Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ ဒီလောက် ထိ ဖြစ်ဘို့ လိုပါသလား ? “ “တောင်တွေးမြောက်တွေး အပိုင်းအစလေးများ နှစ်”

“ ဒီလောက် ထိ ဖြစ်ဘို့ လိုပါသလား ?  “

“တောင်တွေးမြောက်တွေး  အပိုင်းအစလေးများ နှစ်”

 

ရန်ကုန်ကနေမန်းလေးကိုပြန်လာတဲ့နေ့ကပေါ့။

အဲဒီနေ့က တော့ တကယ့်ကို စိတ်မောလူမော။

သူများကြောင့်မဟုတ် ကိုယ် ကြောင့်။

အဲဒီနေ့ ည ကိုးနာရီ ကားနဲ့ မန်းလေးကို ပြန်ဘို့ လက်မှတ်ကဖြတ်ပြီးသား။

ကျနော်ပြန်မယ့် နေ့မှာ သူငယ်ချင်းတစ်ယောက်က  သူနဲ့တွေ့ဘို့ ချိန်းလာပါတယ်။

ကျနော်တည်းတာ က ဝေဇယန္တာလမ်းပေါ်က ဂန္ဓမာကုန်တိုက်နားမှာ။

သူချိန်းတဲ့နေရာက ရန်ကုန်ကန်တော်ကြီးကရိဝိက်မှာ။

သူချိန်းတဲ့အချိန်က  ညနေလေးနာရီ။

သူနဲ့လဲဆုံရင်း စိန်ပန်းပင်နဲ့ ကရိဝိက်ကို တွဲပြီး ဓါတ်ပုံရိုက်မယ်ဆိုတဲ့

အတွေးနဲ့သူနဲ့ချိန်းတာကိုလက်ခံလိုက်ပါတယ်။

သွားခါနီးအိမ်ကိုတော့ မှာထားလိုက်တယ်

“နောက်ကျမယ် စိတ်မပူနဲ့ ကားချိန်မှီအောင်ပြန်လာမယ်”ပေါ့။

ကျနော်က တာမွေမှာသူငယ်ချင်းတစ်ယောက်ကိုဝင်ခေါ်တော့ ညနေလေးနာရီ။

အဲဒီကနေ ရန်ကုန်ကန်တော်ကြီး ကရဝိက်အပေါက်

(အချို့ကတော့ အဲဒီနေရာကို တင့်ကားကုန်းလို့ခေါ်ပါတယ်)ကိုအငှားကား နဲ့

သွားလိုက်တာ နာရီဝက်ကျော်လောက်ကြာပါတယ်။

လမ်းတွေပိတ်နေတာကိုး။

ကျနော်တို့ရောက်ခါနီးမှာချိန်းထားတဲ့သူငယ်ချင်းကဖုန်းဆက်လာတယ်။

သူလဲလာနေပြီ ဒါပေမယ့် လမ်းပိတ်နေတယ် နည်းနည်းနောက်ကျမယ် ဆိုပြီးတော့ပေါ့။

အဲတော့လဲကိစ္စမရှိ ဓါတ်ဖမ်းရင်းစောင့်မယ်ဆိုပြီး ကန်တော်ကြီးထဲဝင်လာခဲ့ပါတယ်။

ကန်တော်ကြီးထဲရောက်တော့ ကရိဝိက်မြောက်ဘက်ခြမ်းမှာ

ရဲရဲနီနေအောင်ပွင့်နေတဲ့စိန်ပန်းပင်ကို ရှာတော့

အဲ့အပင်က စားသောက်ဆိုင်ကြားထဲမှာဖြစ်နေပါတယ်။

အဲဒီဆိုင်လေးက ကန်နံဘေးမှာ အဆောင်လေးတွေဖွဲ့ပြီး

ထိုင်စရာနေရာလေးတွေလုပ်ထားပါတယ်။

ဒါပေမယ့်ခပ်တည်တည်ဘဲ အဲ့ဆိုင်ထဲဝင်ပြီး စိန်ပန်းနီနီနဲ့ကရိဝိက်ဝါဝါကို

တွဲပြီးရိုက်လို့မှ သုံးလေးပုံ လောက်ဘဲရှိသေးတယ် မိုးတွေရွှာလာပါတော့တယ်။

ဒါနဲ့ဘဲ နီးတဲ့ အဆောင်တစ်ခုထဲဝင် ပြီး ဘီယာမှာလိုက်ရတော့တာပေါ့။

မိုးကလဲသဲသဲ မဲမဲ အငြိုးတကြီးနဲ့ရွာနေသလိုပါဘဲ။

ညနေငါးနာရီခွဲထိ ချိန်းထားသူကရောက်မလာတော့ မိုးလေးစဲတုန်းပြန်မယ်လို့တွေးနေတုန်း

ဖုန်းဝင်လာပါတယ် သူအပေါက်ဝရောက်နေပြီခဏစောင့်ပါဆိုတာနဲ့ပြန်ထိုင်။

မကြာခင်သူလဲရောက်လာပါတယ်.။

ကျနော်က ည ကိုးနာရီကားနဲ့ပြန်မှာ ပြန်တော့မယ်လို့ပြောတော့

သူက သူအိမ်အထိလိုက်ပို့ပေးမယ်ဆိုတာနဲ့စကားဆက်ပြောနေရင်း

ခြောက်နာရီခွဲခါနီးမှာထပြန်ခဲ့ကြပါတယ်။

အပြန်မှာတာမွေက သူငယ်ချင်းက သူ့ကိုလိုက်မပို့နဲ့သူဘာသာသူပြန်မယ်ဆိုလမ်းမှာဆင်း။

ကျနော်တို့က ကားနဲ့ဆက်သွားပါတယ်။

လမ်းကလဲပိတ်သလားမမေးနဲ့။

ကားဘီး တစ်လိမ့်ချင်းမလှိမ့်ရုံတမယ်။

ကမ္ဘာအေးဘုရားလမ်းကနေလာကြတာရနာရီ ကျော်ကျော်လောက်မှာ

ချော်တွင်းကုန်းအရောက်အိမ်က ဖုန်းဆက်လာပါတယ် ဘယ်ရောက်နေပြီလဲပေါ့။

“လာနေပြီရောက်တော့မယ်”လို့ပြန်သာဖြေလိုက်ရတယ်

ကားကတော့ မရွေ့။

လမ်းကတော့ ကျပ်မြဲ ကျပ်ဆဲပါဘဲ။

ဂန္ဓမာလမ်းနားရောက်ခါနီးတော့ အဲလမ်းက ကျဥ်းတော့

ကားကျပ်နေမယ်လို့ ထင်တာနဲ့ကွေ့မဝင်တော့ဘဲ “လမ်းဝ”ဘက်ကနေလှည့်သွားဘို့

ဆုံးဖြတ်ပြီးဆက်အထွက် ဂမုန်းပွင့်နားမှာပိတ်နေပြန်ပါရော။

ဆင်းလမ်းလျှောက်လို့ကလဲ မရဆိုတော့ ကားဘီးကို

တလိမ့်ချင်းလာနေရင်းက စွယ်တော်တံတားကနေအောက်ဘက်ကို ဆင်းတော့ ရနာရီခွဲနေပါပြီ။

သိပ်မကြာခင်ရောက်တော့မယ်ထင်ပေမယ့် ကုန်းတံတား အောက်ကိုပြန်ဖြတ်ဘို့

လမ်းကိုကွေ့ဘို့ကြံတာ ကားဆက်မပြတ်တော့ဘယ်လို့မှကွေ့မရဘဲ

မီးပွိုင့်အထိရောက်သွားပါတယ်။

ဒါနဲ့ဘဲ မီးပွိုင့် အလွန်မှ ပြန်ကွေ့လာလိုက်တာ အိမ်ရှေ့ရောက်တော့

၈နာရီထိုးဘို့ ဆယ်မိနစ်။

အိမ်ကလူကလဲစိတ်တွေပူပေါ့။

ထမင်းကမန်းကတန်းစား။

အဝတ်အမြန်လဲပြီး အိမ်ကထွက်။

၈နာရီကျော်ကျော်လောက်မှ ကားငှားလို့ရပါတယ်.။

ကားဂိတ်ကိုအသွားလမ်းမှာ

လမ်းကလဲပိတ်ကျပ်ညပ်။

ဒီအထဲမှာ မုးိက ရွာလိုက်တိတ်လိုက်။

ကားဂိတ်ကိုအမြန်ဖုန်းဆက်လာနေပြီပေါ့။

အဲ့အချိန်မှာ ၈နာရီခွဲပေမယ့် အောင်မင်္ဂလာဝင်းထဲမရောက်သေးပါဘူး။

အိမ်ကလူတွေကလဲ ကားဂိတ်ရောက်ပြီလားဖုန်းဆက်။

အတော်လေးကိုစိတ်မောလူမော။

ကိုးနာရီမတ်တင်းမှာတော့ ဂိတ်ကိုရောက်

ပစ္စည်းတွေအပ်တော့ ကိုးနာရီ ထိုးဘို့ ဆယ်မိနစ်။

မိုးလဲရွာနေတော့ ကားပေါ်တက်ထိုင် စိတ်မောလူမောနဲ့မို့

မျက့်စေလေးမှိတ်နားမယ်ကြံတုံးရှိသေးတယ်

ကားဂိတ်ထဲက ဆူညံ ဆူညံအသံတွေကြားတော့ ခေါင်းထောင်ကြည့်မိပါလေရော။

ခရီးဆောင်အိတ်ကို ပုခုံးမှာလွယ်ထားတဲ့ လူလတ်ပိုင်းတစ်ယောက်က

“မင်းတို့ ဂိတ်က မှားတဲ့ကိစ္စ ဖြေရှင်းပေး”လို့အော်ဟစ်ပြောနေသံကြားရပါတယ်။

ဝန်ထမ်းဝတ်စုံနဲ့ကောင်လေးကလဲ

“ခင်ဗျားက အော်ကြီးဟစ်ကျယ် မပြောပါနဲ့

ဂိတ်ထဲမှာ ခရီးသည်တွေလည်းရှိတယ်”လို့ပြန်ပြောတဲ့အခါမှာ

“မင်းတို့ဘက်က မှားနေတာဘဲ ငါဒေါသထွက်ရင်

ငါပြောချင်သလိုပြောမယ်” လို့ပြောရင်း

အဲဒီလူက ကားပေါ်ကိုတက်လာပြီး သူ့နေရာမှာသွားထိုင်နေပါတယ်။

ကြားသာကြားလိုက်ရတယ် သူတို့ဘာဖြစ်တယ်ဆိုတာကို ကိုယ်ကလဲရေရေ ရာရာမသိ။

သိပ်မကြာခင် ကိုးနာရီထိုးလို့ ကားစက်နိုးပြီးထွက်မယ်အလုပ်မှာ

အစောကလူက “ကားမထွက်နဲ့ ခဏနေအုံး”လို့ပြောရင်း အပေါက်ဝဘက်ကို

ထွက်လာပါတယ်။

“ငါကားပေါ်က ဆင်းပြီးနေခဲ့ရမာှလား မင်းတို့ဖြေရှင်းပေးမယ်ဆိုတာ ခုထိ ဘာမှပြန်မဖြေသေးဘူး”လို့

ကားအကူလိုုက်သူကိုပြောနေပါတယ်။

ပြီးတော့

“မန်းလေးက မင်းတို့ပိုင်ရှင်ကို ငါဖုန်းဆက်ထားတယ်

အစောက ကိစ္စအတွက် မတောင်းပန်ရင်

ဖြေရှင်းမပေးရင် ငါ ကားပေါ်က ဆင်းနေခဲ့မယ်”

“ငါ မင်းတို့ဂိတ်ကနေအမြဲစီးနေတာ”

လို့ဆိုရင်းကားအဝင်ပေါက်ဝမှာရပ်နေပါတယ်။

အဲအချိန်မှာ ကိုးနာရီ ငါးမိနစ်ရှိနေပါပြီ။

ခဏနေတော့ကားဂိတ်ထဲက ဝန်ထမ်းတစ်ယောက်ထွက်လာတာလဲမြင်ရော

သူက ကားပေါ်က ဆင်းလိုက်ပါတယ်။

“ငါနေခဲ့ရမှာလား ဆက်လိုက်ရမှာလား”လို့မေးတော့

“လိုက်ရမှာပါအကိုကြီးရေ ကျနော်အပြင်ခဏသွားနေတုန်းဖြစ်သွားတာပါ။

တောင်းပန်ပါတယ်။

နေရာမှားတာက တစ်ခါတစ်ရံဖြစ်တတ်ပါတယ်။

စိတ်မဆိုးပါနဲ့”လို့တောင်းပန်နေပါတယ်။

လာတောင်းပန်သူက ဂိတ်တာဝန်ခံဖြစ်မယ်ထင်ပါတယ်။

အဲဒီအချိန်အဲလူက

“မင်းတို့ဂိတ်က ငါ ဒေါသဖြစ်လို့အော်ပြောတာကို

ဘာဖြစ်ညာဖြစ်လာပြောနေတယ်။

မင်းတို့ဘက်က မှားတာကိုဖြေရှင်းမပေးရင်ငါမလိုက်ဘူူး” လို့ပြောပြီး

“စောစောက ငါ့ကို ပြောတဲ့ လူ ကိုယ်တိုင် လာတောင်းပန်ခိုင်းပါ”လို့

ပြောလိုက်တဲ့အခါ သူနဲ့စကားအခြေအတင်ဖြစ်တဲ့ဝန်ထမ်းကို

လှမ်းခေါ်လိုက်ပါတယ်။

“အကိုကြီး ကျနော်တို့ဘက်က မှားတာမဟုတ်ဘူး။

ခရီးသည်က နေရာမှားထိုင်လိုက်တာပါ။

ဒါမျိုးက မကြာခဏဖြစ်တတ်ပါတယ်။”

လို့ပြောတဲ့အခါမှာ

“နေပါဦး မင်းက ငါ့ကိုလာရှင်းပြနေတာလား

လာတောင်းပန်တာလား”လို့ဒေါသတကြီးနဲ့တုန့်ပြန်ုလိုက်တော့

“ကျနော်က တကယ်ဖြစ်နေတာကို ရှင်းပြနေတာပါ”   လို့ပြောနေရင်းက

သူလဲစိတ်တိုလာပုံရပါတယ်။

“ကဲဗျာ ဟုတ်ပါတယ် ကျနော်မှားပါတယ်

တောင်းပန်ပါတယ်” လို့ပြောလိုက်မှ

“ ငါက ခရီးသည်တွေ အားနာလို့ လုံးဝကျေနပ်သေးတာမဟုတ်ဘူး”လို့ဆိုရင်း

ကားပေါ်တက်ဘို့အပေါက်ဝကိုရောက်လာပါတယ်။

ကျနော်စိတ်ထဲမှာတော့ အားနာလို့သာတော်သေးတာပေါ့လို့တွေးမိနေပါတယ်။

အဲဒီအချိန်မှာ ည ကိုးနာရီနဲ့၁ရမိနစ်ရှိနေပါပြ၊ီ။

အဲတော့မှ သိလိုက်ရတာကတော့ ထိုင်ခုံနေရာမှားတဲ့ပြဿနာ

ဆိုတာကိုပါဘဲ။

 

အချိန်နောက်ကျပြီးထွက်ရပေမယ့် ကားဆရာကတော့မှန်မှန်လေးဘဲ

မောင်းလာပါတယ်။

မောင်းလာရင်းကနေ စပယ်ယာ အသစ်လုပ်မယ့် ကလေး လေးကို

တတွတ်တွတ်နဲ့သင်ပေးနေပါတယ်။

သူကိုယ်တိုင် စပယ်ယာဘဝနဲ့ငါးနှစ်နေခဲ့ရတဲ့အကြောင်း၊

သူနဲ့တွဲလုပ်ရတဲ့ ဒရိုင်ဘာကြီးတွေဆီကနေ ကားမောင်း သင်ခဲ့တဲ့အကြောင်း၊

ပညာလိုချင်ရင် နုတ်ချို ဖင်ပေ့ါ လေးလေးစားစားနဲ့နေတတ်ဘို့လိုကြောင်း၊

သူကိုယ်တိုင်လဲ ယာဉ်မောင်းတွေနားတဲ့အချိန် ကားကူရွှေ့ပေးရင်း

တစ်ခါတစ်ရံ  ကူမောင်းပေးရင်းကနေ ဒရိုင်ဘာဖြစ်လာကြောင်း၊

အရင်က ဆို ရင် အဝေးပြေးကားမောင်းတဲ့သူတွေကိုကြည့်ပြီး အားကျခဲ့ရကြောင်း

ပြောပြနေသလို။

သူ့နံဘေးက ကား စပယ်ယာကြီးကလဲ အဲဒီလက်သင်လေးကို

ညမှ မအိပ်ရတဲ့အတွက်နေ့အိပ်ချိန်မှာလျောက်မလည်ဘို့

ကားအကူဆိုတာ ကားပေါ်လိုက်လာတဲ့ခရီးသည်တွေအဆင်ပြေဘို့အမြဲကြည့်

နေဘို့လိုအပ်ကြောင်း

ဒီကားတစ်ကားလုံးရဲ့အသက်အန္တရာယ် ကင်းရှင်းစေဘို့

ယာဉ်မောင်းနံဘေးမှာထိုင်ပြီး လမ်းအခြေအနေနဲ့

သွားလာနေတဲ့ကားတွေရဲ့အကြောင်းကို ယာဉ်မောင်းနေတဲ့သူသိအောင်ပြောပြဘို့လိုကြောင်း၊

ကိုယ်က စကားပြောပေးနေရင် ယာဉ်မောင်းလဲ အိပ်ငိုက်မှာ မဟုတ်တဲ့အကြောင်း

ပြောရင်း အလုပ်တွေကို သင်ပေးလို့နေပါတယ်။

ဒီလိုနဲ့ဘဲ ည ဆယ်နှစ်နာရီ ကျော်ကျော်လေးမှာ ၁၀၅ မိုင်ယာဉ်ရပ်နားစခန်းကို

ရောက်လို့လာပါတယ်။

ဒါနဲ့ဘဲ အပေ့ါအပါးသွားအစားအသောက်စားဘို့ နာရီဝက်ရပ်နားပေးမယ့်

အကြောင်း ပြောပြီး ကား ကို အစွန်ဘက်မှာရပ်လိုက်ပါတယ်။

ကျနော်တို့စားသောက်ပြီးချိန်လောက်မှာ

ကျနော်တို့စီးလာတဲ့ယာဉ်ထွက်မယ့်အကြောင်း အသံချဲ့စက်ကနေထွက်လာတဲ့အခါမှာ

ကျနော်လဲကားဆီကိုပြန်လာခဲ့ပါတယ်။

ကျနော်ကားနားကိုရောက်တော့ လူမစုံသေးပါဘူး။

ဒါနဲ့ ကားနားမှာရပ်နေတဲ့ယာဉ်အကူ ကို စုံစမ်းစပ်စု လုပ်ရပါတော့တယ်။

“စောစောက ဘာဖြစ်တာလဲဗျ”

“ဒီလို အကိုကြီးရေ  ဘတ်စ်သရီး မှာတက်မယ့်ခရီးသည်က

ကျနော်တို့ ဘတ်စ်ဖိုးကိုမှားတက်ပြီးထိုင်နေတယ်။

ခရီးသည်စာရင်းကို လိုက်စစ်တဲ့ကလေးမှလေးက လဲ

လက်မှတ်ကိုတောင်းမကြည့်ဘဲ နံမယ်ဘဲမေးပြီးစာရင်းသွင်းလိုက်တယ်။

စောစောကလူ က တက်လာတော့ သူ့နေရာမှာ သူများထိုင်နေတယ်ဆိုပြီး

လာပြောမှ  မှားနေတယ်ဆိုတာ သိရတယ်။

ဒါနဲ့ကားမှားတက်တဲ့ခရီးသည်ကို သူ့နေရာမှန်ရောက်အောင်ပြောင်းပေးပြီး

အဲဒီလူကိုလဲ သူ့နေရာသူထိုင်ခိုင်းလိုက်တာပေါ့။

အဲဒါကိုသူက မကျေနပ်နိုင်ဘဲ

လုပ်ငန်းလုပ်တာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး ဂိတ်ထဲမှာ

လာပြီး အော်ဟစ်ပြောနေရော၊

အဲဒီမှာ ကျနော်တို့ဝန်ထမ်းတစ်ယောက်ကလဲ

ဂိတ်ထဲမှာအခြားခရီးသည်တွေလဲရှိနေတယ်။

အဖြစ်အပျက်ကို မသိသူတွေက ဂိတ်ကိုတစ်မျိုးထင်မှာလဲစိုးတော့

အော်ကြီးဟစ်ကျယ်မပြောပါနဲ့လို့ လေသံခပ်မာမာနဲ့ပြောလိုက်တော့

ဒီလူက ပေါက်ကွဲပြီး ပိုဆိုးသွားတော့တာပါဘဲ။

နောက် မန်းလေးက ပိုင်ရှင်ကိုတိုင်မယ် ဖုန်းနံပါတ်ပေးဆိုပြီးပြောလာတာနဲ့

အသင်းဥက္ကဌနဲ့ချိတ်ပေးလိုက်ပါတယ်။

သူက ဒီကိစ္စဖြေရှင်းပါ မရှင်းပေးရင် မလိုက်ဘူးဘာညာနဲ့ပြောပါတယ်။

သူထိုင်ခုံနေရာကို သူထိုင်လို့ရနေပြီ။

မှားတဲ့သူကိုလဲပြောင်းပေးပြီဆိုတော့ ကျနော်တို့ကလဲ

ဖြေရှင်းပြီး ပြီလို့ ယူဆတော့

သူ့ကို ဘာမှထပ်မပြောတော့ဘူးပေါ့။

ကားထွက်မယ်လုပ်မှ ဒီလူက ထ ပြဿနာရှာတော့တာပါဘဲ။

ကျန်တာကတော့ အကိုကြီး လဲ မြင်နေကြားနေတဲ့အတိုင်းပါဘဲ။

နေ့စဉ်နဲ့အမျှ လူပေါင်းများစွာသွားလာနေကြ

ဖုန်းနဲ့ဘဲလက်မှတ်ဖြတ်ကြဆိုတော့ တစ်ခါတစ်ရံဒီလိုနေရာမှားသွားတာ

မျိုးက ဖြစ်တတ်ပါတယ်။

ဒါပေမယ့်လဲ အဲလိုဖြစ်ရင် ခရီးသည်မကျန်ခဲ့စေရပါဘူး။

အဆင်ပြေအောင်စီစဉ်ပေးပါတယ်” လို့ခပ်ပြုံးပြုံးနဲ့ပြောပါတယ်။

နာရီဝက်ပြည့်လို့ ကားထွက်မယ်လုပ်တော့ လူသုံးယောက်လိုသေးတယ်

လို့ အကူစပယ်ယာလေးက ပြောတော့ စပယ်ယာကြီးမှာ အလုပ်တွေရှုပ်ရပြန်ပါတယ်။

သူတို့နဲ့ဆက်သွယ်ဘို့ပေးထားတဲ့ဖုန်းတွေကိုဆက်ပြန်တော့

“အားနာပါတယ်ရှင်”လို့ဖြေလို့ဖြေ

“လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ……”လို့ဖြေလိုဖြေနဲ့အဆက်အသွယ်မရ။

အဲဒါနဲ့စားသောက်ဆိုင်ထဲပြန်ပြေးပြီး မက်ခွက်ကနေအော်ခိုင်းရပြန်ပါတယ်။

ဒါပေမယ့်လည်းတော်တော်နဲ့ပေါ်မလာပြန်တော့

ဟိုနားသွားရှာ ဒီနားသွားရှာနဲ့ သူ့ခမျာ ဗျာများနေရှာပါတယ်.။

အတော်လေးကြာမှ လူသုံးယောက်ကားနားရောက်လာတော့

ဆရာတို့ ကြာလိုက်တာ နောက်ကျကုန်ပြီပြောတော့

“ကားရှာမတွေ့လို့” ဘာမှမဖြစ်တဲ့လေသံနဲ့ဖြေပြီး ကားပေါ်တက်သွားပါတယ်။

အဲတော့ မှ ကား လဲထွက်နိုင်ပါတော့တယ်။

ကားထွက်လာတော့ ကျနော်အတွေးတွေလဲဆက်လာပါတယ်။

“ခရီးသည်တစ်ယောက်ထိုင်ခုံမှားထိုင်တာနဲ့

ဒီလောက်ထိဖြစ်ဘို့လိုသလား”ဆိုတဲ့အတွေးပါဘဲ။

 

နေ့တဒူဝ လုပ်ကိုင်စားသောက်နေထိုင်ကြတဲ့ လူ့ဘဝကြီးထဲမှာ

လွဲချော်မူတွေ့ကတော့ အမြဲဖြစ်နေမှာပါဘဲ။

မသိလို့ဖြစ်စေ

အမှတ်တမဲ့ဖြစ်စေ

ပေါ့ဆလို့ဖြစ်စေ

တမင်လုပ်လို့ဖြစ်စေ

အမှားတွေက ကြုံနေအုံးမှာပါဘဲ။

ဖြစ်လာတဲ့အမှားက ကိုယ့်အပေါ်မှာ ကြီးမားစွာမထိခို်က်ရင်

တမင်လုပ်တာမဟုတ်ဘဲ မသိနားမလည်လို့ဖြစ်စေ

နားလည်မူ့မှားလို့ လွဲချော်သွားတာမျိုးဖြစ်ရင်

ခွင့်လွွှတ်ပေးသင့်တယ်လို့လဲတွေးမိပါတယ်။

 

ခွင့်မလွှတ်နိုင်တဲ့အခါမှာ ကိုယ်တိုင်လဲ စိတ်တိုရ ဒေါသဖြစ်ရ

ဘေးလူမှာလည်း နားပူရ စိတ်အနှောင့်အယှက်ဖြစ်ရ

ဒီအဖြစ်အပျက်နဲ့ ပါတ်သက်နေတဲ့ တာဝန်ရှိသူမှာလဲ

အပြစ်ပေးခံရ အဆူခံရနဲ့ ဘယ်ဘက်ကမှ သက်သာတယ်ဆိုတာမရှိပါဘူး။

 

ကျနော်ကိုယ်တိုင်လဲ ငယ်စဉ်က ဒေါသကြီးသူ

တင်းမာစွာတုန့်ပြန်တတ်သူစာရင်းထဲမှာ ပါဝင်ခဲ့ဘူးပါတယ်။

အဲလိုအခါမျိုးမှာ ကျနော့် အလုပ်ရှင်ဖြစ်သူက

“မင်းလာ သတ်တာမှ  မဟုတ်တာကွာ

ထားလိုက်ပါ  “လို့လေပြေထိုးလေ့ရှိပါတယ်။

လူမှန်ရင်တော့ ဒေါသရှိကြမှာအမှန်ပါဘဲ။

ဒါပေမယ့် ခွင့်လွှတ်သင့်တာလေး ကို ခွင့်လွှတ်ပေးလိုက်မယ်ဆိုရင်

အားလုံးလဲ အဆင်ပြေစိတ်ချမ်းသာမယ်လို့ တွေးနေမိပါတယ်။

လွဲချော်မူ့တိုင်းကို ခွင့်မလွှတ်နိုင်ဘဲ ဒေါသနဲ့သာတုန့်ပြန်နေရင်

ကိုယ်တိုင်ရော ကိုယ့်ပါတ်ဝန်းကျင်ပါ ပူလောင်လှပါတယ်။

အဲလိုလူမျိုးရဲ့ပါတ်ဝန်းကျင်မှာလည်း ရှိနေသူကလဲ

မတတ်သာလို့သာနေ ရပေမယ့်

အခွင့်အရေး ရတာနဲ့ ထွက်ပြေးမှာအမှန်ပါဘဲ။

သူ့အနားမှာ ဘယ်တော့ မှ လူမြဲမှာမဟုတ်ပါဘူး။

ပူလောင်ခြင်းရဲ့ဒဏ်ကို ဘယ်သူမှ ကြာကြာမခံနိုင်တာအမှန်ပါဘဲ။

 

အဲဒီနေ့က တော့ အစစနောက်ကျတော့ မန်းလေးအဝင်မှာနောက်ကျပါတယ်။

မနက် 7နာရီထိုးခါနီးမှ ကားက မန်းလေးဘူတာကြီးကိုရောက်ပါတယ်။

ကျနော့်ကို လာကြိုပေးတဲ့ ရုံးက ကောင်လေး က

ကားလာမယ့် ဘက်ကို လှမ်းကြည့်နေတာကို မြင်နေရပါတယ်။

ကားပေါ်ကဆင်းပစ္စည်းတွေထုတ်အပြီး

ကျနော့်ကို လာကြိုတဲ့ ကားပေါ်ရောက်မှ

“ဘယ်အချိန်ကတည်းက ရောက်နေတာလဲ”လို့မေးမိပါတယ်။

“ည ကိုးနာရီကားဆိုတော့ မနက်ငါးနာရီကတည်းကရောက်နေတာ လေးလေး” လို့

ပြန်ဖြေသံကိုကြားမိတော့ သူ့ကို အတော်လေး အားနာသွားမိပါတယ်။

သူဝီရိယ ထားပါလျက်နဲ့ အခြားသူတွေရဲ့ မဆင်ခြင်မူ့ကြောင့်သူ့မှာအချိန်ကုန်ခံ

ဒုက္ခခံပြီးစောင့်လိုက်ရတာကို။

တစ်ခါတစ်ရံမှာ တစ်စုံတစ်ယောက်ကြောင့် အခြားသူမှာ

သွယ်ဝိုက်သောနည်းနဲ့ ထိခိုက်တတ်ပါကလားလို့လဲတွေးမိပါတယ်။

သူများသာ ပြောနေတယ် အဲဒီလူ ကွိုင်တက်နေတဲ့အချိန် ကားအထွက်နောက်ကျတော့မှာကို

သိနေတော့  အဲဒီလူကို

“အတော်ချီးပေါက်တဲ့လူ”ဆိုပြီး ဒေါသဖြစ်နေမိတာအမှန်ပါဘဲ။

ဒီလိုဆိုတော့ ကျနော်ကိုယ်တိုင်လဲဒေါသရှော့မှဖြစ်မယ်လို့တွေးနေမိပြန်ပါတယ်။

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

8-6-2015

 

 

 

 

 

10 comments

  • Mike

    June 8, 2015 at 10:16 am

    .ကြုံရဆုံရဘုံဘဝမှာကွယ်ပေါ့လေ :))

  • တောင်ပေါ်သား

    June 8, 2015 at 11:51 am

    လူအမျိုးမျိုး စိတ်အထွေထွေပါပဲ ကိုပေါက်ရေ

  • Alinsett @ Maung Thura

    June 8, 2015 at 1:42 pm

    ခရီးတစ်ခါထွက်တိုင်း ကြုံရတာတွေက တမျိုးပြီးတမျိုး
    မရိုးသော အတွေ့အကြုံတွေပါပဲလေ ဆိုပြီး. . .

    ဖတ်သွားပါကြောင်း

  • ​ဒေါ် လေး

    June 8, 2015 at 2:32 pm

    တချို့လူတွေက ပြောမှသိ ထိမှနာ ဆိုသလို
    တချို့လူကြတော့ လိုတာထက်ပို ဟောက်စား လုပ်ခြင်ကြတာ
    အမျိုမျိုးပါဘဲ

  • ဒီနှစ်ထဲမှာ နေရာအတည်တကျ မရှိဘဲ ခရီးတွေဘဲ ထွက်နေရတယ်ဆိုတော့

    ဒီလိုဆောင်းပါးတွေထွက်လာမှာသေချာပါတယ်

    အခု

    “ခြေတစ်လှမ်းအကွာက သူတို့နေရာ” ဆိုတဲ့ ဆောင်းပါးရေးနေတာ အပိုင်း (၈)အထိပြီးနေပါပြီ။

    15ပိုင်းလောက်ရှိမယ်ထင်ပါတယ်။

    အကုန်ရေးပြီးမှဘဲတင်တော့မယ်။

    • ဝင့်ပြုံးမြင့်

      June 11, 2015 at 1:33 pm

      .အကုန်လုံး လျှောက်မတင်နဲ့လေ။ လက်ထဲ ကုန်သွားမှာပေါ့

  • kai

    June 8, 2015 at 3:01 pm

    ဗမာမှာ.. တောင်းပန်/ ကျေအေး ဓလေ့..အလေ့အကျင့်ရဖို့တော်တော်လုပ်ယူရဦးမယ်..။
    ခုနှစ်ပိုင်းတွေမှာတော့.. ဂျာနယ်မဂ္ဂဇင်းတွေကတဆင့်.. တောင်းပန်တာတော့ တော်တော်လုပ်လာကြတာသတိထားမိတယ်..။
    နှုတ်ကဖွင့်ဟပြောဆို.. ကျေအေးတာကို.. တော်ယုံလူမလုပ်နိုင်ကြသေး..။

    ဗုဒ္ဓကတော့.. ဝိနည်းအရ.. ရဟန်းတွေမှားရင်.. အမှားလုပ်မိရင်.. အာပတ်ဖြေခိုင်းတယ်..။
    တနည်း (တောင်းပန်)ခိုင်းတယ်..။
    ဘေးက… ရဟန်းတွေက.. (ကိုယ်နဲ့တိုက်ရိုက်မပါတ်သက်သည့်တိုင်) ကျေအေးကြောင်း.. ခွင့်လွတ်ကြောင်းပြောပေးတယ်..။
    ကမ္ဘာ့လူသားယဉ်ကျေးမှုသမိုင်းမှာ..ဗုဒ္ဓရဲ့ စနစ်တကျလုပ်ပေးလိုက်တဲ့ဒီဓလေ့ဟာ.. အစောဆုံးဖြစ်လောက်ပါတယ်..။

    ဒီအလေ့အကျင့်ကို.. ခရစ်ယန်က.. အကုန်သိမ်းယူသွားသမို့.. ခရစ်ယန်ဘုရားကျောင်းတွေမှာ.. Confession လုပ်တာရှိတယ်..။
    လူသတ်မိသွားရင်တောင်.. ဘုရားကျေင်းထဲဝင်ပြီး..ဘုရားသခင်ကို တောင်းပန်တယ်.. ။ တဖက်က.. ဘုန်းကြီးကလည်း..ကိုယ်စား ကျေအေးခွင့်လွှတ်ပေးတယ်..။

    In Catholic teaching, the Sacrament of Penance is the method of the Church by which individual men and women may confess sins committed after baptism and have them absolved by a priest. Although it is not mandatory, the Catholic rite is usually conducted within a confessional box, booth or reconciliation room. This sacrament is known by many names, including penance, reconciliation and confession (Catechism of the Catholic Church, Sections 1423-1442). While official Church publications always refer to the sacrament as “Penance”, “Reconciliation” or “Penance and Reconciliation”, many laypeople continue to use the term “Confession” in reference to the Sacrament.

    ဒီဓလေ့အကျင့်က.. လူမှုရေး…နိုင်ငံရေးတွေအထိကျယ်ပြန့်သွားတာမို့.. အောင်မြင်တဲ့နိုင်ငံ.. လူမျိုးကြီးတွေဖြစ်လာတာပါပဲ..။

    ဆိုတော့…
    အခုကိုပေါက်အဖြစ်မှာလည်း..ကားဂိတ်ကတာဝန်ရှိသူတွေက… တောင်းပန်လာရင်.. (ဘာမဟုတ်တဲ့ကိစ္စလေးမို့..) ခုံမှားပေးခံလိုက်ရတဲ့ စီးနင်းသူက.. ကျေအေးခွင့်လွတ်ကြောင်း..ပါးစပ်ကထုတ်ပြောလိုက်သင့်တယ်လို့ထင်တယ်.။
    ပြီးတော့.. သူရော.. စပယ်ယာရောက.. ကျန်ခရီးသည်တွေကို.. တောင်းပန်သင့်သပေါ့..။

    အဲဒါဆို.. ဘယ်သူမှ.. ဒီလို အကုသိုလ်စိတ်တွေ.. အိမ်ပြန်မပါသွားဖူးပေါ့..။

  • Ma Ma

    June 8, 2015 at 3:15 pm

    တခါတလေမှာ ပြောတဲ့သူက သူမှားသွားမှန်းသိပေမယ့် ပြန်တောင်းပန်ရမယ့်အစား ရှက်ရမ်းရမ်းပြီး နောက်တနည်းနဲ့ထပ်ရစ်တာမျိုး ကိုယ်တိုင်ခံစားခဲ့ရဖူးတယ်။

    စိတ်ဆိုးမိပေမယ့် မနိုင်တော့လည်း သည်းခံရတာပဲ။

    သဂျီးပြောတဲ့ တောင်းပန်ခြင်း ကျေအေးခြင်းဆိုတဲ့ အင်မတန်ကောင်းမွန်တဲ့ ဓလေ့အလေ့အကျင့်ကို သဘောကျတယ်။

  • uncle gyi

    June 9, 2015 at 10:00 pm

    ဘာပြောပြောစာရင်းမှတ်တာဂိတ်က
    ဒါကြောင့်ဂိတ်မှာတာဝန်ရှိတယ်
    ဒါကြောင့်ခရီးသည်ကိုတောင်းပန်သင့်တယ်

  • အန်ကယ်ဂျီးရေ ဂိတ်တာဝန်ခံ က တောင်းပန်တာတောင် မပြီးတာပါ။

    ပြီးနိုင်တာပြီးပါစေ သဘောထားရင်အကောင်းဆုံးပါဘဲ

Leave a Reply