လေးစားပါတယ်လေးစားပါတယ်
သေရဲလား ရဲဘော်
ကျောင်းသားဆိုတာ
ဘယ်တော့မှမသေဘူး
ရိုက်လိုက်စမ်းပါ
ဒဏ်ရာတွေမငဲ့ကွက်ဘူး
ခွတ်ဒေါင်း ရဲ့စိတ်ဓတ်
လူလဲရင်တောင် အလံမလဲဘူး
နှဖူးက အနီပတ်
ရာထူးရာခံအတွက်မဟုတ်ဘူး
အော်လိုက်စမ်းကွာ ညီလေး
ဟစ်ပြလိုက်စမ်း ညီမလေး
မင်းတို့တွေ သရုပ်ပြကောင်းမှ
တို့တွေ အထုတ်ကောင်းကောင်းရမှာ
ရော့ ရေသောက်
အာခြောက်နေရင် အသံမကျယ်ဘူးကွ
ခဏလေးနော် ငါလည်းရေဆာလို့
ဘီယာဆိုင် ဝင်လိုက်ဦးမယ်
ဆက်အော်ထားကွ အသံမတိတ်စေနဲ့
ဒါမှ နိုင်ငံတကာသိကြမှာ
သတင်းထောက်တွေလာရင် များများငို
ရဲ တွေလာရင် ဆဲလွှတ်လိုက် အမှန်တရားက မင်းတို့လက်ထဲမှာ
လူအခွင့်ရေးက မင်းတို့ရဲ့ပါဝါ
ဟဲ့ သောက်ပလုတ်တုတ်
တုတ်တွေနဲ့ ရိုက်ပဟ
ဟေ့ကောင်တွေနောက်မဆုတ်နဲ့
ခံထား ကျောင်းသားသွေးရဲတယ်
ငါ တော့အဖမ်းခံလို့မဖြစ်သေးဘူး
ခေါင်းဆောင်ဆိုတာ ရှင်သန်နေဖို့လိုတယ်ကွ
ငါပြေးပြီဟေ့
ကံကြုံရင်ပြန်ဆုံမယ်
နယူးယောက်က စောင့်နေမယ်
လေးစားပါတယ်ရှင်
လေးစားပါတယ်
ဘေးလွတ်ရာ သတိထားသွားနော်
ရှင်တို့ အကျိုးအမြတ်အတွက်
ကျောင်းသား ခေါင်းပြားအောင်ခံလိုက်ပါ့မယ်
ပညာရေးပြင်ဆင်ဖို့ထက်
ရန်ကုန်မှာနိုက်ကလပ်တက်ဖို့တွေး
လေးစားပါတယ် လေးစားပါတယ်
ဆရာတော်တွေမေတ္တာနဲ့တား
ဆက်မသွားကြပါနဲ့ဆိုလည်း
ခေါင်းခါမြဲ ခေါင်းခါဆဲ
လေးစားပါတယ် လေးစားပါတယ်
တောင်းဆိုတာလည်းလိုက်လျောပါတယ်
လွှတ်တော်ထဲ ပြောကြမယ်နော်
မတားနဲ့ ရန်ကုန်သွားမှာပဲ
လေးစားပါတယ် လေးစားပါတယ်
ခြေဥနဲ့ အမေစုအရေး
အလေးထားပြီး စဉ်းစားပါရှင်
ဘာမှရှင်းမပြနဲ့
ပညာရေးအတွက် ရန်ကုန်ချီတက်မယ်
လေးစားပါတယ် လေးစားပါတယ်
ဟိုရှေ့က ခြံစည်းရိုးခွထိုင်တွေ
အဘ ဘောမ,သာကူးမတွေ
နင်တို့ မဝန်းရံလို့ ကျောင်းသားအရိုက်ခံရတာ
နင်တို့ မအုံကြွလို့ ကျောင်းသားကိုဖမ်းရဲတာ
နင်တို့မှာ တာဝန်အပြည့်ရှိတယ်
ရှင် …… ဟုတ်လား
လေးစားပါတယ် လေးစားပါတယ်
နောက်တကြိမ် အုံကြွဖို့
ခေါင်းစဉ်မထပ်အောင်ရှာထားနော်
ထောက်ပံ့ငွေ ဒေါ်လာတထပ်နဲ့
ယပ်ခတ်နေသူ ခေါင်းရှောင်တို့ရယ်
လေးစားပါတယ် လေးစားပါတယ်
အရှက်ပြတ်သူအာဏာရှင်နဲ့
မရှက်တတ်သူ ခေါင်းရှောင်တို့ရေ
ထပ်ပြောချင်ပါတယ်
ရှက်တတ်ရင် နှစ်ခါသေလို့ရတယ် ။
18 comments
Wow
March 14, 2015 at 8:43 am
ကဲ… ကြောင်ကြောင် နှစ်ခါသေလိုက်တော့… ဒါနဲ့ ရတဲ့ဒေါ်လာလေးများလဲ ခွဲပေးအူးလေ
မွသဲ ( 17082011 )
March 14, 2015 at 9:41 am
တရားသွားထိုင် တခါထိုင် တရာပေးမယ်ဆိုလား
မွသဲ ( 17082011 )
March 14, 2015 at 9:39 am
အစွယ်လိုသူမိဖုရား ( နေရာမဖယ်လိုသူ အစိုးရ ) စေခိုင်းသူ မင်းတြား ( ညွှန်ကြားသူ ပြည်ပရောက် အစိုးရဆန့်ကျင်သူ ) တွေကြား အကောင်ထည်ဖော်ရသူမုဆိုး ( နားမလည်ပါးမလည် အမောင်ကျောင်းသား ) တို့ရဲ့တိုက်ပွဲမှာ နစ်နာသူကျွန်တော်မျိုးမတို့ပြည်သူတွေပါဘုရား
ခင်ဇော်
March 14, 2015 at 11:17 am
တဂျီးးရော
ဥကြောင် ရော မီမီ လက်မှာ ၂ ခါ သေလို့ရပြီ
:g:
ဦးကြောင်ကြီး
March 14, 2015 at 11:29 am
မွတ်မကများ ရာရာစစ…
တိမ်မည်း
March 14, 2015 at 12:14 pm
နိုင်ငံရေးမနိုင်တော့ ဘာသာရေးနဲ့ လှည့်တိုက်တယ်။ အစိုးမရနဲ့ တထေရာတည်းပဲ။
Wow
March 14, 2015 at 11:30 am
ခက်ထှာပဲ မီမီရယ်…
ဟိုတစ်ယောက်နဲ့ တစ်ဂေါင်ဘက်က လိုက်ချင်လို့တော့မဟုတ်ဘူး… ဒါပေမဲ့ ၈၈အရေးအခင်းအပြီး နိုင်ငံခြားထွက်သွားသူတိုင်းက စစ်အစိုးရဒဏ်ကို အနည်းနဲ့အများခံစားဖူးသူတွေ စစ်တပ်ဘက်က သပ်လျှိုထဲ့ထားသူတွေကလွဲလို့ … အဲဒါလဲ ရေရှည်မှာ ဖုံးမရဘူး သိသာတယ်…
ပြန်လာပီး ထမင်းရည်တဇွန်းကူသောက်မှ ချစ်ထှာလို့တော့လဲ တစ်ဘက်သက်ပြောမရဘူးလေ…
လူတိုင်းကိုယ့်ဘဝနဲ့ကိုယ်ပေါ့…
ဦးကြောင်ကြီး
March 14, 2015 at 11:38 am
မွတ်မကို အဖက်သွားမလုပ်နဲ့.. တဝီဝီမြည်မှ ဘုန်းကြီးထင်တဲ့ဟာမျိုး… ရွံထှာ။
naywoon ni
March 14, 2015 at 12:39 pm
ဒါပဲလေဗျ ကိုကြောင်ဂျီးရ အစိုးရ လခစား ဝန်ထမ်း ဆိုတာ သူတို့ခေါင်းထဲ ရိုက်သွင်းခံ ထားရတာ လက်ရှိ အစိုးရရဲ့ မူဝါဒ ပေါ်လစီ ။ လစာ တိုးမှာလေး မျှော်ပြီး း အစိုးရဘက်တော်သား လုပ်နေတာ ။ တစ်ဆိတ်ရှိ ကွန်မြူ နစ် တစ်ဆိတ်ရှိ နိုင်ငံ ခြား အထောက်အပံ့ ခံ ။ သမဒ ကြီး ကိုယ်တိုင် နိုင်ငံ တစ်ကာလည်ပြီး ပိုက်ဆံ လိုက်ချေးနေတာကို မမြင်ယောင်ပြု သူများတစ်ခုခုလုပ်ရင် ဘယ်က ထောက်ပံ့ ထားလို့လဲ အမြင်နဲ့ကြည့် ။ တစ်ကယ်တော့ သူတို့တစ်တွေ သာ ပိုက်ဆံ ရမှ လုပ်တဲ့ ဝန်ထမ်းတွေ ။
စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောကျာ်း
March 14, 2015 at 11:36 am
အာလဖွားယီးဂို ဆန့်ကျင်ဂျ
တောင်ပေါ်သား
March 14, 2015 at 12:55 pm
ကြိုက်တယ်ဗျာ
kai
March 14, 2015 at 1:55 pm
သတ်ပစ်… သတ်ပစ်.. ကကြောင်ကြီးကို..သတ်ပစ်.။ :k:
pooch
March 14, 2015 at 4:33 pm
ရိုးရိုးကြောင်မှ မဟုတ်တာ ဖီးနစ်ကြောင်တဲ့ သတ်လည်း သေမှာမဟုတ်ဖူး
မသေမရှင် ဖြစ်အောင် ထားမှ ရမှာ :loll:
Alinsett@Maung Thura
March 14, 2015 at 3:52 pm
ရဲဘော်မသေ။။။။ သေသော် ငရဲမလား။။။ တဲ့…
.ကျောင်းသားမသေ။။။သေသော်ငရဲ မလား….လို့ မရှိဘူးး..
ခွိ ခွိ …
black chaw
March 14, 2015 at 5:19 pm
ဦးကျော်ကြီး စတိုင် နဲ့ ပြောလိုက်မယ်…။
သိဒယ်…
သေမယ့်နှစ်အထိ ပြင်ဆင်ထားတယ်…။
•*¨နန်းတော်ရာသူ •*¨
March 15, 2015 at 12:48 pm
ငါနဲ့ဝါဒမတူက နင်ငအ ဆိုတဲ့ ကာလဖြစ်နေတာပေါ့
ခက်တာက ဝါဒမတူတဲ့သူချင်း ဟိုဆွဲထည့် ဒီဆွဲထည့် ဟိုသမုတ် ဒီသမုတ် ငါ့ဟာမှလက်မခံ နင်ချီးထုပ် ဆိုတဲ့ လူမျိုးတွေကတော့ မိတ်ဆွေစစ် မိတ်ဆွေမှန်ဖြစ်လာမှာမဟုတ်
မြစပဲရိုး
March 15, 2015 at 9:04 pm
ရွာထဲ မယ် ဒီကြောင် ဆိုတာ ရှိမှ မတူတာ တွေ မြင်ရတာမို့ ဒင်း ရှင်နေပါစေ ဦး မီမီ ရယ်။
မီမီ လဲ ရွာထဲ မကြာမကြာလာပြီး စိတ်ထဲ ရှိရာ အတွေး တွေ မျှပေးပါ။
လက်ရှိ ဘဝ မှာ ပြင်ချင်တာ တွေ ကို ချပြပါ။
ဒီလို အသံစုံ ကြားတော့ ပိုပြီး ကောင်းတာပေါ့။
သက်ဆိုင်သူများ ထောင်နားစိုက် တတ်ခဲ့ရင်ပေါ့။
မဟုတ်လား။
ဒါထက်
. ကြောင် ဆိုတာ မီမီ လို့ ခေါ်မှ လာတာ နော။
jk စိတ်မဆိုးနဲ့။ :-)))
အောင် မိုးသူ
April 29, 2015 at 11:30 am
ရှက်တတ်ရင် နှစ်ခါသေလို့ရတယ်။