မျက်စိမှိတ်၍ မုန့်ဝယ်စားခြင်း
## မျက်စိမှိတ်၍ မုန့်ဝယ်စားပါ ##
“” ဟိုက်ရှ် …… ဟိုက်ရှ် !!! “”
မောင်ဆာမိ တစ်ယောက် အသံထွက်မတတ် မျက်လုံးပြူးသွားသည် ။
စားလက်စ မုန့်ဟင်းခါးကို ဆက်ပဲစားရကောင်းနိုးနိုး မစားဘဲ ထားခဲ့ရကောင်းနိုးနိုး ဝေခွဲမရ ။
တခဏတော့ မှင်တက်နေမိပြန်သည် ။
ဪ … ဘာရယ်မဟုတ် တစ်စားပွဲတည်းထိုင်နေသော မျက်စောင်းထိုးလက်တစ်ကမ်းမှ မာတုဂါမပေါက်စလေးကိုကြည့်မိပြီး ဤသိုဲ့လျှင် ဖြစ်နေခဲ့သည် ။
ထိုမုန့်ဟင်းခါးဆိုင်သို့ မောင်ဆာမိ ရောက်ပြီးမကြာမှီ ထိုကလေးမ ရောက်လာခဲ့သည် ။
မောင်ဆာမိ မုန့်ဟင်းခါးမှာပြီး သူဆက်လက်မှာသည် ။
အစားငမ်းသောမောင်ဆာမိသည် ဗိုက်ဆာဆာနှင့် မုန့်ပွဲရောက်သည်နှင့် အလှူစား စားလေတော့သည် ။
သုံးလေးဇွန်းမျှ ဖလူး ဖလူးနှင့် ခေါင်းငုံ့ ဆွြဲ့ပီးနောက် ဝမ်းအတော်ငြိမ်သွားမှ
ဘေးသို့ အကဲခတ်လိုက်မိလေသည် ။
စူးစူးစိုက်စိုက် ကြည့်နေသော မာတုဂါမပေါက်စလေးကိုသတ်ိထားမိသည် ။
သေချာပါသည် ။ မောင်ဆာမိလို ဠင်းတနဲ့ပြိုင်ဘယ်သူနိုင် ရုပ်ရည်အား ကြည့်ကောင်းလို့တော့မဖြစ်နိုင် ။
တစ်ခုခုတော့ မှားနေပြီ ထင့် ??
သို့နှင့် ကိုယ့်ရင်ဘတ်ကိုယ်ငုံကြည့်လိုက်သည် ။
ဟင်းရည်စက်တွေများ ဖိတ်စင်ကျလေသလားးး ???
မဟုတ်သေးပါ ။ အဖြူရောင်ရှပ်အကျင်္ ီသည် အပျိုရည်မပျက်သေး ။
နောက်တဖန် မေးစေ့နှင့် နှုတ်ခမ်း ထောင့်အား လက်ဖဝါးဖြင့် အသာအယာသုတ်ကြည့်လိုက်သည် ။
မုန့် ဟင်းခါးဖတ်များ ကပ်နေလေသလားးးးး ???
ဒါလည်း မဟုတ်သေး ။
ခက်တော့ ခက်နေလေပြီ ။ နောက်ထပ်ဖြစ်နိုင်ခြေရှိသော သွားကြားတစ်နေရာရာ၌ ငရုပ်သီးဖတ်များ ကပ်နေလေရော့သလား းးး ??
ကိုင်းးး လာလေ့ !!
လျှာကို ရှေ့သွားများတဝိုက် အမှိုက်သိမ်းစေခြင်းငှါ လှုပ်ရှားလိုက်သည် ။
လျှာထဲက အထိအတွေ့တွင် မည်သည့်အဖတ် အစအနမှ မခံစားမိ .။
သို့နှင့် ရေနွေးကြမ်း တစ်ခွက်ကိုငှဲ့ပြီး” ဂွပ် ” ကနဲ့ မော့လိုက်လေသည် ။
ရုတ်တရက် မျက်လုံးထောင့်တွင် ထိုမာတုဂါမ၏ နှုတ်ခမ်းလေးအနည်းငယ် မဲ့သွားသည်ကို သတိထားမိလိုက်သည် ။
ကိုယ့်ကိုကိုယ် ပြန်လည်စမ်းစစ်မိသည် ။
ကိုယ့်ပိုက်ဆံနှင့်ကိုယ် မုန့်ဟင်းခါးစားခြင်း ရေနွေးကြမ်းသောက်ခြင်းသည် နှာခေါင်းရှုံ့စရာများဖြစ်နေပြီလား .?????
မကြာပါ … ထိုမာတုဂါမလေးမှာယူထားသော မုန့်ဟင်းခါးရောက်လာပါသည် ။
မာတုဂါမလေး၏ လက်များလှုပ်ရှားလာ၏ ။
ပထမဦးစွာစားပွဲပေါ်မှ ပလပ်စတစ်ဗူးထဲတွင်ထည့်ထားသော ဇွန်းတစ်ချောင်းကိုယူပြီးလျှင် တစ်ရှူးဖြင့်သုတ်သည် ။
ထိုတစ်ရှူးသည် သူ့အိပ်ထဲမှပါလာသောတစ်ရှူးဖြစ်လေသည် ။
အများသူငါသုံးသော ဆိုင်မှပေးသည့် တစ်ရှူးက်ို စိတ်သန့်ဟန်မတူ ။
ထို့နောက် ရေနွေးကြမ်းပန်းကန် တစ်ခုကိုယူပြီးလျှင် အထက်ပါနည်းအတိုင်း ထပ်မံ၍ တစ်ရှူးဖြင့် သုတ်ပြန်သည် ။
ဤသ်ု့ြိဖင့် ကျေနပ်သည်ကထိ သုတ်ပွဲ သဘင်ကျင်းပပြီးနောက် ဇွန်းအားညင်သာစွာကိုင်ပြီးလျှင် အထက်အောက်သမအောင်မွှေပါတော့သည် ။
ထို့နောက် မုန့်ဟင်းခါးဖတ်များအား ညင်သာစွာကော်ခတ်ပြီးလျှင် နှုတ်ခမ်းနှစ်လွှာကြားသို့ သင်္ဂြ ိုခြင်းအမှုကိုပြုသောအားဖြင့် သုံးဆောင်လေတော့သည် ။
မာတုဂါမပေါက်စလေး၏ မျက်နှာတွင် ကျေနပ်ခြင်း အားရခြင်း ဂုဏ်ယူခြင်းတို့ဖြင့်ထုံမွှန်းလျှက် ………
ဪ ……… ဂလိုကိုးးး မောင်ဆာမိ သိလိုက်ပါပြီ ။
မောင်ဆာမိအား ကက်ရဲ့သောအကြည့် ရှုံ့ချသောအကြည့် တို့ဖြင့် အသံတိတ်ဝေဖန်နေသည်မှာ ဤသို့သောကြောင့်ဖြစ်ပေလိမ့်မည် ။
မောင်ဆာမိသည် ဈေးဆိုင်မှပေးသော ဇွန်းအားတစ်ရှူးဖြင့်သုတ်ခြင်းမရှိ ။
ရေနွေးကြမ်းခွက်အား ရေကျင်းသွန်ပစ်သည်မှလွဲ၍ တစ်ရှူးဖြင့်သန့်စင်ခြင်းလည်းမရှိ ။
ထို့အပြင် အီသီယို့ပီးယားမှပြန်လာသော အငတ်ဘေးဒဏ်သင့်သူတစ်ဦးပမာ ခေါင်းငုံ့ပြီး အဆောတလျင် စားသောက်ခဲ့သည် ။
ဤသို့ မရွံ မရှာ မသုတ်မသင် အလောတကြီး စားခြင်းသည်ပင် မာတုဂါမလေးအဖို့ နှာခေါင်းရှုံ့စရာဖြစ်နေလေပြီလားမသိပေ ။
အကြောင်းစုံကိုခန့်မှန်းနားလည်ကြည့်မိပြီးသောအချိန်တွင် မောင်ဆာမိ အူလှိုက်သည်းလှိုက် ရီချင်နေမိသည် ။
ထိုမုန့်ဟင်းခါးဆိုင်သို့ မောင်ဆာမိဝင်လာစဉ်က ဆိုင်အနောက်ဖက်ခြမ်းမှ ပတ်လာခဲ့သည် ။
ဤတွင် ထိုဆိုင်မှ စားပြီးသားပန်းကန်များက်ုဆေးကြောသောပုံစံ အနေအထားကို ကောင်းစွာမြင်ခဲ့ရသည် ။
စားပြီးသား ပန်းကန်များက်ို ရေဇလုံကြီးတလုံးအတွင်းသို့ရောထည့်လိုက်သည် ။
ထိုဇလုံထဲရှိ ရေများတွင် မုန်ဖတ်အစအနများ ဟင်းရည်လက်ကျန်များ နံနံပင် ငရုတ်သီးဖတ်များ ကျပ်သိတ်စွာကူးခတ်နေသည် ။
အဓိပ္ပါယ်ကား ထိုဆေးသောရေသည် ရေကြည်ရေသန့်မဟုတ် ။
ဆေးပြီးသားရေထဲ ထပ်ကာ ထပ်ကာဆေးနေခြင်းကြောင့် ပန်ကန်ဆေးရေသည် ညစ်ပတ်နေသည် ဟု ။
ထို ရေဇလုံထဲမှထွက်လာသော ဆေးပြီးသားပန်းကန်များကို ဆီဝေ့နေသော ရေအနည်းငယ်ရှိသည့် ဇလုံလေးထဲတွင် အချောသပ်ထပ်ဆေးပါသည် ။
ဤတွင် ဆေးကြောခြင်းကိစ္စပြီးလေတော့သည် ။
နံနံပင် နှင့် ပဲစိမ်းတောင့်ရှည်ဆေးသောအခါတွင်လည်း အထက်ပါ ဆီဝေ့နေသောဇလုံလေးထဲသို့ နှစ်လိုက်ပြီးလျှင် ပြန်ဆယ်ယူ၍ လှီးချွတ်ပါသည် ။
ထိုသို့ မသန့်ရှင်းပါဟုဆိုနိုင်သော ပန်းကန်ဖြင့်ထည့်သည့် မုန့်ဟင်းခါးကို မဖြစ်မနေစားမိမှတော့ဖြင့် မောင်ဆာမိမှာ မျက်စိမှိတ်၍သာ စားရပါတော့သည် ။
ရောင်းချသောနေရာမှာ လမ်းဘေးတွင်ဖြစ်သဖြင့်လည်း ဖုန်များ ဝင်မည်မှာမလွဲ ။
ထို့ကြောင့် မာတုဂါမပေါက်စလေးမှ အထူးတလည်သန့်ရှင်းပြနေခြင်းအား မောင်ဆာမိ ရီချင်နေခြင်းဖြစ်လေသည် ။
လမ်းဘေးဆိုင်မှာစားမိမှဖြင့် သည်းခံရပေလိမ့်မည် ။
မှန်များကာရံထားသော လုံခြုံသည့် အဆင့်မြင့်ဆိုင်ခန်း မဟုတ်ပါ ။
သန့်ရှင်းစွာနေထိုင်တတ်ခြင်းသည် အလွန်ကောင်းသော မူအကျင့်ဖြစ်ပေသည် ။
သို့သော် တစ်ခါတစ်ရံ၌ကားးး ………
ကာလဒေသ အားလျော်စွာ မိမိဖြစ်စေချင်သလိုမဖြစ်သော အခြေအနေများတွင် မည်သို့မျှမတတ်နိုင်ပါ ။
ကိုယ်နှင့်မတူသူအားလုံးအား ရှုံ့ချကက်ရဲ့မည် ဆိုပါလျှင် ……???????
လေးစားလျှက်
မောင်ဆာမိ
27 comments
တောင်ပေါ်သား
April 29, 2015 at 11:45 am
မှန်သဗျာ
တချို့က အဲသလိုလုပ်လိုက်ရုံနဲ့ ဟုတ်လှပြီမှတ်နေတာ 🙂
အောင် မိုးသူ
April 29, 2015 at 11:51 am
မှတ်မိသေးတယ်။ မြို့ထဲက မုန့်ဟင်းခါးဆိုင်အကြီးကြီး ဟင်းရည်မွှေနေတုန်း မွှေတဲ့သူက အနောက်လှည့်ပြီး နှပ်ညှစ်ပေမယ့် ညျစ်တဲ့နှပ်က ဟင်းအိုးထဲရောက်သွားကို မြင်လိုက်ရတာ နှပ်ဖတ်လေးက ဟင်းရည်ပေါ်မှာဝေ့လို့။ 🙂
လုံမလေးမွန်မွန်
April 29, 2015 at 12:17 pm
အွန်.. အဲဒါ အနော့်အကြောင်းများလားဟင်င်င်.. 🙄 :k:
ခင်ဇော်
April 29, 2015 at 1:45 pm
တိုက်တိုက်ဆိုင်ဆိုင် သများလည်း မနက်က လမ်းဘေးဆိုင်မှာ လေပန်း မျက်စိကစားပြီး စားချင်နေလို့ ပြောမိသေးတယ်။
အဲဒါမျိုးလိုက်တွက်စားနေရင် မြန်မာပြည်မှာ ဘယ်ဆိုင်မှ မလွတ်လောက်။
ကိုယ့် အသိစိတ်နဲ့ ဆင်ခြင်တာမဟုတ်ရင် ဘယ် ကျန်းမာရေးဌာနကမှ လာမစစ်ဘူးနော်။
ခု က မီဒီယာခေတ်ဆိုတော့ အမြင်မတော်တာမှန်သမျှတင်လို့သာ..
:k:
မဟာရာဇာ အံစာတုံး
April 29, 2015 at 1:53 pm
ပထမဆုံး ဥဥဆာရဲ့ စားပုံတော် ဖွင့်ခန်းကို သဘောကျဒဗျာ …
ပယ်ပယ်နယ်နယ် အားပါးတရ ကို စားနေဒါ …
သန့်သန့် မသန့်သန့် အရေးကြီးတာ ဗိုက်ထဲက တဂွီဂွီ အသံတွေ ရပ်တန့်သွားဖို့ဘဲ ဟုတ်ဘူးလားလို့ ..
ဘာပဲစားစား
ရွံတတ်ရင်ဒေါ့ ရွံစရာကြီးတွေပါဘဲ ဥဥဆာရယ် … နော့ …
နံမယ်ကျီး မုန့်ဆိုင်ကြီးတွေမှာတောင် …
သန့်သန့်ရှင်းရှင်း စားပွဲ၊ ပန်းကန်နဲ့ စားသောက်ဖွယ်ရာတွေကို ဈေးကြီးပေး မှာယူ စားသောက်ရပေမယ့်လို့လည်း သူတို့ နောက်ဖေးချောင်ထဲမှာ ဘယ်လိုတွေ ရှိတယ် ဆိုတာ မြင်မိရင် တချို့ရွံတတ်သူတွေ စားချင်မှာတောင် မဟုတ်ဘူး …
ဒါမယ့် … စိတ်ထဲမှာ ရှင်းနေတော့ စားရတာ အရသာ ရှိနေရောပေါ့ ….။
လမ်းဘေးဆိုင် ဆိုတော့ စိတ်ထဲကလည်း မရှင်းတော့ စားရတာလည်း သိပ်မရှင်းဘူးပေါ့ …။
ဒါကြောင့် တစ်ရှူးတွေ ဘာတွေနဲ့ သုတ်ပြီး ကိုယ့်စိတ်ကို ရှင်းလိုက်တာ နေမှာ …။
စားစရာနဲ့ ပတ်သက်လာရင်တော့ မမြင်ရတဲ့ အစားအစာ ဟာ အရသာ အရှိဆုံးပါပဲဗျာ …။
Mr. MarGa
April 29, 2015 at 2:04 pm
ဗိုက်ထဲရောက်သွားဖို့ပဲ ခေါင်းထဲထားတယ်
ကျန်တာ နောက်ကိစ္စ နောက်မှရှင်း ပဲ
🙁
Ma Ma
April 29, 2015 at 2:50 pm
တခါတလေတော့လည်း မာတုဂါမလေးလို စားတယ်။
တခါတလေတော့လည်း ကိုဆာမိလို စားတယ်။ :k:
kai
April 29, 2015 at 3:14 pm
အသက်ဉာဏ်စောင့်… တဲ့…
အခြေအနေ..အချိန်အခါနဲ့.. တုံ့ပြန်သင့်တယ်ထင်..။
ဒါပေမယ့်.. တစ်ရှုးနဲ့နိုင်သလောက်သုတ်တာကတော့.. (လုပ်နိုင်ရင်) ကောင်းတဲ့အကျင့်လို့ပဲ.. မြင်မိကြောင်း..။
Alinn Z
April 29, 2015 at 3:58 pm
ဟိုက်… ဒါ ဦးဆာမိပါနော်…
အရေးအသား လေသံကတော့ ဦးဆာမှ ဦးဆာပါပဲ…
မတွေ့တာ ကြာလို့…
:k:
အရင်ကတော့ ကျနော်လည်း အဲ့ဒီတယောက်လိုပဲ…
သန့်ပြန့်နေတဲ့ ဆိုင်မှ ရွေးထိုင်ချင်…
ခွက်တွေ ဇွန်းတွေဆိုလည်း… စိတ်သန့်တဲ့အထိ.. သုတ်ပြီးမှ…စား သောက်ချင်…
ဒါမယ့် …အခုနောက်ပိုင်းတော့ …. အဲဒီလောက် ဂျီးများပြီး ဇီဇာကြောင်မနေတော့ပဲ..
စားချင်စိတ် ပေါက်လာရင် ကြုံရာဆိုင်မှာ ကြုံသလို ဝင် တီးမိနေတယ်…
တတ်နိုင်သမျှတော့… ရောင်းချသူ မသန့်တဲ့ ဆိုင်ကို မစားမိအောင်…
စာမိရင်လည်း.. ကိုယ့်ကျန်းမာရေး မထိခိုက်လောက်အောင်.. ဆင်ခြင်သင့်တယ်..ထင်တာပဲ..
ဝင့်ပြုံးမြင့်
April 29, 2015 at 7:18 pm
.ရွာထဲမှာ အန်ကယ်ဆာ ပျောက်နေသလိုပဲ။ ခုပြန်ဝင်လာတော့ ရွာပြန်စည်တော့မှာပေါ့။ မုန့်ဟင်းခါးကတော့ ဘာပြောရမလဲ မသိ။ မုန့်ဟင်းခါးကို အသာထား။ ဖတ်ရတာ အရမ်းရယ်ရတာပဲ။
မြစပဲရိုး
April 30, 2015 at 12:33 am
ဪ ဆာဆာ ရယ်
သီချင်း ဆိုပြ မလားလို့ ဒီလောက် တကြည့်ကြည့် လုပ်နေတာတောင် မျက်နှာလွဲ ရက်တယ်။
အစားသောင်းကျန်းသူ လူစိမ်းကားကြီး ရဲ့။ jk 😉
မတူတဲ့ ဘက်က ပြောရရင်
သူ့ဟာသူ အကြောင်းကြောင်းကြောင့် ငေးစိုက်နေလိုက်တာ နဲ့ ဂလို ကောက်ချက်ချလို့ မရလောက်ဘူး ထင်ရဲ့။
ဒီလို ဆိုင် ဝင်လာမှတော့ သူမသာ ငါအသုဘ ချည်း ကို တစ်မူးရူ လိုစိတ် နဲ့ ကြည့်တယ် ဆိုရင်တော့
. နောက်တစ်ခါ ဒါမျိုးလာ ရှိုး လို့ ကတော့ မျက်စိမှိတ်ပြီး ရေနွေး နဲ့ ပက်ပလိုက် ကဆာမိ။
မဆိုင်တာ ထပ်ပြောရရင် လမ်းကြုံ Surprise ဝင်ဖို့ လုပ်သေးတယ်။
ဘယ်လိုမှ မရလိုက်လို့။
မေးထားပြီး … မယုံရင် မေးကြည့်။ lol:-)))
twitty
April 30, 2015 at 12:43 am
ဘီပိုးတွေ ပြန့်နှံ့လာတာနဲ့အမျှ လူတကာသောက်ကြ စားကြတဲ့ ရေနွေးကြမ်းပန်းကန်တို့ ဇွန်းတို့ကို တစ်သျူးလေးတွေနဲ့ သုတ်တဲ့ အလေ့အကျင့်လေးတွေ ခေတ်စားလာကြပါတယ်။ ကျန်းမာတဲ့လူနေမှုဘဝကို စိတ်ဝင်စားတဲ့ လူအချို့ကလည်း ဆီနဲ့ အချို အငန်တွေ လျှော့စားလာကြပါတယ်။ ဒါဟာကောင်းမွန်တဲ့ အလေ့အကျင့်တခုပါ။ တချို့ဆို ဆီနဲ့ကြော်တဲ့မုန့်တွေစားရင် တစ်သျူးလေးနဲ့ ဆီစုပ်ပြီးမှ စားပါတယ်။ ။ ပိုလွန်းတယ်လို့ထင်ရပေမယ့် ကိုယ်တတ်နိုင်သလောက် ကာကွယ်တဲ့သဘော သက်ရောက်ပါတယ်။
ဆိုင်နောက်မှာ ကျန်းမာရေးနဲ့ မညီညွတ်တာကတော့ လမ်းဘေးဆိုင် မပြောနဲ့။ သန့်ပြန့်ပါတယ်လို့ အားလုံးနီးပါး လက်ခံထားတဲ့ ရန်ကုန်မြို့က နာမည် အကြီးဆုံး shopping mall မှာဖွင့်ထားတဲ့ food zone က ဆိုင်တွေတောင် ကျန်းမာရေး စံချိန် စံညွှန်းတွေ မပြည့်မီသေးပါဘူး။
twitty
April 30, 2015 at 1:04 am
သဘောကျမိတဲ့ အသုံးအနှုန်းလေး…
“အဖြူရောင်ရှပ်အကျင်္ ီသည် အပျိုရည်မပျက်သေး”
ဒဂုံတာရာရဲ့ ဝတ်လစ်စလစ် လမ်းမကြီး ကိုတောင် သတိရလိုက်သေး…
manawphyulay
April 30, 2015 at 10:27 am
ဒါများ ဦးဦးဆာမိရယ် မျက်စိမှိတ်ပြီး စားနေရသေးတယ်။ မစားပဲ ထပြန်လိုက်တာမဟုတ်ဘူး။
nozomi
April 30, 2015 at 11:12 am
လူတစ်ယောက်ကြောင့် ကျနော့် ရဲ့
စားသောက် နေထိုင်ပုံ ပြောင်းလာတာ ကြာပြီ
ပိုသန့်လာတယ် အစားအသောက် နေရာ ရွေးလာတယ် ဟုတ်သလိုလို ပဲ
ဒါပေမဲ့ ဒီ မှာ တခါတလေ အဆင်ပြေသလို စား သောက် ရတာမျိုး မို့ ဝမ်းပျက်တာနဲ့
ကြုံရင် အရင်က လမ်းဘေးရေအိုင် က ရေကို ဒီ အတိုင်းသောက် တွေ့တဲ့ အစာ ဖြစ်သလို စားလဲ
ဘာမှ မဖြစ်ခဲ့ တဲ့ ယဉ်ပါးမှု နဲ့ ခံနိုင်ရည် ရှိမှု ကို ပြန် တမ်းတ မိတယ်
ပြန်ကျင့်ဘို့ မလွယ်တော့ ဘူး အူက သိပ် နုသွားပြီ
surmi
April 30, 2015 at 12:13 pm
မနေ့ညက အစ်မမျှစ်ကြော် (အစ်မဝင့်ပြုံးမြင့် ) နဲ့ မုန့်ဟင်းခါးအကြောင်းပြောမိတော့မှ
အရေးကြီးတာလေးတွေထည့်ရေးဖို့ကျန်ခဲ့တာသတိပြုမိတယ် ။
တကယ်တော့ အရွှန်းဖေါက်ပြီး ရေးတာပြောတာအကျင့်ပါနေတော့ အတည်တကျရေးတိုင်း အဲ့ဒီလို လွဲချော်ကုန်တတ်တာပါဘဲ ။
ဒီလိုပါ ……
မပြုံးပြောသလို နိုင်ငံခြားသားတွေမုန့်ဟင်းခါစားမိရင် သေလုမျောပါးဝမ်းတွေလျောကုန်ပြီးအတူစာကြတဲ့ ပြည်တွင်းက လူတွေက ဘာမှမဖြစ်တတ်ဘူးဆိုတာက်ို ပြောရရင်
ကျနော်တို့ နီုင်ငံက အများစုဟာ ပေပေတေတေ စားသောက်နေထိုင်တာနဲ့ ယဉ်ပါးနေတဟ်လို့ ဆိုရမလိုပါဘဲ ။
မဖြစ်မနေကူးစက်တတ်တဲ့ရောဂါကြီးတွေမှတပါး တော်ရုံ ဗိုင်းရပ်စ်တွေ ဘက်တီးရီးယားတွေကတော့
မတိုးတော့သလောက်ပါ ။
မုန့်ဟင်းခါးမှာ ဟင်းရည်က ပွက်ပွက်ဆူနေတော့ ပြဿနာမရှိပေမယ့် အချဉ်ဖေါက်ပြိီးမှလုပ်ရတဲ့မုန့်ဖတ်ကတော့ ဖုံဝင် သဲဝင်နဲ့ဆိုတော့ ပြဿနာရှိတတ်ပါတယ် ။
မုန့်ဟင်းခါးစက်တွေမှာ မုန့်ဖတ်ပြုတ်အိုးထဲကဆယ်လိုက်ပြီးရင် ရေ နိုင်နိုင်ဆေးရပါတယ် ။ ဒါပေမယ့်လည်း မုန့်ဖတ်အလုပ်ရုံတစ်ခုလုံး (မြေကြီးပါမကျန်) အချဉ်ပေါက် ချဉ်နံ့ထွက်နေတာဆိုတော့ အဲ့ဒီမုန့်ဖတ်တွေဟာ စက်ကထွက်လာပြီး ၈ နာရီ အတွင်းသာ (ခန့်မှန်း) စားဖို့သင့်တော်ပါလိမ့်မယ် ။
ခက်တာက ကျနော်တို့ ကိုရောင်းချသူတွေက မပုတ်မသိုးမခြင်းရောင်းကြတာဆိုတော့
မုန့်ဖတ်တွေဟာ အချဉ်ပေါက်ပြီးနှင့်နေပါပြိီ ။
ကျနော်တို့ မနက်မနက်ဝယ်စားကြတဲ့ မုန်ဟင်းခါးဖတ်တွေဟာ လွန်ခဲ့တဲ့ညနေ သို့မဟုတ် ညပိုင်းက လုပ်ထားပြီး မနက်စောစောမှာ ဖေါက်သယ်ဆိုင်တွေကိုပို့တာပါ ။
အဲ …… နေ့လယ်ပိုင်း စားတော့လည်းဒီမုန့်ဖတ်ပါဘဲ ။
ဆိုတော့ …… အချဉ်ပေါက်အောင် မုန့်နှစ်ကိုဖေါက်ပြီးမှ လုပ်တဲ့မုန့်ဖတ်ဟာ ပြုတ်အိုးကအထွက် ရေများများဆေးခဲ့ရင်တောင်မှ မုန့်ဖိုထဲက ပတ်ဝန်းကျင် အချဉ်ပေါက်နေတဲ့ နေရာမှာနေခဲ့ရတာရယ် ပြီးတော့ …
စားသုံးသင့်တဲ့အချိန်ထက်ကျော်လွန်ပြီးမှ စားကြရတာရယ်ကြောင့် ဝမ်းနူး ဝမ်းပျက်စေနိုင်ခြင်းတစ်ကြောင်းပေါ့ ။
မုန့်ဖတ်တွေချဉ်နံ့ထွက်နေတောင်မှ ဈေးသည်က ရောင်းနေဆဲပါဘဲ ။
နောက်တခုက ပဲသီးနံနံ တွေရေပြာင်အောင်ဆေးရဲ့လား ??
စားပြီးသားပန်းကန်တွေရေပြောင်အောင်ဆေးရဲ့လား ??
တစ်ခါက စစ်တမ်းတခုမှဖတ်ဖူးတာတော့ စားသောက်ကုန် စစ်ဆေးရေးက ဝင်ရောက်စစ်ဆေးတဲ့အခါမှာ မုန့်ဖတ်တွေမှာ ရောဂါပ်ုးိအများစုတွေ့ရတယ်လို့ဖတ်ဖုူးပါတယ် ။
ကြာလို့အတိအကျတော့ မမှတ်မိတော့ပါဘူး ။
နောက်ထက်တစ်ချက်ကတော့ ငရုပ်ဆီ အချဉ်ရည်နဲ့ မန်ကျည်းမှည့်ချဉ်ရည်တွေဟာ ဝမ်းလျောဖို့အတော်လေး သက်ရောက်စေပါတယ် ။
မန်ကျည်းမှည့်ကို ချဉ်ရည်ဖျော်ရင် အများစုက ရေအေးနဲ့စ်ိမ်ကြတာပါ ။
တကယ်တော့ မန်ကျည်းမှည့်ကို ရေနွေးဆူဆူထဲမှာ ပြုတ်ပြိီး ချဉ်ရည်ဖျော်ရင် ဘာမှမဖြစမပါဘူး ။
ဒါပေမယ့် ကျနော်တို့တွေအများစုကတော့ အဲ့ဒီလ်ို နေထိုင်စားသောက်တာတွေနဲ့ ခေတ်အဆက်ဆက် ယဉ်ပါးနေတတ်ကြတာပါဘဲ ။
မုန့်ဟင်းခါးဖိုတွေအကြောင်းနဲ့ ချဉ်ရည်ဖျော်ကြပုံ ကို နောက်မှပို့စ်သပ်သပ် တင်ပါ့မယ်
အားလုံး အားပေးဖတ်ရှုကွန်မန့်ပေးကြသူများက်ို အထူးကျေးဇူးတင် ဝမ်းမြောက်မိပါကြောင်း ……
လေးစားလျက်
ဝင့်ပြုံးမြင့်
April 30, 2015 at 1:34 pm
.မုန့်ဟင်းခါး ကိစ္စကြီးကတော့လေ တိုင်းပြည့်မျက်နှာ အိုးမဲသုတ်နေသလိုပဲ။ တကယ်ပြောတာပါ။ ဘာဖြစ်လို့ ဖြစ်မှန်းလည်း မသိကြဘူး။ ခံလိုက်ရတဲ့လူတွေကတော့ သေကောင်ပေါင်းလဲ ကိုဖြစ်ရတာ။ သိတဲ့လူက ပြောမှ သိမှာ။ မျှစ်တို့လည်း ဘာမှမသိဘူး။ သိတဲ့လူက မီဒီယာမှာ တင်ပေးမှ။ ဒါအရေးကြီးတယ်။ ဓာတ်ပုံနဲ့တကွ သေသေချာချာ ရေးပြီး တင်နိုင်ရင် ပိုတောင်ကောင်းဦးမယ်။ တခါကလည်း တိုင်ပေ ကအသိတစ်ယောက် အဲလိုပဲ မုန့်ဟင်းခါး မွှေးရနံ့ မခံနိုင်လို့ စားမိတယ်။ ထိုင်းလေဆိပ် အရောက်မှာတင် ဆေးရုံတန်းတင် လိုက်ရတာပဲ။ တကယ်လို့များ ဧရာမ လူကြီးလူကောင်းတွေ ခံရရင် ဘယ်လိုလုပ်မလဲ။ သက်ကြီးရွယ်အို တွေ ထိရင် ဘယ်လိုလုပ်မလဲ။
naywoon ni
April 30, 2015 at 5:35 pm
အဲ့သဟာကြောင့် အခြေခံ လူတန်းစားကို စောင်းငဲ့ကြည့်မဲ့ အစိုးရတစ်ရပ် အရေးတကြီးလိုအပ်နေတာပေါ့ !
padonmar
April 30, 2015 at 7:59 pm
ကျမကတော့ ကိုယ်တယောက်တည်း စားနေတာကို သူများ မြင်မှာ ရှက်တတ်လို့ လေးဘန်းဆိုင် တယောက်တည်း မထိုင်ဖြစ်တတ်ဘူး။ပါဆယ်လေး ဝယ်လာပြီးမှ စားတတ်တယ်။
အဲတော့ ပန်းကန်ခွက်ယောက် မသန့်တဲ့ ဒုက္ခကင်းပေမယ့် ပါဆယ် ကြွပ်ကြွပ်အိတ် အန္တရာယ်ကတော့ မလွတ်ပြန်ဘူး။
ချိုင့်ဆွဲဝယ်ဖို့ကျပြန်တော့လည်း လက်ဝင်။
အဲဒါကြောင့် သိပ်မစားဖြစ်တော့။
သို့ကလိုကြောင့် အသားမတက်။(ဤကား ပိန်နည်း)
မွသဲ ( 17082011 )
May 1, 2015 at 10:30 am
မှန်လုံခန်းမှာတောင်ရေသေချာမဆေးလို့ ဟိုတလောလေးပဲ ပြသနာတက်သွားပါကောလား အူးဆာရဲ့။ မြန်မာပြည်မှာလူဖြစ်နေသမျှအကုန်လုံးကို မျက်စိမှိတ်ထားလိုက်တာပဲအေးပါတယ်လေ
Crystalline
May 1, 2015 at 4:27 pm
ဟုတ်ပါတယ်… နာမည်ကြီးဟော့ပေါ့ဆိုင်… ကားရပ်တဲ့ဖက်လျောက်သွားရင်း… တံခါးခနအလှပ် စားဖိုခန်းမြင်ကွင်းတွေ့တော့… အငမ်းမရစားခဲ့တာတွေတောင်.. ပြန်ထွက်ချင်… အပူပေးပြီးမှစားခဲ့တာပဲဆိုပြီးစိတ်ပြန်ဖြေရ… :))
uncle gyi
May 1, 2015 at 10:46 pm
အကောင်းဆုံးကစိတ်မသန့်ရင်မစားတာအကော်င်ဆုံး
စားလိုက်မှတော့သိပ်မတွေးနဲ့စားသာစား
ဘီပိုးကိုစက်ကူနဲ့သုတ်လို့မကူးလို့အဘယ်ဆရာဝန်ပြောသနည်း
ဝင့်ပြုံးမြင့်
May 3, 2015 at 7:02 pm
.မုန့်ဟင်းခါး ကိစ္စမှာ သဘောထား ၂မျိုးကွဲနေပါတယ်။ တစ်မျိုးက ဘီပိုးလိုမျိုး၊ သို့မဟုတ် ဇွန်းတို့ နံနံပင်တို့ ပဲသီး တို့က ဖြစ်တဲ့ရောဂါ ။ အဲဒါက ချက်ချင်းကြီးဖြစ်မလား။
.နောက်တစ်မျိုးက မနက်စား ညနေဝမ်းလျှော။ ဝုန်းဒိုင်းဆို ဖြစ်သွားတာ။ အဲဒီ ဝုန်းဒိုင်းကိစ္စကြီးကမှ အဓိက ပြသနာလေ။ အဲဒီ ဝုန်းဒိုင်းဆိုတာကြီးက ကဆာမိ ပြောသလို မုန့်ဖတ်ကြောင့် ဖြစ်နိုင်တာပေါ့။ ဒါကြီးက အရေးကြီးတာ။
Foreign Resident
May 4, 2015 at 6:47 am
၁ ။
သူမ စားမယ့် အစာ နှင့် ပန်းကန် ကို သန့်အောင်လုပ်တယ် ။
တစ်ရှုး နှင့် သုတ်ယုံ မကလို့ Spirit ရည်ထဲပဲ စိမ်စိမ် ။
OK ဒါ သူမ အခွင့်အရေး သူမ လုပ်တာ ပြောစရာ မရှိ ။ စိတ်မဝင်စား ။
မှန်တာပြောရရင် ကိုယ့်ဘေးနားမှာ ဒီလိုသူမတွေ ရှိရင် ပိုကောင်းသေး ။
အနဲဆုံး သူမ ဆီက ပေါက်တတ်ကရ ပိုးတွေ ကိုယ့်ဆီ မကူးဘူးပေါ့ ။
၂ ။
အဲ ၊ သူမ လုပ်သလို မလုပ်လို့ တခြားသူတွေကို ၊
အထင်သေး အမြင်သေး ပုံစံ နှင့် သွား ကြည့် / ဆက်ဆံပြီ ဆိုရင်တော့ ။
အဲဒါ သူမ –င် ယားတာဘဲ လို့မြင်တာဘဲ ။
( စားတော့ လမ်းဘေးဆိုင် ဆင်းစားနေပြီး ကြီးကြီးကျယ်ကျယ် ကွယ် )
ဝင့်ပြုံးမြင့်
May 4, 2015 at 1:23 pm
.ဪ ဘဖောရယ် အဲဒါက ဝတ္ထု သဘောမျိုး အဆာထည့်ပြီး ရေးထားတာပါ။ ဒါမျိုးက ရေးလို့ရတယ်လေ။ creativity ခေါင်းစဉ်အောက်မှာ ရေးလို့ရတယ်။ အားလုံးကို တကယ့် အရှိတရားကြီးအနေနဲ့ တွေးရတာ မဟုတ်ဘူးလေ။ သူပြောချင်တာက အဲမိန်းကလေး ကိစ္စ မဟုတ်ဘူး။ သရော်စာသဘောမျိုးပါ။ အဲသရော်စာထဲမှာ အမှန်တရားကြီးက ရှိနေတာ။
.ဝုန်းဒိုင်းကနဲ ဝမ်းလျှောသွားတဲ့ကိစ္စကြီးကလည်း ရှိတယ်။ ဒါမျိုး ခံရတဲ့လူ သိပ်မနည်းဘူး။ ဦးဆာ ကြည့်ရတာကတော့ မုန့်ဟင်းခါး expert ဖြစ်နိုင်ပါတယ်။
Mike
May 4, 2015 at 2:29 pm
.twitty ပေးထားတဲ့ကွန်မန့်လေးသဘောကျသဗျ…
.သန့်ရှင်းမှုကိုတတ်နိုင်သလောက်လုပ်တဲ့အကျင့်ကိုတော့ကြို ဆိုရမှာပါ
.ကိုဖေါပြောသလို သူတပါးကိုတော့ကိုယ့်လိုမလုပ်လို့ အထင်သေး အမြင်သေး ပုံစံ နှင့် သွား ကြည့်တာမျိုး
.မလုပ်နဲ့ပေါ့…ကိုရင်ဆာ့ အရေးအသားကိုတော့ကြိုက်သဗျာ
ရွှေမိုးတိမ်
May 8, 2015 at 4:56 pm
မွင်းဂါးတောင်စားချင်လာဘီ 😛