( အိပ်မက်ထဲမှာ )
သားရဲ့ မွေးနေ့
ပျော်မွေ့စရာ စုံစွာညစာ
ဘီယာ ၃ လုံး သောက်သုံးပြီးသကာလ
ည ညအခါ လ မသာသော်လည်း
အိပ်ရာထဲဆီ ဟိုဒီလူးလိမ့်
ချမ်းစိမ့်စိမ့်ကြား အိပ်မက်များထဲ
သူ့ကိုပဲမြင် သူ့ပင်တမ်းတ
လှမ်းမရသော်လည်း အိပ်မက်ထဲတွင်
သူပင်သခင်ဖြစ် တွက်ချင့်ပါသော်
မမျှော်သာလည်း မျှော်မိနေဆဲ
သူ့ကိုပဲ ၊
( အိပ်မက်ဆိုတာ စိတ်ကူးယဉ်မဟုတ်သမို့ သူမက်ချင်တာ မက်တာပဲဗျို့ ) 🙂
15 comments
Alinsett @ Maung Thura
June 3, 2015 at 2:55 pm
သူ ဆိုတာ ..ဒေါ်ဖွားမေလား ဟှင်…
တောင်ပေါ်သား
June 3, 2015 at 3:06 pm
ပြောရက်ပကွယ် ၊ ကစ်ကစ်လေးဆိုတော်သေး
ဖွေးဖွေးတော့ မကြိုက်ဘူး ၊ နှင်းဆီခူးတဲ့ကောင် နမ်းပြီးသားကြီး 🙂
Wow
June 3, 2015 at 4:15 pm
မာမီဆက်နဲ့ မာမီမျိုး ယူဂျပါလားးး ဟင်င်င်..
တောင်ပေါ်သား
June 3, 2015 at 4:18 pm
အောင်ရဲလင်းကို ကြိုက်ပူးစ် 😛
ကိုပေါက်(မန္တလေး)
June 3, 2015 at 3:05 pm
လာလေလိမ့်နိုး
မျှော်တမ်းတတ
ညညအသချေင်္
ကုန်လွန်စေသည်
မဆုံးနိုင်သော
ိအိပ်မက်များ။
တောင်ပေါ်သား
June 3, 2015 at 3:08 pm
အဲသလိုဖြစ်နေပြီ ကိုပေါက်ရေ
ဦးကျောက်ခဲ
June 3, 2015 at 3:15 pm
ငင့်… ဒဏ်ရာဟောင်းက အခုအထိ မကျက်သေးဘူးလား ကိုဂျီးမြိုး…
Let bygone be bygone … လေဗျာ… အားဟိ :k:
တောင်ပေါ်သား
June 3, 2015 at 3:31 pm
အနာဟောင်းဆိုတာ တိုက်ဆိုင်စရာနဲ့တိုးရင် ပြန်ပြန်ထလာတယ် ကျောက်စ်ရယ်
ကျောက်စ်တို့ကတော့ အိပ်မက်တောင် မမက်နိူင်တော့ဘူး မဟုတ်လား ( ကလေးထိန်းနေရလို့ )
🙂
sorrow
June 3, 2015 at 3:34 pm
.ခက်ချေပြီ..အသစ်အသစ်တွေဖူးပွင့်စမ်းပါဗျာ..ဘယ့်နှယ့် ..အဟောင်းနားပဲ တဝဲလည်လည် .
တောင်ပေါ်သား
June 3, 2015 at 3:49 pm
အိပ်မက်ပါဆိုကွယ် 🙂
မြစပဲရိုး
June 4, 2015 at 3:41 am
လက်ထဲမှာတော့ ဟိုပါးကွက်မလေးလား ကိုမျိုး။ :-))
တောင်ပေါ်သား
June 4, 2015 at 8:53 am
ဟုတ်ဘူး အရီးရေ
အောင် မိုးသူ
June 4, 2015 at 10:06 am
ဘီယာသုံးလုံး
Mike
June 4, 2015 at 10:47 am
.ဘီယာသုံးလုံး
.မိုးထစ်ချုံး ၍
.တစိမ့်စိမ့်ရွာ
.ရင်ထဲမှာလည်း
.အချစ်တို့ ထစ်ချုံးဆဲပေါ့ :))
တောင်ပေါ်သား
June 4, 2015 at 11:56 am
မိုးကလည်း မမှန်သေးပါဘူး
ခုထိ ရွာတစ်ခါ ပူတစ်ချက် 🙂