Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ တစ်ယောက်ရဲ့ ဒုက္ခက … အခြား တစ်ယောက်အတွက် ဟာသ …တဲ့ ”

alinsettJune 8, 20151min4888

 

 

 

 

 

“ တစ်ယောက်ရဲ့ ဒုက္ခက … အခြား တစ်ယောက်အတွက် ဟာသ …တဲ့ ”

 

****************************************************

star

 

 

 

 

 

ခင်ဗျားတို့ ကျွန်တော်တို့ရဲ့  ရှင်သန်နေထိုင်နေရာ ဘဝထဲမှာက နေ့စဉ်နဲ့အမျှ… ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေ အများကြီးပဲ မဟုတ်လား။

 

အဲသည်ထဲက တချို့အဖြစ်အပျက်တွေသည်  ကြည်နူးဆွတ်ပျံ့ဖွယ်ရာ…
တချို့အဖြစ်အပျက်တွေကတော့ ထိရှ နာကျင်စရာ…
ဘယ်အရာတွေပဲဖြစ်ဖြစ် … ကျွန်တော်တို့သာ ယူတတ်မယ်ဆိုရင် … သင်ခန်းစာတွေသာ ဖြစ်သည်။

ကျွန်တော့် ကျေးဇူးတော်ရှင် ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ) ရဲ့ ဆိုဆုံးမ စကားကို ပြန်သတိရမိသည်။
“အဖြစ်အပျက်တိုင်းဟာ … အတွေ့အကြုံ၊ အတွေ့အကြုံတိုင်းဟာ..သင်ခန်းစာပဲ… ”တဲ့… ။

ကျွန်တော်တို့ဟာ ကျွန်တော်တို့အား ကောင်းရာကောင်းကျိုး ကျေးဇူးပြုမည့် မိတ်ဆွေကောင်းများနှင့်လည်း တွေ့ရကြုံရသည်။
အကောင်းအဆိုး ဒွန်တွဲနေသော လောကသဘာဝအရ…
ကျွန်တော်တို့အား ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်ကြသည့် မိတ်ဆွေအတုအယောင်များနှင့်လည်း တွေ့ကြုံကာ ဆက်ဆံရသည်ပဲ။

အချို့မိတ်ဆွေများက…  ကျွန်တော်တို့အရှေ့မှာ ပြုံးပြီး …. ကျွန်တော်တို့ကို လိုလားသယောင် သကာရည်လူးကာ လွန့်ကာ ဆက်ဆံသည်။
သူတို့ အတွင်းစိတ်ထဲမှာတော့ ကျွန်တော်တို့အား မလိုမုန်းထားပြီး ကျွန်တော်တို့ ပျက်စီးရာပျက်စီးကြောင်းကို ကြိတ်၍ ကြံနေကြသည်လေ။

အဲသည်တော့ ကျွန်တော်တို့ဟာ မျက်နှာဖုံးစွပ်ထားသော မိတ်ဆွေစစ်ယောင်ယောင် အတုများကိုလည်း ဆက်ဆံရသည်ပဲ ဆိုပါစို့။
ဒါပေမဲ့… ဘယ်ဟန်ဆောင်မှုမှ ကြာရှည်မတည်မြဲဘူး မဟုတ်လား။

တစ်ကွေ့မဟုတ်တစ်ကွေ့မှာတော့ သူတို့၏ ဟန်ဆောင်မျက်နှာဖုံးများ ကျွတ်ကျသွားတတ်သည်။
အဲသည်လိုအခါမျိုးမှာ ကျွန်တော်တို့ဟာ သူတို့၏ အတွင်းစိတ်ကို ဖျတ်ခနဲမြင်တွေ့လိုက်ရ… .
.ကြည့်စမ်း…. အဲဒါ… အမြတ်ပေါ့… ။

ကျွန်တော့်ဘဝမှာတော့ အဲသည်လို မျက်နှာဖုံးကျွတ်ကျသွားသော မိတ်ဆွေအတုများကို မကြာခဏ .ကြုံတွေ့ခဲ့ရတာကြောင့် မှတ်မှတ်သားသား ရှိခဲ့သည်။
သူတို့… ကျွန်တော့်အပေါ် ထားသည့် သဘောထားကို… သိလိုက်ရတာ အမြတ်ပဲ…
အဲသည်လို ဖြေတွေးလို့ရတဲ့အပြင် …
ဒါဟာ သင်ခန်းစာလည်း ဖြစ်သည်မဟုတ်လား။

ကျွန်တော်… ခင်ဗျားကို … ကျွန်တော့်သင်ခန်းစာတစ်ခုအကြောင်းလည်း ပြောပြချင်ပါသည်။

ဟိုတနေ့က…   ကျွန်တော် မြို့ထဲဘက်ကို Bus စီးပြီး ထွက်ခဲ့ရာမှာ….
ရှစ်မိုင်လမ်းဆုံ ကျော်ပြီး AD မီးပွိုင့်နားရောက်တော့ မီးပွိုင့်ထိပ်မှာ ကျွန်တော်စီးလာသော  Bus က မီးနီမိသွားသည်။

Bus ကားကြီး ရပ်ပြီး ကန့်လန့်ဖြတ်လမ်းကနေ ဖြတ်သန်းသွားနေသည့် ကားများကို စောင့်ကြည့်နေဆဲမှာပဲ…..
.ကွေ့ကား နှစ်စီးဟာ မျက်နှာချင်းဆိုင်  တိုက်မိကြသည် ။

အုန်းခနဲ အသံကြီး ကြားလိုက်ရပြီးနောက်မှာ… .
ကျွန်တော် မြင်လိုက်ရတာက… ကားနှစ်စီးဟာ ရပ်ထားကာ…
တစ်စီးက ပရိုဘောက် ဖြစ်ပြီး … နောက်တစ်စီးကတော့ ပါဂျဲရိုးကြီး ဖြစ်သည်။
.မြင်လိုက်သလောက်တော့ … ဒါဟာ ပါဂျဲရိုးကားကြီးက မှားတာပဲ… ။

ပါဂျဲရိုး ကားပေါ်က ဆင်းလာသည့် ယာဉ်မောင်းသူဟာ အမျိုးသမီးတစ်ဦး။
သူ့ကားကို သူကိုယ်တိုင်မောင်းလာတာပေါ့လေ။

ဒါပေမဲ့ လမ်းကြောင်း မှားယွင်းပြီး တိုက်လိုက်တဲ့ ပါဂျဲရိုးကားဟာ ဘာမှ ထွေထွေထူးထူး ပိန်လိန်မသွား။
လမ်းကြောင်းမှန်နေပေမဲ့ … ရှေ့ဖုံးတစ်ခုလုံးနီးပါး ပိန်လိန် ရှုံ့တွသွားတာက ပရိုဘောက်ကလေးဖြစ်နေသည်။
ကံ့ကောင်းထောက်မလို့… လူတွေကတော့ ဘာမှ မဖြစ်ကြဘူး။

ဒါပေမဲ့ …အဲသည် ယာဉ်တိုက်မှုဖြစ်စဉ်ထက်  ကျွန်တော့်ရင်ထဲ အတွေးတွေ ပွါးများသွားစေတာက …
အဲသည် ယာဉ်တိုက်မှုကို မြင်လိုက်ကြသည့်…
ကျွန်တော် စီးလာသော  Bus  ပေါ်မှ လူတချို့ရဲ့ လုပ်ရပ်ဖြစ်သည်။

ကျွန်တော့် အရှေ့မှာ ထိုင်နေသည့် နှစ်ယောက်က ပိန်လိန်သွားသည့် ပရိုဘောက်ကို ကြည့်ပြီး ရယ်နေကြသည် ။
“ကြည့်စမ်း ပိန်သွားတာ.. ရှုံ့တွနေတာပဲ”ဆိုပြီး။

ကျွန်တော် စဉ်းစားကြည့်တာတော့ … ဒါ ရယ်စရာမဟုတ်ဘူး။

.ဘေးကကြည့်နေရသူတွေ ဆိုဦးတော့ … ဒါ မရယ်သင့်တဲ့ ကိစ္စပဲ။

.ကြည့်လေ…. ဟိုမှာ …ပရိုဘောက်မောင်းလာတဲ့လူကိုကြည့်…

ပိန်လိန်သွားတဲ့ ကားကို ကြည့်ပြီး ဘယ်လောက် စိတ်ညစ်နေသလဲဆိုတာ..

သူဟာ … အဲဒီကား ပိုင်ရှင်မဟုတ်ပဲ  Driver တစ်ယောက်ဆိုရင်…

သူမှားတာ မှန်တာနောက်ထား… အလုပ်ပျက်အကိုင်ပျက်နဲ့…  ပိုင်ရှင်ရဲ့ အဆူအဆဲကို ခံရမှာ… ။
ဘာပဲ ဖြစ်ဖြစ် သူ စိတ်ညစ်မှာပဲ… ။

ကိုယ်တာဝန်ယူ မောင်းလာတဲ့ ကားကြီးကို တခြားကားက လာတိုက်လို့ ကိုယ့်ကား ပိန်လိန်သွားတာကို ပျော်နေမယ့်သူတော့ မရှိဘူးလေ။

အဲသည် ကာယကံရှင်ရဲ့ သောကကို ထည့်မတွက်ဘဲ ဘေးကနေ ကြည့်ပြီး ရယ်မော ဟားတိုက်နေတဲ့လူတွေဟာ ဘယ်လို လူစားတွေပါလိမ့် ။

ကျွန်တော်သာ ဆိုရင်တော့ မရယ်ဘူး။

အဲသည် အဖြစ်အပျက်ကို မြင်လိုက်ရပြီးနောက်မှာ ကျွန်တော် တစ်လမ်းလုံးလိုလို ထိုင်စဉ်းစားလာသည်မှာ အဲသည်အကြောင်းပဲ… ။

အဖြစ်အပျက်ကို စဉ်းစားတာထက်… သဘောသဘာဝကို စဉ်းစားနေမိတာ.. ။

ဤအဖြစ်အပျက်ကို မြင်လိုက်ရသည့် ကျွန်တော့်အတွက် သင်ခန်းစာ ရလိုက်တာက….

“တချို့ရဲ့ ဒုက္ခက… တချို့အတွက် ဟာသ ဖြစ်နေခြင်း ” ပဲ။

တနည်းပြောရလျှင် “လူတချို့ဟာ တပါးသူ၏ ဒုက္ခကို ကြည့်ပြီး … ဟာသအဖြစ် ရယ်မောပစ်ရက်ကြသူတွေ…”

အဲသည်နောက် ကျွန်တော့်ဘဝ၏ စာမျက်နှာအချို့အား ပြန် မြင်ယောင်ကြည့်သည့်အခါ…..
ဟုတ်သားပဲ…
ကျွန်တော့် ဘဝထဲမှာလည်း… ကျွန်တော့် ဒုက္ခကို ဟာသအဖြစ် သူတို့အချင်းချင်း ပြောဆို ရယ်မေပစ်ရက်ကြတဲ့ သူတွေ…. ရှိခဲ့ဖူးသည်ပဲ။
တကယ်ပါ။

ကျွန်တော် ခလုပ်တိုက် လဲကျသွားတဲ့အခါမျိုးမှာ… ကျွန်တော့်ကို ဆွဲထူ မပြီး လမ်းပြန်လျှောက်နိုင်အောင် ကူညီပေးမယ့်သူတွေ ရှိပေမဲ့…
တချိန်တည်းမှာပဲ… ကျွန်တော် လဲကျသွားတာကို  လှောင်ရယ် ဟားတိုက်ကာ…
လက်ညှိုးထိုးပြီး ရယ်နေနိုင်ရက်သူတွေလည်း ရှိခဲ့သည်လေ။

ကျွန်တော် လဲကျသွားသည့် ပုံစံ ကိုးယို့ကားယားကို သူတို့အချင်းချင်း အားရပါးရ ပြန်ပြောပြီး ကျွန်တော့် နာကျင်မှုကို …
သူတို့ဟာသအဖြစ် ပြောင်းလဲပစ်ရက်သူတွေ….
အဲဒီလို စိတ်ထားရှိတဲ့ မိတ်ဆွေမျိုးတွေ  ကျွန်တော် ကြုံခဲ့ရသည်။

ကျွန်တော်… သူတို့ကို စိတ်မဆိုးပါ။
သူတို့ဟာ … ကျွန်တော့် ဒုက္ခကို ကြည့်ပြီး ဟာသအဖြစ် ရယ်မော လှောင်ပြောင်ပစ်ရက်သူတွေ ဆိုတာ…သိလိုက်ရတဲ့အတွက်..
(သိခွင့်ရှိခဲ့တဲ့အတွက်တောင်)  ကျေးဇူးတင်မိပါသေးသည်။

ကျွန်တော့် ဘေးမှာ ကျွန်တော့်ကို ဒုက္ခမရောက်စေချင်သူလိုလိုနှင့် ကျွန်တော်လည်း တကယ်ဒုက္ခရောက်ရော …
ကျွန်တော့်ဒုက္ခကို ရယ်မောလှောင်ပြောင်ရက်တဲ့သူတချို့ ရှိတတ်ကြောင်း…
ဘဝက သင်ခန်းစာအဖြစ်  ပေးခဲ့တာပါလား.. ။
သင်ခန်းစာအဖြစ် ကျွန်တော် ရခဲ့တာပါလား။

—————————————————–

ကျွန်တော် ထပ်စဉ်းစားမိတာက …
ကျွန်တော်ဟာရော… ခင်ဗျား ပြိုလဲတာကို ကြည့်ပြီး.. (ခင်ဗျားရဲ့ နာကျင်မှုကို ကိုယ်ချင်းမစာတတ်ဘဲ)
ရယ်မောလှောင်ပြောင်ပစ်ရက်တဲ့သူ ဖြစ်နေမလား…

အဲဒီလို စဉ်းစားမိတော့…  ကျွန်တော် ဘယ်သူ့ နာကျင်မှုကို လှောင်ပြောင်မိခဲ့ဖူးသလဲလို့  တဆင့်တက်ပြီး တွေးကြည့်မိပါသည်… ။

အတိတ်တချိန်က … ကျွန်တော်ဟာ တပါးသူရဲ့ ဒုက္ခတွေကို ဟာသအဖြစ် လှောင်ရယ်တတ်ခဲ့မယ်ဆိုရင်တောင်…
အခုကစ…နောင်အနာဂတ်မှာ…
သူတပါးရဲ့ ဒုက္ခဟာ.. ကျွန်တော့်အတွက် ဟာသ မဖြစ်စေရဘူးလို့… ကျွန်တော်… ကတိပေးလိုက်ချင်ပါသည်… ။

ကျွန်တော် ပြောတာကို မယုံပါနဲ့ဦး…
ခင်ဗျားကိုယ်တိုင် လဲပြိုသွားတဲ့အချိန်မှာ…  ခင်းဗျားကို လှောင်ရယ်မနေဘဲ… ဆွဲထူမ,…. ပေးနိုင်တဲ့သူဆိုတာ  သိရမှသာ..
ခင်ဗျား…  ကျွန်တော့်ကို … ယုံလိုက်ပါ။

 

 

——————————————————

မောင်သူရ @ အလင်းဆက်

၂၀၁၅ ၊ မေလ ၁ရ ရက်

 

 

8 comments

  • ခင်ဇော်

    June 8, 2015 at 9:25 am

    ဆက်ဆက်ရဲ့။
    တစ်ချို့ကျ ဟာသ မလုပ်ပဲ မှတ်ထားပြီး အကွက်ဝင်ချိန်မှာ နင်းတာတွေ ရှိသေးတယ်။
    တစ်ချို့က ကျ ဖွတာအေ။ လူကြားထဲဆို ပြောပြီ။ လူထူရင် အီးပေါက်တယ် ခေါ်တာပေါ့။ အရက်ဝိုင်းမှာ မြည်းတာတွေလည်း ရှိ။
    တစ်ချို့ကကျ မနာလိုတဲ့ အခံနဲ့ဆို ဝမ်းသာကြတယ်အေ။

    နာဖြင့် ဘယ်သူက ပိုသာလည်းကို မသိတော့ပါဘူးအေ။

    ဆိုတော့ ကိုယ့် အကျိုးပေးနဲ့ ကိုယ်ပေါ့။

    • Alinsett @ Maung Thura

      June 8, 2015 at 10:59 am

      အကွက်ဝင်ချိန်မှာ နင်းချလိုက်တာမျိုး ကျနော် ကိုယ်တွေ့ကြိုံဖူးတယ် မမဂျီးရေ။
      အဲ အရက်ဝိုင်းမှာ မြည်းတာတွေလည်း ရှိပါ့
      .သေချာတာတော့
      .လောကကြီးထဲ ရှင်သန်ရတာ တစ် နေ့တခြား ပို ပို သိလာတာတွေရှိနေတယ်

      အဲ့ဒါ အမြတ်ပေါ့နော်

  • Mike

    June 8, 2015 at 11:23 am

    .ဒုက္ခ နဲ့ဟာသ
    .လုပ်ပြမဲ့သာဓက
    .ဘရုတ်က ျတဲ့ ငါကွ
    .ရုပ်မလှတဲ့ ဟာပြ
    .ထုတ်ရမဲ့ဟာက
    .မှတ်ချက်။ မရယ်ရ :k:

  • aye.kk

    June 8, 2015 at 1:30 pm

    ဒေါသနဲ ့ဟာသဆိုတဲ့
    စိတ်အဖော်တွေနဲ ့ကင်းအောင်
    နေတတ်ဖို့ကြိုးစားပါတူမောင်။

  • မြစပဲရိုး

    June 10, 2015 at 5:11 am

    တစ်အူး ရဲ့ ပို့စ် က နောက်တစ်အူး အတွက် ၁၂ကျပ်ကွဲ့။ :-)))

  • Ma Ma

    June 10, 2015 at 9:01 am

    ကောင်းလိုက်တဲ့ အတွေးအခေါ်ပါပဲ။
    လောကကြီးမှာ ကြုံတွေ့နေရတာတွေထဲက ကိုယ့်ဘဝအတွက် သင်ခန်းစာထုတ်ယူတတ်တာ အမြတ်ပဲ။

    တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ ဆုံးမဩဝါဒလေးကို လက်ဆင့်ကမ်းချင်ပါတယ်။

    “သူတပါး၏ အဆင်မပြေပုံ၊ ဘုကျပုံ၊ စိတ်ပျက်ဖွယ်ရာ ဆက်ဆံပုံ၊ အမူအရာရိုင်းပုံ၊ အပြောအဆိုကြမ်းတမ်းပုံ၊ စိတ်ထားနှလုံးထား မဖြောင့်ပုံမျိုးကို မြင်ရ၊ ကြုံရ၊ တွေ့ရလေတိုင်း ထိုသူ့အပေါ် အမြင်ကပ်ခြင်း၊ ဒေါသထားမိခြင်းထက် `ငါတော့ ယနေ့ကစ၍ ထိုလူစားလိုမျိုး မနေမိအောင် ကြိုးစားသွားမယ်​` ဟူ၍ အတွင်းကျိတ် ဆုံးဖြတ်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်။“
    🙂

Leave a Reply