ရသစုံပဟေဠိ(အတွဲ-၁) ဖြေကြည့်ကြစို့လား
ဂဇက်ထဲ စိတ်အမော ပြေ ပဟေဠိအစီအစဉ်လေး လုပ်ကြည့်တာပါ။
တယ်လီနောလေးက ပိုက်ပိုက်သိပ်မဖြတ်တာရယ်။လိုင်းလေးမဆိုးတာရယ်။နည်းနည်းအားနေတာရယ်ကြောင့်
ရွာထဲ လမ်းသလားနိုင်တုန်းလေးပေါ့။
:kwi:
စပြီ :mrgreenn:
အတွဲ(၁) မှာတော့ စာပေ ပဟေဠိနဲ့စလိုက်ရအောင်။
၁- ပေါင်းတလည်မြို့ကို နောက်ခံထားတဲ့ ဆိုက်ကိုဆန်ဆန် ၊အနုပညာဆန်ဆန် နာမည်ကြီး စာရေးဆရာကြီးတစ်ဦးရဲ့ ဝတ္ထု။
မန္တလေးသိန်းဇော်နဲ့မေဆွိက ဗွီဒီယိုပြန်ရိုက်ထားခဲ့ဖူးတယ်။
၂-ယေရှုခရစ်တော်ကို ကားစင်ဖို့ တာဝန်ပေးခြင်းခံရတဲ့ ဗိုလ်မှူးတစ်ဦးရဲ့အကြောင်း။ယေရှုရဲ့ဝတ်ရုံတော်ကိုယုံကြည်ပြီးနောက် ခရိယာန်ဖြစ်လာပုံတွေကို မျက်စိထဲမြင်လာအောင်ကျကျနနဖော်ကျူးရေးသားထားတဲ့ “မြတ်ဝတ်ရုံ” ဆိုတဲ့ ဝတ္ထုကို ရေးတဲ့ စာရေးဆရာရဲ့အမည်။မြို့တစ်ခုနာမည်ရှေ့ကပါတယ်။
၃-နာမည်ကြီး စာရေးဆရာမကြီးတစ်ဦး။သူ့ရဲ့ ဝတ္ထုတစ်အုပ်က ခေါင်းစဉ်နဲ့ သူ့သမီးကိုနာမည်ပေးထားတယ်။အဲဒီသမီးကလည်း နာမည်ကြီးစာရေးဆရာမဖြစ်လာတယ်။အမေစာရေးဆရာမကြီးနဲ့ သူ့သမီးနာမည်နဲ့ဝတ္ထုခေါင်းစဉ်။
၄-စာအုပ်ခေါင်းစဉ်တွေကို အပြန်အလှန်တွေးခေါ်ခြင်းနဲ့ အမည်တပ်လေ့ရှိတဲ့ ပြည်ပရောက် စာရေးဆရာကြီးတစ်ဦးရဲ့အမည်။
ဥပမာ-ရှိလို့လှူတာ လှူလို့ရှိတာ (ဆိုတာမျိုး)
၅-တာရာမာဇော့ညီအစ်ကိုများ ဝတ္ထုကိုဘာသာပြန်တဲ့ စာရေးဆရာအမည်။
ဖြေပေးကြည့်ကြပါနော်။
🙄
အဆင်ပြေရင် ဆက်ပါဦးမယ်။
🙂
28 comments
ခင်ဇော်
March 17, 2015 at 6:30 am
၁/ မိုးးညအိပ်မက်မြူ
တက္ကသိုလ် ဘုန်းနိုင်
ခင်ဇော်
March 17, 2015 at 6:33 am
၃,
နေနွယ်ဇင်မြင့်
ပုဏ္ဏမီ
(အထင်)
•*¨နန်းတော်ရာသူ •*¨
March 17, 2015 at 10:02 am
သူ့သမီးနာမည်မေးတာဟုတ်ပု ဝတ္ထုခေါင်းစဉ်
🙂
kai
March 17, 2015 at 7:51 am
၃။ နေနွယ်ဇင်မြင့်
လမင်းမိုမို၊ ပုဏ္ဏမီ၊
၄။ မောင်သာရ..
“ထမိန်ကျွတ်၍ လွှတ်လိုက်သည်။”
Alinsett@Maung Thura
March 17, 2015 at 8:57 am
သူတို့ ဖြေသလိုပဲ
:k:
၄ က အဲ့လို ခေါင်းစဉ်မျိုးတွေ သူကြီးပြောတဲ့ ဆရာ မောင်သာရအပြင် ဆရာနေဇင်လတ်လည်း ရှိသေးတယ်
ဆရာနေဇင်လတ် ပြည်ပရောက်နေ မနေတော့မသိ
-ပညာမတတ်သော ပညာရှိနဲ့ ပညာမရှိသော ပညာတတ်
Mr. MarGa
March 17, 2015 at 9:58 am
၂ – သန်လျင်ဖေသွင်
၄ – မောင်သာရ
ကျန်တာမသိ(သေး)
•*¨နန်းတော်ရာသူ •*¨
March 17, 2015 at 10:06 pm
ဂူဂဲလင်းလေ
🙂
မင်း ခန့် ကျော်
March 17, 2015 at 10:00 am
အတွဲ ၂ ကို စောင့်နေမည်။
အတွဲ ၁ ကျရှုံးးး
ဦးကြောင်ကြီး
March 17, 2015 at 10:55 am
လုတ်ဆမ်းဗာအုန်း.. ကျောင်းသား မကောင်းဂျောင်းလေး…
ပုံ
ကွင်သဗုံအတု ကြောင်ကြီး
•*¨နန်းတော်ရာသူ •*¨
March 17, 2015 at 11:02 am
အားလို့ယားနေရင် ကြည့်နေကျကားထိုင်ကြည့်နေ
ကြည်နေတဲ့အာရုံကိုလာမနှောက်နဲ့
ဦးကြောင်ကြီး
March 17, 2015 at 11:16 am
အောင်မာ အောင်မာ… ကော်သူးလေ တော်လှံရေးကို ပါမစ်နဲ့ရောင်းစား လဲစားတဲ့ နယ်ခြားစောင့် ဘီဂျီအက်ဖ် ကွင်သဗုံအတုမကများ..။ တေရဲဒါကျောင်းတား တက်ရဲဒါကျောင်းဓါးကွ..
တောင်ပေါ်သား
March 17, 2015 at 2:21 pm
မဖြေရင် မကျလို့ မဖြေဘူးနော် 🙂
လုံမလေးမွန်မွန်
March 17, 2015 at 3:55 pm
ဟိ.. မိုးညအိပ်မက်မြူတော့ သိတယ်.. ကျန်တာ မသိပုစ်.. :k:
black chaw
March 17, 2015 at 6:57 pm
အဆင်ပြေတယ်ဗျာ…။
ဆက်ဖြစ်အောင်ဆက်လိုက်စမ်းပါ…။
အခုတစ်ပတ်ပဟေဌိ ကိုတော့ စိတ်လည်းမအား
လူလည်းမအားလို့ မဖြေတော့ဘူး…။
အဖြေမှန်သူကို ငါးထောင်တန် ဖုန်းကဒ်လေးတစ်ခုလောက်
လက်ဆောင်ပေးမယ်ဆိုရင် ပိုအားရှိသွားမယ်
ထင်ပါတယ်…။
:k:
naywoon ni
March 17, 2015 at 9:24 pm
ငါးထောင်တန်မဟုတ်လဲ သုံးတန်ထောင်တန်လောက်ဆို အဆင်ပြေပါတယ် အုဘလက်ရဲ့
•*¨နန်းတော်ရာသူ •*¨
March 17, 2015 at 10:01 pm
အရင်လကတင် ဘာစီလိုနာကိုက်လို့ အကြောဆေး၁လုံး ပုလင်းကြီး၃လုံးချိတ်ထားရတာ အပ်ပေါက်တွေချည့်ဖြစ်နေပြီ။
ဆေးထပ်မထိုးကြပါနဲ့ဦးလေးတို့ရယ်
naywoon ni
March 18, 2015 at 12:37 am
တော်ပါအေ အဲ့ ဘာစီ စ်တ်နာလွန်းလို့ နာ့ ဓာတ်သေ ရိုက်ပြီး လျှာထားတဲ့ ပိုက်ပိုက်လေးတွေ ကုန်ပါရောလား ။ ညည်းက ဆေးထိုးလို့ရသေး နာ့ ထိုးစရာ ဆေးတောင်မရှိလို့ ။
•*¨နန်းတော်ရာသူ •*¨
March 18, 2015 at 12:41 pm
ချန်ပံလိဂ်ဖလားကော လာလီဂါဖလားပါသယ်မယ့်ဘာကာကို ပုံအပ်လိုက်စမ်းပါ ဘနီရ
:kwi:
padonmar
March 17, 2015 at 9:59 pm
၁၊မိုးညအိပ်မက်မြူ၊တက္ကသိုလ်ဘုန်းနိုင်
၃၊ယုဝတီခင်စိန်လှိုင်၊သမီးနွယ်နီလှိုင်
တက္ကသိုလ်တင်မြင့်+ခင်မာသစ်-သမီးလေးလေးမြင့်
(ဝတ္ထုခေါင်းစဉ်တော့ သုံးမသုံးမသိ၊ဇာတ်ကောင်လုပ်ရေးဖူးတယ်။)
နေနွယ်ဇင်မြင့်အစပိုင်းတွေဖတ်မိသလောက် လမင်းမိုမို၊ပုဏ္ဏမီနာမည် မသုံးဘူးထင်တယ်။သူ့သား ကိုမှိုးနာမည်နဲ့ ယုန်ကလေးရဲ့ ဇာတ်လိုက် ဆိုပြီးရေးဖူးတယ်။
၄၊မောင်သာရ-ပြန်မပြောရင် ပြောချင်တယ်။
၅၊မသိ-(ဂျာပွန်နာမည်ဆိုတော့ ရဲမြလွင်လို့ ဖြီးမယ်)
•*¨နန်းတော်ရာသူ •*¨
March 17, 2015 at 10:04 pm
တွစ်လေးပေးလိုက်ဦးမယ်
အောက်ဆုံးက ရုရှနာမည်တီဒုံ
🙂
padonmar
March 17, 2015 at 10:10 pm
ဟိဟိ၊ရှွှီးတာတောင် လွဲတယ်။
အဖြေပေးပါတော့ ဗျို့။
•*¨နန်းတော်ရာသူ •*¨
March 18, 2015 at 12:39 pm
အတွ၃ ထိတင်ပြီးမှ အဖြေသီးသန့် ပို့စ်တစ်ခါ တင်မယ်တီဒုံ ခွိ
kai
March 18, 2015 at 12:50 pm
ကြုံလို့ပြောရရင်.. ဆရာမောင်သာရ.. သွေခုန်နှုန်းတဝက်ပဲရှိနေလို့.. ဆေးရုံတက်လိုက်ဆင်းလိုက်ဖြစ်နေလေရဲ့..။
တော်တော်နေမကောင်း..။ အသက်ကလည်း.. ၈ဝတန်းလေ..။
နောက်လထဲတော့.. သွားကြည့်ဦးမယ်လို့.. မှန်းထား..။
ယုဝတီခင်စိန်လှိုင်ရဲ့. မြေးတော့.. နယူးယောက်လည်လည်သွားတုံးတွေ့ဖူးပါရဲ့..။
ကြည့်ရတာ..အမေကိုခေါ်လိုက်တာထင်တယ်..။
Alinsett@Maung Thura
March 18, 2015 at 3:30 pm
ဆရာကြီး အမြန် နေကောင်းပါစေလို့ ဆန္ဒပြုပါတယ်
ကျနော့်အပေါ်လည်း သူ့ကျေးဇူးတွေ မကင်းဘူး။
သူ့ကို ဆုံးရှုံးလက်လွှက်လိုက်ရဖို့ဆိုတာ တွေးတောင် မတွေးဝံ့သေးဘူး
•*¨နန်းတော်ရာသူ •*¨
March 18, 2015 at 6:28 pm
စိတ်မကောင်းပါသူကြီးရေ တဖြုတ်ဖြုတ်ကြွေနေကြဦးမှာပဲလေ
🙁
မောင်ဘလိူင်
March 18, 2015 at 5:47 pm
၅။ နတ်နွယ် (ကရာမာဇော့ဗ် ညီအစ်ကိုများ)
•*¨နန်းတော်ရာသူ •*¨
March 18, 2015 at 6:26 pm
ကရာမာဇော့လား
ဖတ်ထားတာ ရနှစ်လောက်ရှိပြီ သိပ်မမှတ်မိတော့ဘူး။
😀
Mr. MarGa
March 18, 2015 at 6:38 pm
ပြောရမယ်ဆိုရင် ကရာမာဇော့တော့ ဖတ်ချင်တယ်ဗျ တကယ်