” ယုံမိမှား “
“ယုံမိမှား”
လောကထဲက
လောဘသား
ပွားလာမလားလို့
ယုံမှတ်။
ပုံအပ်မိ
သကာလ
အလိုလေး လေး
မမင်းတုပ်
အရင်းပြုတ်ပါပကော တော်။
ကိုပေါက်လက်ဆောင် အတွေးစဉ်
၁၀- ၄- ၂၀၁၅
We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.
The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ...
Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.
Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.
Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.
Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.
Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.
“ယုံမိမှား”
လောကထဲက
လောဘသား
ပွားလာမလားလို့
ယုံမှတ်။
ပုံအပ်မိ
သကာလ
အလိုလေး လေး
မမင်းတုပ်
အရင်းပြုတ်ပါပကော တော်။
ကိုပေါက်လက်ဆောင် အတွေးစဉ်
၁၀- ၄- ၂၀၁၅
12 comments
အောင် မိုးသူ
June 23, 2015 at 12:44 pm
ယုံမိရင် မှားတတ်တယ်ပေါ့ ဟုတ်လား
ကိုပေါက်(မန္တလေး)
June 23, 2015 at 5:28 pm
ယုံ
ပုံ
ကုန်
Alinsett @ Maung Thura
June 23, 2015 at 1:03 pm
ဘဝမှာ အရင်းပြုတ်သွားတဲ့ အဖြစ်တွေ မကြာခဏ ကြုံရတတ်တယ်…
ကိုပေါက်(မန္တလေး)
June 23, 2015 at 5:32 pm
အဲ လိုဖြစ်သွားရင်
တစ်ယောက်ကငွေကုန်
တစ်ယောက်ကသိက္ခာကုန်တယ်
Mike
June 23, 2015 at 1:14 pm
.လတ်တလောပါပဲ…ဖွဘုတ်မှာ ရွာသူတစ်ယောက်အလိမ်ခံရတာ .ဖတ်လိုက်ရတယ်…ယုံကြည်မှုကိုအလွဲသုံးစားလုပ်ခံရတာပါပဲ..လောဘလည်းပါတာပေါ့
.အားလုံးသတိပြုဆင်ခြင်ဖွယ်ပေါ့
ကိုပေါက်(မန္တလေး)
June 23, 2015 at 5:40 pm
အချင်းချင်းဆိုရင်တော့ရုံးမတက်ဘဲ
အပြင်မှညှိတာက
ငွေကုန်သက်သာမယ်ထင်ပါတယ်
တောင်ပေါ်သား
June 23, 2015 at 1:30 pm
အင်းးးးး လိမ်နည်း ဆွယ်နည်းတွေကလည်း တစ်နေ့တစ်မျိုး မရိုးနိူင်
ကိုပေါက်(မန္တလေး)
June 24, 2015 at 7:12 am
ကမျိုးရေ
ဟိုအရင်က နာမယ်ကြီးခဲ့တဲ့ နေအေး လိမ်နည်း 100 နေခဲ့ပေတော့ဆိုတဲ့ခေတ်ရောက်သွားပြီ
Ma Ma
June 23, 2015 at 6:43 pm
အလိမ်ခံရရင် လောဘကြောင့်ဆိုတာ မမှားပေမယ့် အလိမ်လည်း ခံရသေး လောဘကြီးတာကိုးလို့ အပြောလည်း ခံရတာတော့ အတော်အထိနာတယ်။
ခေတ်အဆက်ဆက် လူလိမ်ဆိုတာ ရှိခဲ့/နေတာပဲ။
လိမ်တဲ့သူကို ဘယ်လိုမှ အပြစ်မပေးနိုင်တာက လိမ်တာတွေပေါများလာရခြင်းရဲ့ အဓိကအကြောင်းရင်းးးး
ကိုပေါက်(မန္တလေး)
June 24, 2015 at 7:17 am
မမ ရေ
အလိမ်ခံရတာ လောဘကြောင့် လို့ အကြမ်းဖျဉ်းပြောနိုင်ပေမယ့်
သနားတတ်လို့
အာားနာလို့
ချစ်လို့ ဆိုပြီး အလိမ်ခံလိုက်ရတာတွေလဲအများကြီးပါ။.
ကျနော်တို့နိုင်ငံ မှာ ဥပဒေ က စာအုပ်ထဲမှာဘဲရှိပါတယ်။
တရားရုံးရောက်ရင် အချိန်ကုန်ပါတယ်။
ပြန်တွက်ကြည့်ရင် လိမ်သွားတဲ့သူက ရပြီးသားနဲ့ တရားရင်ဆိုင်ရမှာ
ကိုယ်က ဆုံးရှုံးနေတာကို ငွေထပ်ထုတ်ရမှာ။
အဲတော့ အချိန်ကုန် ငွေ ကုန် လူပန်း ထပ်အဖြစ်မခံနိုင်တော့
တရားမစွဲဘဲ အောင့် အီးသည်း ခံ နေရတဲ့ ဘဝရောက်ကုန်တာပါ။
အဲတော့
ကိုယ်ကသူများဟာ ယူထားတယ် ပေးစရာရှိနေတယ်ဆိုတာ သေချာပေမယ့်
သွားချင်ရာ သွား တိုင်ချင်ရာ တိုင်လို့ ပြောပြီး မတရား ယူတဲ့လူတွေ
တဲ့လူတွေများသထက်များလာတော့ တာပေါ့။
aye.kk
June 24, 2015 at 1:07 pm
ကိုပေါက်ရေ..
အဖေဆုံးမတဲ့စကါးသေတဲ့အထိမှတ်သားထားမိတာရှိပါတယ်။
“ကိုယ်ကကျူးကိုယ့်ဒူးတောင်မယုံရ”ဆိုတာအဖေအမြဲပြောနေကြစကါးလေးပါ။
ပြည်သူပိုင်မသိမ်းခင်ကအိမ်မှာမိသားစုလိုအတူတူခေါ်ထားတဲ့ဒေါ်ကျင်ယုံဆိုတဲ့မိန်းမရှိပါတယ်။
ပြည်သူပိုင်သိမ်းပြီးခေတ်မှာဒေါ်ယုံဆိုတဲ့သူကအဖေ့ထံမှာရွှေတွေအများကြီးရှိနိုင်မယ်ထင်ပြီး
လိမ်ယူတာပါ။ပြည်သူပိုင်သိမ်းပြီးနောက်ပိုင်းမှာပေါ့နော်။အမေပြည်သူပိုင်မသိမ်းခင်ကသူ့ကို
ရွှေဘီးတစ်ချောင်းလုပ်ထားပေးပါတယ်။ပြည်သူပိုင်သိမ်းပြီးအရင်လိုသူ့ကိုမပေးကမ်းနိုင်တော့
စိတ်ထဲအထင်အမြင်လွဲပြီး၊နောက်ထပ်ရယူလိုတဲ့စိတ်နဲ့ဂွင်ဆင်တာပေါ့နော်။အမေလုပ်ထားပေးတဲ့လက်ရာမို့
အမေကလည်းနှမြောတတ်တော့၊သူလိမ်လို့ကေါင်းသွားတယ်။
အမေ့အကြောင်းလဲသူသိထားတယ်၊အမေလုပ်ထားပေးတဲ့ရွှေဘီးကို
ပိုက်ဆံမရှိလို့ရောင်းစားချင်တဲ့အကြောင်းအမေ့ကိုလာပြောပါတယ်။အမေကသနားတော့
ရွှေဘီးလေးကို အပေါင်သဘောထားပြီး တန်ဘိုးနဲ့ညီမျှတဲ့ပိုက်ဆံပေးလိုက်ပါတယ် ။
အဲဒီမိန်းမဒေါ်ယုံကသူမင်္ဂလာဆောင်သွားစရာရှိလို့ရွှေဘီးခဏပြန်ငှားဝတ်ပါတယ်။
အမေကလည်းယုံတော့ဒေါ်ယုံကိုခဏပြန်ငှားပေးလိုက်ပါတယ်။ရွှေဘီးပြန်လာထားတဲ့အချိန်ပုံစံတူရွှေဘီး(ရွှေရည်စိမ်)
ထားပြီးပေးသွားတယ်။အမေကယုံကြည်တော့ပြန်မစစ်ဘူး၊ရွှေရည်စိမ်ထားမေမဲ့လို့အစစ်နဲ့ကခွဲခြားမရအောင်တုထားတယ်။
အမေကလဲအစစ်ပဲထင်မိတာ။လအနည်းငယ်ကြာတော့ အမေဆီကလာပြန်ရွေးတယ်။သူပြေလည်လို့ရွှေဘီးပြန်လိုချင်တယ်
ပေါ့နော်။အမေကလည်းပြန်ပေးလိုက်တယ် ။ ပြန်သွားပြီးအိမ်တောင်ပြန်မရောက်သေးပဲလမ်းတဝက်ကနေလှည့်ပြန်လာပြီး
မှသူ့ဘီးကိုအတုပြန်ပေးတယ်ဆိုပြီးရိုးစွပ်တော့တာ၊အမုန်းလုပ်သွားလိုက်တာပါ။အမေကနောက်ထပ်ရွှေဘီးအစားပြန်ပေး
လိုက်ရတယ်။ စကါးမများချင်တာ၊နောက်ပြီးအမေတို့ကအဲဒီအချိန်အခါကမြို့မျက်နှာဖုံးတွေလို့အသိမှတ်ပြုခံထားခံထားရသူ၊ဂုဏ်သိက္ခာရှိရှိနဲ့နေထိုင်ကြသူတွေဆိုတော့၊မဖြေရှင်းတော့ဘူး၊အရှက်မရှိတဲ့သူအတွက်နဲ့သိက္ခာ အကျမခံနိုင်ဘူးဆိုပြီး
သူလိမ်လည်ပြီးယူတာကို၊သိသိကြီးနဲ့ရှိတဲ့ရွှေကိုထပ်ပေးလိုက်ရတယ်။
မိဘတွေကိုလိမ်တဲ့ဒေါ်ယုံကိုအစ်မအနေနဲ့ဒီတသက်မှာမယုံတော့ဘူး။
တူသောအကျိုးသူပြန်ရတာပေါ့နော်။တော်တော်ကိုကြောက်စရာကေါင်းတာပါ။။အခုရိပ်သာဝင်ပြီး သိတဲ့တရားပေါ့နော်။
“အရိယာမဖြစ်သရွေ ့ငါးပါးသီလခိုင်မြဲမည်၊မြဲမြံမည်ဟုမယုံကြည်ပါ”ဆိုတာကိုပါ။အဲဒီအသိကအမှန်သိပါ။ပုထုဇဉ်မှန်သမျှငါးပါးသီလမခိုင်မြဲနိုင်တာအကြွင်းမဲ့လက္ခံမိပါတယ်။။။။သတိပြုစရာပါပဲ။။။
ကိုပေါက်(မန္တလေး)
June 24, 2015 at 2:37 pm
မမအေးရေ
လူယုံ သတ်တယ်ဆိုတာ ဒါမျိုးဘဲဖြစ်မယ်ထင်ပါတယ်။
သူဒီလိုယူလိုက်လို့ရော သူ့ တစ်ဘဝစာ လုံမယ်ထင်ပါသလား။
ခဏတာ နဲ့ ကုန်သွားမှာပါ အမှန်ပါဘဲ။.