အားလုံးရဲ့ ……………. ပုဂံ
အလုပ်က ကင်မရာနဲ့ ဓာတ်ပုံရိုက်ရင်းကနေ ဓာတ်ပုံရောဂါ စရခဲ့တယ်ဆိုပါတော့။ တကယ်တော့ အလုပ်နဲ့လည်း တော်တော်လေးကို ဆက်စပ်မှုရှိတာကိုး။ အဲသည်အလုပ်က ထွက်ပြီး တစ်နှစ်ကြာကြာလောက်ထိ Freelance အနေလောက်ပဲ လုပ်နေခဲ့ရင်းကနေ စင်ကာပူကို သွားကြည့်ဖို့ ဆုံးဖြတ်အပြီးမှာ ဆွေမျိုးတွေထဲက အဒေါ်တစ်ယောက်က တစ်မျိုးလုံးကို ပုဂံလိုက်ပို့ပေးမယ်ဆိုတာနဲ့ ပုဂံကို သွားဖြစ်ခဲ့တယ်။ ကျွန်တော်လည်း တစ်ခါမှ မရောက်ဖူးဘူးလေ။
ဓာတ်ပုံကလည်းရိုက်ချင်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်က Canon Kiss လေး ဝယ်ထားတာနဲ့ သုံးရက်လောက် ငှားပါဆိုပြီး မလာတော့တယ်။ သူငယ်ချင်းကလည်း အရမ်းခင်မင်တော့ စိတ်ရှိသလောက်သုံးပေါ့။
ပြောသာပြောရတယ် ငှားထားတဲ့ ကားက ဒရိုင်ဘာမကောင်းတော့ အေးဆေးမနေရဘဲ ပြေးလွှားကတိုက်ကရိုက်ဘုရားဖူး ဖြစ်တော့တာပါပဲ။ ထမင်းဆိုင်ဆိုလည်း ချိုချောင်မကောင်းတဲ့ဆိုင်ကိုပို့။ ပုဂံဘက်ဆိုတာ ထမင်းဟင်းအရမ်းကောင်းတာ ကြားဖူးတာလေ။ စိတ်တွေတိုနဲ့ ဓာတ်ပုံရိုက်ခြင်းဟာ အနည်းငယ်သာ ရိုက်ဖြစ်ခဲ့ပါတယ်။
ခုပုံလေးတွေကတော့ Resolution ကောင်းကောင်းလေးတွေ နဲ့ တင်ဖြစ်လိုက်နိုင်တယ်။
အခွင့်ရှိတဲ့အချိန်ကျရင်သော တစ်ပတ်လောက ်အေးအေးဆေးဆေး ခရီးထွက်ပြီး ဓာတ်ပုံရိုက်ချင်သေးတယ်။
လေးစားစွာဖြင့်
အောင်မိုးသူ
10 comments
ခင်ဇော်
May 13, 2015 at 1:25 pm
ပထမ ပုံ က အမ နဲ့ ဆင်တူ ရှိတယ်..
အောင် မိုးသူ
May 13, 2015 at 1:32 pm
ဟုတ်ပါ့
lu lu
May 13, 2015 at 4:30 pm
လှလိုက်တာနော်
ပုဂံရှု ခင်းတွေ
ဘယ်လိုကျိကျိ မရိုးနိုင်ဘူးးး
ရာဇဝင်ထဲက ပုဂံ
🙂
ကြည်ဆောင်း
May 13, 2015 at 4:35 pm
ဒီပုံတွေကိုမြင်တော့ ပုဂံကိုလွမ်းတယ် . . . .
2 ခေါက်ရောက်ဘူးပေမဲ့ ထပ်ပြီးသွားချင်နေတုန်းဘဲ
uncle gyi
May 13, 2015 at 9:53 pm
ပုဂံပုံလေးတွေလှ
ကြော်ငြာပုံလေးတွေလှ
Ma Ei
May 14, 2015 at 9:31 am
ပုဂံတော့ ဘယ်နှစ်ခေါက်ရောက်ရောက် မရိုးနိုင်
ထပ်သွားမယ်ဆိုလဲ သွားချင်ပြန်တာပါဘဲ…
တီအိ..ရိုက်လာတဲ့ ပုဂံ ကိုလဲ တင်ဦးမှ…
အောင် မိုးသူ
May 14, 2015 at 10:47 am
တင်ပါ တီရေ။
Mike
May 14, 2015 at 2:05 pm
.ပုံလေးတွေတော်တော်ကောင်းတယ်ဗျို့
Alinsett @ Maung Thura
May 14, 2015 at 4:09 pm
နိပုံ အလှဇုံးးးးပဲ ထားလိုက်
အောင် မိုးသူ
May 14, 2015 at 4:22 pm
နာက လှပီးသားလေ။ ဘယ်လိုရိုက်ရိုက် ကတိုက်ကရိုက်လည်း လှပီးသား။ အဲ့ဒါတော့ မပြောလည်းသိတယ်။
🙂