Camomile ပန်း
ဓာတ်ပုံရိုက် ရောဂါ ကူးပြီးကတည်းက နဂိုကလည်း ပန်းချစ်တတ်သူမို့ ကိုယ့် ပီစီထဲလည်း ဘာမှန်းမသိတဲ့ ပန်းပုံတွေ ပြည့်လို့။
:kwi:
အဲဒါကို ဒီ တိုင်း ဓာတ်ပုံတင်မဲ့ တူတူတော့ အဲဒီ ပန်း မျိုးတွေ နာမည်တွေ ရှာပြီး အသိပေးတင်တာ ကြည့်တဲ့သူ၊ ပန်းချစ်သူတွေလည်း အကျိုးမယုတ်ဘူးလို့ ယူဆတယ်လေ။
သိပြီးသားသူနဲ့လည်း အသိဖလှယ်ပြီးသားဖြစ်တာပေါ့။
မြန်မာလိုရော အင်္ဂလိပ်လိုရော သိသလောက် နာမည်ပြောမှာပေါ့။
သိတဲ့သူတွေ ဝင်ပြောပေးကြပါအူးလို့။
ခုပထမဆုံး က Camomile ပန်းလေးတွေပါ။
ဒီမှာ က ခြုံ လိုမျိုး စိုက်ထားလို့ ဒေစီနဲ့ တူပေမဲ့ ဒေစီလို့ မထင်မိပဲ ကိုယ့်နိုင်ငံက တပင်ရွှေထီးပန်း နဲ့ တူတယ်လို့ပဲ ထင်မိတယ်။
ဟီးးး
ကြည့်ပေးပါအူးး
:k:
မြန်မာလို ဘာပန်း ခေါ်တယ်တော့ မသိဘူးးး
ဒေစီ နဲ့ ပုံစံတူ ပန်းမျိုးငယ်ပါပဲ တဲ့။
ဒါပေမဲ့ ဒီ ပန်းလေးတွေက …
ပန်းခြောက်လက်ဖက်ရည်ကြမ်း လုပ်တဲ့နေရာမှာသော် လည်းကောင်း
ပန်းဆီ က နေ အလှဆီထုတ်တဲ့နေရာမှာသော်လည်းကောင်း
အလှအပရေးရာ ထုတ်ကုန်တွေမှာ ပါဝင်၍သော် လည်းကောင်း (Credit to MaMa) ဆေးဖက်ဝင် အသုံးပြု ကြပါတယ်။







အခု အရီးရဲ့ အရိုင်းလေးတွေထဲမှာ သူတို့ကို ပြန်မြင်မိတော့ မှ သတိတရဖြစ်ပြီး……
ဒီ ပန်း လေးတွေ ကို အခင်း လိုက် “အင်ဇာဂီ” ရိုက်ထားတာကို မြင်ဖူးပြီးကတည်းက နှစ်သက်ပြီး…..
ကိုယ့်ရှေ့ ခြုံလိုက်မြင်တာကို မမှတ်မိတာမို့ ပန်းလေးတွေကို တောင်းပန်ရင်း တင်လိုက်ပါတယ်။
:k:
ဟိဟိ
14 comments
Ma Ma
May 17, 2015 at 5:45 pm
အဲဒီပန်းတွေက စိုက်ရမခက်ဘူးလို့ထင်တယ်။
စီးပွားဖြစ်စိုက်ပျိုးနိုင်ရင် ပိုတောင် ကောင်းအုံးမယ်။
ခင်ဇော်
May 17, 2015 at 6:51 pm
မွအိ ပေးးတဲ့ ပန်းးခြောက်နွေးးး
https://www.facebook.com/ei.eishein.1/posts/10204689190335701
မြစပဲရိုး
May 17, 2015 at 9:17 pm
ဟိ ဝုတ်သား ဘဲ။
သများ က မနေ့ည က တင်ထားတော့ အဲဒီ မနေ့ည က ဒီနေ့ ဖြစ်နေတာ မေ့တွား တယ်။
ဒီနေ့ ကျတော့ အဲဒီနှစ်ပုဒ် က မနေ့ ဖြစ်နေတော့ တာကိုး။
. မြ ပြောတာ မျက်စိ ရှုပ် သွားရင် စောဒီး ပါ မောင်။ :-)))
မြစပဲရိုး
May 17, 2015 at 9:20 pm
. မြန်မာပြည်ထဲ အဲဒီ ပန်းမျိုး လေး တွေ က ဘုရားပန်း လို စည်းရောင်း သလားလို့။
ဒင်္ဂါးပန်း လား သိပ်မမှတ်မိ။
ခင်ဇော်
May 17, 2015 at 9:26 pm
အာ့ဆို မှန်ပါတယ် ခင်ညာ။ (အထင်)
အရပ်အခေါ် money flower လို့ ခေါ်သေးးသတဲ့။
:mrgreenn:
Alinsett @ Maung Thura
May 17, 2015 at 11:43 pm
money flower ဆိုတာ ငွေပန်း လို့ ဆိုချင်ရတယ်နော်
ဆိုတော့ ရွှေပန်း ကိုရော အင်းထဲဂလိပ်လိုဆို
ဘယ်လိုရေးမလဲ
:mrgreenn:
ခင်ဇော်
May 18, 2015 at 5:41 am
Golden flower.
:mrgreenn:
Ma Ei
May 18, 2015 at 9:50 am
.ကလောမှာလဲ ဒီလိုပန်းကလေးတွေရှိတယ် မောင်…
http://myanmargazette.net/149913
<3 <3 <3
ခင်ဇော်
May 18, 2015 at 11:20 am
ကျေးးကျေးး ချစ်မွအိ
နာမည် confirm ဖြစ်ပြီ..
🙂
အောင် မိုးသူ
May 18, 2015 at 10:17 am
ဒေစီပန်းလို့လည်းပြောလို့ရတာပေါ့။ ဂန္ဓမာ မျိုးနဲ့လည်း ဆင်ပါတယ်။
ခင်ဇော်
May 18, 2015 at 11:21 am
ဟုတ်တယ် မိုးးသူ
ဒီ ၃ ခု ရောတယ်ရယ်..
အောင် မိုးသူ
May 18, 2015 at 1:40 pm
အပေါ်ဆုံးက ပုံထဲက အရွက်အနေအထားဆို ဒင်္ဂါးပန်းပဲ။ ဒင်္ဂါန်းပန်းမှာ အဆုပ်လိုက်ပွင့်တာ ရှိသေးတယ်။
Mike
May 18, 2015 at 2:08 pm
.လှတယ်
manawphyulay
June 16, 2015 at 2:00 pm
ဒီလို ပန်းအကြောင်း ဗဟုသုတလေး ဖတ်ပြီးသကာလ တချို့ပန်းတွေမှာ ဆေးဖက်ဝင်တာတွေ ရှိသေးတယ်နော်။ အဲဒါတွေလေးတွေလည်း ထပ်ရှာတင်ပေးပါဦး။ အရေးပေါ်အသုံးပြုလို့ရတာပေါ့။