေ့ါနော်…။

အပျော်အပါးအတွက် ငွေတွေ အရမ်းသုံးနေတယ်လား…။

အေးအေး ဘာမှ မပူနဲ့ မနှင်းရေ…။

ကျောက်တစ်ယောက် ရသမျှ လခ အကုန်လုံး အိမ်က မိန်းမကို အပ်ဖို့

ကျွန်တော် အကောင်းဆုံးလမ်းညွှန်ပေးပါ့မယ်ဗျာ…။

အဟမ်း…အဟမ်း…အဟမ်း

ဆဌမ တစ်ယောက်

အခြား မိန်းမ နဲ့ ဖောက်ပြန် ပတ်သက်နေတယ်ထင်လို့

အရှုပ်အထွေး ကင်းချင် ရှာတဲ့ မမနွယ်ပင်

နွယ်ပင်…သမီးလေး…။

မငိုနဲ့ မငိုနဲ့ တိတ်…တိတ်…။

ဦးဘလက် သတင်းကြားလို့ ဖုန်းဆက်လိုက်တာအေ့…။

ဒီကောင်အာဂ အခုတလော မော်ဒယ်မလေးတွေနဲ့ ရှုပ်နေတာ

သတင်းသဲ့သဲ့တော့ ကြားမိသား…။

အောင်မယ် ဖေ့စ်ဘုတ်ပေါ်မှာ ကမ္ဘာ့အလှဆုံးစာရင်းဝင် ဟန်သီဆိုတဲ့ ကလေးမလေးနဲ့

တွဲရိုက်ထားတဲ့ ဓါတ်ပုံတင်လား တင်ရဲ့…။

သူ့ သူငယ်ချင်းတွေကလည်း မြှောက်ပေးနေလိုက်ကြတာ ဘလက်ချောဆိုတဲ့လူကြီးက အဆိုးဆုံး…။

ဟို ခင်ဝင့်ဝါ ဆိုတဲ့ ကလေးမနဲ့ရော…၊ နန်းခင်ဇေယျာ ဆိုတဲ့ ကလေးမနဲ့ရော

ဓါတ်ပုံတွေ တင်တင် နေတာ ငါတော့ မကြိုက်ပါဘူးအေ…။

ယောက်ျားကောင်းမောင်းမတစ်ထောင်ဆိုပေမယ့် အာဂ ဒီလို ဖေါက်ပြန်လိမ့်မယ်လို့

မထင်မိဘူးအေ…။

အော်…ဘာမှမပူပါနဲ့…။

အာဂ တစ်ယောက် အဲ့မိန်းမတွေနဲ့ ရှုပ်တာတွေ ရပ်ပြီး နွယ်ပင်မှ နွယ်ပင်ဖြစ်သွားအောင်

ဦးဘလက် အကောင်းဆုံးလမ်းညွှန်ပေးပါ့မယ်အေ…။

အဟမ်း…အဟမ်း…အဟမ်း

 

ကဲ…အထက်က အိမ်ထောင်ရှင် အမျိုးသမီးများ ဖြစ်ကြတဲ့

၁။ မမစိမ်း

၂။ မွသဲ

၃။ ရီရီဝင်း

၄။ ဆူး

၅။ မမနှင်း

၆။ နွယ်ပင်

တို့အားလုံးအတွက် ဦးဘလက် လမ်းညွှန်ပေးလိုက် ပါတယ်ဗျာ…။

အောက်က ကြော်ငြာအတိုင်းသာ ကြွကြပေတော့ဗျို့…။

ဆရာမ ထက်နွေးစန္ဒီ တဲ့…။

ယတြာ သိတ်စွမ်းဆိုပဲ…။

အမျိုးသမီး သီးသန့်တဲ့ ခင်ဗျ…။

မဒမ် ဆာမိ တို့ မဒမ် ပီချိုကြီး တို့ရဲ့ လက်စွဲတော် ဆရာမတဲ့ဗျို့…။

အခုတလော ခြေငြိမ်နေတဲ့ ကိုဆာမိ နဲ့ ကိုပီချိုကြီး တို့ကိုသာ ကြည့်ကြပေတော့…။

ဘယ်လောက်စွမ်းလိုက်သလဲဆိုတာ…။

အော်ကွယ်…ဒါနဲ့…စကားမစပ်

အိမ်က ကိုကို တွေနဲ့ ပြန်အဆင်ပြေသွားရင် လမ်းညွှန်ပေးတဲ့

အခါတော်ပေး ကိုရွှေ ဘလက် ကိုလည်း ဒါဘယ်ဘလက်တွေဘာတွေနဲ့

ကန်တော့ကြဖို့ မမေ့ကြနဲ့ ပေါ့…။

အဟေး…အဟေး…။

ဒီလိုပဲ လုပ်ကိုင်စားသောက်ရတာပါပဲကွယ်…။

ချစ်ခင်လေးစားတဲ့

အခါတော် ပေး ကိုရွှေဘလက်…။

 

10560336_651614038278625_1590579231221363103_o

 

52 comments

  • ခင်ဇော်

    March 11, 2015 at 1:43 pm

    ဟင်
    လိုင်းပြောင်းသွားပြန်ပြီ။
    :g:

    ဟို ဟာ အတွက် အိမ်တိုင်ရာရောက် ကူညီတယ် ဆိုတဲ့ ဟာ အတွက်ရော မကြေငြာပေးဘုလား??

    :k:

  • Mr. MarGa

    March 11, 2015 at 1:49 pm

    ငမ်
    သဂျီးရေ သဂျီးရေ
    ဒမယ်ဗျို့ ဦးဘလက်ကြီး ဂဇက်မှာ ကြော်ငြာလာတင်နေတယ်
    မှန်မှန်ပြော
    အဲ့ ဗေဒင်ဆြာမက ကြော်ငြာခ ဘလောက်ပေးထားသလဲ ဟင်
    :mrgreenn:

    • black chaw

      March 11, 2015 at 1:56 pm

      @ Mr. MarGa ;
      အဲ့ဗေဒင် ဆရာမနဲ့ ဦးဘလက်က ဘယ်လိုမှ မပတ်သက်ပါဘူးကွယ်…။
      ယုံ…ယုံ…ယုံပါ…နော်…။
      :k:

      • Mr. MarGa

        March 11, 2015 at 2:01 pm

        ယုန်ကောင်ငုံ၍ ယုန်ရုပ်ရေးပြလျှင်ပင် ယုံရခက်ခက် ဖြစ်ဦးမည်သာ… :mrgreenn: :mrgreenn:

  • black chaw

    March 11, 2015 at 1:51 pm

    @ ခင်ဇော် ;
    ဟဲ့…ဟဲ့…။
    ဘယ်ဟာအတွက်လဲ ခင်ဇော်ရဲ့…။
    :k:

  • Alinsett@Maung Thura

    March 11, 2015 at 1:54 pm

    ယောက်ျားတော်တော်များများဟာ အိမ်ထောင်သက်လေး နည်းနည်းရလာတာနဲ့
    အိမ်က မိန်းမ ကို ချောင်ထိုးချင်လာတတ်တာ သဘာဝပါ…

    ဆိုလို့.. .
    အိမ်ထောင်မကျသေးတဲ့ ကျနော်တို့လို လူပျိ ု လေးတွေ ကျတော့…
    မိန်းခလေးချောချော မြင်ရင်…
    ကိုယ့်အိမ်ထဲ…ချောင်ထိုးထားဖို့… အတင်းခေါ်လာချင်မိတယ်..လို့…
    တခါတလေပြောပါတယ်..
    ခွိ

    :k:
    ———–

    လက်ဘလေးရဲ့ ကြော်ငြာပိုစ့်ကို ဖတ်သွားပါကြောင်း…
    .ကြော်ငြာခ ဘယ်လောက် ရလဲငင်…

    • black chaw

      March 11, 2015 at 2:29 pm

      @ alinsett@Maung Thura;
      ခက်တာက…
      ယောက်ျားတွေကလည်း ရခါစဆို
      စားလည်း မိန်းမ…သွားလည်း…မိန်းမ
      အိပ်လည်း မိန်းမ…။
      ချေးပါလည်း မိန်းမ…။ သေးပေါက်လည်း မိန်းမ…။
      တစ်ချိန်လုံး မိန်းမ မှ မိန်းမ ဖြစ်နေကြတော့…။
      မိန်းမတွေကလည်း အငိုက်မိကြရှာတာပေါ့ကွယ်…။
      မယုံရင် ယူကြည့်လိုက်ပါလား ဟင်င်င်…။
      :k:

  • တောင်ပေါ်သား

    March 11, 2015 at 1:55 pm

    ဂေါ်မစွံ လူပြိုဂျီးတွေအတွက်ကော အခါတော် မပေးဘူးလား

    ထရစ်ပယ်ဘလက်နဲ့ ဂါရဝပြုပါ့မယ် ဆရာဘလက်ရယ်

    • black chaw

      March 11, 2015 at 2:34 pm

      @ တောင်ပေါ်သား ;
      နည်းကောင်းတွေ ရှိပါတယ်…။
      ပွဲတွေ့နည်းတွေပေါ့…။
      ငွေတော့ တော်တော် ရင်းရမယ် ဗျ…။
      အခါတော်ပေးခက တင် ဂဏန်း ခြောက်လုံးလောက် ရှိပါတယ်…။
      ပြီးတော့ ယတြာအဆောင်ကလည်း သိန်းတစ်ရာလောက် ရင်းရမလားပဲ…။
      လိုရင်ပြောနော်…။
      ပေးမယ်…သိလား…။
      :k:

      • တောင်ပေါ်သား

        March 11, 2015 at 2:47 pm

        ငင် သိန်းတစ်ရာကျော်

        တော်ပီကွယ် သိန်းတစ်ရာကျော်ဖြုန်းနိူင်မှတော့

        အလန်းလေးတွေနဲ့ အခါတစ်ထောင်လောက် သွားတွေ့လိုက်မပေါ့ 🙂

        • black chaw

          March 11, 2015 at 3:07 pm

          @ တောင်ပေါ်သား ;
          တော်လည်း တော်လောက် ပါပြီကွယ်…။
          :k:

  • ဗုံဗုံ

    March 11, 2015 at 1:57 pm

    ရည်းစားမဖစ်ခင်တည်းက
    ခြေငြိမ်အောင်လုပ်ချင်ပါဒယ်…
    ဘာစားစား ကိုယ့်ကိုဘဲ
    ဒဒိရနေအောင် လုပ်ချင်ပါဒယ်….
    ဘာဘဲဝယ်ဝယ်ကိုယ့်ဖို့
    ပါအောင်လုပ်ချင်ပါဒယ်…….
    ညွှန်ပြပေးဘာာာာ….. :mrgreen:

    • black chaw

      March 11, 2015 at 2:39 pm

      @ ဗုံဗုံ ;
      ရည်းစားမဖြစ်ခင်ကတည်းက ခြေငြိမ်အောင်ဆိုရင်
      ခြေထောက်သာရိုက်ချိုးထားလိုက်…။
      ဘာစားစား ကိုယ့်ကိုပဲ သတိရစေချင်တယ်ဆိုရင်တော့
      ငွေထုတ်ကိုင်ပြီး သူ့နောက်ကလိုက်ရှင်းပေးလိုက်ပါ…။
      ဘာပဲ ဝယ်ဝယ် ကိုယ့်ဖို့ ပါစေချင်တယ်ဆိုရင်တော့
      သူ့လက်ထဲ ဒေါ်လာ တစ်သောင်းလောက် ထည့်ပေးထားလိုက်…။
      ယုံယုံကြည်ကြည်လုပ်ပါလေ…။
      :k:

  • kai

    March 11, 2015 at 2:00 pm

    ယောက်ျားက…မိန်းမအတွက်.. ယတြာလုပ်ချင်ရင်.. လုပ်ပေးမယ့်.. ဗေဒင်ဆြာမခြော်ခြော်လေးမရှိဘူးလား.. ဟင်င်င်..။
    ရင်အပ်တိုင်ပင်ချင်လို့..။ :k:

    • black chaw

      March 11, 2015 at 2:25 pm

      @ kai ;
      အော်…သူကြီးရယ်…။
      ဒီရုပ်…ဒီရေလေးနဲ့ မိန်းမပစ်သွားလည်း သွားပါစေပေါ့…။
      သူကြီးရုပ်မျိုးနဲ့ဆို မိန်းမ ၃….၄….ယောက်လောက်တော့
      အေး…ဆေး ရပါသေးတယ်ဗျာ…။
      ဗေဒင်ဆြာမ မရှာနဲ့တော့…။
      :k:

  • ဦးကျောက်ခဲ

    March 11, 2015 at 2:12 pm

    ငင့် … ရုံးပြန်နောက်ကျလို့ ကွိုင်ရှာခံနေရပါမှ ဒီလူဂျီး ချွန်တွန်းလုပ်ပြန်ဘီ …
    ကျောက်စ်က ချစ်ဇနီးအပေါ် တစ်ယောက်တစ်ချစ်တစ်သက် တစ်ကမ႓ာပါခင်ည…
    လမ်းကြုံရင် ဆြာဘလက်ကတော် မအိမ်စိုးမေကိုလည်း အဲ့ဆြာမဆီပို့ပေးမယ်…
    ဆိုင်ဆိုးမောင် ဆြာဘလက် လှည်းတန်းရောက်ရင် ပျောက်ပျောက်သွားလို့…
    ယတြာချေသင့်ရင်ချေ … ပွဲကြမ်းသင့်ရင် ကြမ်းရအောင်… ဟီ ဟိ
    :k:

    • black chaw

      March 11, 2015 at 2:20 pm

      @ ဦးကျောက်ခဲ ;
      အဲ့ ဆရာမက မဒမ်ဘလက် လက်စွဲ…။
      ငှဲ…ငှဲ…ငှဲ…။
      :k:

  • aye.kk

    March 11, 2015 at 2:26 pm

    ဪ……လူတွေလူတွေ(ဗေဒင်ဆရာမတွေကိုပြောတာပါ)။
    ဗေဒင်အားကိုးနေမဲ့အစား
    ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်အဝထားရှိခြင်းက
    အကေါင်းဆုံးယတြာဆိုတာ မသိကြလို့သာပါ မောင်လေးဘလက်ရေ။

    • black chaw

      March 11, 2015 at 2:44 pm

      @ aye.kk ;
      ဂျာနယ်ထဲက ကြော်ငြာကိုကြည့်ပြီး
      ရွာထဲက ညီမတွေ တူမတွေကို စချင်နောက်ချင်စိတ်ပေါ်လာတာနဲ့
      ဒီပို့စ်လေးကို ရေးမိတာပါခင်ဗျ…။
      အစ်မပြောသလို ကိုယ့်ကိုယ်ကိုသာ အားကိုးတာ
      အကောင်းဆုံးပါခင်ဗျ…။

  • pooch

    March 11, 2015 at 2:52 pm

    အော် ကိုနိုဇိုမိက အရင်တို်င်းပဲကိုး မဒမ်နို သနားပါတယ်
    ဟို မိုးဟေကိုနဲ့ တူတဲ့ တယောက်က ဘယ်ရောက်သွားလို့လဲ :loll:

    • black chaw

      March 11, 2015 at 3:06 pm

      @ pooch ;
      နိုဇိုးမိ အကြောင်းတော့
      ပြော့ကို မပြော့ချင်တော့ပါဘူး မပုချ်ရယ်…။
      မိုးဟေကိုနဲ့ တူတဲ့ အိမ်ဖေါ်ကိုတော့ မဒမ်နိုက
      ပိုက်ဆံနည်းနည်းပေးပြီး တောပြန်ပို့လိုက်တယ်တဲ့…။
      အခုက နိုင်ငံခြားထွက်ထွက် ကဲတာ ဗျ…။
      တစ်နေ့ တစ်နေ့ အိမ်လည်း လုံးဝ မကပ်ဘူးတဲ့…။
      ပြောချင်တော့ပါဘူးကွယ်…။
      :k:

  • Wow

    March 11, 2015 at 3:15 pm

    မွသဲနဲ့ အု (ကြက်ဥ) ကံမကောင်းပါလား :mrgreen:

    • black chaw

      March 11, 2015 at 3:28 pm

      @ Wow ;
      ဟုတ်တယ်ဝေါင်းရေ…။
      ယောက်ျားရပြီးရင် ကြက်ဥ ကိစ္စ သိတ်အရေးကြီးတယ်နော်…။
      မွသဲ ကို နမူနာယူထားပါ…။
      ကြော်ရမယ့် ဥကို ကြော်ပြီး
      ပြုတ်ရမယ့် ဥကို ပြုတ်ဖို့ အရေးကြီးတယ်ဗျ…။
      ဟေးဟေး…။
      :k:

  • nozomi

    March 11, 2015 at 3:21 pm

    မဒမ်ချော နဲ့ အဆက်အသွယ် ရတော့ ပြောတာ
    ခင်ဗျား ခြေရှုတ်နေလို့ အဲဒီ ဆရာမ က ဒီ ပို့စ် တင်ပြီး ယတြာ ချေခိုင်းတာ ဆို အသက်တွေ လဲ ကြီးပါပြီ အရင်လို မမိုက်ပါ နဲ့ တော့

    • black chaw

      March 11, 2015 at 3:31 pm

      @ nozomi ;
      ဟောဗျာ…။
      ရှေ့ပြောနောက်ကြည့် တဲ့…။
      သူ့အကြောင်းပြောနေတုန်း လူမိသွားပြီ…။
      အေးပါဗျာ…။
      အခု…ကျွန်တော်…လိမ္မာနေပါပြီ…။
      ခင်ဗျားရောဟင်င်င်င် ??????
      :k:

  • naywoon ni

    March 11, 2015 at 3:27 pm

    ​ဗေဒင်​ဆြာမ ကို​ကျော်​ငြာ ​ပေးချင်​တာနဲ့ ကိုယ်​့ရွာသူ​တွေအ​ကြောင်​း အတင်​း​ပြောတာ​တော့ မ​ကောင်​းဘူးဗျို့ သက်​ဆိုင်​ရာရွာသူမျ ား အူးဘလက်​ကို သပိတ်​​မှောက်​ရင်​မ​ကောင်​းဘူးလား ¿¿¿¿¿

    • black chaw

      March 11, 2015 at 3:33 pm

      @ naywoon ni ;
      ဟေးဟေး။ သူတို့ သပိတ်မှောက်ရဲမှာ ဟုတ်သေးဝူးဗျ…။
      မနေ့ကတင် ရိုက်တာနှက်တာတွေ တွေ့ထားတော့
      လုပ်ရဲကြမယ် ထင်ဝူး…။
      :k:

      • naywoon ni

        March 11, 2015 at 3:41 pm

        အဲ့ဒါက ဒီမိုက​ရေစီမသိတဲ့ မြန်​တျာန်​့ပြည်​က စစ်​တစ်​ပိုင်​းအစိုးမရဗျ
        အခုဟာက ဒီမိုက​ရေစီ သိတဲ့ ဒီမို သူကြီးဗျ မတူဘူး ။ ကျုပ်​ ခီးညားကို သပိတ်​​မှောက်​မလို့စည်​ုးရုံး​နေတာ လာမခြိမ်​း​ခြောက်​နဲ့ ခြမ်​း​ခြောက်​တာက ခြိမ်​း​ခြောက်​မှုဖြစ်​သွားမယ်​ ဘာမှတ်​လဲ
        ငါကွ ​နေဝန်​းနီ 🙂

  • မြစပဲရိုး

    March 11, 2015 at 9:30 pm

    သများ တို့ ငယ်တုန်း က ဘောက်ထော်မှာ ဗေဒင်ဆရာမ တစ်ယောက် (နာမည်မေ့ နေပြီ) အတော် နာမည်ကြီးတာ။
    ကျန်တာ မဟောဘူး နော်။
    သူဟောတာက ကိုယ့်ကြင်ယာ ဖြစ်မဲ့ သူရဲ့ ပုံ ကိုဘဲ ဖော်ပြီး ဟောတာ။
    သူငယ်ချင်း တစ်အုပ် ၁ဝ ယောက်လောက် သွားမေးကြတာ။
    ကျော်ဟိန်း ၊ ခင်မောင်ချင်း၊ ဝင်းဦး၊ ကျော်ဆွေ၊ ကျော်သူ၊ ရှိသမျှ မင်းသားကုန် ဘဲ။
    ရှင့် အစ်မ ရဲ့ မင်းသားက ဘူလဲ သိလား။
    အူလှိမ့် နေ အောင် ရီလိုက်ရတာ။
    အောင်မယ် – အစ်ကို ကလဲ သွားမေးသဗျား။ ခင်သီတာထွန်း ဆိုလို့ သူ့မှာ ပီတိ တွေ ဖစ်လို့။
    lol:-))))

    • black chaw

      March 11, 2015 at 9:50 pm

      @ မြစပဲရိုး ;
      ဒီကြော်ငြာလေး တွေ့တွေ့နေတာတော့ အတော်ကြာပါပြီ…။
      အခုတစ်ခါတွေ့တော့ ဖျတ်ကနဲ အိုင်ဒီယာရတာနဲ့
      ပို့စ်လေး ရေးဖြစ်သွားတာပါ…။
      အပျော်ပေါ့ အစ်မရယ်…။
      စိတ်ညစ်စရာတွေ များလွန်းတဲ့ ကျွန်တော်တို့ အတွက်
      နည်းနည်း ပေါ့ပါးသွားစေချင်တဲ့ စေတနာပေါ့…။
      စကားမစပ်…
      အစ်မ ရဲ့ မင်းသား က ဘယ်သူလဲဗျ…။
      ပြီးတော့ အဲ့ အစ်ကို က ချစ်တိုင်းရော ညားခဲ့ရဲ့လား…။
      ဟေးဟေး…။
      အဲဒါလည်း အပျော်ပါပဲ ဗျာ…
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

    • ကူမားရ်

      March 12, 2015 at 11:19 pm

      အရီး
      ဆရာမ နာမည်က မအေး မြင့်လို့ထင်ပါတယ်
      သူ ဂျောက်တွန်းကောင်းလို့ ဗေတား ဘဝ မှဲ့ တစ်ပေါက်စွန်းသွားတာ
      ကျေးဇူး တွေတစ်သက်မမေးဘူးအရီးရေ
      အီးအီးအီး ငိုပြဇီ။

      • black chaw

        March 13, 2015 at 11:06 am

        @ ကူမားရ် ;
        ပို့စ် ပိုင်ရှင်ကိုများ အရေးတောင်လုပ်မသွားဘူး…။
        ဟွန့်…။
        :k:

  • မွသဲ ( 17082011 )

    March 11, 2015 at 9:53 pm

    တကယ်တော့ဘက်ရယ် ပြုတ်ရမဲ့အလုံးပြုတ်ပီးကျော်ရမဲ့အလုံးကျော် အဲအဲ ကြော်မိဒေါ့လဲ ချက်မထားလို့ဘာဒဲ့ 😥 နောက်တခါလဲ ကြက်ဥတလုံးကို တခြမ်းကြော်တခြမ်းမပြုတ်ဘူးဒဲ့ အဲအဲ ဘက်ကိုယ်ဒိုင်လာချက် မွှားလို့ဖြေရှင်းပေးဘာလားငမ် :mrgreen:

    • black chaw

      March 11, 2015 at 9:59 pm

      @ မွသဲ ;
      ဘာမှမပူနဲ့…။
      ဆရာမ ထက်နွေးစန္ဒီ ဆီသာ ရောက်အောင်သွား…။
      အားလုံးအဆင်ပြေသွားလိမ့်မယ်…။

      • naywoon ni

        March 11, 2015 at 10:16 pm

        ဒါနဲ့ ကိုဘလက်​ ပုံပြင်​​တွေထဲကလို ​မှော်​ဆြာ​တွေရှိရင်​​ကောင်​းမယ်​ဗျ ။ ခုလွှတ်​​တော်​ထဲကလူ​တွေ ​ကျောက်​ရုပ်​ဖြစ်​​အောင်​လုပ်​ထား ။ ကိုယ်​ယုံကြည်​​နေတဲ့သူ သမဒ ခန်​့ စိတ်​ကူးယဉ်​ကြည်​့ဒါပါ

    • Mr. MarGa

      March 11, 2015 at 11:36 pm

      ပြုတ်​​ကြော်​လုပ်​​ပေးကြည်​့ပါလားဟင်​ :mrgreenn:

  • black chaw

    March 11, 2015 at 10:41 pm

    @ naywoon ni ;
    မှော်ဆြာ ဆိုရင်တော့
    ဇေယျာမျိုးညွန့်လေး အရှိသားပဲ ကိုနေကြီးရယ်…။
    စိတ်ကူးယဉ် တာထက် ခြေဥ ပြင်ဖို့ ကြိုးစားကြတာက
    နီးစပ်မယ် ထင်ပါတယ်ဗျာ…။

  • ဦးဦးပါလေရာ

    March 11, 2015 at 11:03 pm

    .အဲ့​ဗေဒင်​ဆရာမ​လောက်​များ…
    .မဒမ်​ပါ​လေရာရဲ့လက်​စွဲဆရာမက ပျင်​း​တောင်​ပျင်​း​သေး……
    .ဦးပါ​လေရာကို ရာသက်​ပန်​ ပုဒ်​မ၁၄၄ ထုတ်​ထားနိုင်​တာကိုပဲကြည်​့​တော့…
    :mrgreen:

  • black chaw

    March 11, 2015 at 11:18 pm

    @ ဦးဦးပါလေရာ ;
    အော်…ဒို့ အစ်ကိုကြီး
    ရှေ့က ရဲရဲဝင့်ဝင့် ဒူးထောက်ပေးထားမှတော့
    ကျွန်တော်တို့လည်း နောက်က
    ရဲရဲဝင့်ဝင့် ဒူးထောက်ပေးလိုက်ပါတယ်ဗျာ…။
    :mrgreen:

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    March 12, 2015 at 7:34 am

    ပလီပလာ​တွေမျန်​း​အေ
    :'(

    • black chaw

      March 12, 2015 at 4:16 pm

      @ စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောက်ျား ;
      နင်ပြောမှလား…။
      ဟွန့်…။
      :k:

  • Mike

    March 12, 2015 at 10:23 am

    .ဟီဟိ..လူလစ်တုန်းအတင်းတုတ်လိုက်အုံးမယ်
    .သင်္ဘောဒလိုင်ဘာ ကိုဖေါရဲ့ မိန်းမလည်း ဗမာပြည်ပြန်လာတုန်းက အဲ့ဆြာမနဲ့တွေ့ပီး
    .ယတြာ ချေသွားသေးဆိုပဲဗျ…ဒါကြောင့် ကိုရင်ဖေါခမျာ မကဲနိုင်ရှာ…ဟီဟိ..လစ်ပီဗျို့ :k: :k: :k:

    • Foreign Resident

      March 14, 2015 at 4:53 pm

      ” ဒါကြောင့် ကိုရင်ဖေါ ခမျာ မကဲနိုင်ရှာ…ဟီဟိ ”

      အဲလို ထင်သပေါ့လေ ။
      ဟီ ဟိ x အခါ တစ်သိန်း ။

  • Ko chogyi

    March 13, 2015 at 9:48 am

    ကိုဘလက်ကြီးပြောတာအမှန်ပါလို့ထောက်ခံပါတယ်









    မနက် ၈ နာရီ ရုံးတက် ညနေ ၄ နာရီ ရုံးဆင်း
    ရုံးဆင်းပြီး Taxi ထွက်မောင်း ည ၉ နာရီခွဲပြန်လာ
    ရုံးခဏသွားပြီး Mail စစ်ဦးမယ်ဆိုပြီးထွက်သွား
    တစ်ခါတစ်လေ ရုံးမှာအလုပ်များလို့ ညနက်သွားပြီ
    အိမ်ပြန်မအိပ်တော့ဘူးဆိုပြီး ပြန်မလာ

    ခြေကိုငြိမ်နေတာပဲ ပုံမှန်ပဲ အဲဒါအပြင် အပိုဖောက်ပြီးဘာမှမလုပ်ပါဘူး
    .
    .
    .
    မှန်လွန်းလို့ …..မဒမ်ချိုကြီးကတော့
    စိတ်ညစ်နေလေရဲ့-

    • black chaw

      March 13, 2015 at 11:12 am

      @ Ko Chogyi ;
      ကဲ…ကဲ…။
      ကာယကံရှင် ကိုချိုကြီးကိုယ်တိုင် ထောက်ခံချက်ပေးသွားပါပြီဗျာ…။
      အထူးမညွှန်းလိုတော့ပါဘူး။
      ဟေးဟေး။
      :k:

  • Novy

    March 13, 2015 at 10:52 am

    ဒီမယ် အခါတော်ပေးမောင်မဲ
    တို့က ရှင့် အခါတော်ပေးထက်စွမ်းတဲ့
    မယ်တော်ကြီး “ရှမီးသူရိယ” နဲနဲလေးမှမကြားဘူးဘူးလာား
    ခင်ပွန်းချုပ်နည်း၁၀၀ဝ ကျမ်းကိုပြုစုခဲ့သူပဲ

    ပုံ
    “ရှမီးသူရိယ”

    • black chaw

      March 13, 2015 at 11:15 am

      @ Novy ;
      အေးပါ သူငယ်ချင်းရယ်…။
      ယောက်ျားကို ထိန်းချုပ်ဖို့ ကြိုးစားရင်း
      ဆရာစုံရဲ့နည်းတွေနဲ့
      ခင်ပွန်းချုပ်နည်း ၁၀၀ဝ ကျမ်းကြီးတစ်စောင်တောင်
      ပြုစုနိုင်ခဲ့တာ ငါသိနေတာပဲအေ…။
      အဲ့ တစ်ထောင်ထဲက နည်းတွေနဲ့
      အဆင်မပြေရင် အဲ့ဆရာမ ဆီသာ ပြေးဟေ့…။
      ခင်ပွန်းချုပ်နည်း ၁၀၀၁ နည်း ကျမ်းကြီး လို့ နာမည်ပြောင်းလိုက်…။
      ဟေးဟေး။
      :k:

    • black chaw

      March 16, 2015 at 8:13 am

      @ နန်းတော်ရာသူ ;
      ဆက်သွယ်လိုက်စမ်းဘာ…။
      အားလုံး အဆင်ပြေသွားဇေရမယ်…။
      :k:

  • ကိုရင်စည်သူ

    March 16, 2015 at 7:12 am

    အခါတော်ပေး ငှားချာကိုလိုဘူး..
    ကျော့်မိန်းမ နီကီတာများ ကျော့်ဆို စနေတနင်္ဂနွေရုံးပိတ်တာတောင်
    ၁ မိုင်ပတ်လည်တောင် အပြင်ပေးထွက်တာဟုတ်ဘူးရယ်..
    ရန်ကုန် တစ်ယောက်တည်း ပြန်လည်ဖို့ဆို တွေးတောင်မတွေးရဲဘူးဂျာ..
    ဝဋ်ကြွေးကြီးပုံပြောပါရယ်..။ ဘဘဘလက်ရာ..။ 😥

  • black chaw

    March 16, 2015 at 8:11 am

    @ ကိုရင်စည်သူ ;
    နီကီတာ က မင်းအကြောင်း ကောင်းကောင်းသိနေလို့ ဖြစ်ရမယ်…။
    ဝဋ်ကြွေး လို့ မသတ်မှတ်ပါနဲ့ကွယ်…။
    အချစ်ကြီးတယ်လို့ မှတ်ပါ…။
    :k:

Leave a Reply