Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရင်သို့ တိုးဝှေ့လာသော ပို့စ်များ – မေ ၂၀၁၅

စာခ်စ္သူJune 3, 20155min98416

ဘဝရဲ့ အနှစ်သာရတစ်ခုထဲမှာလည်း စာဖတ်ခြင်းဆိုတဲ့အရာကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ရသစာပေ ၊ သုတစာပေ စတဲ့ ကိုယ်နှစ်သက်တဲ့ စာပေအမျိုးမျိုးကိုလည်း ဖတ်ရှုရတဲ့ အရသာဟာ စာအုပ်စာပေအလွန်အမင်းနှစ်သက်သူတွေ သိကြမှာပါ။

စာကောင်းတစ်ပုဒ်ဟာ ဟင်းကောင်းတစ်ခွက်နဲ့ မလဲနိုင်ဆိုသလိုပါပဲ။ စာအုပ်ကောင်းတစ်အုပ် ဖတ်နေရင် ထမင်းမေ့ ဟင်းမေ့ဖြစ်ကြရပါတယ်။
ကျနော်တို့ “စာချစ်သူ”ဆိုတဲ့အဖွဲ့လေးဟာ ရွာထဲမှာရှိတဲ့ ဟင်းကောင်းတွေထက်ကောင်းတဲ့ ပို့စ်ကောင်းကောင်းလေးတွေကို မြည်းစမ်းပြီး လစဉ်လတိုင်း ပို့စ်အညွှန်းတွေကို တင်ဆက်သွားဖို့ ရည်ရွယ်ပါတယ်။

ရွာထဲက ပို့စ်ကောင်းတွေနဲ့မိတ်ဆက်ဖို့အတွက် ၂၀၁၅ခုနှစ် ၊ မေ လကနေစလို့
ရွာထဲကို “စာချစ်သူ”အဖွဲ့လေး ဝင်ရောက်လာပြီလို့ လေးစားစွာနဲ့ မိတ်ဆက်လိုက်ပါတယ်။

နွေဦးကာလ ပူလွန်းခဲ့သမျှများဟာ အခုတော့ အနည်းငယ် မိုးလေလေးစွတ်ကာစိုလို့ အေးမြစိုစွတ်တဲ့ မိုးကာလကို ကူးပြောင်းလို့လာနေပါပြီ။ မေ(၃၁)ကတော့ နှစ်တိုင်းလိုလို ထုံးစံလေးကို မပျက်မကွက် မိုးတွေကို သည်းကာခြွေချပေးခဲ့ပြန်ပါတယ်။

မေလအစ ရာသီဥတုဟာ ပူပြင်းခဲ့ပေမယ့်လည်း ကျနော်တို့ စာချစ်သူအဖွဲ့လေးဟာ တိုင်ကာ ပင်ကာနဲ့ ရွာထဲက စာရေးသူတွေရဲ့ မေလတစ်လလုံးစာ ပို့စ်တွေကို စဉ်ဆက်မပြတ် ဖတ်ရှုရင်း ကြိုက်မိ ၊ နှစ်သက်မိတဲ့ ပို့စ်လေးတွေကို စုကာ စည်းကာ တင်ပြပေးလိုက်ရပါတယ်။

စိုစွတ်အေးမြတဲ့ မိုးရာသီအစနဲ့အတူ ကျနော်တို့အဖွဲ့လေး ညွှန်းထားတဲ့ ပို့စ်လေးတွေကို ကော်ဖီလေးတစ်ခွက် ဘေးမှာချကာ ဖတ်ရှုရင်း အားလပ်ချိန်လေးကို အပန်းပြေစေဖို့ ရည်ရွယ်လိုက်ရပါတယ်။

ကျွန်ုပ်တို့ မောင်နှမများ
– မောင်ဘလှိုင်
https://myanmargazette.net/213732

မောင်နှမများတဲ့ အိမ်ဟာ တကယ်တော့ များရင်များသလို အထူးစည်ကားတာပါ။
မောင်ချစ် နှမချစ် ရန်ဖြစ်ကြတာလေးကလည်း တကယ်တော့ ချစ်စရာ၊ ငယ်ငယ်ရွယ်ရွယ် ပွင့်ပွင့်လင်းလင်းနဲ ့ ရန်ဖြစ်ကြပုံကလည်း သဘောကျစရာ၊ တခါတလေ လုပ်သင့်တဲ့ အချိန်မှာ မလုပ်လိုက်မိလို ့ နောင်တရစရာလေးတွေကလည်း ရှိပြန်တယ်။ စသဖြင့် မောင်နှမကြား ချစ်စဖွယ် ရန်ဖြစ်ပုံ ထူးထူးဆန်းဆန်း ရန်ဖြစ်ပုံ စကားလုံး စုံလင်စွာကို ဖတ်ရှုချင်သပဆိုရင် မောင်ဘလှိုင် ရဲ့ ကျွန်ုပ်တို့ မောင်နှမများ ကို ညွှန်းချင်ပါရဲ့ဗျာ။
ဖြူစင်သော မောင်ချစ် နှမချစ်နဲ ့ ထူးဆန်းသော စကားလုံးပေါင်းစုံကို တနေရာတည်းမှာ မြင်တွေ့နိုင်မယ့် ရသစာပေလေးတပုဒ်ဖြစ်ပါကြောင်း ညွန်းဆိုပါရစေ။

————————————————-

ကလေးတို့အဖေ…….ကျတော် – ၂
– အောင်မိုးသူ
https://myanmargazette.net/213791

သင်ဟာ ခွေးချစ်သူ ကြောင်ချစ်သူပါလား။ ဒါဆိုရင် သင့်အတွက် ဒီ ပို့စ်လးဟာ ဖတ်သင့်ပါတယ်။ တိရစာ္ဆန် နဲ ့လူဟာ အမျိုးတူ မဟုတ်ပေမယ့် မမြင်ရတဲ့ သံယောဇဉ်ကတော့ တခါတလေ လူလူချင်း ကြားထက်တောင် ခိုင်မြဲနေတတ်ပါတယ်။
ခွေးလေးတွေကြောင်လေးတွေကို အရွယ်တိုင်ရင် အကြောင်း တခုမဟုတ် တခုကြောင့် ခွဲခွာရတတ်တော့ ခံစားမှုရသ၊ သံယောဇဉ် ဘယ်လိုပဲ မဖြစ်နိုင်ပါဘူးပြောပြော ချစ်တတ်သော သံယောဇဉ်အရ ခံစားရမည်ကို သိသိနဲ ့ ဆက်ချစ်သော တိရစာ္ဆန်ချစ်တတ်သူလေး ကိုအောင်မိုးသူရဲ့ ကလေးတို ့အဖေ…. ကျတော်-၂ ဆိုတဲ့ စာပေဟာဖြင့် စာဖတ်ပရိသတ်ကို မျက်ရည်ကျစေနိုင်လောက်တဲ့ ခံစားမှုမျိုး ပေးနိုင်ပါလေရဲ့။
ဒါကြောင့် တိရစာ္ဆန်ချစ်သူများအတွက်ကတော့ ဒီပို့စ်လေးဟာ အချိန်ပေးတန်လောက်အောင် ဖတ်သင့်တဲ့ စာပေလေးဖြစ်ကြောင်း ညွှန်းဆိုပါရစေ။

————————————————-

Options
– Wow
myanmargazette.net/213655

လူတွေမှာရှိတဲ့ ရွေးချယ်ခွင့်နဲ့ ကိုယ့်ရွေးချယ်မှုရဲ့ကောင်းမွေဆိုးမွေ အကြောင်းကို လတ်တလောဖြစ်နေတဲ့ ကိစ္စတွေနဲ့ချိန်ထိုးပြီး မြင်မိသလို ခပ်တိုတိုရေးထားတဲ့ပို့စ်တစ်ပုဒ်ပေါ့
ပို့စ်က တိုပေမယ့် comment တွေက ပို့စ်ကို ပိုပြီးမြိုင်လာအောင် အားဖြည့်ပေးထားလို့ တွဲဖတ်လိုက်ရင် တွေးစရာတခုခုပေးနိုင်မှာ သေချာတဲ့ပို့စ်တစ်ပုဒ်လို့ ပြောပါရစေ။

————————————————-

ကျွန်ုပ်နှင့် သိုင်းပညာ
– မောင်ဘလှိုင်
https://myanmargazette.net/213989

လူတိုင်းမှာ ပျော်စရာကောင်းတဲ့ ငယ်ဘဝပုံရိပ်တစ်ခုစီတော့ ရှိကြမှာပါ။ အဲ့ဒီပုံရိပ်တွေပေါ်လွင်အောင် အရေးအဖွဲ့ကောင်းကောင်းနဲ့ ဟာသရသလေးစွက်ပြီး ရေးထားတဲ့ ပိုစ့်လေးတစ်ပုဒ်ကို ညွှန်းချင်ပါတယ်။
မောင်ဘလှိုင်ရဲ့ “ကျွန်ုပ်နှင့် သိုင်းပညာ” ဆိုတဲ့ ပိုစ့်လေးပါ။ ဒီပိုစ့်လေးမှာ..ဆရာကြီးရွှေဥဒေါင်းတို့ ဆရာသိပ္ပံမောင်ဝတို့ခေတ်က ရေးဟန်မျိုး ဖွဲ့ထားပြီး စကားပြောစကားပြေကို အပိုအလိုမရှိ အချိတ်အဆက်မိမိ သုံးထားပါသေးတယ်…။ စဖတ်လိုက်တာနဲ့ အစကနေ အဆုံးထိ ပါးစပ်မစေ့ဘဲဖတ်ရမယ့် စိတ်ညစ်စရာတွေအကုန်မေ့သွားစေမယ့် ပိုစ့်ကောင်းတစ်ပုဒ်ပါ။ တခုတော့ ရှိတယ် ဒီပိုစ့်ကိုဖတ်မယ်ဆိုရင်တော့…အလုပ်ခွင်ထဲမှာ လူကြီးတွေကိုရှေ့ထားပြီး မဖတ်မိကြစေနဲပေါ့ဗျာ။
ဒီလို ပရိုလက်ရာရှင်ကို ရွာထဲမှာစာတွေ အများကြီး ရေးပါလို့ တိုက်တွန်းလိုက်ပါရစေ။ စာတွေများများရေးပါ ကိုဘလှိုင်ရေ့။

————————————————-

ဘယ်သွားမလဲ မောင်တိမ်မည်း မြို့ပတ်ရထားစီးမလို့ဆို
– တိမ်မည်း
https://myanmargazette.net/214041

နောက်ထပ် ကျနော်တို့ညွှန်းချင်တဲ့ ပိုစ့်တစ်ပုဒ်ကတော့ ရွာထဲ ပျောက်နေတာကြာတဲ့ တိမ်မည်းရဲ့ ပိုစ့်ပါပဲ။ ပိုစ့်ခေါင်းစဉ်ကတော့ “ဘယ်သွားမလဲ မောင်တိမ်မည်း မြို့ပတ်ရထားစီးမလို့ဆို” တဲ့။
မဟာရန်ကုန်မြို့ကြီးမယ် ကားလမ်းတွေကပိတ် ကားတွေကကျပ်နဲ့. ရုံးဆင်းချိန် ကျောင်းဆင်းချိန်များဆို ၁ဝမိနစ်ကို တစ်ပေနှုန်းရွေ့နေကြတဲ့အဖြစ်ကို ကားစီးသူ၊ ကားမောင်းသူ ကိုကိုမမတိုင်း သိကြပါလိမ့်မယ်။ ဒီဒုက္ခတွေကို တဖက်တလမ်းက ပြေလည်အောင် ကိုတိမ်မည်းနဲ့အတူ ကျနော်တို့တွေ မြို့ပတ်ရထား စီးကြရအောင်ဗျာ။
ဒီပိုစ့်ထဲမှာ မြို့ပတ်ရထား အချိန်စာရင်း၊…လက်မှတ်ဈေးနှုန်း၊ ဘူတာအမည်၊ ဘယ်ရထားက ဘယ်လမ်းကြောင်းဆိုတာတွေ၊ တစ်ဘူတာနဲ့ တစ်ဘူတာ ဘယ်လောက်အချိန်ပေးရတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုပါ တွေ့နိုင်ပါတယ်…။ ကျပ်ပိတ်နေတဲ့ ကားလမ်းကနေသွေဖည်ပြီး မြို့ပတ်ရထားများ စီးချင်တဲ့သူများ ဒီပိုစ့်ကို ဖတ်သင့်ကြောင်းပါ…။
ဒီပိုစ့်မှာ မြို့ပတ်ရထားစီးရင်း ရွာကိုလဲမမေ့တဲ့၊ ဒေတာတွေကိုလဲ ပါအောင်သယ်ခဲ့တဲ့ ကိုတိမ်မည်းရဲ့ စေတနာကို မြင်နိုင်ပါလိမ့်မယ်။

————————————————-

နှလုံးသားဖြင့် အလုပ်လုပ်သူ Attitude
– ခင်ဇော်
https://myanmargazette.net/214087

နောက်ထပ် ပိုစ့်ကောင်းတစ်ပုဒ်ကတော့ ရွာလူမိုက်ခင်ဇော် ရဲ့ ပိုစ့်လေးပါပဲ။ သူက ရွာမှာလူမိုက်သာလုပ်နေတာ နှလုံးသားကတော့ လှတယ်။
အဟဲဟဲ ဒီလောက်ဆိုရင် ကျနော်တို့ ဘယ်ပိုစ့်ကိုညွှန်းတော့မယ်ဆိုတာကို သိလောက်ပြီ ထင်ပါရဲ့။ ဟုတ်ပါတယ်…ကိုခင်ဇော်ကြီးရဲ့ ” နှလုံးသားဖြင့် အလုပ်လုပ်သူ” ဆိုတဲ့ ပိုစ့်လေးပါ။ ကျနော်တို့လို အလုပ်ခွင်ဝင်နေကြတဲ့လူတိုင်း အလုပ်ခွင်မှာ..တစ်နေ့တစ်နေ့ ပြဿနာတွေ၊ စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေကြုံရပြီး ဒေါသထွက်ရ၊ စိတ်တိုရ၊ စိတ်အလိုမကျဖြစ်ရနဲ့ ထွက်ပြေးချင်စိတ် ပေါက်မိကြတာပဲ။ (ကျနော်တို့လည်း ပါပါတယ်)
အလုပ်ခွင်ကနေ ထွက်ပြေးချင်စိတ်တွေပေါက်တဲ့လူများ..ဒီပိုစ့်လေးဖတ်ပြီး အားယူနိုင်ပါတယ်။
ဒီပိုစ့်ထဲမှာတော့ Attitude ကောင်းလေးတွေကို မြင်ရပါလိမ့်မယ်။ အလုပ်ခွင်မှာ ရှိသင့်တဲ့ သဘောထားတွေ၊ မှားနေတဲ့ အတွေးတွေကို ပြန်လည်တည့်မတ်ပေးတဲ့၊ ကိုယ့်စိတ်အတွက် အာဟာရဖြစ်စေမယ့် ပိုစ့်ကောင်းတစ်ပုဒ်ဖြစ်ကြောင်း ညွှန်းပါရစေ။

————————————————-

မေ့… လပြည့်ဝန်း
– moonpoem
https://myanmargazette.net/214595

ဂဇက်ရွာရဲ့ ပင်တိုင် ဟာသ- ရသ ဖန်တီးသူ moonpoem ရဲ့ သရော်စာလေးတစ်ပုဒ်ပါ။
မြန်မာပြည်မှာ ဖုန်းပြောဆိုဖို့ ငွေဖြည့်ကတ်တွေ ဝယ်ယူသုံးစွဲသူတွေထံက အခွန် ၅% ကောက်ခံမယ့်အရေးနဲ့ ပတ်သက်ပြီးခပ်ရွဲ့ရွဲ့လေး သရော်လိုက်တဲ့ ရာသီစာ / သရော်ပို့စ်လေးတစ်ပုဒ်ပါပဲ။
တိုတိုနဲ့ ထိထိမိမိ ရေးသားသီကုံးတတ်တဲ့ moonpoem ရဲ့ ထုံးစံအတိုင်း လိုရင်းကို ဖောင်းပွမှုမရှိပဲ သွယ်ဝိုက်ပြသထားပါတယ်။
သာမန်မဟုတ်တဲ့ ဇာတ်လမ်းတိုလေးတစ်ပုဒ် အဖြစ် ရေးစပ်ပြထားတဲ့အပြင် အဲဒီ ဇာတ်လမ်းလေးကို ချုပ်ထားတဲ့ အသိမ်းအဆည်းလေးကလည်း လှတယ်လို့ ဆိုရပါမယ်။
မဖတ်လိုက်ရသူများ မကျော်သွားစေဖို့ ကျနော်တို့ စာချစ်သူများက ပြန် ညွှန်းလိုက်ရပါကြောင်း ။

————————————————-

တီကောင်များနှင့်၊မိတ်သင်းဖွဲ့လျက်
– padonmar
https://myanmargazette.net/214785

ရေးသမျှ ပိုစ့်တိုင်းလိုလိုမှာ တရားသဘောလေးတွေ မျှတသင့်လျော်တဲ့အမြင် / အယူအဆလေးတွေ ထည့်ရေးပြတတ်တဲ့ “ရွာ့အကျိုးပြု စာပေ” ဖန်တီးသူတစ်ယောက်ဖြစ်ပါသော “ပဒုမ္မာ” ဆိုတဲ့ အာတီဒုံကြီးရဲ့ ပိုစ့်တစ်ပုဒ်ကို ညွှန်းဆိုပါရစေ။
ဆရာဝန် စာရေးဆရာတွေ အတော်များများရဲ့ စာတွေလိုပါပဲ။ ဖတ်ရသူတွေ စိတ်ကျေနပ်မှုရစေအောင်အပြင်.. ဗဟုသုတနဲ့ ရသကိုပါ ပီပီပြင်ပြင် ရသွားအောင် ရေးဖွဲ့နိုင်စွမ်းသူ အန်တီပဒုမ္မာ ဒီတစ်ခေါက် ရေးလိုက်တဲ့ ပိုစ့်လေးကလည်း ဖတ်မိသူတွေ အကျိုးရှိစေတာပါပဲ။
အိမ်ရဲ့ ရေချိုးခန်းထဲမှာ တွေ့ရတဲ့ တီကောင်လေးတွေကို အကြောင်းပြုပြီး မြင်လိုက်တဲ့ သံဝေဂ အတွေးတစ်စကို ဖွဲ့စပ်သီကုံးပြထားတဲ့ ဆောင်းပါးလေးပါ။
လူသားတွေရဲ့ လုပ်ရပ်တချို့ကို နှိုင်းယှဉ်ထောက်ပြစရာ သဘောတရားတစ်ခု (တရားသဘောတစ်ခု) တီကောင်လေးတွေကို ကြည့်ရင်းနဲ့ တွေးပြ မြင်ပြသွားတာလေးရော စကားလုံး ရွေးချယ် သုံးစွဲထားပုံနဲ့ အထားအသို သပ်ရပ်မှုကြောင့် ဖတ်ရတာ ချောနေတာရော စာရေးသူ တွေးမိတဲ့အတွေးကို စာဖတ်သူကပါ ဖတ်ရင်းနဲ့ စိတ်နှလုံးထဲ စိမ့်ဝင်တွေးတော မိသွားစေလောက်အောင် အရေးအသားပြေပြစ်တာကြောင့်ပါ။
မဖတ်ရသေးသူများ ကျော်မသွားပဲ ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြပါဦး။ ပိုစ့်ကောင်းလေးတစ်ပုဒ်မို့ စာချစ်သူများက ပြန်ညွှန်းလိုက်ပါတယ်။

————————————————-

အရောင်တို့ပြောတဲ့ အရောင်တို့ အကြောင်း
– စည်းနဲ့ကမ်းနဲ့ လစ်ဘရယ်ယောက်ျား
https://myanmargazette.net/214665

နောက်ထပ် ညွှန်းကိုညွှန်းရမယ့် ပိုစ့်ကောင်းတစ်ပုဒ်ကတော့ “အရောင်တို့ပြောတဲ့ အရောင်တို့အကြောင်း” ပါ…။ ဒီပိုစ့်ကို ရေးတဲ့သူကတော့ သူ့ကို်ယ်သူ “စည်းနဲ့ကမ်းနဲ့လစ်ဘရယ်ယောက်ျား” လို့ အမည်သညာမှည့်ခေါ်လေတဲ့ ကိုရွှေဖား ပါပဲ…။
ဒီပိုစ့်ကို မာတိကာ ပြန်စီရမယ်ဆိုရင်…
၁။ လူတို့၏ အရောင်သိမှုအကြောင်း
၂။ အရောင်တို့၏ နိယာမ
၃။ တွဲဖက်အရောင်တို့အကြောင်း
ဆိုတဲ့ ခေါင်းစဉ်ကြီး (၃)ခုနဲ့ အောက်မှာမှ နောက်ထပ် ခေါင်းစဉ်ငယ်လေးတွေ၊ Chat တွေ၊ Color Blind Test Sample တွေ အပါအဝင် တခြား အရောင်နဲ့ပတ်သက်တဲ့ ပုံတွေ၊ ဓာတ်ပုံတွေနဲ့ အရောင်တွေအကြောင်း၊ အရောင်တွေရဲ့ လွှမ်းမိုးနိုင်မှုကို လူပြိန်းနားလည်နိုင်အောင်အထိ အသေးစိတ်ရှင်းပြထားနိုင်တဲ့ ပိုစ့်ကောင်းတစ်ပုဒ်ပါ။ ဒီပိုစ့်အတွက် ကိုရင်ဂီကို ဘရာဗိုပါလို့ အခါခါ ပြောချင်ပါတယ်။
ခေါင်းစဉ်ငယ်လေးတွေအထိ အသေးစိတ်ညွှန်းချင်ပေမယ့် အညွှန်းပိုစ့်ရှည်သွားမှာစိုးတဲ့အတွက် ကျနော်တို့ ချုံ့လိုက်ပါတယ်..။ ကိုယ်တိုင်သာ ဖတ်ကြည့်ကြပါတော့ခင်ဗျာ။
ဒီပိုစ့်ကိုဖတ်ရင်း လူမိုက်ခင်ဇော် ဒီပိုစ့်Comment ထဲမှာ ညွှန်းတဲ့ “ဘရန်းတွေကပြောတဲ့ အရောင်တို့အကြောင်း” https://myanmargazette.net/163242 ကိုပါ တွဲဖတ်သင့်ကြောင်း ပြောပါရစေ။
အရောင်တို့ပြောတဲ့ အရောင်တို့အကြောင်းကို ဖတ်နေရင်း ကျနော်တို့ သိချင်လာတာက အရောင်တွေဟာ လူတွေရဲ့စိတ်ကို ဘယ်လောက်ရာခိုင်နှုန်းအထိ လွှမ်းမိုးနိုင်မလဲ ဆိုတာကိုပါ။

————————————————-

မှတ်သားခြင်း သညာတဲ့
– padonmar
https://myanmargazette.net/214810

ရွာရဲ့ အရေးကိစ္စတွေဆို လက်မနှေးတဲ့ အန်တီပဒုမ္မာတစ်ယောက် “ညဇီးကွက်” ဆိုတဲ့ နာမည်ပြောင် ပေါ်ပေါက်လာပုံအကြောင်းလေး တစွန်းတစ ဖတ်လိုက်ရတဲ့အပြင် ဒေါသနဲ့ ခွင့်လွှတ်ခြင်း အဲဒီနှစ်မျိုးကို အားပြိုင်မှုပုံစံ ဖြစ်အောင် ဝါကျလေးတွေကို ဆွဲဆောင်မှုရှိရှိ သုံးပြီး ရေးသူက ဖတ်သူကို ပေးချင်တဲ့ Message ဆီ ရောက်အောင် ရေးဖွဲ့ထားတဲ့ ပိုစ့်ကောင်းတစ်ပုဒ်ကို ပြန် ညွှန်းပြချင်ပါတယ်။
ညကြီးမင်းကြီးအချိန်တွေမှာ ဆူဆူညံညံ အသံကြားတိုင်း အဲ့လို လုပ်တတ်တဲ့ အိမ်နီးချင်းပဲလို့ အသေမှတ်သားလိုက်တဲ့ “သညာ” ရဲ့ ခြယ်လှယ်ပုံကို ပီပီပြင်ပြင် သရုပ်ဖော်ထားပါတယ်။ အဲဒီနောက် ညကြီးအချိန်မတော် ဆူညံသံတွေကို သည်းမခံနိုင်တဲ့အဆုံးမှာ ကန့်ကွက် ဖြေရှင်းဖို့ သွားတော့မှ သိလိုက်ရတာကအစက ထင်နေသလို အိမ်နီးချင်းကြောင့် မဟုတ်ဘဲ ပြည်သူ့အကျိုးပြု လုပ်ငန်းကြီးတစ်ခုကြောင့် ဆိုတာ သိအဲ့ဒီနောက် ခွင့်လွှတ်နားလည် ပေးလိုက်နိုင်ခြင်းနဲ့အတူ ကိုယ့် စိတ် ကိုယ် “သိ”ပြလိုက်တဲ့ အကျိုးပြု ပိုစ့်လေးပါ ။
မဖတ်လိုက်ရသူများ ကျော်ခွမသွားပဲ မမေ့မလျော့ ဖတ်လို်က်သင့်တဲ့ ပိုစ့်ကောင်းလေးမို့ ကျနော်တို့ စာချစ်သူများ ပြန် ညွှန်းလိုက်ရပါတယ်။

————————————————-

 

အို! မြန်မာ!!! – Ohhhh!! Burma!!!
– ခင်ဇော်
https://myanmargazette.net/214872

ဗဟုသုတနဲ့ ပတ်သက်တာပဲဖြစ်ဖြစ်၊ ဟင်းချက်နည်း မုန့်လုပ်နည်းတွေပဲဖြစ်ဖြစ်၊
သေသေချာချာ စုံစုံလင်လင် တင်ပြတတ်တဲ့ မမချွိ (ခေါ်) ခင်ဇော်ရဲ့ “အို! မြန်မာ!!! – Ohhhh!! Burma!!!” ပို့စ်လေးဟာ စင်ကာပူမှာပြုလုပ်တဲ့ Myanmar Legal, Tax & Business Insights Seminar ကိုတက်ရောက်ရင်း ထိုပွဲရဲ့ One of the speaker တစ်ယောက်ရဲ့ စကားပြောကြရင်း မြန်မာပြည်ရဲ့ မသိသေးတဲ့ (သို့) လူသိနည်းတဲ့ ဆိုးရွားတဲ့ အခြေအနေကို ဖတ်ရင်းသိလာရတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။
သေသေချာချာ စုစုစည်းစည်း ရေးသားထားတဲ့အတွက် ကျနော်တို့အဖွဲ့ကနေ ဖတ်သင့်တဲ့ လေ့လာသင့်တဲ့ ပို့စ်ကောင်းတစ်ပုဒ်လို့ ညွှန်းဆိုချင်ပါသေးတယ်။

————————————————-

ပို့စ်လေးတွေညွှန်းတာလည်း ပြည့်စုံသင့်သလောက် ပြည့်စုံသွားပြီမို့၊ မပြည့်စုံတာများရှိခဲ့ရင်
အနူးအညွှတ်တောင်းပန်ရင်းနဲ့။ ညွှန်းဆိုထားတဲ့ ပို့စ်တွေကိုလည်း ဖတ်ရှုလို့ရမယ့် လင့်ခ်များကို နာမည်နှင့်တကွ ဖော်ပြထားပါတယ်။ လာမယ့် ဇွန်လရဲ့ ဝါဆို-ဝါခေါင်ရေဖောင်ဖောင်တွေကြားကနေ ရွာထဲမှာ ဘယ်လိုပို့စ်ကောင်းတွေ ထွက်ပေါ်လာမလဲဆိုတာ ကျနော်တို့စာချစ်သူအဖွဲ့လေးကလည်း
စောင့်မျှော်နေပါကြောင်း ပြောကြားရင်း ရသ၊သုတစာပေတွေ အဓွန့်တည်ပါစေလို့ ရည်သန်ရင်း“မေ”လနဲ့အတူ နှုတ်ဆက်လိုက်ပါတယ်။

————————————

နောက်ထပ် မမေ့မလျှော့ ကိုထွန်းဝင်းလတ်အတွက် အလှူခံဖလား ကူခေါက်လိုက်ပါတယ်….
အလှူခံဗျို့ အလှူခံ
– kotun winlatt

https://myanmargazette.net/214167
ကလေးတွေပညာရေးအတွက် ကျူပ်တို့ရွာသူရွာသားတွေ လက်မနှေးဘဲ အလှူငွေလေး စုလိုက်ကြရအောင်ပါ။ ဒါမှလည်း ဒီလူတွေ ဒီလူတွေနဲ့ အမြဲရေစက်ဆုံနိုင်တော့ မပေါ့ဗျာ။ မဟုတ်ဖူးလား။

 

 

16 comments

  • တောင်ပေါ်သား

    June 3, 2015 at 4:17 pm

    ကျေးကျေးဗျို့

  • ခင်ဇော်

    June 3, 2015 at 4:24 pm

    စာချစ်သူ အဖွဲ့ကိုလည်း ကြိုဆိုပါတယ်။
    ဘာလို့ ဆို တညား ရဲ့ ပို့(စ) ၂ ပို့(စ) ညွှန်းလို့ပါ။
    ဟိ။

    :kwi:

    ကြာကြာ ချစ်နော်။
    ဟို ဂျဘိုးတွေလို ထွက်ကိုက်ပြီးမှ ပျောက်မသွားကြနဲ့။

    🙂

  • ဒီလို ဖတ်ညွှန်းအဖွဲ့ရှိတာ ကောင်းပါတယ်

    အချိန်မအားလပ်တဲ့အခါမျိုးမှာ ဒါလေးဖတ်ပြီး ဖတ်လိုက်ရင်

    အချိန်လုစရာမလိုတော့ဘူးလေး

    ဒါမျိုးလုပ်ပေးသူကိုလဲ လေးစားပါတယ်

  • Alinsett @ Maung Thura

    June 3, 2015 at 6:05 pm

    .ဖွေးဖွေးလေးကို ထည့် ညွှန်းကြပါလားကွယ်
    ဂလု
    ပလို့ဂျိ

    :k:

  • ဦးဦးပါလေရာ

    June 3, 2015 at 10:09 pm

    .ဒီအဖွဲ့လေးကိုလဲ ဝမ်းမြောက် ကျေးဇူးတင်စွာကြိုဆိုပါတယ်..
    .ကျုပ်လို ရွာထဲ အဝင်ကျဲတဲ့သူတွေ ရွေးချယ်ဖတ်နို်င်ဖို့ အင်မတန်အဆင်ပြေသွားတာပေါ့..

  • padonmar

    June 3, 2015 at 10:20 pm

    ဒီလို အချိန်ကုန်ခံပြီး ဂျီးဒေါ်နွားကျောင်းပေးကြတာ ကျေးကျေးပါဗျို့။
    ဂျပိုး တွေ ပျောက်သွားတော့ ဟာတိဟာတာ ကွက်လပ်ဖြစ်နေတာ။ အခုလိုဆိုတော့ နေ့တိုင်း ရွာထဲ မရောက်နိုင်မှာ မပူရတော့ဘူး။မောင်ဘလှိုင် ၂ပုဒ်တော့ ဖတ်ပြီး စာရေးစာဖတ်ဝါသနာရှင် ဂရုမှာတောင် ရှဲပေးလိုက်သေးတယ်။ အဲဒီမှာလည်း ကြိုက်ကြလို့။
    ကျန်တဲ့ မဖတ်ရသေးတာတွေ အတွက် ထပ်ဆင့်ကျေးကျေး။
    တီဒုံ့ ၂ပုဒ်တောင် ထည့်ရွေးလို့ ၃ထပ်ဆင့် ကျေးကျေး။
    စာရေးစာဖတ်ဝါသနာရှင်ထဲ မရှဲရသေးတာတွေ ရှဲပရစေလို့ ပို့စ်ပိုင်ရှင်တွေ ကို ခွင့်တောင်းပါတယ်။ကိုယ်တိုင် ရှဲရင်လည်း ရှဲပေးသွားကြပါ။

  • Ma Ma

    June 4, 2015 at 7:21 am

    ရွာထဲမှာ ပျင်းခြောက်ခြောက်ဖြစ်နေတယ်လို့ ခံစားရတာ စာချစ်သူပိုစ့်က စိုပြေသွားစေတယ်။
    ညွန်းတဲ့ပိုစ့်တွေအားလုံးကလည်း ကိုယ်ကြိုက်တဲ့ပိုစ့်တွေချည်းပဲ။ 🙂

  • Mike

    June 4, 2015 at 10:38 am

    .ညွှန်းဆိုထားတဲ့ပို့စ်တွေအားလုံးပဲ ဖတ်ဖြစ်ခဲ့ပါတယ်
    .ရေရှည်သွားနိုင်ပါစေ “စာချစ်သူ ” လို့ပြောပါရစေ…
    .စာချစ်သူ အဖွဲ့ရဲ့ လေသံကိုလည်းတရင်းတနှီးရှိပါကြောင်းဗျာ :))

  • weiwei

    June 4, 2015 at 10:48 am

    ရွာထဲသိပ်မရောက်ဖြစ်ပေမယ့် ဖတ်ထားမိတဲ့ပို့စ်တွေ ဖြစ်နေလို့ အရမ်းတော့ အဆက်မပြတ်သေးပါလားလို့ …

  • kai

    June 4, 2015 at 4:44 pm

    စုစည်းပေးအပ်လိုက်သော.. ပညာ..။သညာ..။ ဗဟုသုတတို့ကို.. အမျှဝေစု ကိုယ်စီရကြ၍..
    ကောင်းလေစွ..ကောင်းလေစွ..ကောင်းလေစွ.. ဟု ၃ကြိမ်ခေါ်ပါကြောင်း..။

  • မြစပဲရိုး

    June 5, 2015 at 1:55 am

    “စာ” ကို ချစ်သူ တဲ့လား။
    ကိုယ့် ကို ချစ်သူ တွေ ကို ကျေးဇူးတင်ရပါတယ်။
    . ဘူသူ တွေ ဘဲ ဖြစ်ဖြစ် ကျေးဇူးပါ။

    ပုံ
    .မြ “စာ” ကလေး

    PS – သတိတော့ ထားကြဟေ့။
    စာ တွေ က ရင်ထဲ ကို အားနဲ့ အတင်းတိုးဝှေ့ ဝင်လာလို့ ရင်ကွဲနာကျ နေဦးမယ်။ 😉 :-)))))

  • Courage

    June 12, 2015 at 6:47 am

    စာညွှန်းတွေအတွက် ကျေးဇူးပါ

  • manawphyulay

    June 13, 2015 at 9:57 am

    စာချစ်သူက စာညွှန်းပေမယ့် စာဖတ်မဖြစ်တာ အတော်ကြာခဲ့ပါပြီ။
    စာပေနဲ့ဝေးနေသလို ခံစားမိတဲ့အတွက် အခု နိုင်သလောက်လေး ပြန်ဖတ်မယ်လို့ စိတ်ကူးထားမိပါတယ်။ ဒါပေမယ့်ပေါ့လေ ခုထိတော့ သေသေချာချာ မဖတ်ဖြစ်သေးတာပါပဲ။ စာမဖတ်ဖြစ်တော့ ဝေးကွာခြင်းရဲ့ ပြယုဂ်ကို ခံစားနေမိပါတယ်….

  • lu lu

    June 16, 2015 at 4:49 pm

    တချို ့ဖတ်မိတချို ့မဖတ်မိ
    အညွှန်းဖတ်မိလို ့ရှာ ဖတ် ဖြစ်တော့တယ်
    ကျေးဇူးပါ စ ာ ခ ျ စ ် သ ူ
    🙂

  • ဦးကြောင်ကြီး

    June 18, 2015 at 10:26 am

    သိတ်အားနေ ကိုယ့်ဟာကိုယ် ကလိနေဂ ျပါရား….

Leave a Reply