ရွေးကျန် လမ်း
“ဟဲ့။ ဖြည့်လေ ဖြူ ရယ်။ ဘာတွေ စဉ်းစားနေတာတုန်း??”
.
မေ့ အမကြီး ကြီးကြီးဆီ က ဆော်ဩသံ အကြား ဖြူ ဘာ ဆက်လုပ်ရမည် အကြံအိုက်နေသည်။
.
“ကဲ! ရေး ရေးးး
၁ က ဆေးတက္ကသိုလ် လို့ ရေးးး
၂ က စက်မှု တက္ကသိုလ်လို့ ရေးး…”
.
“ဟွာလေ၊ ကြီးမေ .. ဖြူ မှ ဆရာဝန်မဖြစ်ချင်တာ၊ အင်ဂျင်နီယာလည်း မဖြစ်ချင်ဘူးးး”
.
“ဖြူ… ငါ ခေါက်မိတော့မယ်နော်။ ဂျစ်ကန်ကန်မလုပ်နဲ့၊ သမီး ကိုကြိုးစားခိုင်းခဲ့တာ ဒီ ပန်းတိုင်ရောက်ဖို့…”
.
“သမီးက ဘာဖြစ်ချင်တာတုန်းးး”
.
အဖိုးရဲ့ လှမ်းမေးတော့ ကြီးမေ က မမေးစေချင်သလို အဖိုးကိုလှည့်ကြည့်သည်။
ဖြူကတော့ အားတက်သရော ပြန်ဖြေသည်။
(အိမ်မှာ အဖိုးက ဘုရင်ကိုးးးး)
.
“ဖိုးးးး၊
ဖြူ ဂစ်တာတီးသင်ချင်တယ်၊ သီချင်းဆိုချင်တယ်…”
.
ဘာ???
.
ဟာ၊ မှားပြီ။ ဖြူ ပြောမိပြီးပြီးချင်း နောင်တရသွားသည်။
သူ့တို့ ညီမ နိုင်ငံကျော်မင်းသမီးကိုတောင် အနုပညာ အလုပ်လုပ်တဲ့အမှုနဲ့ မခေါ်ခဲ့တဲ့ အဖိုးးး။
အဖိုး မျက်နှာကို ကြောက်ကြောက်နဲ့ အကြည့် မှာ စိတ်တိုသွားပေမဲ့ စိတ်ထိန်းထားတဲ့ မျက်နှာပေးနဲ့ ဖြူ့ကို ကြည့်နေတာ တွေ့လိုက်သည်။
.
“နောက်တစ်ခု ပြော ငါ့ မြေးး…”
.
ဟူးးးး !!!!
ဖြူ အတော် စဉ်းစားရကြပ်သွားသည်။ ဖြူ ဖြစ်ချင်တာတွေက အဖိုး သေချာပေါက် သဘောမကျတဲ့ အလုပ်မျိုးချည်းးးး
.
“ပြောလေ။ ဖြူ နောက် ဘာဖြစ်ချင်သေးလဲ၊ ဘာလုပ်မယ် လို့ စိတ်ကူးလဲ…”
.
ဖြူ့ စိတ်ထဲ လွန်ဆွဲနေရာမှ အဖိုးဆီက ဒီလို လမ်းဖွင့်တဲ့ စကားကြားတုန်း အားတင်း၍…
.
“ဖြူ၊ ဒီ ဇိုင်း နာ ဖြစ်ချင်တာ အဖိုးးး…”
.
“ဒက်ဒီ၊ ကြည့်လေ ဒက်ဒီ မြေး စက်ချုပ်ချင်တာတဲ့။ ဘာမှ မခိုင်းရက်ပဲ စာပဲကြိုးစားခိုင်းတာ စက်ချုပ်မလို့တဲ့” ကြီးငယ် အသံ။
.
အဖိုးက လက်ကာပြပြီး “နောက်ရော”
.
ဖြူ ပိုအားတက်လာသည်။
.
“ဟိုလေ၊ ဟို။ ဖြူ ဓာတ်ပုံဆရာ ဖြစ်ချင်တာ။ ဖြူ့ ဒက်ဒီကလည်း ကင်မရာ ဝယ်ပေးမယ်တဲ့။ အဲဒါ…”
.
“ဖြူ့ အဖေနဲ့ အမေတော့ ခက်တာပဲ။ ကလေးလုပ်ချင်တာ လုပ်ပေးမယ် ဆိုတာချည်းပဲ။ လုပ်ပေးသင့် လုပ်မပေးသင့် မစဉ်းစားဘူးးး”
.
“ဖြူ ဘာမှ မဟုတ်တာ လုပ်ချင်နေတာမှ မဟုတ်ပဲ ကြီးမေရဲ့” မွေးစား အမေလိုဖြစ်နေတဲ့ အချစ်ဆုံး အဒေါ်မို့ ချွဲမိသည်။
.
“ဒါပေမဲ့… ဖြူ လုပ်ချင်တာတွေကလည်း မဟုတ်သေးဘူးး”
.
“ဘာတွေများ မဟုတ်တာပါလိမ့် ကြီးမေရယ်” စိတ်ထဲကပဲ ပြန်ပြောနိုင်တော့သည်။
.
“သမီး အဖေနဲ့ အမေက ကလေး ကို အလိုလိုက်ဖို့ပဲ သိတာ။ ဒီလို ၁ဝ တန်း အမှတ်ကောင်းဖို့ ကြီးမေတို့ မောနေအောင် လုပ်ပေးခဲ့ရတာ။ ကိုယ့် သမီးလေး ကျောင်းကောင်းကောင်းတက်ပြီးးး ပညာတတ်ကြီး ဖြစ်တာ မြင်ချင်တာပေါ့ကွယ်။”
.
ဟုတ်တော့ ဟုတ်သည်။
.
မာမီမှာ ညီ အမ ၄ ယောက်မှာ မာမီကလွဲရင် ၃ ယောက်က ကျောင်းဆရာမတွေ၊
ကြီးမေ ရဲ့ အမျိုးသား ဘဘ က ကျောင်းဆရာ။
ဖိုးဖိုးကရော၊ ဆုံးပါးသွားပြီဖြစ်သော ဖွားဖွားကပါ အငြိမ်းစား မြို့နယ်ပညာရေးမှူးတွေ ဖြစ်သည်။
.
မြေးဦးဖြစ်တဲ့ ဖြူ့ ရဲ့ ၁ဝ တန်းဟာ သူ့တို့ အတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ။ ၉ တန်းကတည်း က သူ့တို့ အနား ခေါ်ထားကာ ၁ဝ တန်းကို အားတက်သရော ကြိုးစားပေးကြသည်။
.
အဲဒီ အောဒီ လိုချင်ကြသော ဆွေမျိုး အစုံကြားမှာ ရုပ်ရှင်ကြည့်လိုက်၊ အစားစားလိုက်၊ စာအုပ်ဖတ်လိုက်နဲ့ ကြောက်လန့်ရကောင်းမှန်းမသိ ဒီလိုပဲ ဖြတ်ကျော်ခဲ့တာ။
.
စာမေးပွဲတွင်း ဖြူက ဝလာပြီး သူတို့က မျက်တွင်းဟောက်ပက်နဲ့ ပိန်သွားအောင်ကို ကြိုးစားကြခြင်းဖြစ်သည်။
.
“ဟဲ့။ ဘာစဉ်းစားနေတာလဲ ဖြူ ။ ရေးလေ”
ဖြူ့ စိတ်ထဲ နယ်မှာရောက်နေတဲ့ ဖေနဲ့မေ မျက်နှာပြေးမြင်မိသည်။
.
ဘယ်အတန်းတက်တက် ဘာဖိအားမှ မပေးပဲ လိုအပ်တာကိုသာ ဖြည့်ပေးတတ်တဲ့ အမေအဖေနဲ့ နေခဲ့ရတာမို့ ၉ တန်း/၁ဝတန်း အဖိုးအိမ်ရောက်တဲ့ နှစ်တွေဟာ ……
ဖြူ့ အပေါ်မှာ အာရုံတွေ စုပုံခံခဲ့ရတာမို့ စိတ်အဖိစီးမှု အများဆုံး နှစ်တွေလို့ ဆို ရမှာပင်။
.
ကိုးတန်းကို ဘယ်ကျောင်းမှာ ထားမလဲ က အစ ကျောင်းမတူ တဲ့ ညီအမတွေ ငြင်းခုန်လုယက်တာကို “ဪ၊ ဖြူ့ ကို ချစ်ကြတယ်” ဆိုတဲ့ ကြည်နူးစိတ်နဲ့ အစ ပထမ ပျော်ရွှင်ခဲ့ရဖူးသည်။
.
နောက်တော့ ကြီးမေက သူတို့လင်မယားရှိတဲ့ ကျောင်းမှာပဲ ထားကာ ကြီးမေ သူငယ်ချင်း ဆရာ/ဆရာမ မျိုးစုံ ရဲ့ …
.
အတန်းထဲတွေ့ စာမေးခြင်း…
.
ဝန်းထဲတွေ့ ကြီးမေဆီ သီတင်းပို့ခြင်း…
.
ဈေးတန်းတွေ့ ဘာစားသနည်း စစ်ဆေးခြင်း…
.
လိုက် စ သမျှ ကျောင်းသားတို့အား နားနေခန်းခေါ်၍ ဆုံးမ ကြခြင်း…
………..စသော စေတနာများရဲ့ အောက် ပြားပြားမှောက်ခြင်း ဘဝရောက်၏။
:g:
အိမ်သို့ ပြန်ရောက်သော် အိမ်မှ ဆရာမများ၏ မျက်စိအောက်….
.
ဝရန်တာထွက်ရပ်မိပါက နောက်က ထပ်ချပ်မကွာလိုက်ခြင်း….
.
ဖြူ ကြည့်ရာ အရပ်မျက်နှာသို့ အဒေါ် ၃ ယောက်၏ မျက်လုံး ၆ လုံး ပါလိုက်လာခြင်း….
.
အိမ်ရှေ့ဖြတ်ဖြတ်သမျှသော ကာလသားများမှာ သူတို့ တပည့်များ ဖြစ်ဖူးခြင်းကြောင့် အိမ်ထဲ လှမ်းကြည့် အပြစ်ရှိ မျက်စောင်းဖြင့် လမ်းပေါ်တစ်လှည့် ဖြူ့တစ်လှည့် အထိုးခံရခြင်း…….
………စသော အုပ်ထိန်းမှုအောက်တွင်း ဝပ်ဆင်းရပေသည်။
.
ဒီလိုနှင့် ၁ဝ တန်းကို ဆွေမျိုးအစုံ လိုက်ပါဖြေဆိုပြီးနောက် အောင်မြင်ခြင်း အဆင့်ကို ရောက်သော် တက်ရမည့် တက္ကသိုလ် ရွေးချယ် ရာ တွင် အထက်ပါ အတိုင်း အငြင်းအခုံဖြစ်နေခြင်းပင်ဖြစ်သည်။
“ဒီမယ် ဖြူ၊ သမီး ဒီလို ကြိုးစားခဲ့တာ ပညာတတ် ဖြစ်ဖို့မဟုတ်လား”
“ဟင့်အင်းး”
စိတ်ထဲကကြိတ်ငြင်းသည်။ ဟုတ်သည်လေ၊ ပညာတတ်ဖြစ်စေချင်တာ သူတို့ ပဲ ဟာကို။
ကြီးမေကတော့ မသိ၊ ဆက်ပြောသည်။
“ပညာနဲ့ အသက်မွေးဝမ်းကြောင်းနိုင်တဲ့ မိန်းကလေး ဆိုတာ မတိမ်ကောပါဘူး သမီးရယ်”
“သမီးများ ဆရာဝန်မကြီး ဖြစ်ရင်၊ အင်ဂျင်နီယာမကြီး ဆိုရင် သမီးဖေဖေတို့ မေမေတို့ ဖိုးဖိုးတို့ ကြီးမေတို့ ဘယ်လောက် ဝမ်းသာစရာကောင်းလိုက်မလဲ”
“ကျန်တာတွေက ဝမ်းသာ စရာမကောင်းဘူး လား” ဟု မေးချင်စိတ်ကို ရင်ထဲသို့ ပြန်မျိုချလိုက်ရင်း ဖြည့်လက်စ ဖောင် ပေါ်ကို အာရုံ ပြန်စိုက်လိုက်တော့သည်။
41 comments
surmi
June 22, 2015 at 11:10 pm
မကြာခင် နှစ်အနည်းငယ်အတွင်း ကျုပ်တို့လည်း သားသမီးနဲ့မိဘ လွန်ဆွဲရပေဦးမယ် 🙁
စိတ်ထဲတော့တွေးထားပါတယ်……
သူတို့ နှစ်သက်ရာ ရွေးပစေပေါ့ ……
ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျဖို့ဆိုတာ လွယ်တာမှမဟုတ်ဘဲ
ဇီဇီခင်ဇော်
June 23, 2015 at 7:51 am
ဆာဆာရေ။
တခါတလေ မိဘတွေက နားလည်နိုင်ပေမဲ့ ပတ်ဝန်းကျင်ဆိုတာ ဝင်လာတဲ့ အခါ မိဘတွေအနေနဲ့ အတော် ကျပ်တည်းမှာပဲ။
ဆေး ဝင်ပြီး ဆေးကျောင်းမတက်ဘူး ဆို (ဟင်!!!)
ဆေးမမှီဘူးဆိုလည်း (ဟင်!!!)
အဲလိုတွေ ဖြစ်နေတာ။
အဲဒီတော့ အကောင်းဆုံးအခြေအနေ သာရပါစေ ကြိုက်တာ ရွေးလို့ ရတယ် ဆိုတဲ့ စိတ်လေး ကလေးတွေဆီမှာ ဝင်ဖို့ အရေးကြီးနေတာ။
ဦးဦးပါလေရာ
June 22, 2015 at 11:43 pm
ဆယ်တန်းအောင်တဲ့အရွယ်မှာ
ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုသိဖို့လဲ လိုသေးတယ်..
ဒီခေတ်ပညာရေးစံနစ် – ကျောင်းစာချည်းလှိမ့်ကျက်နေရသူတွေ
လုံလောက်အောင်ရင့်ကျက်ဖို့ အချိန်မှရှိပါလေစ.. လို့ တွေးမိတယ်
ဇီဇီခင်ဇော်
June 23, 2015 at 7:54 am
အမှန်အတိုင်း ပြောရရင် ကျနော်တို့အဲဒီ အရွယ် စိတ်ထဲမှာ ဘာဖြစ်ချင်တယ် ပြင်းပြင်းပြပြ မရှိခဲ့ဘူးးး
ကိုယ့်စိတ်ထဲမှာ ရှိတာကိုလည်း ဘယ် က စ အကောင်အထည်ဖော်ရမယ် မသိ။
မြစပဲရိုး
June 23, 2015 at 3:03 am
ဆရာဝန်တော့ သွေးကြောက်တာမို့ အလကားတက်ခိုင်းရင်တောင် မတက်နိုင်။
အင်ဒုံနီယာ ကို တော့ ရူးခဲ့တာပါ။
တုံးလေး တွေ နဲ့ အိမ်ဆောက် ကဒ်ပြားတွေ နဲ့ ဒီဇိုင်းဖော် ငယ်အိမ်မက် ကတော့ ဟုတ်လို့ဘဲ။
ကိုယ့်တုန်းကတော့ ပညာရေးမှာ ဘယ်သူမှ အတင်းမတွန်းနိုင်ခဲ့ တာမို့ လဲ ပေါ့ပေါ့နေရင်း အိမ်မက် ကို မဖော်နိုင်ခဲ့။
တကယ်မှာတော့ ကလေး အများစုက ကိုပါပြောသလို ကိုယ်ဘာလုပ်ချင်တယ် ဆိုတာ မသိလောက်ကြဘူး။
သူတို့ ဘယ်လိုနေရာမှာ ထူးချွန်နိုင်မယ် ဆိုတာ ကိုလဲ စနစ်တကျ ဆွေးနွေး လေ့လာပေးသူ မရှိဘူး။
အခု “ဖြူ” ကတော့ ကံကောင်းတယ် ပြောချင်ပါတယ်။
ထူးချွန်အောင် တွန်းပေးမဲ့ အသိုင်းအဝိုင်းရယ်၊ ကလေး စိတ်ပါ ထူးချွန်တာ ကို ဆွေးနွေးပေးမဲ့ ဖိုးဖိုး ရှိတာ ရယ်။
ဘဝ တကယ်ရပ်တည်နိုင်ဖို့ မှာ ကိုယ် ဝါသနာပါတာ က အလုပ်အကိုင်ကောင်း အတွက် မဟုတ်ရင်လဲ ခက်ပါတယ်။
Hobby နဲ့ Career မတူနိုင်ဘူး။
ကိုယ့် Hobby က Career မှာ လွယ်ရင် အကြောင်းမဟုတ်။ ဟန်ကျတယ်။
ဒါပေမဲ့ ကိုယ့် Hobby က လူတိုင်း ဝါသနာပါလို့ ပြုံ လုပ် နေတာ ဆို Career မှာ ခက်မယ်။
ပါရမီ က သူများထက် ကို သာမှ သူများတွေ ရှေ့ကိုရောက်မှာ။
အဲဒီအချိန်မှာ တော့ Hobby နဲ့ Career ကြား အတော်လေး လုပ်နိုင်ဖို့ စဉ်းစားရမှာ။
ဘာလုပ်လုပ် အသေအချာ လုပ်တတ်တဲ့ ဗီဇ ပါသူ ဆိုရင်တော့ Career အတွက် အကောင်းဆုံး ကို ဘဲ ရွေးသင့်တယ်။
. ဖြူ က “ဒီ ဇိုင်း နာ” လုပ်ချင်လို့ တကယ်ထူးချွန်ရင် ဝင်ငွေကောင်းမှာတော့ အမှန်ဘဲ။
. ပြသနာ က ဒီ ဇိုင်း နာ အတွက် တက္ကသိုလ် မှာ ဘာသာရပ်မရှိတာဘဲ။
အဲဒါမျိုးကျတော့ အင်ဂျင်နီယာ အရင်လုပ်လိုက်ကွယ်။
. နောက်မှ စက်ချုပ်သင်တန်းတက် တော့ အတိုင်းအထွာ တွေမှာ ပိုပြီး ပရို ဖြစ်တာပေါ့။
“အင်ဂျင်နီယာ” ကို ရွေးလိုက် ဖြူ။ … :-)))))
ဇီဇီခင်ဇော်
June 23, 2015 at 8:00 am
အဲဒီတုန်းကတော့ ဒီဇိုင်းနာဆို စက်ချုပ်တယ်ပဲမှတ်ကြတာ။
အေးရော။ :mrgreenn:
အမှန်တော့ ခုမှ နားလည်တာ ပိုက်ဆံရဖို့ အတွက် လုပ်တာ မလုပ်တာ အပထားးး
အမျိုးသမီးတစ်ယောက်ဟာ အသက်မွေးဝမ်းကြောင်း ပညာရပ်လေး တစ်ခု တတ်ထားသင့်တယ် ဆိုတာပဲ။
Ma Ma
June 23, 2015 at 7:34 am
(စာမေးပွဲတွင်း ဖြူက ဝလာပြီး သူတို့က မျက်တွင်းဟောက်ပက်နဲ့ ပိန်သွားအောင်ကို ကြိုးစားကြခြင်းဖြစ်သည်။)
အခြေအနေမှန်ကို ကွက်ကွက်ကွင်းကွင်း တင်ပြနိုင်ပါပေတယ်။ :k:
ကိုယ့်တုန်းကတော့ ရည်မှန်းချက်ကြီးကြီးထားတာ ရတဲ့လိုင်း တက်မယ်လို့။ :a:
အမအကြီးဆုံးက ငယ်ငယ်ကတည်းက ဆရာဝန်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။
အငယ်တွေကိုလည်း သူကပဲ စာကြိုးစားရမယ်ဆိုပြီး တွန်းခဲ့တာ။
ဘဝရဲ့အမှတ်တရလေးတစ်ခု ဖောက်သည်ချရရင်…
စာမေးပွဲနီးလို့ စာကျက်မယ်ဆိုပြီး အပေါ်ထပ်တက်၊ တံခါးပိတ်ပြီး အိပ်ပျော်သွားလိုက်တာ ထမင်းစားချိန်လာခေါ်တော့ မရလို့ စိတ်ပူပြီးတံခါးအတင်းခေါက်၊ ဘေးအိမ်တွေက ဝိုင်းကြည့်ကြ၊ နောက်ဆုုံးတံခါးဖျက်ဖွင့်ဝင်တော့မှ အိပ်မောကျနေတာတွေ့ပြီး ဆူလိုက်ကြတာ။ :k:
ဇီဇီခင်ဇော်
June 23, 2015 at 8:05 am
တူတူပဲ ချစ်မ။
ဘာဖြစ်ချင်တယ်လို့ မကြိုးစားခဲ့ဘူးးးး
တွန်းတာရော၊ ညာဏ်ကောင်းတာရော (ကွကိုယ်ထင်တာ) နဲ့ နည်းနည်းရှေ့ရောက်လာတာ။
ကျနော် ဆေးကျောင်းမဝင်တော့
ဇော်သန့်ကျ တော့ ကျနော် ဆရာဝန်မဖြစ်တော့ သူ က ဆရာဝန်ဖြစ်မှ ဆိုတဲ့ စိတ်နဲ့ ကြိုးစားတာ။
အဲလို ကွာတာ ပါ ဆို။
:mrgreenn:
ကိုယ်တွေ ပတ်ဝန်းကျင်မြန်း အဖေ ဆရာဝန်ဖြစ်ပြီး သားသမီးထဲ ဆရာဝန်မပါဘူး လား လို့ ပြောမဲ့ သူတွေ အပြည့်။
ဂစ်ဂစ်
ဂျက်စပဲရိုး
June 23, 2015 at 8:22 am
အဲလိုတွေ မြင်ရ ကြားရ ရင် မားသားကြီး ကို ကျေးဇူး တအား တင်တယ်။
ဆယ်တန်း အောင်တော့ ဘာလုပ်ရမယ် မှန်းလဲ မသိ။
ဘာ ဝါသနာ ပါမှန်းလဲ မသိ (ဘာမှ မလုပ်ဘဲ ထိုင်စားချင်တာ က ဘဝ ရည်မှန်းချက် ဖြစ်နေတာကိုး)
အဲဒီတုန်းက မှတ်မှတ်ရရ ပါပဲ
ပိုက်ဆံ များများ ရမယ့် အလုပ်အကိုင် လမ်းကြောင်း ကို စဉ်းစားတာ း)
ဆြာဝန် ကျတော့လဲ စာကျက်ရတာကို သေမလောက် မုန်း
အမေ က သူ့သား ဆရာဝန် ဖြစ်မှ အင်ဂျင်နီယာ ဖြစ်မှ ရယ် မဟုတ်ဘူး။
ဘာရွေးရွေး လွတ်လပ်ခွင့် ပေးထားတယ်။
ဘာရွေးရမှန်း မသိ ဖြစ်တော့လဲ သူပါ ဝိုင်းစဉ်းစားပေး တာ။
ကွန်ပြူတာ တက်မယ် ဆိုပြီး ရွေးကြတော့လဲ လိုတာတွေ အကုန် လုပ်ပေး တာပဲ။
နောက်တော့လဲ သူနဲ့ ကိုယ်နဲ့ ပေါင်းပြီး ချမယ်ကွာ ဆိုပြီး လုပ်လိုက်တာလေး က သူ့ဟာနဲ့ သူ အဆင်ပြေသွားတော့လဲ
ကောင်း၏ ပေါ့လေ း)
ဇီဇီခင်ဇော်
June 23, 2015 at 8:24 am
အမှန်က အဲလိုမျိုးးးဖြစ်ရင် အကောင်းဆုံးပဲ။
မိဘ စီးပွါးကို အထောက်အပံ့ဖြစ်
ကိုယ်လည်း ဝါသနာပါ၊
သမာ အာဇီဝ လုပ်စားလို့လည်း ရ ဆိုရင် ပေါ့။
နိုင်ငံ အခြေအနေအရ ရိုးရိုးသားသားလုပ်စားရင် မကြီးပွါးနိုင်တာ နောက်မှ ပေါ့။
:a:
Mike
June 23, 2015 at 10:22 am
.က ျုပ်တုန်းကတော့ ခေတ်စံနစ်အရ ဝါသနာကို မရွေးနိုင်ခဲ့…
.ကေ ျာင်းပီးရင် အလုပ်ကောင်းကောင်းနဲ့ အလွယ်တကူရနိုင်မှာကိုပဲရွေးလှေ ျာက်ခဲ့တယ်…
.သားသမီးတွေအလှည့်က ျ…သူတို့လုပ်ခ ျင်တာပေးလုပ်မယ်…
.ဒါပေမဲ့ ဦးပါ ပြောသလို..ဆယ်တန်းအောင်တဲ့အရွယ်မှာ
.ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုသိဖို့လဲ လိုသေးတယ်..သူတို့လေးတွေဇဝေဇဝါဖြစ်နေရင်
.ရွေးခ ျယ်တတ်အောင်လမ်းကြောင်းပေးရုံပေါ့…
ဇီဇီခင်ဇော်
June 23, 2015 at 10:39 am
တူတူပါပဲ။
တတိယနှစ်မှာ လိုင်းခွဲတော့ အာခီ လိုချင်တာကို အိမ်က အလုပ်ရှားတယ်ဆိုပြီး မြို့ပြယူခိုင်းလို့ ငိုရသေးးး
Mike
June 23, 2015 at 11:30 am
.က ျုပ်ကလည်း မြို့ပြ ဝါသနာပါတာ…မဆလ ခေတ်မှာ အလုပ်ရဖို့၊ လုပ်စားဖို့မလွယ်လို့ :mrgreenn:
အောင် မိုးသူ
June 23, 2015 at 12:20 pm
ဒီလို ဒီလိုတွေပဲလေ ခုလည်း လေးဘာသာ ဂုဏ်ထူးပါတဲ့ အဒေါ်ရဲ့သား ကိုယ့်ညီလေးကို ကြည့်ပြီး သက်ပြင်းချနေတုန်း။ သူ့အမေကတော့ သူဖြစ်ချင်တာ လုပ်ခိုင်းနေတာပဲ။
ဇီဇီခင်ဇော်
June 23, 2015 at 12:43 pm
အာ့ဆို ခေတ်က မပြောင်းလဲသေးဘူးပဲ။
:mrgreenn:
Alinsett @ Maung Thura
June 23, 2015 at 12:36 pm
ဒီစာမူလေး… ဂျာနယ်တစ်စောင်စောင်ဆီ ပို့သင့်တယ်ထင့်…
အွန်လိုင်း ပေါ်ထက်…
စာရွက် မျက်နှာပေါ်…ရောက်ပြီး…
လူတွေ အများကြီး ဖတ်မိကြစေချင့်…
ဇီဇီခင်ဇော်
June 23, 2015 at 12:42 pm
အသာလုပ်ပါ့။
ဂလောက် တို့လို့တန့်လန့် စာကို။
ခိခိ
:mrgreenn:
Alinsett @ Maung Thura
June 23, 2015 at 12:50 pm
“ကျန်တာတွေက ဝမ်းသာ စရာမကောင်းဘူး လား” ဟု မေးချင်စိတ်ကို ရင်ထဲသို့ ပြန်မျိုချလိုက်ရင်း ဖြည့်လက်စ ဖောင် ပေါ်ကို အာရုံ ပြန်စိုက်လိုက်တော့သည်။
အဲ့မှာ အဲ့လောက်နဲ့ အဆုံးသတ်လိုက်တာ တို့လို့တန်းလန်း ရယ်လို့ တွေးလို့ရပေမယ့်…
စာဖတ်သူက… အဲဒီ ဝါကျနောက်မှာ အတွေးစလေးတစ်ခု(မက)ဖျက်ခနဲ ဆက် တွေးလိုက်နိုင်တယ်…
ဒီဝါကျ အပြီးမှာသာ ..နောက်ထပ် တခုခု ထပ် ဖြည့်ရေးအုန်းမယ်ဆိုရင်…
စာရေးသူအနေနဲ့ ဆား ပိုခပ်မိတဲ့ ဟင်းတစ်ခွက်လို ဖြစ်သွားမှာ….
အခုအနေအထားလေးက …အပိုအလိုမရှိ ကွက်တိလေး ဖြစ်နေတယ်ထင့်…
ဆရာမ မစန္ဒာ စကားနဲ့ ပြောရရင် …
ငါးကလေးကို မှိန်းနဲ့ တစ်ချက်ထဲ ထိုးလိုက်တာ…
ထိ မိ နေတယ်လို့ …ဆိုချင်…
ကျနော်ကိုယ်တိုင်ကလည်း … စာရေးရင် ပိုက်ကွန်နဲ့ အုပ်သလို ရေးတာထက်…
မှိန်းနဲ့ တချက်ထဲ ထိမိအောင် ထိုးရတဲ့ နည်းမျိုးကို ပိုသဘောကျ…
:kwi:
ဇီဇီခင်ဇော်
June 23, 2015 at 12:51 pm
အင်းးး
ဟုတ်တယ်။
အမှန်တော့ ကိုယ့်စိတ်ထဲ ဆက်ပြောချင်တာ ရှိပေမဲ့ ဘယ်လို ထိမိအောင် မပြောနိုင်လို့ ဒီလောက်လေးမှာ ဆုံးလိုက်တာ။
ဆက်ဆက် ဖတ်ရင် အရေးအသားလေးတွေပါ ဖတ်တယ်။ သိတယ်။
အဆင့်မမှီတာမြင်ရရင်တော့ ပြောနော်။
အားနာတယ်။
🙂
တောင်ပေါ်သား
June 23, 2015 at 12:37 pm
အင်းးးး ကျနော်ကတော့ ၁ဝ တန်းကို ရိုးရိုးပဲအောင်တယ် ၊
ရထားစက်ခေါင်းမောင်းဖြစ်ချင်တဲ့ ငယ်ဘဝဆန္ဒနဲ့ ဂျီတီအိုင် ဝင်ခွင့်ဖြေ ၊
ပြီးတော့ အကြောင်းအမျိုးမျိုးနဲ့ ထွက် ၊
သင်္ဘောတက်မယ်ကွာဆိုပြီး ဒေါက်ဆားဗစ်ယူ ၊ ပြည့်ခါနီးမှာ ၈၈ နဲ့တိုး ၊
ဟိုရောက် ဒီရောက်နဲ့ ၊ နောက်ဆုံးတော့ တစ်ခါမှ မတွေးဘူးတဲ့ ဘောလုံးဝက်ဘ်ဆိုက် အယ်ဒီတာ လာဖြစ် ၊ ဘဝက အဲဒီလို ၊
ကလေးတွေက အထူးချွန်ကြီးမဟုတ်ပေမယ့် သူတို့ရွေးတဲ့လမ်းနဲ့ သူတို့ အဆင်ပြေနေဆဲ ၊ အငယ်ကောင်ကိုပဲ မောင်းနေရတယ် ၊
ဘာဖြစ်ရမယ်လို့ တစ်ယောက်ကိုမှ မတင်းကျပ်ခဲ့ရဘူး ၊
အဲ သူတို့ ဘာတက်ချင်တယ်ဆိုမှ ကိုယ်က ဝိုင်းစဉ်းစား အကြံပေး ၊ ဒီလောက်ပါပဲ ၊
ဇီဇီခင်ဇော်
June 23, 2015 at 12:44 pm
ကိုယ် စိတ်ပါတဲ့ ဘာသာရပ် ပညာရပ်ကို ပံ့ပိုးနိုင်တဲ့
နိုင်ငံအခြေအနေလည်း ကောင်းဖို့လိုသေးနော့။
တောင်ပေါ်သား
June 23, 2015 at 1:03 pm
ကျုပ်ကတော့ ဝိဇ္ဇာသိပ္ပံခွဲတာကြီးကို မကြိုက် ၊
ကျုပ်တို့တုန်းက အဲဒါမရှိ ၊ ဓါတု ရူပလည်းသင် သမိုင်းပထဝီဘောဂ လည်းကျက်ရတာပဲ ၊
အခုက ၉ တန်းမှာတင် ခွဲလိုက်တော့ ကလေးကဖြစ်ချင်တာ ဝါသနာပါတာကတစ်မျိုး
သင်နေရတဲ့ ဘာသာတွဲက တစ်မျိုး အဲဒီလိုတွေဖြစ်ကုန်ရော ၊
ဇီဇီခင်ဇော်
June 23, 2015 at 1:16 pm
ဟုတ်တယ်။
ကျနော်တို့တုန်းက အကုန်သင်ရတယ်။
၉ တန်း မှာ ခွဲတော့ ကလေးတွေ ဘယ်ရွေးတတ်သေးမတုန်းး
နောက်ဆုံး ယူချင်ရာယူပြီး မသင်ရတာတွေ မတတ်တော့တာပဲ ရှိတာပဲ။
kai
June 23, 2015 at 12:59 pm
ဘုန်းကြီးဝတ်သင့်ခဲ့တာ…
အဲ..
ဖြူဆိုရင်တော့.. ဘိက္ခူနီပေါ့..။
ဆရာဝန်တွေ..အင်ဂျင်နီယာတွေတွေ.. သီချင်းသည်တွေ.. ဒီဇိုင်နာတွေ.. ဓာတ်ပုံဆရာတွေအကုန် ဖူးမျှော်မာန်လျှော့ ပြန်မပြောနားထောင်… ကန်တော့ကြလိမ့်… :k:
ဇီဇီခင်ဇော်
June 23, 2015 at 1:03 pm
ခုလဲ နောက်မကျသေးပါဘူး။
အလယ် အေ ကို သီလရှင် ဝတ် နဲ့ လာခဲ့မယ်နော်။
:k:
Wow
June 23, 2015 at 1:46 pm
အာ့ချို ဒဂျီးထိုင်ကန်တော့ရမှာပေါ့
ဇီဇီခင်ဇော်
June 23, 2015 at 2:01 pm
အေးလေ။
အပေါ်မှာ သူပဲ ပြောထားတယ်ညော်။
နာ နဲ့ သီလရှင် ဝတ်စုံ ပန်းရောင်လေးနဲ့ ဘယ်လောက် ကြည်ညိုစာဖစ်လိုက်မတုန်းဆိုတာ။
ဖိနပ်ပန်းရောင်လေး စီးပြီး နှုတ်ခမ်းနီ ပန်း ပန်းးး အဲလေ ဟုတ်ပေါင်။
ဝါး ၊ နိ နာ့ အတည်ပေါက် ပို့(စ) မှာ လာလာ ဖောက်တယ်။
:mrgreenn:
sorrow
June 23, 2015 at 1:37 pm
..ဆရာဝန်ကြီးဖြစ်ချင်ခဲ့တာဗျာ … ကြည်တောက် အပြစ်ကင်းတဲ့ရုပ်ကလေးနဲ့ ..ဂျူတီကုတ်အဖြူလေးနဲ့ ဆောရိုးလေး ဘယ်လောက်ကျက်သရေရှိနေလိမ့်မလဲ …အငိငိငိ …အကြီးဆုံးဖြစ်တာတကြောင်း
..ဆယ်တန်းကျူရှင်ခတောင် နပ်မှန်အောင် မပေးနိုင်ခဲ့တဲ့ဘဝဆိုတော့ကာ … လက်လျော့ခဲ့ရတယ်ဗျာ..
..ပြင်ဦးလွင်ကောင်းကင်ပေါ်တခါတလေ ဖြတ်ပျံတဲ့လေယာဉ်ပျံတွေကိုကြည့်ပြီး လေယဉ်မှုးကြီးဖြစ်ချင်လိုက်ရတာလဲတစ်ပိုင်းကိုသေ …
..နောက်တော့လဲ ..တစ်ခါမှမစဉ်းစားမိတဲ့ ဈေးရောင်းတဲ့အလုပ်ကြီးလုပ်နေရတယ်…ဘဝနှယ့်ဆိုးချက်…
တောင်ပေါ်သား
June 23, 2015 at 1:55 pm
လေယာဉ်မှုးကြီး မဖြစ်ပေမယ့် လေယာဉ်မယ်ကလေးရဲ့
🙂
ဇီဇီခင်ဇော်
June 23, 2015 at 2:02 pm
လေယာဉ်မယ် လေး နိုင်စားတာ ခံရတဲ့ ကချင်လေး ဖစ်နေတာကော်
:mrgreenn:
sorrow
June 23, 2015 at 2:06 pm
..ပါစင်နယ် မပါဂျေး…လူတွေများ မြေနိမ့်ရာ သိပ် မိုးရွာချင်တယ်… ဖေးဖေးမမကို မရှိဘူး ဗြဲ …
ဇီဇီခင်ဇော်
June 23, 2015 at 1:59 pm
နာ့ အဖိုးပြောတာ နာ ဆရာဝန်မဖြစ်တာ လူနာတွေ ကံကောင်းသတဲ့။
မေ့တတ်လွန်းလို့ ဗိုက်ထဲ ကတ်ကြေးကျန်၊ ဒါးကျန်ဖစ်မှာဆိုးလို့တဲ့။
ခွီးးးးး
တောင်ပေါ်သား
June 23, 2015 at 2:08 pm
ဖြစ်နိူင်တယ် ၊ ဒေါက်တာ ဇီဇီခင်ဇော်၏ အလွဲများပေါ့ 😛
Ma Ei
June 23, 2015 at 2:43 pm
ငယ်က အဲ့လို အမေ စာမေးပွဲလိုက်စောင့် အဖေလိုက်ကြိုနဲ့ ကျောင်းသွားချင်ခဲ့တာ.. အရမ်းကိုအားကျခဲ့ရတာ… ကိုယ့်ကို ဂရုစိုက် ချစ်ကြ တာ နဲတဲ့ ကုသိုလ်လားကွယ်..
ဇီဇီခင်ဇော်
June 24, 2015 at 1:02 pm
ဟုတ်.။
ချစ်လွန်းတော့လည်း ဝင်စွက်ဖက်ချင်တာပေါ့ မွအိရယ်
:chit:
မြစပဲရိုး
June 25, 2015 at 1:52 am
မအိရေ
တို့ ငယ်တုန်းက သူငယ်ချင်း တစ်ချို့ ကို သူ့အိမ်က ကိုယ်ပိုင်ကား နဲ့ ကျောင်းပို့/ကြို လုပ်ကြတယ်။
ကိုယ်တွေကတော့ ကျောင်းကားနဲ့ သွားရတယ်။
တစ်ခါတစ်ခါကျောင်းကား ပျက်ရင် တစ်ပြုံကြီး လမ်းလျှောက်ပြန်ရတယ်။
အဲဒီတုန်းက ကိုယ်ပိုင်ကားနဲ့ လာတဲ့ သူငယ်ချင်း တွေ ကို အရမ်းအားကျတာဘဲ။
အခု ကိုယ် အမေ ဖြစ်တော့ ကလေး ကို ကျောင်းပို့/ကြို လုပ်ပါတယ်။
ဒါကို “အဲဒီလို လုပ်ရပါ့မလား။ သူ့ဟာသူ ဘတ်စ်ကားနဲ့ ကျောင်း သွားချင်လှချည်ရဲ့ ” လို့ ဂျီကျ နေတာ ခံနေရတယ်။
ကလေး ကျောင်းက သူ့သူငယ်ချင်းလေး တစ်ချို့က ကျောင်းကားစီး ကြတယ်။
သူကလဲ အဲဒီလို လွတ်လွတ်လပ်လပ် သွားချင်နေတာ။
အဲဒီ အချိန်မှာ ငယ်ငယ်တုန်းက ကိုယ်ပိုင်ကား နဲ့ သူငယ်ချင်း ရဲ့ သူ့ကားပေါ်ကနေ လက်ပြရင်း ငေး ကြည့်နေတဲ့ အကြည့် ကို ပြန်မြင်လာတယ်။
သူ က ကိုယ့်ကို အားကျ နေခဲ့တာကိုး။
ကိုယ် က သူ့ကို အားကျနေခဲ့တာလဲ သိစေချင်စမ်းပါဘိတော့။
:-))))))
manawphyulay
June 24, 2015 at 9:26 am
အဲဒါနဲ့ လူကြီးတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ရောလားဟင်…
ဇီဇီခင်ဇော်
June 24, 2015 at 1:02 pm
လူဂျီးတွေ သဘောအတိုင်းပါပဲလို့။
:mrgreenn:
aye.kk
June 24, 2015 at 1:16 pm
စေတနာများရဲ့ အောက် ပြားပြားမှောက်ခြင်း ဘဝရောက်၏။
အဲဒီစာသားလေးကို သဘောကျမိပါတယ်။။
တီအေးအနေနဲ ့အစ်ကိုဖြစ်သူ အစ်မဖြစ်သူတွေရဲ ့စေတနာများရဲ ့အောက်မှာ ပြားပြားမှောက်ခဲ့ရဘူးလို့ပါ။။။။။။
ဇီဇီခင်ဇော်
June 24, 2015 at 2:27 pm
ဟီးဟီးးးး
အဟုတ်ပဲ။
စေတနာ ခေါင်းစဉ်အောက်မှာ မလူးသာမလွန့်သာတွေ အများဂျီးးး
aye.kk
June 24, 2015 at 4:33 pm
ဟုတ်ပါ့ဇီဇီရေ။။