. မြ ရဲ့ သင်ပုန်း ဝ၅-၀၇-၂၀၁၅
. မြသည် စိတ်အပြောင်းအလဲ အင်မတန် မြန်သည်။
အခုလဲကြည့်။
ရွာ အဝင် သူကြီးမင်း၏ “အရောင်ရင့်မှတ်တမ်း” နှင့် တိုးလေသော် မူလရေးမည့်အကြောင်း မှ ချော်လေပြီ။
ထားတော့။ ထို အကြောင်း ကို နောက်မှ ရေးတော့မည်။
ယခုတော့ အာရုံပေါ်ရာနောက် လိုက်တာကောင်းသည် ထင်၏။
မနေ့ကဘဲ သူငယ်ချင်း တစ်ယောက် ထံမှ သတင်း ရသည်။
သူငယ်ချင်း ဆိုပေမဲ့ ကိုယ်တွေထက် အသက်က အများကြီး ဂျူနီယာ ဖြစ်သည်။
. မြန်မာပြည် မှ လုပ်ငန်းကြီး တစ်ခု ထံတွင် အလုပ်ပြန်ဝင်နေသည် တဲ့။
သူ့ကို နိုင်ငံခြားတွင် ရသော လစာ ကိုလိုက်၍ ပေးသည် ဟု ဆိုသည်။
ထို သူသည် အပြင်တွင် အလုပ်လုပ်စဉ် ဒေါ်လှ ၄၀၀ဝ ကျော်လောက် ထက် မနည်း ရနိုင်သူ ဖြစ်သည်။
ဒါတောင် ဆရာ့ ဆရာကြီး မဟုတ်သေး။
. မြ တစ်ယောက် ဂဏန်းပေါင်းစက် နှင့် အလုပ်ရှုပ်သွားသည်။
တစ်ဒေါ်လာ ကို တစ်ထောင်။
ဆယ်ဒေါ်လာ ကို တစ်သောင်း။
တစ်ရာ ဒေါ်လာ ကို တစ်သိန်း။
တစ်ထောင် ဒေါ်လာ ကို ဆယ်သိန်း။
ဒီတော့ ဒေါ်လာ ငါးထောင် ကို သိန်း၅၀။
တစ်လ ပျမ်းမျှ ကို ၂၂ ရက် ထား၊ တစ်ရက် ကို ၈ နာရီ။
တစ်လ ကို ၁၇၆ နာရီ။
တစ်နာရီ ကို နှစ်သောင်းရှစ်ထောင် + ( ၄၀၉ ကျပ်) အောက်ထစ် ရသည်။
. မြန်မာပြည် မှာ အနိမ့်ဆုံး လုပ်ခ က တစ်နေ့ လုပ်ခ ၃၅၀ဝ နှင့် တစ်နေ့ အလုပ်ချိန် ၈နာရီ။
တစ်နာရီ ကို ( ၄၃ရ ကျပ်)။
ကိုးဆယ် ဆ ကွာမည် ဆိုတာ ဘာကို ဆိုလိုသည်တော့ မသိ။
အခုဟာကတော့ ၆၅ဆ ကွာ နေသည်။
ဒီမှာလဲ တစ်နာရီ ၂၅ဝပေါင် နီးပါး ပျမ်းမျှ ရသူ မိတ်ဆွေ တစ်ချို့ ရှိသည်။
ဒီက အနိမ့်ဆုံးလုပ်ခ က တစ်နာရီ ရပေါင် ထားတော့။
၃၅ ဆ ကွာသည်။
ဒီလို ကွာပေမဲ့ နေမကောင်းလို့ ဆေးရုံ တက် ရင် အလကား ရတာချင်းတူသည်။
ကလေးကျောင်း အလကား တက်ရတာချင်းတူသည်။
အနည်းဆုံးတော့ Junk Food များ ကို ပိုက်ဆံပွတ်ပြီး ကြည့်နေစရာမလိုဘဲ စားနိုင်တာခြင်း တူ သည်။
အများပိုင် သယ်ယူပို့ဆောင်ရေး ကို ကောင်းကောင်းစီးနိုင်တာခြင်း တူသည်။
အမိုးအကာ နဲ့ လုံလုံခြုံခြုံ နေရတာခြင်း တူသည်။
ကိုယ့်ကို သူများ က အသားလွတ် စော်ကားမှာ မကြောက်ရတာခြင်း တူသည်။
ဒီတော့ အခြေခံ လိုအပ်ချက်များ ကို မပူပင် ရတာခြင်း တူသည်။
အခြေခံ လိုအပ်ချက်များ ကို မပူပင် ရတဲ့ အခြေအနေမှာ ကိုယ့်ထက်ပို ချမ်းသာသူများ
ဇိမ်ခံကားစီးလဲ ဂရုမစိုက်တော့။
ဇိမ်ခံ ငါးဥ စားလဲ ဂရုမစိုက်တော့။
ဇိမ်ခံ အိမ်နဲ့ နေလဲ ဂရုမစိုက်တော့။
ကိုယ့်ဘဝ ကိုယ်ကို ကျေနပ် နေနိုင်သည်။
မနာလိုမှု ကင်းတာများမည်။
ထိုသို့ တိုင်းပြည်ထဲ ရှိ လူများ စိတ်ပျော်ပျော်ရွှင်ရွှင် နဲ့ အကုသိုလ် ကင်း အောင် လုပ်ပေးနိုင် တဲ့ အစိုးရ လိုမျိုးကို
ကိုယ့် ရွှေပြည်ကြီး မှ လူများ ရစေချင်သည်။
ကိုယ့်ဘဝ ကို ရောင့်ရဲ သည် ဆိုရာမှာ ကိုယ့်ဟာကို အလုပ်မကြိုးစားချင်လို့ ရောင့်ရဲပြီး နေတာမျိုးသာ ဖြစ်သင့်သည်။
တစ်ယောက်ယောက် က လက်ဝါးကြီး အုပ်ထားလို့ မတက် နိုင်ဘဲ ရောင့်ရဲ နေရတာမျိုး မဖြစ်သင့်။
ဒါပေမဲ့ ကိုယ်ကသာ ဒီလို တွေးနေသည်။
. ရွှေပြည်ထဲ ရှိလူ အများစု သည် ဆင်းရဲရဲ ချမ်းသာသာ လက်ရှိ အခြေအနေလေး မှ ပုံစံ နဲနဲ ပြောင်းကြည့်ရမည် ကို ပင် ကြောက်နေကြသည်။
. မြတစ်ယောက် မောင်ဘလှိုင် ရဲ့ ဝန်ချတောင် မှ မျောက်ကလေး ကို သာ ပြေးပြေး မြင်နေမိတော့သည်။
13 comments
ဦးကြောင်ကြီး
July 5, 2015 at 2:15 pm
. မြရဲ့သင်ပုန်း
. ပြလှဲ့ရင်ဖုံး
. စထည့်ကြင်တုံး
. ဝမှည့်ရှင်ငုံး..
ဇီဇီခင်ဇော်
July 5, 2015 at 3:25 pm
ချက်ရေးးပြုတ်ရာတွင် မြ တစ်ယောက် အတော်တိုးးတက်နေပြီ ဖြစ်သည်။
စားဖိုမှူးး အသစ်အနေနှင့် ခေါ်ရသော် မကောင်းးလော ဟု ဇီ စိတ်တွင် ကြံစည် မိသင်္ည။
:mrgreenn:
မြစပဲရိုး
July 5, 2015 at 3:29 pm
ဟိ ဟိ။
. အတုခိုး ပြီး ကြိုးစားဆဲ။ အဆင့် တော့ မမှီသေး။ :-))
kai
July 5, 2015 at 3:56 pm
အဲလိုအာဗန်ကြီးသုံးနေတယ်ဆို…
ဝက်သား..ဒါမှမဟုတ်ကြက်သားကို.. ဂျင်း.. ကြက်သွန်ဖြူနီတွေနဲ့ပြုတ်…။
ပြုတ်ပြီးနူးရင်..အအေးခံ.. အသားကို အမျှင်လေးတွေဖြစ်အောင်လက်နဲ့.. မျှင်…။
ပြီးတော့.. အဲဒီအာဗန်ဗန်းထဲဖြန့်ချပြီး.. ဆီလေးစပရေးနဲ့နည်းနည်းဖြန်းထည့်ပြီး.. ကင်ကြည့်ပါလား…။
တခုခုတော့ ထွက်လာမှာကျိန်းသေ..။ :k:
Ma Ma
July 5, 2015 at 7:54 pm
ကျွန်ုပ် စမ်းကြည့်လိုက်ပါဦးမည်… :k:
Ma Ma
July 5, 2015 at 7:52 pm
ခုရက်ထဲ လှိုင်သာယာက ပန်းလှိုင်ဆေးရုံရောက်ခဲ့လို့ အဲဒီမှာ နိုင်ငံခြားပြန်မြန်မာဆရာဝန်ကြီးတွေ (အထူးကု) ကို 24/7 ထားပြီး စောင့်ရှောက်မှုပေးနေတယ်လို့ သိခဲ့ရတယ်။
ဆေးရုံရဲ့ ဌာနတိုင်းကို ကွန်ပြူတာနက်ဝပ်ချိတ်ဆက်ထားပြီး ကုသမှုကို မြန်ဆန်ထိရောက်ဖို့ ကြိုးစားနေတယ်။
လူတန်းစားအလွှာမရွေး တက်ရောက်ကုသနိုင်ဖို့ လူနာ၁ယောက်အတွက် ၁ရက်ကို (ဆရာဝန်လှည့်ကြည့်ခ၊ သူနာပြုဆရာမအတွက် ဝန်ဆောင်မှုကြေးနဲ့ လူနာအတွက် အစား၃နပ်ပါပြီး) ၁၀၀၀ဝ (တစ်သောင်းကျပ်) က စတယ်တဲ့။ (၁ရက် ၂၀၀၀၀ဝ နှစ်သိန်း အခန်းလည်း ရှိတယ်။)
စာရင်းကိုင် စာရင်းစစ်တွေအတွက် လစာ တစ်လ ဒေါ်လှ၅၀၀ဝ ဆိုတော့ အဆိုပါဆရာဝန်ကြီးတွေရဲ့ လစာတော့ ဘယ်လိုနေမယ်မသိ။
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျန်းမာရေးအတွက် ဘန်ကောက်၊ စင်္ကာပူ၊ အိန္ဒိယ၊ မလေးရှား ကို အားကိုးနေရလို့ ထွက်သွားမယ့် ငွေတွေကိုတော့ တားဆီးလိုက်နိုင်ပြီး ပြည်တွင်းမှာလည်း အလုပ်အကိုင်အခွင့်အလမ်း တိုးသွားစေနိုင်မှာပဲ။ 🙂
ကိုပေါက်(မန္တလေး)
July 5, 2015 at 9:03 pm
(အခြေခံ လိုအပ်ချက်များ ကို မပူပင် ရတဲ့ အခြေအနေမှာ ကိုယ့်ထက်ပို ချမ်းသာသူများ
ဇိမ်ခံကားစီးလဲ ဂရုမစိုက်တော့။
ဇိမ်ခံ ငါးဥ စားလဲ ဂရုမစိုက်တော့။
ဇိမ်ခံ အိမ်နဲ့ နေလဲ ဂရုမစိုက်တော့။
ကိုယ့်ဘဝ ကိုယ်ကို ကျေနပ် နေနိုင်သည်။
မနာလိုမှု ကင်းတာများမည်။)
ဒီအချက်ကတော့ အမှန်ဆုံးပါဘဲ။
ကျနော်တို့ဆီမှာ အမှန်တကယ် လိုအပ်နေတဲ့အချက်က
အခွန်ကိုကောင်းမွန်ပြည့်ဝစွာဆောင်၍ မှန်ကန်စွာ အသု့းချနိုင်ခြင်း ဆိုတဲ့အချက်ပါဘဲ။
ကျနော်အပါအဝင် အခွန်ဆောင်သင့်တဲ့သူများကလည်း အခွန်ကို ပြည့်ဝအောင်မဆောင်ပါ။
ယားပြီးဆောင်လျင် ကို ကိုယ့် သေတွင်း ကိုယ်တူး သလို ဖြစ်သွားပါမယ်။
ရလာတဲ့အခွန်ကလည်း အမ၊ှန်တကယ်လိုအပ်သောနေရာမှာမရောက်ဘဲ
မှောက်သွားတဲ့ဇီးသီးဗန်းထဲမှာရောပါသွားပါတယ်။
အခွန်မဆောင်တော့ ဘာမှလုပ်မပေး
ဘာမှ လုပ်မပေးလို့ အခွန်မဆောင်
ဒီသံသရာကြီးကို မဖြတ်နိုင်သမျှ မြန်မာပြည်က ဒုက္ခတွင်းထဲမှာ နစ်နေအုံးမှာပါဘဲ။
Mike
July 6, 2015 at 2:39 pm
.ရွှေပြည်တော်ကြီးကတော့မှေ ျာ်တိုင်းဝေးနေဆဲ..ဟောဟဲ..ဟောဟဲ
.အဲ့လိုသာတန်းတူရရင် နတ်ပြည်မသွားခ ျင်ပါဘု
nozomi
July 7, 2015 at 7:59 pm
အရီး ဒီပြန်လာပြီး ရွေးကောက်ပွဲ ဝင် ပါ့လား အောင်နိုုင်ရေးအတွက် စည်းရုံးရေးမှူ း အခမဲ့ လုပ်ပေးမယ်
မကပ်(မတူး ) တဲ့ ဒယ်အိုးတွေ သုံးရင် ကင်ဆာဖြစ်စေတယ် ဆိုတာ ဟုတ်လား
မြစပဲရိုး
July 7, 2015 at 10:23 pm
(၁) ရွေးကောက်ပွဲ
အဟိ။ မြ ကို စင်တင်မယ်လား။ ထမိန် သိပ်နိုင်တာ မဟုတ်နော်။
ဒီတော့ မြ ကြိုက်တဲ့ သူ ကို သာ ရွေးပြီး အောင်နိုင်ရေး လုပ်ပေးပါ တော့ ကိုနို ရယ်။
(၂) Non-stick pan
အဲဒါကြား နေတာ ကြာပြီ။
မသုံးလို့ မှမရ၊ သုံးရတာဘဲ ကိုနို ရာ။ ဘိုလိုလုပ်ပါ့မလဲ။
အိုး မကပ် အောင် လုပ်ထား တဲ့ ကမ်မီကယ်လ် ထဲ က အက်စစ် တစ်မျိုး ကြောင့်လို့ ပြောကြတယ်။
ဒီတော့ ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ သတင်းဆောင်းပါး တစ်ချို့ ကတော့ အိမ်မှာ ရှိတဲ့ တစ်ခြား အသုံးအဆောင် တွေ၊ ကော်ဇော နဲ့ တစ်ချို့ အဝတ်အထည် တွေမှာ က အဲဒီ ဓာတ် ပိုများတာ တွေ့ တယ်ပြောတယ်။
အဲဒီ နန်းစတစ် ပန် ကို အရမ်း overheat မဖြစ်အောင်ချက်ဖို့၊ အလွှာတွေ ကို မခြစ် မိအောင် ထားဖို့ တော့ လိုမယ်တဲ့။။
တစ်ချို့ ဟာတွေက အဲဒီ အဆိပ်ဓာတ် free ဆိုပြီး ရောင်းလဲ တစ်ခြား အမျိုး ကယ်မီကယ်လ် တွေတော့ ပါတာဘဲတဲ့။
မဟုတ်လို့ စတိန်းလက်စတီး တို့ ၊ ဒန် တို့ သုံးလဲ ကပ်ကုန် ရင် ခြစ် ရတာ နဲ့ အဲဒီမှာလဲ အန္တရာယ် ရှိတာဘဲ။
တစ်ချို့ နည်းပညာ တွေ က ကိုယ်နဲ့ ယဉ်ပါးနေခဲ့ပြီ။ ရှောင်မရတော့။
အကောင်းဆုံး ကတော့ အလယ်အလတ်လမ်း နေရင်း ဖြစ်သမျှ အကြောင်း အကောင်းလို့ဘဲ ထားရတော့မှာ။ :-)))
မြစပဲရိုး
July 7, 2015 at 10:30 pm
သူကြီး – အသားကြော် နည်း အတွက် ကြုံ ရင်စမ်းပါမည်။
အသားတွေ ပြုတ်လိုက်ချိန် အချိုရည် ထွက်တော့ အရသာ ပေါ့သွားမလားဘဲ။
ဘေကင်အတုံးကြီး တွေ ဆိုရင်တော့ ရနိုင်မယ်။
မမ – မြန်မာပြည်ထဲ လစာ ကွာ တာ ရှိလဲ ဆင်းရဲ သူတွေ ကို စောင့်ရှောက်တဲ့ အစိုးရ ရှိရင် တော်သေးပေါ့။
ကပေါက်ကြီး – အခွန် အသေအချာကောက်ပြီး အသေအချာ အလေအလွင့် မရှိရင် လူ တွေ ပေးချင်မှာပါ။
မိုက် – နတ်ပြည် သွားရင် သိကြားလေး နဲ့ ရန်ဖြစ်ရလိမ့်မယ်။ သွားနဲ့။
:-)))
kai
July 8, 2015 at 1:24 am
ဂျပန်မှာ ဂျပန်ဟင်းတွေချက်ရင်.. ဝက်သားဆို.. အချိန်အကြာကြီးပြုတ်.. ထလာတဲ့အမြုျပ်တွေဆယ်ပြီး.. အထဲကဝက်သားရဲ့မူလအရသာ တဝက်တောင်မကျန်တဲ့အထိထုတ်ပစ်တယ်…။
ပြီးမှ.. သူတို့ရဲ့.. ပဲငံပြာရည်၊ အရက်၊ သကာရည်တို့နဲ့ စိတ်ကြိုက်အရသာပြန်ထည့်တယ်…။
ဆိုတော့…
ကောင်းတာပေါ့…။ အသားဆိုတာ လူနဲ့တော့သိပ်မတည့်…
အသက်ကြီးလာရင် ပိုသေချာ..။ :k:
aye.kk
July 7, 2015 at 11:16 pm
မလတ်
ထိုသို့ တိုင်းပြည်ထဲ ရှိ လူများ စိတ်ပျော်ပျော်ရွှင်ရွှင် နဲ့ အကုသိုလ် ကင်း အောင် လုပ်ပေးနိုင် တဲ့ အစိုးရ လိုမျိုးကို
ကိုယ့် ရွှေပြည်ကြီး မှ လူများ ရစေချင်သည်။
မလတ်ရဲ ့ဆန္ဒမေတ္တာသန့်သန့်အတွက်လေးစားမိရပါတယ်။