Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ အာရုဏ်ဦးမှာ မူးသည့်ငါ “ နှင့် ပါတ်သက်သော Statement ပေါင်းချုပ် :▐ :P

cobraAugust 21, 20101min2623

အာရုဏ်ဦးမှာ မူးသည့်ငါ ” ဇာတ်ကားအား ဆန့်ကျင်ရှုံ့ချနေသူများအား ကန့်ကွက်ဆန့်ကျင်မှုများအပေါ် အပြစ်တင်ဝေဖန်သူများအား ဆန့်ကျင်ကန့်ကွက်မှုအပေါ် ကန့်ကွက်တားဆီးနေသူများအား လေးနက်စွာရှုံ့ချထုတ်ပြန်ကြေငြာ

ချက်များ

စာရေးသူ ၏ အမှာစာ။ ။

ယနေ့ အင်တာနက်မှ နိုင်ငံရေး စာမျက်နှာများအား တစ်စိုက်မတ်မတ် မရပ်မနား အနီးကပ်လေ့လာနေသော မျက်စိမှုန်သူများ ၏ သုံးသပ်ချက်အရ အာရုဏ်ဦးမှာမူးသည့်ငါ ဆိုသော ဓါတ်ရှင်ဇာတ်ကားကြီးသည် အတိတ် ကိုမှားယွင်းစွာဖေါ်ပြထားသော ထီလက်မှတ်များ မကြာခဏ ရောင်းချလေ့ရှိသည့် ကိုမြင့်သိန်း၏ မယားညီအကို သိန်းဝင်း ၏ ခယ်မ နွဲ့နွဲ့ကြည် ၏ လင်ပါသား ကျော်ဆန်းဦး ကဲ့သို့ပင် လွန်စွာ မှ အမှီးအမောက်မတဲ့ အမြင်မတော်လှပေ။

ထို့ကြောင့် ထိုဇာတ်ကား နှင့် ပါတ်သက်ပြီး ပြည်တွင်းပြည်ပ မှ အီမိုအဖွဲ့များအကြား ခံပြင်း ၊ မကျေနပ်သံများ ပွစိပွစိကြားနေရသလို ထုံးစံအတိုင်း Statement များသည်လဲ အင်တာနက်ကမာ္ဘကြီးတွင် ဖေါဖေါသီသီ ထွက်ရှိလာလေတော့သည်။

ထို့ကြောင့် စာရေးသူမှာလဲ ခေတ်မှီသူပီပီ ထွက်ရှိပြီးသမျှ Statement များအား တစ်ပေါင်းထဲ ပြန်လည် စုစည်းတင်ပြထားသော Statement ပေါင်းချုပ်ကြီးကို ခဲရာခဲဆစ် ပြုစုရေးသားခဲ့ရာတွင် အပြီးသတ်တော့မည်ကြံတိုင်း ထပ်ခါထပ်ခါ ထွက်ရှိလာသော Statement များကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြုစုခဲ့ရကြောင်း တောင်းပန်ဖြေရှင်းသည့် Statement တစ်ခုအားမကြာမီ ထုတ်ပြန်မည်ဖြစ်ကြောင်း ရှေးဦးစွာ ပြောကြားလိုက်ပါသည်။


Mr. Lan Char

နအဖ အစိုးရမှ ကျင်းပမည့် ၂၀၁ဝ ကလိန်ကကျစ် ရွေးကောက်ပွဲ အတွက် ခါတော်မှီ ရိုက်ကူးပြသခဲ့သည့် ” အာရုဏ်ဦးမှာ မူးသည့်ငါ ” သမိုင်းလမ်းဆုံ နောက်ခံ နိုင်ငံရေး ဖြစ်ရပ်မမှန် ဓါတ်ရှင်ဇာတ်ကားကြီးနှင့် ပါတ်သက်ပြီး လက်ရှိ နိုင်ငံရေး နှင့် တစ်ဖက်သတ် အတင်းအဓမ္မပါတ်သက်နေသူများ မှ ထုတ်ပြန်ကြေငြာချက်များအပေါ် ပြန်လည်တိုက်ခိုက်သည့် ထုတ်ပြန်ကြေငြာချက်များအား ကန့်ကွက်ဆန့်ကျင်သည့်သူများအပေါ် ထိုးနှက်တိုက်ခိုက်နေသူများအား ဆန့်ကျင် ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေငြာချက်။။

ကြေငြာချက် အမှတ် ၂၇၂၈/ဘ/စ/အ/ဓ/မ/က/သ/၂၁/၈/၂၀၁ဝ ( ဒွာဒဿမ အကြိမ် ပြန်လည်ပြင်ဆင်ပြီး )

ကူးသန်းသွားလာရေး ဆိုင်ရာ ထုတ်ပြန်ကြေငြာချက်များ

ကရသ နှင့် ခရသ မှ ပူးပေါင်းထုတ်ပြန်ကြေငြာချက်။ ။

” အာရုဏ်ဦးမှာ မူးသည့်ငါ ” ဇာတ်ကားတွင် နိုင်ငံတကာမှပင် အရေးထား လေးစားဂုဏ်ပြုခံရသော တိုင်းချစ်ပြည်ချစ် မဟာပုဂိ္ဂုလ်ကြီးများအား ပေါ့ပျက်ပျက်ပြောဆို၍ ဂုဏ်သရေ မှေးမှိန်စေခြင်းတို့ဖြင့် စော်ကား ခဲ့မှုတို့ကြောင့် ပြည်ပရောက် အဖွဲ့အစည်းများအား ဒေါသအမျက် ချောင်းချောင်းထွက်စေခဲ့သလို ပြည်တွင်းနေထိုင်သူတို့၏ စိတ်နှလုံးအားလဲ နာကျည်းစွာ ထိခိုက်စေခဲ့သဖြင့် ကရသ အတွင်းရေးမှုးကတော် ဒေါ်ကြိုင်မှ ဘေးရှိခုံဖိနပ်ဖြင့် အိမ်နောက်ဖေးမှ လက်တိုလက်တောင်းခိုင်းသော လှမြင့်၏ သားငယ် ဘူကြီး အား ပစ်ပေါက်မိသဖြင့် ဘူကြီးခေါင်း ၈ ချက်ချုပ်ခဲ့ရသည့် ကြေကွဲဖွယ် ဖြစ်ရပ် မျိုးလဲ ဖြစ်ပေါ်ခဲ့ရသောကြောင့် ယ္ခုဇာတ်ကားတွင်ပါဝင်သော ခုံဖိနပ် ဝတ်သည့် အခန်းများအား ကြည့်ရှုမိသူ တိုင်းသူပြည်သားများမှ   မိမိ အိမ်သူ မိသားစု မိတ်ဆွေတို့ အပေါ် စိတ်လိုက်မာန်ပါ နာကျင်စေမှု ပြုမူလာနိုင်သည့်အတွက် ခုံဖိနပ် ရောင်းချသူများ အဖွဲ့ချုပ် (ခရသ ၊ ဗဟို သိမ်ကြီးဈေး) မှ လေးနက်စွာ ကန့်ကွက်ရှုံ့ချ လိုက်မှု အပေါ် ထပ်တူထပ်မျှ ဆန္ဒရှိပါကြောင်း ဆင်ကြယ်ဖိနပ်ရောင်းချသူများ အဖွဲ့ချုပ် (ဆရသ ၊ ရန်ကုန်တိုင်း) မှ ထုတ်ပြန်ကြေငြာလိုက်သည်။

ကတ္တီပါဖိနပ် ရောင်းချသူများ အဖွဲ့ချုပ် (ကရသ) မှ ထုတ်ပြန်ကြေငြာချက်

” အာရုဏ်ဦးမှာ မူးသည့်ငါ ” ဇာတ်ကားမှ စတင်ခဲ့သည့် ခုံဖိနပ်ပြဿနာ၏ ဂရက်ကြောင့် မြို့နေလူတန်းစားအများစုမှ မိမိတို့ထုတ်လုပ်နေသည့် စီးပွားရေး အသက်သွေးကြောလဲဖြစ်သော ကတ္တီပါဖိနပ်များအစား ၎င်းတို့၏ ရန်သူများအား တိုက်ခိုက်ရန် ခုံဖိနပ် များကို အလွန်အမင်းဝယ်ယူနေမှုကြောင့် မိမိတို့၏ အကျိုးစီးပွားအား များစွာ နစ်နာစေခဲ့သဖြင့် ထိုဇာတ်ကားအား အပြင်းအထန် ကန့်ကွက်ဆန့်ကျင်လိုက်သည်။

ကျန်းမာရေးဝန်ထမ်းများမှ ထုတ်ပြန်ကြေငြာချက်များ

မြန်မာ့သူနာပြုများအဖွဲ့ချုပ် (မသအ) နှင့် မြန်မာ့ဆရာဝန်များအဖွဲ့ချုပ် (မဆအ) တို့မှ ပူးတွဲထုတ်ပြန်ကြေငြာချက်

” အာရုဏ်ဦးမှာ မူးသည့်ငါ ” ဇာတ်ကား စတင်ပြသသည့်နေ့မှစ၍ ကျွန်တော်/ကျွန်မ တို့၏ အလုပ်ချိန်တွင် ကတ္တီပါ ဖိနပ်ဆိုင်မိသားစုများမှ ခုံဖိနပ်များဖြင့် အပေါက်ခံရပြီး ခေါင်းကွဲခဲ့ရသည့် အဖြစ်ဆိုးအား ဝမ်းနည်းနာကြည်းမှုများစွာကြောင့် အသက်ကိုပင်ပဓာန မထားဘဲ ရေကို မတ်ခွက်ဖြင့် သက်စိသောက်ပြီး ၂၄ မိနစ်တိတိ ရှုရှုး မပေါက်ဘဲ နေခြင်းဖြင့် ဆန္ဒပြခဲ့ကြသူ ကတ္တီပါ ဖိနပ်ချုပ်သူများ အရေးပေါ် မရပ်မနားရောက်ရှိလာသောကြောင့် မိမိတို့ အိမ်ကို အချိန်မှီမပြန်နိုင်ဘဲ Free Overtime ဆင်းပေးခဲ့ရမှု ၊ ချော့မော့၍ ရှုရှုးပေါက်ခိုင်းရာမှ ဘေးသို့ လှည့်လှည့် စကားပြောသဖြင့် မိမိတို့သူနာပြုများ အိမ်အပြန် အနံ့ဆိုးရွားမှုကြောင့် နီးကပ်သူများမှ နှာခေါင်းရှုံ့ခံရမှုအပေါ် များစွာ ခံပြင်းနာကြည်းမိသဖြင့် မိမိတို့ (မသအ) နှင့် (မဆအ) အဖွဲ့ချုပ်များ မှ ထိုဇတ်ကားအား အတင်းအဓမ္မ ကန့်ကွက် လိုက်ပါသည်။

ပြဿနာမရှိ ရှိအောင်ရှာနေသူများအဖွဲ့ချုပ် ” ပ.ရ.ရ ” (လွတ်မြောက်နယ်မြေ) မှ အသေးစိတ် ထုတ်ပြန်ကြေငြာချက်

အာရုဏ်ဦးမှာ မူးသည့်ငါ ဇတ်ကားသည် မိမိတို့ ပ.ရ.ရ အဖွဲ့၏ အထင်ကရ သမိုင်းလမ်းဆုံအား လွဲမှားစွာ တင်ပြထားခြင်း မိမိတို့ ပ.ရ.ရ အဖွဲ့အား ဆော်ရလျင်ပြီးရောဆိုသည့် ပုံစံဖြင့် မိမိတို့ ဖလမ်းဖလမ်းထနေသည့် အစိတ်အပိုင်း များကိုသာ တင်ပြထားခြင်းတို့ကြောင့် ပ.ရ.ရ အဖွဲ့ချုပ် ၏ မူလပထမ လမ်းစဉ်ဖြစ်သော ” ပြဿနာမရှိ ရှိအောင်ရှာ ” မူဝါဒ အရ  အာရုဏ်ဦးမှာမူးသည့်ငါ ဇတ်ကားတွင် ပါဝင်ပါတ်သက် ခဲ့သောအောက်ပါ ပုဂ္ဂိုလ် များ နှင့် အဖွဲ့အစည်းများအား တိုင်းပြည်နှင့်လူမျိုးအပေါ်သစ္စာဖေါက်သူများအဖြစ် အပြင်းအထန် ကက်ကက်လန် ရှုံ့ချလိုက်သည်။

၎င်းတို့မှာ –

(၁) စီစဉ်ညွှန်ကြားသူ (Director) များ နှင့် ၎င်းတို့၏ မိဘဆွေမျိုးများ ၊ အိမ်ထောင်ဘက်များ ၊ သားသမီးများ ၊ ချွေးမများ ၊ သားမက်များ ၊ ခမည်းခမက်များ ၊ အိမ်နီးနားခြင်းများ ၊ အိမ်ဖေါ်များ ၊ ဒရိုင်ဘာများ ၊ မာလီများ ။

(၂) ဝတ္ထုဇာတ်လမ်း ကို ကွမ်း ၂ ယာညက်သည့် အထိ အချိန်ယူရေးသားခဲ့သူများ နှင့် ၎င်းတို့၏ မိဘဆွေမျိုးများ ၊ အိမ်ထောင်ဘက်များ ၊ သားသမီးများ ၊ ချွေးမများ ၊ သားမက်များ ၊ ခမည်းခမက်များ ၊ အိမ်နီးနားခြင်းများ ၊ အိမ်ဖေါ်များ ၊ ဒရိုင်ဘာများ ၊ မာလီများ ။

(၃) ဇတ်ညွှန်းရေးသူများ နှင့် ၎င်းတို့၏ မိဘဆွေမျိုးများ ၊ အိမ်ထောင်ဘက်များ ၊ သားသမီးများ ၊ ချွေးမများ ၊ သားမက်များ ၊ ခမည်းခမက်များ ၊ အိမ်နီးနားခြင်းများ ၊ အိမ်ဖေါ်များ ၊ ဒရိုင်ဘာများ ၊ မာလီများ ။

(၄) ဝတ္ထု နှင့် ဇတ်ညွှန်း ရေးသားသူတို့အသုံးပြုခဲ့သော ဘောပင် ၊ စက္ကူ အစရှိသည်တို့ကို ရောင်းချခဲ့သော ပန်းဘဲတန်း မြို့နယ် ၃၁ လမ်းရှိ ” ဝင်းဝင်း ” စက္ကူ နှင့်စာရေးပစ္စည်း လက်လီလက်ကား အရောင်းဆိုင် ၏ ပိုင်ရှင်များဖြစ်သော ဦးလှဝင်း ၊ ဦးမြဝင်း ညီအစ်ကို နှင့် ၎င်းတို့၏ မိဘဆွေမျိုးများ ၊ အိမ်ထောင်ဘက်များ ၊ သားသမီးများ ၊ ချွေးမများ ၊ သားမက်များ ၊ ခမည်းခမက်များ ၊ အိမ်နီးနားခြင်းများ ၊ အိမ်ဖေါ်များ ၊ ဒရိုင်ဘာများ ၊ မာလီများ ။

(၅) ကင်မရာမင်းများနှင့် လက်ထောက်များ ၊ အသံဖမ်းသူများ ၊ မီးထိုးမှန်ထိုး နှင့် စက်အဖွဲ့သားများ ၊ ရှုတင်ထမင်းချက်သူ ဒေါ်တင်ရီ နှင့် တူမများ ၊ ရှုတင်ကားမောင်းသူ ဒရိုင်ဘာများ နှင့် ၎င်းတို့၏ မိဘဆွေမျိုးများ ၊ အိမ်ထောင်ဘက်များ ၊ သားသမီးများ ၊ ချွေးမများ ၊ သားမက်များ ၊ ခမည်းခမက်များ ၊ အိမ်နီးနားခြင်းများ ၊ အိမ်ဖေါ်များ ၊ ဒရိုင်ဘာများ ၊ မာလီများ ။

(၆) နောက်ခံတေးဂီတ နှင့် ဇတ်ဝင်ခန်း သီချင်းများအား ရေးသားသူများ ၊ တီးခတ်ပေးသည့် အဖွဲ့များ ၊ သီဆိုသူများ ၊ ဟာမိုနီလိုက်သူများ ၊ စတူဒီယို အသံဖမ်းသူများ ၊ စတူဒီယို သန့်ရှင်းရေး အလုပ်သမားများ နှင့် ၎င်းတို့၏ မိဘဆွေမျိုးများ ၊ အိမ်ထောင်ဘက်များ ၊ သားသမီးများ ၊ ချွေးမများ ၊ သားမက်များ ၊ ခမည်းခမက်များ ၊ အိမ်နီးနားခြင်းများ ၊ အိမ်ဖေါ်များ ၊ ဒရိုင်ဘာများ ၊ မာလီများ ။

(၆) အဓိကသရုပ်ဆောင်များ နှင့် အခြွေအရံများ ၊ ဇာတ်ပို့ဇာတ်ရန်များ ၊ လူရွှင်တော်များ ၊ လူကြမ်းများ ၊ ဖြတ်လျှောက်များ ၊ စတန့်သမားများ နှင့် ၎င်းတို့၏ မိဘဆွေမျိုးများ ၊ အိမ်ထောင်ဘက်များ ၊ သားသမီးများ ၊ ချွေးမများ ၊ သားမက်များ ၊ ခမည်းခမက်များ ၊ အိမ်နီးနားခြင်းများ ၊ အိမ်ဖေါ်များ ၊ ဒရိုင်ဘာများ ၊ မာလီများ ။

(၇) သရုပ်ဆောင်များ၏ မိတ်ကပ် နှင့် ဆံပင်ပြင်ဆင်သူ အလှဖန်တီးရှင် မာမီတုတ်ကြီး ၊ မာမီဗလ ၊ မာမီစိန် ၊ မာမီကြိုင် ၊ လက်ထောက် မာမီများ နှင့် ၎င်းတို့၏ မိဘဆွေမျိုးများ ၊ အချစ်တော်များ ၊ မွေးစားသားသမီးများ ၊ အိမ်နီးနားခြင်းများ ၊ အိမ်ဖေါ်များ ၊ ဒရိုင်ဘာများ ၊ မာလီများ ။

(၈) ကားရိုက်ကူးစဉ်က ရှုတင်တွင်ဘေးမှလာရပ်ကြည့်အားပေးသော အမည်မသိပြည်သူများ ၊ မင်းသားမင်းသမီး တို့အား အော်တိုရေးခိုင်းသူများ ၊ မင်းသားမင်းသမီး တို့နှင့် ဓါတ်ပုံတွဲရိုက်သူများ။

(၉) ထိုဇတ်ကားတွင်ပါဝင်ခဲ့ပြီး တိုင်းပြည် ၏ သမိုင်းလမ်းဆုံတစ်ခုလုံးနှင့် ထမင်းရှင် ပြည်သူများအား မဆီမဆိုင် သစ္စာဖေါက်ခဲ့သည့် အမေရိကား သို့ ဖျော်ဖြေရေးခရီးစဉ်ဖြင့် ရောက်ရှိနေသော ငမြွေတိုး ၊ ဝိုင်းလုကိုင်ထိန်း နှင့် အခြားသရုပ်ဆောင်များအား ဆန္ဒမပြသူများ ၊ အားပေးချီးမြှင့်သူများ ၊ မိတ်ဆက်သူများ ၊ ထမင်းဖိတ်ကျွေးသူများ ၊ လက်ဆောင်ဝယ်ပေးသူများ ၊ ဖုံးဆက်သူများ ၊ ဓါတ်ပုံတွဲရိုက်သူများ ၊ သရုပ်ဆောင်များအား ရီပြပြုံးပြသူများ ၊ တည်းခိုစေသည့် အိမ်ပိုင်ရှင်များ ၊ ၎င်းတို့၏ မိဘဆွေမျိုးများ ၊ အိမ်ထောင်ဘက်များ ၊ သားသမီးများ ၊ ချွေးမများ ၊ သားမက်များ ၊ ခမည်းခမက်များ ၊ အိမ်နီးနားခြင်းများ ၊ အိမ်ဖေါ်များ ၊ ဒရိုင်ဘာများ ၊ မာလီများ ။

(၁၀) မိမိတို့ ပ.ရ.ရ အဖွဲ့နှင့် သဘောထားမတူသည့် မဟာရန်သူတော်များ ၊ မိမိတို့အား မထောက်ခံသူများ ၊ ဝေဖန်သူများ ၊ ကန့်ကွက်သူများ ၊ မိမိတို့တိုက်ခိုက်မှုကို ငြိမ်မခံဘဲ ပြန်ပြောသူများ ၊ စကားကျယ်ကျယ်ပြောသူများ ၊ စူးစူးရဲရဲကြည့်သူများ ၊ မိမိတို့သွားလာစဉ် နောက်မှ ဖိနပ်ကို မတော်တစ်ဆ တက်နင်းသူများ ၊ လူရှုပ်သည့်နေရာများတွင် နမော်နမဲ့ဖြင့် မိမိတို့ကို ဝင်တိုက်မိသူများ

စသည့် ပုဂ္ဂိုလ်များ နှင့် အဖွဲ့အစည်းများတို့ဖြစ်ကြောင်း သမိုင်းလမ်းဆုံတွင် ကဗျည်းထိုးကြေငြာလိုက်သည်။

အန်ကျောလော့ ( ဥက္ကဌ )

ကလကဝေ ( ဒု ဥက္ကဌ )

အားကြုတ်မြောက်ပက် ( ခပ်ထွေထွေအတွင်းရေးမှုး )

ကချေကလေ ( တွဲဘက်ခပ်ထွေထွေအတွင်းရေးမှုး )

မောင်ကြူးရောင်ကြူး ( ဥက္ကဌ ၏ ယောက်ဖ )

ပ.ရ.ရ အဖွဲ့ချုပ် ( လွတ်မြောက်နယ်မြေ )

သတင်းမူရင်း – http://myochitmyanmar.org/publishing/2008-07-25-07-52-32/6180-2010-08-20-22-36-52

3 comments

  • Maung Dae`

    August 21, 2010 at 4:47 am

    အာရုဏ်ဦးမှာ ဖူးသည့်ကြာ ဆိုတဲ့ ဇာတ်ကားကို ကြည့်ဖြစ်အောင်ကြည့်ကြပါ…. ဒင်းတို့ကို သတ်ပစ်ချင်စိတ်တွေတဖွားဖွားပေါ်လာပြီး
    အနုပညာရှင်တွေကိုပါ အေ့ာနှလုံးနာသွားစေရမယ်…

    မောင်ဒဲ့

  • chitsayar

    August 21, 2010 at 11:01 am

    အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ကိုယ်အလိမ်ခံရတာကို မကျေနပ်လို ့ သူများကိုပါ ဝိုင်းခံခိုင်းတယ်လား
    လူဆိုး
    သွား……………………
    ကြည့်ဘူး

  • Patriot

    August 24, 2010 at 4:16 pm

    Even you give me $999999999999999999999999 million, i will not watch this movie!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!! Ha ha ha

Leave a Reply