ကိုယ့်ကိုကိုယ်ဖော် မသူတော် ( ၂ )
ကိုယ့်ကိုကိုယ်ဖော် မသူတော် ( ၂ )
ဒီနေ့ချက်ခြင်း ပြောင်းလို့ရမလား
အဆင်သင့်ဖြစ်မလားပြောပါ
အဲ့ အကြောင်းအရာလေး ဆက်ပြောပါ့မယ် ။ ကိုယ်တွေ့နဲ့ယှဉ် ပြောမှာနော် ။ ကြားဖူးနားဝ တွေ စာအုပ်ထဲက အကြောင်းအရာတွေ သဘောတရားပိုင်းတွေ သီအိုရီ တွေ မကိုင်ဘူး ။ ” ဒီနေ့ ချက်ချင်း ပြောင်းလို့ ရမလား ” ဆိုရင် ရတယ် ။ အစိမ်းသက်သက်ပြောင်းလိုက်ရတဲ့ အတွက်ကြောင့် ပင်ပမ်းမယ် ။ လုံ့လ ပိုစိုက်ရမယ် ။ စိတ်ဓာတ် ကြံ့ခိုင်သူအတွက် ဘာပဲပြောင်းလုပ်လုပ် ဘယ်နေရာကိုပဲ ပြောင်းပြောင်း လိုက်လျောညီထွေ ဖြစ်မှာပဲ ။ စိတ်ဓာတ်ပျော့ညံ့ နေသူတွေအတွက်ကတော့ ပြောင်းလဲမှုကို ကြောက်စရာလို့ ထင်မှာပဲ ။ ပြောင်းလိုက်လို့ တွေ့လာမဲ့ အခက်အခဲထက် လုပ်နေကျ ခေါက်ရိုးကျိုးနေတဲ့ အမူအကျင့် ပြင်ရမှာကို ရှက်စရာလိုလို ရယ်စရာလိုလို နဲ့ကို မလုပ်ရဲ မကိုင်ရဲဖြစ်နေကြတာ ။ သွားနေကြလမ်းရိုး အတိုင်းပဲ ရှေ့ကလုပ်သွားသမျှ နောက်ကနေ တစ်သွေမတိမ်း လိုက်လုပ်ချင်နေတာပဲ ။ လွယ်တာကိုး ။ ပြီးတော့ ဗမာလူမျိုးတွေရဲ့ စိတ်ဓာတ်က အလုပ်အကိုင်ပြောင်းရမှာဝန်လေးတယ် ။ အရပ်ဒေသ ပြောင်းရမှာကြောက်တယ် ။ ပတ်ဝန်းကျင်အသစ်နဲ့ တော်တော်နဲ့ လိုက်လျောညီထွေမဖြစ်တတ်ဘူး ။ အရင်က နေခဲ့ဖူးတဲ့ ပတ်ဝန်းကျင်ကိုပဲ တမ်းတနေတတ်တာမျိုး ။ စနစ်တစ်ခုကနေတစ်ခုပြောင်းဖို့ဆ်ိုတာ ပိုဆိုးပေါ့ ။ ခုပဲကြည့် နေရွေ့ညရွေ့နဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာခဲ့ပေါ့ ။ မှတ်မိသေးတယ် ။ ၁၉၈၉ လောက် အရပ်သား ဝန်ထမ်းဖြစ်ခါစက မေးခွန်း ၃၃ခုလား ဝန်ထမ်းတွေကိုမေးတယ် ။ မှတ်မှတ်ရရ မေးခွန်းတစ်ခုက
အသွင်ပြောင်းကာလက အချိန်မည်မျှကြာမည်ထင်သလဲ တဲ့ ။ ခပ်ရွတ်ရွတ်နဲ့ ဝန်ထမ်းတွေ နှစ်ဆယ့်ခြေက်နှစ်လို့ ဖြေတဲ့ သူကဖြေ နှစ်နှစ်ဆယ်လို့ ဖြည့်တဲ့ သူကဖြည့် ။ မကြာပါဘူး ။ ပြုတ်ကုန်ပါရောလား ။ တစ်ကယ်လည်း နှစ်ဆယ့် နှစ် နှစ်လောက်ကြာခဲ့တာပဲ ။ အဲ့ဒိအချိန်တွေမှာ ရှေ့ပြောင်းလဲမယ့် စနစ်အတွက် လုံလောက်တဲ့ ကြိုတင်ပြင်ဆင်ချိန်တွေရခဲ့တာပဲ ။ ဘာလို့ မပြင်ဆင်ခဲ့သလဲ ။ စေတနာ မပါတာ အသိသာကြီး ။
နေဝန်းနီ ဘဝမှာ အကြီးဆုံး ပြောင်းလဲမှု နှစ်ခါတိတိ ကြုံခဲ့ဖူးတယ် ။ ပြင်ဆင်ချိန်မရပဲနဲ့ ကြုံတာက တစ်ခါ နောက်တစ်ကြိမ်ကြတော့ ပြင်ချိန်ချိန်တော့ရပါရဲ့ ။ ကိုယ်ထင်ထားတာထက် အဆမတန် ဆိုးနေတာ ။ ဝက်ဝက်ကွဲ ခံစားခဲ့ရတာ ။ အဲ့ ပထမ တစ်ကြိမ်ကြုံလိုက်တာက အရပ်ဖက်ဝန်ထမ်းကနေ အသက် နှစ်ဆယ့်ရှစ်နှစ်လောက်မှာမှ စစ်ဘက်ကိုကူးတာ ။ ကူးချင်လွန်းလို့မဟုတ်ဘူး ။ ၁၉၉ရ အဲ့ဒိအချိန်မှာ ဘယ်သူမှ အရာရှိမဟုတ်ပဲ ဒီအတိုင်း ပလိန်းကြီးမဝင်ကြတော့ဘူး ။ နောက်တော့ ဒီလိုပဲ သူ့ဟာ သူ လိုက်လျောညီထွေ ဖြစ်သွားခဲ့တာပဲ ။ အစပိုင်းတော့ လက်လွှဲရမှာ ရှက်သလိုလို လူရယ်စရာလိုလိုပဲ ။ နောက်ကျတော့ ကိုယ်လိုကောင်တွေချည့် ဆိုတာနားလည်သွားပြီး သူ့မက်သတ်အတိုင်း နေထိုင်ရတာပဲ ။ အဲ့ လိုက်လျောညီထွေ မဖြစ်တဲ့ ကောင်တွေကတော့ ထွက်ပြေးပေါ့လေ ။ နေဝန်းနီကတော့ ထွက်ပြေးဖို့ ဝင်သွားတာမဟုတ်ဘူး ။ စစ်တပ်ဆိုတာ ဘာလဲ သိချင်လို့ စူးစမ်းတာ ။ စိတ်အရိုးက ရင့်နေတော့ သူတို့ ရိုက်သွင်းတဲ့ ပေါ်လစီနဲ့ မူဝါဒ ဆိုတာက ဘယ်ဖက်နားက ဝင်ရင် ညာဖက်နားကပြန်ထွက် ။ နားရင်းအရိုက်မခံရရုံ ဟုတ်ကဲ့လိုက် ။ ပြီးရင် ကိုယ်ကြိုက်တာကိုယ်လုပ် ။ တစ်ခါတစ်ခါ ကိုယ့်ဖာသာတွေး ရင်း ပြုံးမိတယ် ။ ငါတစ်ကယ် စစ်သားဖြစ်နေတာကောဟုတ်ရဲ့လားလို့ ။အဟုတ် ရုပ်ရှင်တွေဗီဒီယိုတွေထဲ မှာသရုပ်ဆောင်နေတဲ့ သရုပ်ဆောင်လိုကိုး စိတ်ထဲမှာထင်နေတာ ။ တစ်ကယ့်စက်ရုပ်လိုနေခဲ့ရတာကိုး ။ အဲ့ဒါ ဘာယုံကြည်ချက် ဘာခံယူချက်မှ မပါပဲ ပြောင်းလဲတာနော် ။ ဘာမှလဲပြင်ဆင်ချိန်မရလိုက်ဘူး ။
အခုဒီမိုကရေစီ က ယုံကြည်ချက် ခံယူချက်နဲ့ သွေးနဲ့ ချွေးနဲ့ ရင်နှီးပြီး ပြောင်းနေတာ ။ ခုထိပြောင်းလဲမှုက ကိုယ်ရင်းထားသလောက် ပြန်မရသေးဘူး ။ ယုံကြည်မှုရှိရင်ပြောင်းနိုင်ရမှာပဲ ။ အဆင့်သင့်ဖြစ်အောင် ပြောင်းလဲရမှာက စိတ်ဓာတ် ။ အဲ့ဒိစိတ်ဓာတ်က ကိုယ့်ကိုကိုယ် ပြောင်းလဲရမှာ ။ ဗမာတွေ စည်းကမ်းမရှိဘူး ပြောတယ် ။ စည်းကမ်းနဲ့ နေတတ် ထိုင်တတ်အောင် ဘယ်သူလာပြီး လေ့ကျင်ပျိုးထောင်ပေးသလဲ ။ မလိုဘူးး မပြောနဲ့ ။။ကျန်တဲ့ လူမျိုးအတွက်သာ မလိုရင်ရှိမယ် ။ ဗမာလူမျိုး အတွက်လိုတယ် ။ စည်းကမ်းမဲ့ ကွမ်းသွေး မထွေးအောင် ။ အမှိုက်မပစ်အောင် ။ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းအောင်ကနေစပြီး စနစ်တစ်ကျ တန်းစီ တတ်အောင်ကအစ ။ ကိုယ်အတွက်နဲ့ သူများ စိတ်အနှောက်အယှက်မဖြစ်အောင် မထိခိုက်အောင်က အဆုံး ။ ဘယ်သူတွေကလာပြီး လေ့ကျင့်ပေးလဲ ။ ဘာဥပဒေ ပြဌာန်းပြီး တိတိကျကျ အရေးယူလဲ ။ သတင်းစာထဲ ပါရုံလောက် ဒါဏ်ရိုက်ပြီး အိတ်ကပ်ထဲ ထည့်သွားရုံလောက်ပြောတာမဟုတ်ဖူး။အဲ့ဒိအတွက် ဘယ်သူက ခေါင်းဆောင်မှုပေးလဲ ။ အဲ့ဒိလို အောက်ခြေသိမ်းဦးဆောင်ပြောင်းလဲရမှာက လူတိုင်းရဲ့တာဝန်လို့ ယူဆထားသူချည့်ပဲ ။ ကိုယ်ကိုနှိုက်က စနစ်တစ်ခုကို ပြောင်းလဲချင်စိတ်ရှိတယ်ဆိုရင် ပြောင်းလဲ နိုင်စွမ်းရှိရမှာပဲ ။ ရေတိုတွေ့ရမဲ့ အခက်အခဲကို တွေးကြောက်နေလို့မရဘူး ။ ဆိုလိုချင်တာက ဒါမှဒီမိုကရေစီ နည်းလမ်းကျမယ် နိုင်ငံတစ်ကာမှာလဲ ကျင့်သုံးနေကြတယ်ဆိုရင် ကိုယ်က ဘာလို့လိုက်မလုပ်နိုင်ရမှာလဲ ။အဲ့ဒိတော့ ပြောဦးမယ် ။
“နိုင်ငံခြားကို အထင်ကြီးနေတာ”
လို့
ဟုတ်တယ် ။ အထင်ကြီးသင့်ရင်ကြီးရမှာပဲ ။ မြန်မာပြည်လို စည်းမဲ့ကမ်းမဲ့ ထွက်ကုန်မရှိ ။ ယဉ်ကျေးမှု မရှိ ။ ကိုယ်ပိုင်ဆိုလို့ နတ္ထိ ။ သူတစ်လူ ငါတစ်မင်းနဲ့ ဗရမ်းဗတာ ဖြစ်နေတာ ကိုပြုပြင်ပြောင်းလဲဖို့လိုနေတာကိ ု အခု အဆင့်သင့်မဖြစ်သေးလို့ ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး ဆ်ိုတာကို အထင်သေးရမှာပဲ။ နိုင်ငံတစ်ကာနဲ့ ရင်ဘောင်တန်းချင်ရင် နိုင်ငံတစ်ကာရဲ့ စံချိန်စံညွှန်းနဲ့ ညီအောင် ပြောင်းရမှာပဲ ။ ခုချိန်မှာမှ အကြောင်းပြချက်မျိုးစုံနဲ့ ပြောင်းလဲချင်စိတ်မရှိရင်တော့ ရာစုနှစ်ကုန်လဲ ဒီထက်မဆိုးလာရင်တောင် ဘာမှ တိုးတက်လာမှာမဟုတ်ဘူး ”
နေဝန်းနီ
2:36AM
2015 Mar 15
့
12 comments
မြစပဲရိုး
March 15, 2015 at 6:20 am
အဘနီ ပြောတဲ့ လူ တစ်ယောက်ချင်း ရဲ့ စိတ်ဓာတ် ချက်ခြင်းပြောင်းလို့ ရတယ် ဆိုတာ တစ်ချို့ နေရာ တွေ မှာတော့ မှန်ပါတယ်။
အားလုံးတော့ ချက်ခြင်း ရမှာ မဟုတ်ဘူး။
ငတ်နေတဲ့ လူတစ်ယောက် ဟာ ခိုးချင်စိတ် ကို ငတ်နေသ၍ ပြင်ချင်တောင် ပြင်ဖို့ခက်မယ်။
ဘဏ္ဍာ ခိုးပြီး အရမ်းချမ်းသာ နေသူ ဟာ ခိုးတာ ရပ်လိုက်လို့ သူ့ အသုံးအစွဲရော့ မဲ့ အဖြစ်လိုမလို လို့ ခိုးတာ ကို ရပ်ဖို့ ခက်မယ်။
ဒီတော့ အဲဒီ နောက်မှာ ခိုး ရင် ခံရမဲ့ အပြစ် ကို ထိထိရောက်ရောက် မကျင့်သုံးဘဲ လူတွေ ရဲ့ စိတ် ကို ရ အောင်ပြင်ဖို့ ခက်မယ်။
လူဆိုတာ တစ်ယောက် ဖောက်ရင် ကျန်သူ တွေ က ဆက်ဖောက်ဖို့ သိပ်လွယ်တာလေ။
သေချာတယ်။
အဘနီ လဲ မခိုးဘူး။
ကျွန်မလဲ မခိုးဘူး။
မချမ်းသာချင်နေ သူများ ဆီက ခိုးပြီး တင့်တယ် ခြင်း နဲ့တော့ မတင့်တယ်ချင်ဘူး။
ဒါပေမဲ့ လူတိုင်းက ကျွန်မတို့ လို အတွေး မရှိနိုင်ဘူးလေ အဘနီ။ မဟုတ်လား။
ဒီတော့ အဲလို လူတွေ အတွက် က မျှတ မှန်ကန်တဲ့ ဥပဒေ က ထိပ်စီး မှာ နေနိုင်မှ။
သိတ်တော့ မလွယ်ဘူး။
ဒါပေမဲ့ ကျွန်မတို့ လို အလယ်လူ အများစု က ဖြစ်ချင်စိတ် နဲ့ မှန်ကန်တဲ့ ဘက် ကို ရပ်ပေးကြဖို့ က အရေးကြီးလာပြီ။
နိုင်ငံခြား က စနစ် တွေ လဲ ဟာကွက် တွေ အပေါက်တွေ အများကြီးပါ။
ဒါပေမဲ့ လူ တွေ က ကောင်း တော့ စနစ် က လည်တော့ နေနိုင်သေးသပေါ့။
လူကောင်း တယ် ဆိုတာ ကလဲ စိတ် ဓာတ် တွေ ကောင်းလွန်းလို့ မဟုတ်ပါ။
ဥပဒေကောင်း နဲ့ မီဒီယာကောင်း တွေ ရှိနေလို့ပါ။
Alinsett@Maung Thura
March 15, 2015 at 11:35 am
.ပြောင်းလဲဖို့က မကြာပါဘူး။ ဘောင်းဘီချွတ်ပြီး ပုဆိုးနဲ့ တိုက်ပုံ ကောက်ဝတ်လိုက်တာနဲ့ ရတာတွေတောင်ရှိသေး… ။ အဟိ ။
:k:
အတည်ပြောရရင် …
.မြန်မာပြည်က ပြောင်းလဲသွားပါပြီ ။။။
ဒီမိုကရေစီရဲ့ အနှစ်သာရကိုတောင် ပြည်သူတွေ စာသုံးနေကြရပြီဆို…
.ကျနော် နေ့တိုင်း မြန်မာ့အသံနဲ့ မြဝတီ ကြည့်တယ်ဗျ…
:buu:
Wow
March 15, 2015 at 4:11 pm
ပြောင်းလဲလို့ အဆင်သင့်မဖြစ်သေးပါဘူးဆိုပီး ဇတ်မျောကြီးထက်စာရင် ပြောင်းလိုက်တာပိုအဆင်ပြေမယ် ကျနော်လဲထင်တယ်… စိတ်သိပ်မရှည်တတ်သူမို့…
ကွကိုယ်လဲ အဲ့လိုပဲ ရဲဇားဖြတ်တယ်ဆို တိကနဲ နောက်ကိုလှဲ့မကျိတော့ဝူး .. ဟယ်… နိုင်ငံရေးက ပါပြန်ပီ
•*¨နန်းတော်ရာသူ •*¨
March 15, 2015 at 4:31 pm
နိုင်ငံခြားကို အထင်တော့မကြီးဘူး။အားတော့ကျတယ်။
နို်င်ငံခြားဆိုတိုင်း ဆီးရီးယားတို့ လစ်ဗျားတို့ နိုင်ဂျီးရီးယားတို့တော့ ဘယ်ဟုတ်မလဲ။
သပ်ရပ် တိုးတက်နေတဲ့ နိုင်ငံတစ်ချို့ပေါ့။
ဒါပေမယ့် ရိုးရာ၊ဓလေ့၊ထုံးစံ၊ဘာသာရေးတွေအရ ဟုန်းခနဲထ မှာထက် ဘုန်းခနဲ ကျဖို့က ပိုများနေတယ်။
ကိုယ့်နိုင်ငံမှာက အသေးဆုံးကွမ်းစားတာကအစ အညစ်ပတ်ဆုံးကိစ္စလိုဖြစ်နေတာ။
အူရီဒူးတိုင်ထောင်တာကအစ တို့မြို့မှာ မထောင်ရ၊
အမဲသတ်လိုင်စင် ဘုန်းကြီးတွေအလှည့်ကျယူ
ဘုန်းကြီးကျောင်းတွေနဲ့ တောင်ပြုန်းပွဲတွေမှာ ပိုက်ဆံတွေဖြုန်း
ကလေးတွေက အားမှ စာသင်ကျောင်းရောက်
လူတိုင်းစာတတ်မြောက်ရေးရှိနေလည်း ထမင်းစားဖို့ဝိုင်းရှာနေကြရတယ်။
ဦးကြောင်ကြီး
March 16, 2015 at 9:13 am
ဦးနီက အမ်အိုင် ဘယ်တုံးက လုပ်ခဲ့တာလဲ.. ထလရအမှတ် ဘယ်လောက်မှာလဲ..
naywoon ni
March 16, 2015 at 11:02 am
ကိုကျောင်ဂျီးက သ်ိရက်နဲ့ မေးနေပျံဘီ ။ အဲ့ဒုန်းက ခင်ညားက ကျုပ်တပ်စုမှူးလေဗျာ ။ ခုမှ မုန်လာအုမနေဘာနဲ့ဗျ
ခင်ဇော်
March 16, 2015 at 12:29 pm
ပို့(စ) နဲ့တော့ မဆိုင်လောက်ဘူးးး
မေးကြည့်ချင်လို့ပါ။
တကယ် ပြောင်းလဲ ဖို့ ကောင်းတဲ့ မူဝါဒကို အုပ်မြစ်ချဖို့ စေတနာရှိရိုးမှန်ရင်
သမဒ တစ်ယောက် အတွက် ၄ နှစ်က လုံလောက်တယ်မို့လားဟင်?? 🙄
:k:
naywoon ni
March 16, 2015 at 5:22 pm
၂၂ နှစ်လောက်တောင်မှ ဘာမှ လုပ်မပေးပဲ ထွက်သမျှ သယံဇာတ ရောင်းစားပြီး နေခဲ့တာ လေးနှစ် အဲ့ ငါးနှစ်ဆိုတာလောက်ကတော့ ဘယ်ပြောဘွယ်ရှိမလဲ ။ လက်တွေ့ကျကျ တွေးကြည့်ရင် ဒီမိုကရေစီ ဘက်မပြောင်းချင်တာက စစ်တပ် ။ အောက်ခြေထိ ဒီမိုကရေစီရဲ့ ဆိုးကွက်ကို ရိုက်သွင်းထားပြီးသား ။ ဒီကြားထဲက ရိုက်သွင်းယူလို့မရတဲ့သူတွေ ရှိလဲ အမိန့်မနာခံမှုနဲ့ အပြင်ထွက်ဖို့ရာကြံထား ။ တိုင်းပြည်ကိုအာနာရှင်စနစ်နဲ့ ထင်ရာစိုင်း အုပ်ချုပ်ခွင့်ရနေရာ ဘယ်မှာ စနစ်ပြောင်းပေးချင်မလဲ ။
ဦးကြောင်ကြီး
March 17, 2015 at 10:45 am
ရွာဆိတ်တွေ အ တာလား၊ အ ခြင်ထောင်ဆောင်တာလား.. ဘနီ ပြောဗျာ ပြော ပြော…
Wow
March 17, 2015 at 11:53 am
အစိုးရဝန်ထမ်းတွေ ပြောလေ့ပြောထရှိတဲ့ မရှုတ်၊ မလုပ်၊ မပြုတ်ဆိုတာမျိုးနေမှာပေါ့…
ဒါပေမဲ့လူဆိုတာမိုးကလဲ ဘယ်သူသေသေ ငါမွင်းခါးစားရပီးရော (စီဒီချွိ) ဆိုတာမိုးလေ…
အနော်လဲ မွင်းခါးကြိုက်တာပဲ..
Mike
March 17, 2015 at 10:35 am
.စံနစ်ကိုအတင်းပြောင်းမည်ဆိုလျှင် လူတွေအတင်းမရမက လိုက်လာကြပါလိမ့်မည်…
naywoon ni
March 17, 2015 at 12:05 pm
သိပ်ဟုတ်တာပေါ့ ကိုမိုက်ရာ ခပ်ရိုင်းရိုင်းပြောရရင် ” ရှေ့က နွားတွေက ဖြောင့်ဖြောင့် မသွားတော့ နောက်ကနွားတွေကလည်း တွေ့ရာပဲခင်း ဝင်စားကြတာပေါ့ဗျာ “