ထင်းရှူးမြို့တော်မှ ပန်းကလေးများ… …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (12)…
ထင်းရှူးမြို့တော်မှ ပန်းကလေးများ…
…ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (12)…
မအိတို့သွားခဲ့တဲ့ တောင်ကြီး၊အင်းလေး၊ကလော မိသားစု အပန်းဖြေ ခရီးစဉ်လေးကို အကျဉ်းချုံး ပြန်လည်တင်ပြရရင်…
Day 1…4/5/12. ညနေ ၅ နာရီ ရန်ကုန် အဝေးပြေးဂိတ်မှ သစ္စာဦး ရန်ကုန်တောင်ကြီး အိတ်စပရက် စီးခဲ့ပါတယ်…
ရွှေညောင်လမ်းဆုံမှ ညောင်ရွှေ Remember Inn သို့ ကားလာကြိုပေးရန်၊
တောင်ကြီး တစ်ရက်လည် ၊ ပင်းတယ ကလောတစ်ရက်လည် ရန် ညောင်ရွှေ Remember Inn
မှကားကြိုတင်စီစဉ်ထားခဲ့ပြီးဖြစ်ပါသည်။
Day 2…5/5/12. မနက် ၅ နာရီခွဲ ရွှေညောင်လမ်းဆုံမှာ ဆင်းပြီး၊ လာကြိုသောကားနှင့်၊ ညောင်ရွှေ Remember Inn
သို့ Check in ဝင်၊ခဏနားပါတယ်…
စက်လှေတစ်စီးဖြင့် အင်းလေးကန်ရှိ ရွှေအင်းတိန်၊ ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်
နန်းပန် ဘုရားများဖူးမျှော်၍ Remember Inn မှာ တစ်ညအိပ်အနားယူကြပါတယ်…
Day 3…6/5/12. တောင်ကြီး မွေတော် ကက္ကူ ၊ ထန်စန်းလှိုဏ်ဂူတော်၊ စူဠာမုနိ စေတီတော်၊ ရပ်တော်မူ ဘုရားကြီး
တို့အား လှည့်လည်ဖူးမျှော်၍ ညောင်ရွှေ Remember Inn သို့ပြန်ကာတစ်ညအိပ်အနားယူ ကြပါတယ်…
Day 4…7/5/12. ပင်းတယ ရွှေဥမင် သဘာဝလှိုဏ်ဂူတော်၊ မြင်းမထိဂူ နှင့် ကလောနှီးဘုရားကြီး တို့အားဖူးမျှော်ပြီး
ကလောမြို့ Winner Hotel တွင် တစ်ညအိပ်အနားယူကြပါတယ်…
Day 5…8/5/12 ကလောမြို့တွင်း လှည့်လည် လမ်းလျှောက် အပန်းဖြေ ကြကာ ကလောဈေး တွင်ဈေးဝယ်ပြီး
ညနေ ၅ နာရီ သစ္စာဦး တောင်ကြီး ရန်ကုန် အိတ်စပရက် ကို ကလောမှ စီးခဲ့ ပါသည်။
နောက်နေ့မနက် ၅ နာရီလောက် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ကြပါတယ်…
ရှမ်းပြည်တောင်ပိုင်း အလည်သွားမယ်…အမှတ်စဉ် ၁ မှ ၁ဝ ထိတွင် ဘုရားဖူး ခရီးစဉ်များကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်…အမှတ်စဉ် ၁၁ က မက်မန်းသီးခူးကြတဲ့အကြောင်းနဲ့
ယခု အမှတ်စဉ် ၁၂ မှာတော့ ကလောမြို့တွင်း လမ်းလျှောက်ရင်း မြင်မြင်သမျှ လှပနေတဲ့ ပန်းကလေးများကို တင်ပြပါမယ်…
မြို့တွင်းလမ်းတစ်လျှောက် ပန်းမျိူးစုံကို အခင်းလိုက်တစ်မျိုး၊ အိုးကြီးများနှင့် စ်သွယ်၊ ဘောင်များနှင့် သော်လည်းကောင်း
လှပစွာ စိုက်ပျိုးထားပါတယ်…စည်ပင်ဝန်ထမ်းများမှလည်း ပြုပြင် စိုက်ပျိုးနေတာ တွေ့မြင်ခဲ့ရပါတယ်…
















ကျမတို့ ကလောမြို့တွင်းလမ်းလျှောက်ရောက်ဖြစ်ခဲ့တဲ့ နေရာတွေကတော့ ကလောဘူတာ၊ သံလမ်း ဘေးရှိလမ်းကလေးမှ ကလောHotel ၊ ပန်းခြံ စသည်ဖြင့် ခြေတိုအောင် လျှောက်ခဲ့ကြပါတယ်…

ထင်းရူးပင်များကိုလည်း နေရာတိုင်းမှာ တွေ့မြင်ရပါတယ်..လှသည်လဲရှိ၊မလှတာလဲရှိတာပေါ့နော်…
ယင်းမာပင်ကျော်ပြီးှ ထင်းရှူးပင်တွေစတွေ့ရင် ကလောမြို့နယ်ထဲ ရောက်ပြီဆိုတာ မေးစရာ မလိုတော့တဲ့ အမှတ်သားလေ…ထင်းရှူးပင်လေးတွေကိုလဲ ချစ်တယ်…
Hotel မှာ ကျန်ခဲ့တဲ့ ကောင်မလေးက အန်တီရေ အဖွားက မတွေ့လို့ မေးနေပြီဗိုက်ဆာတယ်လို့ပြောနေတယ်ဆိုပြီး ဖုန်းဆက်လာတဲ့အတွက်ဆက်သွားလို့ မဖြစ်တော့ပါဘူး……
ဒါပေမဲ့ ကျမသွားချင်ခဲ့တာက ကျောက်တုံးတွေနဲ့ ဆောက်ထားတဲ့ကျောက်တိုက်ပါ…ကျောက်တုံးကြီး ကိုထွင်းထုလို့ တိုက်ဆောက်ထားတာပါ…ပိုင်ရှင်က နိုင်ငံခြားမှာနေတယ်လို့ ဆိုပါတယ်…
အိမ်တံခါးတွေ ကြေးကွင်းတွေကအစ ရှေးဟောင်းပစ္စည်းတွေပါ…အတွင်းမှာလည်း ပိုင်ရှင်တွေရဲ့
ဘိုးဘွားစဉ်ဆက် ဓါတ်ပုံတွေ စီချိတ်ထားပါတယ်..ခေါင်းတိုင်ပါတဲ့ မီးလင်းဖိုနဲ့ အိမ်ကြီးပါ…အနောက်ဖက်ကို ဆင်းတဲ့ ကျောက်လှေကားကြီးရှိကြောင်းလဲအမှတ်ရနေပါတယ်…
97 မှာ ရုံးအဖွဲ့တွေနဲ့ လာတုံးက ရောက်ဖူးခဲ့တာကိုး၊ အဲ့တုံးက ကလောHotel ရှေ့ Pine View Inn မှာတည်းပြီး Hotel ဘေးလမ်းကလေးကတစ်ဆင့် ကလောဘူတာ အပေါ်ဘက်ကို ဆက်တက်သွားရင် ကလောကျောက်တိုက်ကို ရောက်တာပါ…
ခု ကျမတို့က မြို့ထဲကနေ ကလောဘူတာ၊ ဘေးကနေ ဖြတ်ပြီး ကလောHotel ရောက်နေတာ ဆိုတော့ ကျောက်တိုက်သွားချင်ရင် တစ်ပတ်ပြန်ပတ်ရဦးတော့မှာ…
ကျမချစ်တဲ့ ကလော ဘယ်အချိန်မှ ပြန်ရောက်ဖြစ်မယ်မသိတဲ့ နေရာလေး ကိုထားခဲ့လို့ ညနေကားနဲ့ ရန်ကုန်ပြန်ကြတော့မှာ…
တစ်ချိန်ချိန်တော့ ရောက်ဖြစ်ဦးမှာပါလေ…
ခုတော့ လမ်းမှာတွေ့တဲ့ ပန်းကလေးတွေကို ဓါတ်ပုံရိုက်တင်ပြလို့ ကျမရဲ့ခရီးစဉ်လေးကိုအဆုံးသတ်လိုက်ပါတယ်…
ဖတ်ရှု အားပေးကြသူ ရွာသူားများအား ကျေးဇူး အထူးပင် တင်ပါကြောင်းပြောပါရစေ…
ခင်တဲ့
မအိ
37 comments
Khaing Khaing
September 26, 2012 at 3:52 pm
မအိရယ် … ပုံလေးတွေကို ကြည့်ပြီး စိတ်ချမ်းသာလိုက်တာ …. အဲဒီလိုနေရာလေးမှာ နေရရင် အရမ်းအေးချမ်းပြီးစိတ်ချမ်းသာစရာကောင်းမှာနော် …… နံပါတ် (၇) ကပန်းပုံလေးကို ကြိုက်တယ် ….. သစ်မင်းပန်းဆိုလား ပုံလေးကြည့်ပြီးစိတ်ထဲတစ်မျိုးခံစားရတယ် …….. ကျန်တဲ့ပုံတွေအားလုံးလည်း ကြိုက်တယ် ……..
Ma Ei
September 26, 2012 at 4:01 pm
ခိုင်ရေ…
သစ်မင်းပင် ပွင့်တတ်မှန်းကို
ကလောHotel ခြံဝင်းထဲမှာ
မြင်ရမှသိတာရယ်…
may flowers
September 26, 2012 at 3:53 pm
ပန်းလေးတွေလှလိုက်တာမအိရေ ခရီးစဉ်အဆုံးသတ်ပြီပေါ့ ..
မအိခရီးစဉ်တစ်လျောက်လိုက်ခဲ့ပါတယ်နော် ကိုယ်တိုင်လည်းကလောကို သွားဖို့စဉ်းစားနေတာ
အရမ်းလှလို့..
မရောက်ဖူးတဲ့နေရာလေးတွေ ပို့ပေးတဲ့အတွက် ကျေးဇူး..။
Ma Ei
September 26, 2012 at 4:07 pm
သီတင်းကျွတ် အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်အမှီ
သွားချင်သူများ ပိုသွားချင်အောင် တိုက်တွန်းလိုက်ပါတယ်
မေလေးရေ…
pooch
September 26, 2012 at 4:14 pm
မအိရေ ကျောက်တိုက်အကြောင်းလေးအတွက် ကျေးဇူးပါ။ ရောက်အောင် သွားပါ့မယ်။ မြန်မာပြည်ရဲ့ ဆွစ်ဇာလန် ရှုခင်းကို အသေအချာအချိန်ပေးပြီး သွားဖြစ်အောင် သွားပါအုန်းမယ် ။ ပန်းတွေမြင်တော့ ရောဂါက သဲလာတယ်။ တန်ဆောင်တိုင်ဆို ပိုလှမယ်ထင်တယ်။
Ma Ei
September 26, 2012 at 4:49 pm
pooch ရေ…
ကျောက်တိုက်ကို နှစ်ခေါက်ရောက်ဖူးတာ…
ဒီတစ်ခေါက်မရောက်လိုက်ဖူးဖြစ်သွားတယ်…
ခြံကျယ်ကြီးထဲမှာ ကျောက်တစ်တစ်လုံးအိမ်၊ပန်းခြံရယ်
အနိမ့် အမြင့် တောင်စောင်းလေးပေါ်မှာ လှတဲ့နေရာလေးတစ်ခုပါ…
တန်ဆောင်တိုင်မှာ အရမ်းအေးတယ်…
may flowers
September 26, 2012 at 4:24 pm
မအိရေ တည်းခိုခန်းတွေကို သစ္စာဦးကားလိုင်းကပဲ ချိတ်ဆက်ပေးတာလားဟင်…အဆင်ပြေရင်
ဘယ်လို ချိတ်ဆက်ပြီးလည်ရမလည်း ဆိုတာလေးပြောပြလို့ရမလားသိချင်တာ..ဒါမှမဟုတ်
Remember Inn ကိုပဲတိုက်ရိုက်လှမ်းချိတ်ရတာလားဟင် တကယ်လို့တိုက်ရိုက်ချိတ်ရတာဆို အဲဒီအင်းရဲ့
ဖုန်းနံပါတ်လေးများရနိုင်မလားသိချင်လို့ပါ………….မအိကိုစိတ်ရှုတ်အောင်လုပ်မိရင်ဆောရီးပါနော်။
Ma Ei
September 26, 2012 at 4:43 pm
မေလေးရေ…
Remember Inn ကို Phone ဆက်မေးမြန်းပြီး စီစဉ်သွားတာပါ…
ပိုင်ရှင် ကိုဇာနည် 09 521 4070 ပါ…ကား၊စက်လှေ
အဆင်ပြေအောင် စီစဉ်ပေးပါလိမ့်မယ်…
Ma Ei
September 26, 2012 at 4:57 pm
ငါးယောက် ခြောက်ယောက်လောက်ဆိုရင်
ကိုယ့်ဘာသာ စီစဉ်သွားတာ ငွေသက်သာပြီး
အချိန်ပိုနေရတယ်…နှစ်ဦး သုံးဦး ဆိုရင်တော့
Package Tour နဲ့ သွားတာ ပိုကောင်းမယ်ထင်တယ်…
New Motion , Unique Star တို့ ကောင်းပါတယ်…
Hnin Hnin
September 27, 2012 at 2:30 am
ကြည့်ပြီး ထပ်သွားချင်လိုက်တာ…အားလုံးလှတယ်…မမအိရေ..
)….
အိမ်ကလူတွေကလည်း ခရီးကိုမသွားကြဘူး…အမျိုးဘုးရားဖူး
ကားကလည်း အဆင့်မြင့်ခရီးစဉ် မပါတော့ PGK Hotel မှာပဲ တည်း၊တည်းနေတော့(PGK=Monastery) ပင်ပန်းလွန်းလို့
မလိုက်တော့ဝူးးးးးးးးးးးးးး…….
….ပြီးတော့ ဒီလိုနေရာစုံစုံလည်း လိုက်မပို့တော့ မရောက်ခဲ့ဘူး
(ဦးလေးတော့ မဖတ်မိပါစေနဲ့
….plan လေးချပြီးသွားတာလည်း သဘောကျတယ်.. း)
ဘုန်းကြီးကျောင်းနေရာမှာ ကလောဟိုတယ်ကို မြင်ယောင်အစားသွင်း
ကြည့်လိုက်တာ.သရဲခြောက်လည်း တည်းချင်စရာလေးပဲ…. း) …
သရဲက ချစ်တဲ့သူဆို အသံပဲပေးတာပါ..ကောင်လုံးမပြပါဘူး(ကိုယ်တွေ့)
ကောင်လုံးအပြခံရတဲ့သူက သူတော်တော်ကြည့်မရတဲ့သူမို့..ဟိ.ထင်တာ
manawphyulay
September 26, 2012 at 5:35 pm
မအိရေ.. ဖတ်လိုက်တာနဲ့ ချက်ချင်းရောက်သွားသလို ခံစားရတယ်။ တစ်ခါမှမရောက်ဖူးသေးဘူးသိလား။ သွားချင်လိုက်တာ မအိရယ်.. ပုံလေးတွေကလည်း စိတ်ကို လန်းဆန်းစေတယ်။ ခုတစ်လော နေလို့မကောင်းတာနဲ့ အတော်ပဲဖြစ်သွားတယ်။
MaMa
September 26, 2012 at 5:36 pm
ရှမ်းပြည်ကို ပထမဦးဆုံးရောက်တဲ့အခေါက်ကတည်းက ပန်းမျိုးစုံသန်မာလှပတာကို သတိထားမိပြီး အရမ်းသဘောကျခဲ့တယ်။
မအိရိုက်ပြတဲ့ ပန်းမျိုးစုံ အရောင်စုံတွေကို တွေ့ရတော့ ရှမ်းပြည်ရဲ့ အဲဒီထူးခြားချက်ကို ပြန်သတိရသွားတယ်။
avatar က နှင်းဆီဝါလေးကိုလည်း ကြိုက်တယ်။ :hee:
Ma Ei
September 27, 2012 at 3:06 pm
နှင်းဆီဝါလေးကိုတော့
ငယ်ထဲကချစ်ခဲ့တာပါ…
ပန်းလှလှမြင်သမျှလဲ ချစ်မိတာပါဘဲ မမရယ်…
မိန်းကလေးကိုး…
ကိုခင်ခ
September 26, 2012 at 7:52 pm
အအေးပိုင်း ဒေသမို့လားမသိဘူး ပန်းတွေကြည့်ရတာ အတော်လှတယ်နော်။
Ma Ei
September 27, 2012 at 3:26 pm
နှင်းနှင်းရေ…
အသံပဲပေးတဲ့ သရဲ (ကိုယ်တွေ့)
လေးလဲ သိချင်မိသားနော်…
Post ရေးဖို့ တိုက်တွန်းလိုက်ပါတယ်…
မနောရေ…
ပုံလေးတွေကြည့်ပြီး လန်းဆန်းသွားတယ်ဆိုလို့
ဝမ်းသာမိပါတယ်ကွယ်…
နေကောင်းပါစေလို့လဲ ဆုတောင်းပေးပါမယ်နော်…
ကိုခင်ခရေ…
ပန်းကလေးတွေလှတာမှ
လမ်းဘေးမှာ အလေ့ကျပေါက်တဲ့
ပန်းကလေးတွေက အစ လှနေတာရယ်…
the best says:
ကထူးဆန်းပြောသလိုပါဘဲ…
ကလောမြေ ကိုတော့ ဟိုတယ် အတွက်နဲ့
သီးသန့် အပမ်းဖြေစံအိမ် အတွက်ဝယ်ကြတာပါဘဲ…
ကထူးဆန်း says:
ရှင်းပြပေးတဲ့အတွက် ကျေးဇူးပါနော်…
the best
September 26, 2012 at 8:23 pm
ကလောမြို ့ မှာမြေကွက်တွေ ဝယ်ထားရင် ကောင်းတယ်။
အခုချိန်လိုက်ဝယ်သူတွေ များတယ်လို ့ မိတ်ဆွေတစ်ယောက်ကပြောနေတယ်။
ဘာကြောင့်လဲ၊ မေမြို ့နဲ ့ဘယ်လိုကွာသလဲ။
ကလောမှာရင်းတာထက် မေမြို ့မှာရင်းတာက ပိုကောင်းတယ်လို ့ကျွန်တော်ထင်တယ်။
ကလောရဲ့ နောင်အလားအလာက ဘာများရှိနေလို ့လဲ။
ဖြေပေးလို ့ရရင် ဖြေပေးစေချင်ပါတယ်။
ကထူးဆန်း
September 26, 2012 at 9:48 pm
ကလောရဲ့ နောင် အလား အလာ က tourism လောက် ဘဲ နဲနဲရှိတာပါ ။ အပန်းဖြေ မြို့ အဖြစ် ပီပီသသ ကျန်ခဲ့နိုင်ပါတယ် ။
မေမြို့ ကတော့ ရတနာပုံစီးတီး နဲ့ နောင် တစ်ချိန် business မြို့ ဖြစ်လာမှာပေါ့ ။
ရင်းနှီး မြုပ်နှံမှု့ အတွက်ဆို မေမြို့ ကပိုကောင်းပါလိမ့်မယ် ။ မန္တလေး နဲ့ နီးတယ် ။ လားရှိုး လမ်းပေါ်မှာ ရှိတယ် ။
ကလော က မြို့ ကြီး အနီး အနားမရှိ ။ ကျေးရွာတွေ ဘဲများလို့ နိုင်ငံခြားသားများ tracking သွားဖို့ ခရီးတစ်ထောက်နားတဲ့ နေရာဘဲ ဖြစ်မှာပါ ။ အခြား စီးပွားရေး သိပ်မရှိပါဘူး ။ ဟိုတယ်အလုပ်ဖြစ်မယ်ထင်လို့ လိုက်ဝယ်ကြတာပါ ။
the best
September 26, 2012 at 10:52 pm
ကထူးဆန်း ရေ ….
အခုလို ရှင်းပြတာ ကျေးဇူးပါပဲ။
မေမြို ့ကို ရတနာပုံတယ်လီပို ့စ် ဖွင့်ပွဲက ရောက်ခဲ့တာဆိုတော့
တော်တော်ကြာခဲ့ပါပြီ။
ကလောတော့တစ်ခါမှ မရောက်ဘူးပါဘူး။
ကျွန်တော် ထင်တာမှန်နေတာပေါ့ဗျာ။
ကျေးဇူးပဲနော်။
မဟာရာဇာ အံစာတုံး
September 26, 2012 at 8:34 pm
ပန်းလေးတွေကလည်း
သူ့အသွင် သူ့ဟန်နဲ့
လန်ဆန်းနေကြတာပဲနော် …
အမအိ တင်ပေးတဲ့ ပန်းပုံလေးတွေကြည့်ရင်းဂ
ဘာမဆိုင် ညာမဆိုင် ဘေးကို ချော်ထွက်ပြီး
အတွေးတစ်ခု ဝင်လိုက်မိသေးရဲ့ …
ကိုယ့်ချစ်သူကို ဘာကြောင့်များ ပန်းလေးတွေနဲ့ နှိုင်းကြတာပါလိမ့် ..
ဆိုပြီးတော့လေ …
Ma Ei
September 27, 2012 at 3:55 pm
ချစ်သူကို ပန်းကလေးတွေနဲ့ နှိုင်းကြတာက…
ပန်းကလေးတွေဆို ကြည့်နေရရင်ကို လှတယ်ထင် ချစ်စိတ်ဝင်ကြပါတယ်…
ကိုယ်တိုင်ပြုစုပျိုးထောင်ခဲ့ရရင် မခူးရက်၊မပန်ရက် အလှကြည့်နေရရင်ကို
ကျေနပ်နေပါတယ်လို့ တင်စားကြတာဖြစ်ပါတယ်ကွယ်…
မောင်ပေ….
မေလ မှာ သွားခဲ့တာမို့ အနွေးထည် ထူထူ ယူမသွားခဲ့ပါဘူးကွယ်…
ကလောထက် ကားပေါ်က အဲကွန်းက ပိုအေးနေလို့ စောင်ခြုံရပါသေးတယ်…
:harr:
တန်ဆောင်တိုင် မီးပုံးပျံပွဲတော်သွားတုံးကတော့ ယူသွားတဲ့ ဆွယ်တာနဲ့ မလောက်လို့
ဆွယ်တာတွေ၊သိုးမွှေးဦးထုပ်၊လက်အိတ်တွေ ထပ်ဝယ်ပြီးဝတ်ခဲ့ရပါတယ်…
မောင်ပေ
September 26, 2012 at 9:47 pm
ကိုတိုးကြီး (ခင်မောင်တိုး) ဆိုထားတဲ့ သီချင်းစာသား ပန်းခရမ်းပြာ ဆိုတာ ကလောမြို ့က ပန်းလေးတွေကိုများ ညွှန်းခဲ့လေလားပဲ
မအိတို ့သွားတုန်းက အနွေးထည်တွေ ယူသွားခဲ့လား
ကိုပေါက်(မန္တလေး)
September 26, 2012 at 11:28 pm
ဟုတ်ဘူးမောင်ပေရ
ကိုတိုးရဲ့ပန်းခရမ်းပြာက ကိုရဲလွင်ပေးထားတဲ့ ဗေဒါပန်းရဲ့နာမယ်ပါ
မယ်အိရေ
ပန်းကလေးတွေလှမလှ
surmi
September 26, 2012 at 11:05 pm
ကွန်မကောင်းလို့ ဓတ်ပုံတွေ ကောင်းကောင်းမမြင်ရပေမဲ့ မှန်းသမ်းပြိးကြည် ့လိုက်ပါတယ်
နောက်နေ့ ပြန်ကြည် ့ပါဦးမယ် ။
မအိရဲ ့ ခရီးသွားစာတန်းလေးကို အပြေးအလွှား ဝင်ဝင်ကြည် ့ဖြစ်ပေမဲ့ ရွာထဲမရောက်ဖြစ်လို့ မမန့်နိုင်ခဲ့`
ပါဘူး ။ ဒါပေမဲ့ ဖတ်မိသလောက် ကြည် ့မိသလောက် အလွန်ဆွဲဆောင်ပြီး ကြည်နူးစေခဲ ့ပါတယ် ။
ကျနော်က ခရီးသွားရတာကိုနှစ်သက်တာလေ ….။ ဒီခရီးစဉ်လေးကိုကြည် ့ပြီး အပျော်တွေကူူးစက်လို့
ဗဟုသုတလည်းတိုးစေခဲ့ပါတယ် ။
ကောင်းတယ်ဗျာ …..နောက်လည်း ရေးပြီးတင်ပါဦး …။
Ma Ei
September 27, 2012 at 4:45 pm
ကိုဆာမိရေ…
ခရီးသွားနေရရင် ပင်ပန်းလဲ ပျော်နေတဲ့သူပါ…
အရင်သွားခဲ့တုံးကတော့ ရှုခင်းလှလှတွေ့ရင်
လူဝင်ရပ်လို့ ဓါတ်ပုံရိုက်ခဲ့တာပါ…
ခုဂဇက် ရွာသူဖြစ်မှ ရှုခင်းချည်းသက်သက် ခံစားတတ်လာတယ်…
ကိုပေါက်၊ ဝေဝေ တို့ကျေးဇူးပါ…
မရောက်ဖူးသေးရင်လဲ မြင်တွေ့ရအောင်…
ရောက်ဖူးခဲ့ရင်လဲ အပျော်လေးတွေ ပြန်သတိရစေချင်တဲ့ အတွက်
ဓါတ်ပုံလေးတွေ၊အကြောင်းအရာလေးတွေ တင်ပေးခဲ့ပါတယ်…
စိတ်ဝင်စားလို့ ကြည့်ပြီး ကွန်မန့်လေးတွေ ရေးပေးကြလို့ပျော်ရွှင်မှုတွေထပ်ရခဲ့ပါတယ်…
ကိုပေါက်ရေ…
အရင်ထဲက အားပေးခဲ့ပါတယ်…
ဓါတ်ပုံလှလှလေးတွေက စိတ်ချမ်းသာစေတယ်…
ကြည်နူးပျော်ရွှင် ချမ်းမြေ့စေပါတယ်….
လက်မတွန့်လိုက်ပါနဲ့နော်…
ကိုပေါက်(မန္တလေး)
September 29, 2012 at 1:30 pm
သိပ်မကြာခင်ရက်အတွင်းမှာ အဲဒီနေရာကိုသွားဖြစ်မယ်ထင်ပါရဲ့
ကံကောင်းထောက်မရင်ပေါ့။
ကိုပေါက်(မန္တလေး)
September 26, 2012 at 11:31 pm
ကျနော်တောင်ကြီးသွားတဲ့ခရီးစဉ်ကိုတင်ဘူးတယ်
နောက်တစ်ခေါ်က်အသွားပေါ့။
ဒါပေမယ့်ရွာသားတစ်ယောက်က အကို့ပိုစ်တွေကို အရင်လောက်စိတ်မဝင်စားကြတော့ဘူးနော်လို့
စေတနာနဲ့သတိပေးတာကို သိလိုက်ရတော့
လက်တွန့်သွားပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
surmi
September 26, 2012 at 11:52 pm
အစ်ကိုရေ
ကျနော်ကတော့ ခရီးသွားစာပေကိုနှစ်သက်သဗျ ။
ဘယ်ပို့စ်တွေကို နှစ်သက်သလဲဆိုတာကလည်း …တင်တဲ့ အချိန်မှာ ဝင်ထွက်သွားလာ ဖတ်ရှုကြတဲ့
သူတွေ ရဲ ့ အကြိုက်နဲ့ ဆိုင်မယ်ထင်တယ် ။ စာဖတ်သူတွေရဲ ့ အလေးသာမှုပေါ ့နော် ….
အစ်ကို့ ပို ့စ်တွေကို စိတ်မဝင်စားဖူးလို ့တော ့ ကျနော်လုံးဝ (လုံးဝ)မထင်ဘူး ။
တစ်ကယ်တော ့ ကျနော်အပါအဝင် ရွာပြင်က ကျိတ်ပြီးဖတ်နေသူတွေ အများကြီးဗျ ။
ကျနော်တို ့က အစ်ကိုတို့ရေးတာတွေကို မျှော်နေတာ …။
Mon Kit
September 27, 2012 at 9:10 am
မအိရေ… ဒီသီချင်းလေးဘဲ ဆိုလိုက်တော့မယ်နော်…..
နောင်နှစ်မှာလဲ စီးလို့ကြိုကွယ်… မွန်ကစ်တို့ လာပါမယ်… လာပါမယ်…
နှုတ်ဆက်လိုက်တယ် ကလောရေ…. 🙂
captainamerica
September 27, 2012 at 10:35 am
ဘယ်သူကြိုက်ကြို်က် မကြိုက်ကြိုက် ကိုပေါက်ပို(စ်)တွေကိုအားပေးတဲ့
စိတ်ဝင်စားတဲ့အထဲမှာ ကျွန်တော်ထိပ်ဆုံးကပါ ပါတယ်။ ဆက်တင်ပါအစ်ကို
မျှော်နေမယ်။
ကိုပေါက်(မန္တလေး)
September 27, 2012 at 3:43 pm
စကားအဖြစ်ပြောတာပါ ကျနော်အခွင့်အရေးရသလောက် ပိုစ်တွေတင်မှာပါ.
ကျနော်ခေါင်းထဲမှာ မြည်းတစ်ကောင်နဲ့သားအဖနှစ်ယောက်ပုံပြင်ကိုအမြဲထည့်ထားပါတယ်.
ဘယ်လိုဝေဖန် ဝေဖန် လုပ်သင့်တာကို ဘဲရွေးချယ်မှာပါ။
garuda
September 29, 2012 at 8:23 am
တော်တော်သာယာတဲ့နေရာတွေပဲ။ တစ်ခေါက်လောက်တော့ရောက်ဖူးချင်တယ်။ ပြောရရင်တော့ ရှက်စရာ မြန်မာစစ်စစ်ဖြစ်ပီးတော့ မန္တလေးတောင် ၂ညအိပ် ၂ခေါက်ပဲရောက်ဖူးတယ်။ မြန်မာနိုင်ငံက သူဋ္ဌေးတော်တော်များများဟာ အပန်းဖြေဖို့ နိုင်ငံခြားကိုသွားကြတယ်။ တကယ်တမ်းကကိုယ့်နိုင်ငံ အတွင်းမှာကမှ အဖိုးမဖြတ်နိုင်တဲ့ သဘာဝ ရှုခင်း အပန်းဖြေဒေသတွေ နိုင်ငံနဲ့ အဝှမ်း ရှိတာကိုမသိကြဘူး။ ဒါမျိုးတွေ နောက် ၁၅နှစ်နေရင်တွေ့ရပါတော့မလား။ ပုံတွေအတွက်ကျေးဇူးပါ။
Ma Ei
October 1, 2012 at 2:34 pm
Post လေးကိုပြန်ကြည့်မိတာ ရဲရဲတောက်နေတာဘဲ…
စိတ်မကောင်းလိုက်တာ…
ဘယ်သူဖြစ်ဖြစ်ပါ။
ဘာ့ကြောင့် နီပေးသလဲ သိချင်မိပါတယ်…
ကိုပေါက်(မန္တလေး)
October 2, 2012 at 11:08 pm
မယ်အိရေ နောက်ငါးရက်နေရင် မယ်အိအခုရောက်တဲ့နေရာလေးကိုကျနော်ရောက်ပြီ ဗျုးိ
Ma Ei
October 3, 2012 at 11:23 am
ပြန်လာရင် ဓါတ်ပုံလေးတွေ တင်ပေးပါလို့
ကြိုတင်တောင်းဆို ထားပါတယ်နော်…
Mon Kit
October 2, 2012 at 2:05 pm
အားယားနေကြလို့တဲ့မအိရေ….. 🙁
ခင်ဇော်
May 18, 2015 at 10:47 am
ဒီလို ပန်းးချစ်တတ်တဲ့ အမတွေ ကို ချစ်လိုက်တာာာ
:chit:
မြစပဲရိုး
May 19, 2015 at 3:34 am
လှလိုက်တာ မအိရာ။ ဒီ ကို ဘယ်လို ကျော်သွားခဲ့ ပါလိမ့်။
. နောက်ထပ်ခရီးသွားပါဦး။ ပုံတွေ ကြည့်ချင်သေးလို့။
. ဘောလုံးပန်းက တို့ သိတာနဲ့ မတူဘူး။ ဘောလုံးပန်း ဆံပင် လို နောက် သလို ထောင်ထောင် လေးတွေ။
:-))