Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဇွဲဆု

naywoon niApril 15, 20151min82616

ဇွဲဆု

ပူ​လောင် ပြင်​းရှတဲ့ ဧပြီလရဲ့ ​နေလည်​ခင်​း အပူဒဏ်​ကိုအလူးအလဲ ခံစားရင်​းက ည​နေပိုင်​း​ရောက်​​တော့ လက်​ဖက်​ရည်​ဆိုင်​ဖက်​ ထွက်​လာခဲ့တယ်​ ။ ​နေဝန်​းနီ တို့မြို့မှာက လည်​ပတ်​စရာ မရှိ ပန်​းခြံ မရှိ ရုပ်​ရှင်​ရုံ မရှိ (ရုံအခွံ​တော့ရှိ​သေး တစ်​နှစ်​လုံး​နေမှ ဝါဆိုလပြည်​့​နေ့ရယ်​ တန်​​ဆောင်​တိုင်​ ​လေးငါးရယ်​ရယ်​ပဲ ပြတယ်​ ) မာဆတ်​ ​ကေတီဗွီ (No) နိုး ။ ကန်​ကြီးကြီးမားမားဆိုတာလည်​း နတ္တ္ထိ ။ စိတ်​​ပြေလက်​​ပျောက်​ လမ်​း​လျှောက်​ထွက်​စရာမရှိ ။ ပိုက်​ဆံ ​လေးပိုပိုလျှံလျှံ ရှိရင်​​တော့ ​ဖော်​​ဖော်​​ရွေ​ရွေ ​လောကွပ်​​လျှော်​မဲ့ ဘီယာဆိုင်​​တွေပဲရှိတယ်​ ။ နို့မဟုတ်​ရင်​​တော့ ည​နေပိုင်​း ပိုက်​ဆံ နှစ်​ရာနဲ့ လက်​ဖက်​ရည်​တစ်​ခွက်​​သောက်​ လမ်​းသွားလမ်​းလာ​လေးထိုင်​ကြည်​့ ။ အကြမ်​းအိုးနှစ်​လုံး​လောက်​​သောက်​ရင်​း ​လေကန်​ လို့ရတဲ့ လက်​ဖက်​ရည်​ဆိုင်​​လေးကို မသွားရမ​နေနိုင်​ အစွဲအလမ်​းတစ်​ခုလို တပ်​မက်​စွာ ထိုင်​​ပေ​ရော့ပဲ ။ အလုပ်​လက်​မဲ့ဘဝမှာ တစ်​​နေကုန်​ အိမ်​မှာထိုင်​ရတာငြီး​ငွေ့လာ​တော့လည်​း ည​နေပိုင်​းကျရင်​ သွား​နေကျ လက်​ဖက်​ရည်​ဆိုင်​​လေးဆီ ​ရောက်​​ရောက်​သွားရ​ပေါ့ ။

ထိုင်​​နေကျ လက်​ဖက်​ရည်​ဆိုင်​​လေး​ရောက်​​တော့ သူငယ်​ချင်​းတစ်​​ယောက်​က ​ဘောလုံးပွဲ အ​ကြောင်​း​မေးတာနဲ့ ပွဲစဉ်​​လေး အင်​တာနက်​ဖွင်​့ကြည်​့​ပေး ။ အင်​တာနက်​ဖွင်​့ရင်​း မထူးပါဘူး​လေဆိုပြီး ​မေးလ်​​လေးပါ စစ်​လိုက်​ဦးမှ ဆိုပြီး ​မေးလ်​ဖွင်​့လိုက်​​တော့ ထူးထူးခြားခြား ​မေးလ်​တစ်​​စောင်​​ရောက်​​နေပါ​ရောဗျာ ။ ဘယ်​သူ့ဆီက ထင်​သလဲ ။ ကျုပ်​တို့ သူဂျီး ဆီက​မေးလ်​ဗျ ။ စာမူခ တစ်​သိန်​း​ပေးဖို့ဆက်​သွယ်​တာပါ ဇွဲဆု ​ပေါ့ တဲ့ ။ အဟိ ။ အဲ့သာနဲ့ ရွာထဲပြန်​ဝင်​ကြည်​့​တော့ ​နေဝန်​းနီ ပွိုင်​့က 99167 လား အဲ့​လောက်​ပဲ ရှိ​သေးတာ ။ ​နေဝန်​းနီ ပြုံးမိတာက ဇွဲဆု ဆိုတာကိုရယ်​ပါ ။ ​နေဝန်​းနီ ရွာထဲစ​ရောက်​တာက ၂၀၁ဝ စက်​တင်​ဘာ လထဲမှာ ။ ပို့စ်​မတင်​ရဲလို့ ကြည်​့​နေတာက ဆယ်​ရက်​​လောက်​ ။ ပို့စ်​ စတင်​တာက ​
ကံ​ကောင်​းတတ်​ပါ​စေ



သစ်​ပင်​​​တွေပေါ်က နာမယ်​များ


2010 sep 25
၂၀၁ဝ စက်​တင်​ဘာ၂၅ ​ကော်​မန်​့ တစ်​ခုမှ မရ ။

ရပ်​ကြည်​့​နေမလား?


2010 sep 26
ကွန်​မန်​့ ၂ခု စရ ။ ဒါ​တောင်​ ၂၀၁၁ ဇွန်​လကျမှ ရတာပါ ။

​ရေလာလာမ​ရောပါနဲ့

ရေလာလာမရောပါနဲ့


2010 sep 26
No commet
​နောက်​ပို့စ်​ ၆ခု​လောက်​ကလည်​း တင်​ပြီး လ အတန်ကြာမှ မှတ်​ချက်​လာ​ရေးကြတာပါပဲ ။
ပို့စ်​တင်​တင်​ချင်​း ကွန်​မက်​ လာ​ပေးသွားတာခံရတဲ့ ပို့စ်​က
” မိုးဖျက်​တဲ့ည” ဆိုတဲ့ကဗျာ​လေးပါပဲ။

မိုးဖျက်တဲ့ည


2011 oct 8
ရှစ်​ပုဒ်​​မြောက်​ပို့စ်​ဖြစ်​မယ်​နဲ့ တူရဲ့ ။ ​နောက်​ မှတ်​ချက်​တစ်​ခုမှ မရတဲ့ ပို့စ်​​တွေလည်​း ​တော်​​တော်​များများရှိပါတယ်​ ။ ​လေးနှစ်​​ကျော်​ ငါးနှစ်​နီးပါး ။ တင်​ခဲ့တဲ့ ပို့စ်​​ပေါင်​းက ​လေးရာ​ကျော်​ ။ ဒါ​ကြောင်​့ ဇွဲဆုလို့ ​ပြောတာပါ ။ ​နေဝန်​းနီ ​ရှေ့က တစ်​သိန်​းပြည်​့သွားတဲ့ မင်​ဘာ​တွေ ​နေဝန်​းနီ ​လောက်​ ကြာတယ်​မထင်​ရပါဘူး ။ ကို​ပေါက်​ဆို ခဏခဏ ဘယ်​နှစ်​ကြိမ်​မှန်​း​တောင်​မသိလိုက်​ ။ ခဏချင်​းပြည်​့ပြည်​့သွားတာ ။ ​နေဝန်​းနီ က​တော့ ​နေဝန်​းနီ စရိုက်​အတိုင်​း စိတ်​ပါတဲ့ အ​ကြောင်​းအရာမှ ထ​ရေး ထတင်​ ။ တစ်​ခါတစ်​​လေ ရွာထဲ မ​ရောက်​တာ လနဲ့ချီလို့ ။ ကိုယ်​​ရေးတဲ့စာ ​ကော်​မန်​့ ရမရလည်​း ဂရုမစိုက်​ ။ ​တွေ့မှသာ ရီပလိုင်​းပြန်​လုပ်​ ။ တစ်​ခါတစ်​​လေလည်​းမလုပ်​ဖြစ်​ဆို​တော့ ….. ​နေဝန်​းနီ ​ရေးသမျှ ရတဲ့ ​ကော်​မန်​့လည်​း သူများနဲ့စာရင်​ နည်​းမှာ​သေချာပါတယ်​ ။ ကိုယ်​့က​ပေးခဲ့ တဲ့​ကော်​မန်​့ အရည်​အတွက်​ကလည်​း ကာလ ရှည်​လာလို့သာ ၃၄၀ဝ ​ကျော်​ဖြစ်​​နေတာ အခြားမင်​ဘာ​တွေနဲ့စာရင်​နည်​းမှာပါ ။ ဘာပဲဖြစ်​ဖြစ်​ ဇွဲဆု ကို ချီးမြှင်​့​ပေးတဲ့ သူကြီးကိုလည်​း ​ကျေးဇူးတင်​ပါတယ်​လို့
…….. ။ ပို့စ်​ ​လေးရာ​ကျော်​ ​ကောင်​း ​ကောင်​း မ​ကောင်​း​ကောင်​း အတင်​ခံ​ပေးတဲ့ ဒီရွာကြီးကို ဘယ်​​တော့မှလည်​း မခွဲပါဘူးလို့ …….. ။

​နေဝန်​းနီ
10:12 PM
2015 Apr 15

16 comments

  • မြစပဲရိုး

    April 16, 2015 at 1:19 am

    Many Congratulations A Ba Ni!
    Your words are so sweet.
    Please be still with us. :))

  • ခင်ဇော်

    April 16, 2015 at 8:04 am

    ဝမ်းသာပါတယ် အဘနီ။

    အဘနီ ရတဲ့ တစ်သိန်းဟာ ထိုက်တန်ပါတယ်။
    အနုပညာနဲ့ ရတဲ့
    အတွေးအခေါ်နဲ့ ရတဲ့
    ရကောင်းစေ ဆိုပြီး ရေးတဲ့ စိတ်နဲ့ မဟုတ်တာ ဖြစ်တဲ့ အတွက် ထိုက်တန်တာမို့ လက်ခုပ်အကျယ်ကြီး တီးသွားပါကြောင်းးး

    😆

  • ဦးကျောက်ခဲ

    April 16, 2015 at 1:00 pm

    ကွန်ဂရက်ကျူလေးရှင်းပါ အဘနီ … Bravo ပါဗျို့…
    မမျှော်လင့် မတောင့်တ မရည်ရွယ်ပဲရတာ ဂုဏ်ယူစရာပါ…
    :k:

  • kai

    April 16, 2015 at 1:26 pm

    ပို့စ်​ ​လေးရာ​ကျော်​ ​ကောင်​း ​ကောင်​း မ​ကောင်​း​ကောင်​း အတင်​ခံ​ပေးတဲ့ ဒီရွာကြီးကို ဘယ်​​တော့မှလည်​း မခွဲပါဘူးလို့ …….. ။

    အဲလိုပြောပြောပြီး.. ပျောက်သွားသူတွေမနည်းပါပဲ…။
    အဲဒါကြောင့်..နောက်ဆို.. တပါတ်မဝင်ပဲနေရင်.. ပွိုင့်၁၀၀ဝ ပြန်နှုတ်စနစ်များတောင်လုပ်မလား… လို့..။ :k:
    လောလောဆယ်တော့.. မန်ဘာအသစ်ဝင်သူတိုင်းကို.. ၆ထောင်ကျပ်ကနေ… ၁သောင်းတိုးပေးထားလိုက်ကြောင်း…။
    သတင်းစာထဲ.. ကြော်ငြာထည့်ဖို့.. တကယ်တွေးတာပါ..။
    ၂ကြောင်းလောက်ပါပဲ..။

    မတူသောအတွေးနှင့် ကိုယ်ပိုင်စာချရေးပါ..။
    စာလုံးများနှင့် ငွေလဲလှယ်စနစ်..။
    http://www.MyanmarGazette.net

    ဆိုတာမျိုး..။

  • Wow

    April 16, 2015 at 1:36 pm

    ဇွဲဆုရသွားတဲ့ ဆြာနီ လက်ဘက်ရည်တိုက်ပါ.. :mrgreen:

    • naywoon ni

      April 16, 2015 at 5:21 pm

      ဝူး ဂ မန်​းဒ​လေး ဂမို့လား ? မန်​းဒ​လေး လာဖို့ ကို​ပေါက်​တို့ ကို​ပေတို့ နဲ့ ချိန်​ထားသဗျ ။ လက်​ဖက်​ရည်​တင်​မဟုတ်​ပါဝူး ။ ကြိုက်​တာ​သောက်​လို့ရပါတယ်​ ။

  • ဝင့်ပြုံးမြင့်

    April 16, 2015 at 2:43 pm

    .ဟုတ်တယ် အဘနီ။ ကွန်မင့်တွေက ချက်ချင်းပြန်ဖြေပေးနိုင်မှ တဖြည်းဖြည်း ကွန်မင့်များတာ။ ကျမလည်း အဲဒါတွေ မသိဘူး။ ကွန်မင့်တစ်ခုကို ပြန်ဖြေရကောင်းမှန်း မသိဘူး။ ပို့စ်တင်ပြီးရင် ခဏခဏ ဖွင့်ကြည့်ရမှာကိုလည်း မသိဘူး။ ကျမဆို ပေါင်းသင်းဆက်ဆံရေး အရမ်းညံ့တယ်။

  • Alinn Z

    April 20, 2015 at 5:26 pm

    အဟမ်းးး
    မူးတဲ့ လက်ဖက်ရည် တိုက်ဖို့ ပိုက်ပိုက် ချန်ထားမယ် မဟုတ်လား ဦးနီ

    .နေပြည်တော် ရောက်တာနဲ့ အပြေးလာခဲ့မယ်။ ပလို့ဂျိ
    :k:

    ဇွဲဆုကို မာနနဲ့ အတ္တဆိုတာကြီးနဲ့
    လဲ သွား လဲထားရစ်တဲ့သူတချို့လည်း ရှိတယ်ဗျ။
    ဇွဲဆုလေး ဘယ်လောက် အမှတ်တရ ဖြစ်လိုက်သလဲ
    .နော့

    :kwi:

    • ခင်ဇော်

      April 20, 2015 at 7:28 pm

      နိ တိတ်တိတ်မနေရင် နာ ဆဲ ဒေါ့မယ်။
      ရွာဂျီး ငြိမ်းချမ်းနေတာ မမြင်ချင်ဘုလာ့

      :k:

      • Mr. MarGa

        April 20, 2015 at 7:31 pm

        ဘလောက်ဆဲဆဲ မှတ်တာကျလို့
        တစ်ခုခုဆို သူ့ကို အရင်ထိန်းနေရတာ
        :k:

      • Alinn Z

        April 20, 2015 at 9:53 pm

        ဒလောက် ဘယ်အရာမှမမြဲတဲ့ လောက ဖရိုဖရဲကြှီးထဲမယ်
        နာမည် ကျန်နေရစ်မယ်တို့ ဘာတို့. . .

        .
        .
        .
        .

        .
        .
        .
        .
        .
        .တော်တော်ဆိုးတဲ့ ဖြူဖြူကျော်သိန်း

        :k:

        အခုတလော ပျင်းလို့ပါဗျ

        ပလို့ဂျိ

        :kwi:

  • Ma Ma

    April 20, 2015 at 7:53 pm

    အဘနီဆိုတာ ကျမတို့ရွာထဲဝင်ခါစကတည်းက တွေ့နေရတဲ့ ရွာ့ဆယ်လီတစ်ယောက်ပေ့ါ။
    အဘနီနဲ့ တန်းတူဝင်ကြတဲ့သူတွေထဲမှာတော့၁သိန်းရတာ အတော်လေးနောက်ကျတယ်ပြောရမယ်။
    အဲလိုပွိုင့်ကို မတွက်ပဲရွာထဲဝင်တဲ့ ရွာသူားကမှ သဂျီးအတွက်ပိုတွက်ခြေကိုက်မယ်။ :k:

    ကိုယ်လည်းနီးလာပြီမို့ မျှော်ကြည့်တာ။
    အာဂပြောခဲ့ဖူးသလို နောက်မျိုးဆက်ကို ယူဇာနိမ်းနဲ့ ပ့ါစ်ဝေ့ါပေးရတဲ့အထိတော့ မဖြစ်လောက်ဘူး ထင်ပါရဲ့။ :p:

  • Mike

    April 23, 2015 at 10:26 am

    .ဂုဏ်ယူပါတယ် ကိုနေဝန်းနီေ၇
    .ပို့စ်လေးရာကျော်ဆိုတာနည်းတာမဟုတ်
    .ကျုပ်လည်း ၂၀၁ဝ ကတည်းကဝင်လာတာပဲ..ပို့စ်က ၁၀ဝ မကျော်သေး
    .တော့တန်းထဲတော့ပါနေပီဗျ..အရင်ထက်စာရင်နီးလာပီပေါ့ :k:

  • ဂုဏ်ယူပါတယ် ဘနီ… ပို့စ် ၄၀ဝ ကျော်ဆိုတာကြီးကိုလည်း မျက်လုံးအပြူးသားနဲ့ ကြည့်သွားပါတယ်လို့.. 🙂

  • အောင် မိုးသူ

    April 29, 2015 at 11:20 am

    ကျတော်လည်းအဲ့အချိန်လောက်ရောက်တာပဲ ပို့စ်တွေတင်ပြီး မဖတ်ဖြစ်တာနဲ့ ဇွဲဆုကိုမရသေးဘူး။ အခု ရအောင်ကြိုးစားလိုက်ဦးမယ်။ 😀

  • uncle gyi

    April 29, 2015 at 10:47 pm

    ကိုနီကမှတော်သေး
    ကွ ျန်တော်ဆိုအရင်အကောင့်၂ခုကပျောက်သွားလို့အခု၃ခုမြောက်
    အဲတော့အရင်၂ခုကအမှတ်တွေလေထဲပျံသွားရော
    ဒါပေမဲ့အမှတ်ကအဓိကမဟုတ်ပါဖူးနော်ကိုနီ

Leave a Reply