Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်တော်တို့…ရွာ…။ (၁)

black chawJuly 14, 20151min106838

အခု တလော ရွာထဲ လူအဝင်နည်းပါတယ်…။
မင်းကရော ရွာထဲရောက်လို့လားလို့ မေးရင်တော့
ဖြေစရာအဖြေ ရှိပါတယ်…။
ဟုတ်ကဲ့…။
ရောက်ပါတယ်…။
ပို့စ်မတင် ကွန်းမန့်မရေးဖြစ်ပေမယ့်
မန်းဂဇက် ဆိုတာ ငယ်ချစ်ဦး ရည်းဇားဦးကြီးဆိုတော့
ခိုးကြည့်ရင်ခုန် ရတာနဲ့တင် ကျေနပ်နေတဲ့ သဘောပါ…။
ရွာထဲလူအဝင် နည်းတာ အခုမှ မဟုတ်ပါ…။
ဟိုတုန်းကလည်း နည်းခဲ့ဘူးတာပါပဲ…။
ကျွန်တော်တို့ မောင်ဂီတို့ ဖလန်းဖလန်း ဖြစ်တဲ့
အချိန်မျိုးမှာတောင်  လူအဝင်နည်းလို့
ရွာကို ပြန်လာကြပါဗျို့ လို့
ကဗျာတစ်ပုဒ် ပေါ်ထွက်လာခဲ့ဘူးပါတယ်…။
ကိုပေါက်ရေးတာ ထင်ပါရဲ့…။
အဲ့ဒါ ဟိုတုန်းက…။
နောက်…ကိုမိုက်…ဖလန်း…ဖလန်း ဖြစ်တဲ့အချိန်မှာလည်း
လူအဝင်နည်းနေလို့
ရွာသူားတွေ နာမည်တတ်ပြီး
ကိုမိုက် လူခေါ်တဲ့ ကဗျာ ထွက်လာခဲ့တာပါပဲ…။
အမှတ်မမှားဘူးဆိုရင် ကိုမိုက်ရဲ့ အဲဒီကဗျာကို သူကြီးက
ရွာထိပ်မှာ တစ်ပတ်လောက် ကြာအောင်
တက်ချိတ်ထားခဲ့သေးတာပါ…။
နောက် မှတ်မှတ်ရရ ရှိနေတာက
ကိုဆာမိ နဲ့ ခင်ဇော်ကြီးတို့ ၂ ယောက်ပေါင်း တင်ခဲ့တဲ့
ဇီဇီဆာဆာ ပို့စ်လေးတွေဟာလည်း လူခေါ်တဲ့ ပို့စ်လေးတွေပါပဲ…။
ရွာကို လူစည်စေချင်သူတွေထဲမှာ
ဘလက်ချော လည်းပါခဲ့ပါတယ်…။
ကျွန်တော် ကလည်း ကျွန်တော့်နည်း ကျွန်တော့် ဟန် နဲ့
လူခေါ်ခဲ့သေးတာပေါ့…။
လဖက်ရည်ဆိုင် စကားဝိုင်း လို ပို့စ်မျိုးဟာ လည်း
ကျွန်တော်တို့ ရဲ့ နောင်တော်ကြီး
ကိုသစ်မင်း ကို ရွာထဲ ရောက်အောင် စွဲဆောင် ခဲ့တဲ့ ပို့စ်ပေါ့…။
လဖက်ရည်ဆိုင် စကားဝိုင်း ပို့စ် ကို ပြန်ဖတ်ကြည့်ပါ…။
ဦးဆောင်ဆွေးနွေးသူ ကိုသစ်မင်း အနေနဲ့ တာဝန်ကျေခဲ့ပါတယ်…။
တစ်ယောက်ချင်းစီကို လေးလေးစားစား ဝင်ရောက်ဆွေးနွေးပေးခဲ့တာကို တွေ့ရမှာပါ…။
ကျွန်တော့် ရည်ရွယ်ချက် က ဒီလိုပါဗျ…။
ရွာထဲ မရောက်ဖြစ်ကြသူတွေကို စုစည်းပြီး
အကြောင်းအရာတစ်ခုခုကိုတည်ပြီး
စကားဝိုင်းဖွဲ့…ပြောထားကြတာတွေကို အသံဖမ်းထားပြီး
ပို့စ်အဖြစ်ရေးမယ်ပေါ့…။
လိုအပ်လာရင် ဆွေးနွေးထားကြသူတွေကလည်း
ကွန်းမန့်နဲ့ ပြန်ဆွေးနွေး…။
ဒါပေမယ့်…ရွာထဲ လူစည်ဖို့ ကြိုးစားနေခဲ့တဲ့
ကျွန်တော် ကိုယ်တိုင်ရွာပြင် ရောက်သွားတာပါပဲဗျာ…။
မစ်ရှင် က အောင်မြင်သွားတဲ့ သဘောပေါ့…။
ထားပါတော့…။
နောက် အော်ပရေတာဘလက် လို ပို့စ်မျိုးတွေ…။
ရုပ်ရှင်ဇာတ်ကား ဝေဖန်ချက်လို (ခိုးခိုးခစ်ခစ် ဇာတ်ကား) ဟာမျိုးတွေ…။

အခါတော်ပေး ကိုရွှေဘလက် လို ပို့စ်မျိုးတွေ…၊
ယောက်ျားမာယာ…၊ ဇွန်သဉ္ဇာဂိတ် လို ပို့စ်မျိုးတွေဟာ
ကျွန်တော် ကြိုးစားခဲ့ဖူးတဲ့ လူခေါ်ပို့စ်တွေပါပဲ…။
FB မှာလည်း ရွာသူရွာသား တစ်ယောက်ခြင်းစီကို
ရွာက လွမ်းနေတဲ့ အကြောင်း စတေးတပ်စ် လေးတွေတင်ပြီး
လူခေါ်နေဆဲပါ…။
အခု လောလော ဆယ်တော့ ရွာထဲမှာ အရီးလတ်က
ခြေလှမ်းဦးများ နဲ့ ကခုန်ခြင်း ဆိုတဲ့ ပို့စ်လေးတွေနဲ့ လူခေါ်နေတာကို
တွေ့ရပါတယ်။
ကို Nature ကြီးရဲ့ ပို့စ်တောင် တက်လာတာ တွေ့လိုက်ပါတယ်…။

ကဲ…ဘလက်ချော ဘာ သောက်တလွဲတွေ ရေးမလဲဆိုပြီး
ဒီနေရာအထိ စိတ်ရှည်လက်ရှည် ဖတ်လာပေးတဲ့
ချစ်လှစွာသော အိုမိတ်ဆွေ။
အချိန်အားလေးများ ရခဲ့မယ်ဆိုရင်ဖြင့်
ရွာဘက် ခဏတဖြုတ်ဖြစ်ဖြစ် ကြွလှမ်းခဲ့ကြပါဦးလို့
မေတ္တာရှေ့ထားလို့ ဖိတ်ကြားအပ်ပါသည် တမုံ့တကားတည်း။

ချစ်ခင်လေးစားတဲ့
ဘလက်ချော…။

38 comments

  • Kaung Kin Pyar

    July 14, 2015 at 10:33 am

    ရွာထဲက အမြဲရောက်ဖြစ်ပါတယ် လေးဘလက်ရေ…
    နေ့တိုင်းတော့ ရွာပိုစ့်ကို ဖွင့်ဖြစ်ပါတယ်…
    အလုပ်လေး နည်းနည်းများနေလို့ သိပ်မဖတ်ဖြစ်..ဝင်မရေးဖြစ် မပြောဖြစ်နေတာပါ..
    နောက်ပိုင်း ရွာဘက်ပြန်လှည့်နိုင်အောင် ကြိုးစားပါဦးမယ်

    • black chaw

      July 15, 2015 at 1:19 am

      ကျေးဇူးပါ ကောင်းကင်ပြာ ရေ။
      ဦးဘလက် ကိုယ်တိုင်
      လည်း မ ရောက်ဖြစ် ပါဘူးဗျာ။

  • Mike

    July 14, 2015 at 11:07 am

    .အူလေးခေါ်တော့လည်း လာကြပါလိမ့်မယ်လေ
    .အူးလေးနဲ့တောင်မတွေ့တာကြာပြန်ပါပေါ့….ချီးယာာာာားးးးး

    • black chaw

      July 15, 2015 at 1:25 am

      အဲ့လိုတော့လည်း ဟုတ်သေးဘူးဗျ ကိုမိုက်။
      ရွာထဲလူအဝင် နည်းနေတာ သူတို ့ အလုပ်တွေနဲ ့သူတို ့
      မအားလပ် ကြလို ့ရယ်
      သုံးစွဲရ လွယ်ကူတဲ့
      FB မှာ ပျော် နေကြတာ ကြောင့်
      ဖြစ်မှာပါ။
      ကျွန်တော့်မှာ အုပ်စု မရှိပါဘူး ဗျာ။

  • တောင်ပေါ်သား

    July 14, 2015 at 11:35 am

    ရွာထဲ အမြဲရောက်ပေမယ့် ပို့စ်တိုင်းမှာတော့ ကောမန့် မပေးဖြစ်သလို

    လောလောဆယ် ရုံးကိစ္စ အိမ်ကိစ္စတွေ ပိလှသမို့ ဘာပို့စ်မှတောင် ဖြစ်မြောက်အောင် မတင်နိူင်ဘူးဗျာ ၊

    • black chaw

      July 15, 2015 at 1:28 am

      မ ရောက် ဖြစ် သူ ခြင်း
      ဖြေ ရှင်း ချက် တွေ ပေး စ ရာ
      မ လိုပါ ဘူး ကိုမျိုး ရယ်။

  • ရွာပြင်က ပတ်ချောင်းတယ်ဆို…

    ပြဿနာက ရုံးက သူဌေးက ကွန်ပျူတာက အင်တာနက်ကို ပိတ်တယ်…
    (၁) အချက်က ဆာဗာထဲက ဒေတာတွေကို ပါစင်နယ်မေးလ်က တစ်ဆင့် ကူးယူတာကို ကြုံခဲ့လို့တဲ့
    (၂) အချက်က အင်တာနက်သုံးပြီး အာရုံများ အလုပ်တွေ မှားလို့တဲ့ (တစ်ယောက်စ နှစ်ယောက်စပေါ့လေ)..

    ဆိုတော့ နောက်ဆုံးအဆုံးသတ်ရင် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ပြီး အင်တာနက် မသုံးရတော့ဘူးပေါ့..

    သိတဲ့အတိုင်း ရွာဝင်တယ်.. ကွန်မန့်ပေးတယ်ဆိုတာ ဖဘ လို like လေး တစ်ချက်နှိပ်ရုံ.. စာလေး တစ်ကြောင်းလောက်ရေးရုံ.. စတေးတပ်စ်လေး သုံးကြောင်းလောက် တင်ရုံ.. ပုံလေး တစ်ချက်လောက် ကလစ်ရုံနဲ့ ရတာမဟုတ်တော့ကာ… ကိုယ်ပိုင်ပြဿနာအရ ရွာအဝင်ကျဲသွားတာ ဖြစ်ပါကြောင်း…

    ခု ဖုန်းအသစ်လေး ဝယ်ထားတော့.. အင်တာနက်လိုင်းဆွဲအားလေးက သိပ်မဆိုးဘူး.. ညဘက် လက်ပကျွတ်နဲ့ သုံးဖို့ ကြိုးစားပါ့မယ်လို့… :k:

    • black chaw

      July 15, 2015 at 1:32 am

      ကွန်းမန် ့ ဝင် ရေးတာ အတွက်
      ကျေးဇူးတင် ပါတယ်ဗျာ။

  • မြစပဲရိုး

    July 14, 2015 at 10:45 pm

    ကဘချော ရဲ့
    . ရွှေပြည်ထဲ ရောက်တုန်း က နေ့လည်ချိန် တစ်ချို့ မှာ ကွန်ပျူတာ သုံးပြီး ရွာထဲ ဝင်ကြည့် သေးတယ်။
    တဝဲလည်လည် နဲ့ အတော်စောင့်ရတာ မို့ အဲဒီကထဲ က လူတွေ ဘာကြောင့် ပို့စ်တင် နဲ တယ် ဆိုတဲ့ အချက် တစ်ချတ် တွေ့လိုက်တယ်။
    အိမ်တွေ မှာ အင်တာနက်လိုင်း တွေ မြန်မြန် နဲ့ ရလာတဲ့ နေ့ တွေ တစ်နေ့နေ့ တော့ ရလာကောင်းပါရဲ့။
    အခု မြန်မာပြည်ထဲ မိုဘိုင်း သုံးစွဲမှု တိုးတက် နေမှု တွေ က လွန်ခဲ့တဲ့ နှစ်ပေါင်း ဆယ်စု လောက်ကထဲ က အီသီယိုးပီးယား မှာ တော်ရောမြို့ပါ ရနေခဲ့ပြီးပြီ။
    အဲဒီမှာထက် တောင် ဈေးသက်သာသေး။
    အခုထိလဲ အဲဒီလို ဘဲ ပျော်ပျော်ကြီး သုံးနေဆဲ။
    တကယ်တော့ ဒါဟာ နည်းပညာ တိုးတက်မှု မဟုတ်ဘူး။
    ဒါကို တိုးတက်မှု ဆိုပြီး ရှာကြံ ကျေးဇူးတင်နေကြရင် မိုဘိုင်း ဖုန်း နဲ့ စာရိုက်တင်ရတဲ့ ဒုက္ခ က တစ်သက် ကျွတ်မှာမဟုတ်ဘူး။

    ရှင့် အစ်မ လူ ခေါ် သာနေတာပါ။ တကယ်တော့ လဲ အတင်း မဆွဲ ရက်ပါဘူး။
    ကိုယ်သာဆို ဝင်ဖတ်ဖို့တောင် လွယ်မယ် မထင်။

    ကိုချော က ရွာ ကို ရီးစားဦး လို သဘောထားသလို တင်စားတော့ ပြုံးမိသေး။
    ကိုယ်က ရွာ ကို …….
    ဘယ်လို ခေါ်ရမလဲ။ ကိုယ်လိုချင်တာ ရှိလို့ အပျော်တွဲတာကိုလေ။
    အသုံးချတယ်ခေါ်မလား။
    . နောက် တော့ ထားခဲ့ မှာ။ စိတ်ချ။
    အားတော့နာသား။
    joke (or) lie
    lol;-))))))

    • black chaw

      July 15, 2015 at 1:14 am

      ထားခဲ့မယ် ဆိုတာ ယုံပါတယ် အစ်မ ရယ်။
      ကျွန်တော် ကိုယ်တိုင် လည်း ထားခဲ့ပြီးပြီကိုး။
      ရည်းစားဦး လို ့ တင် စားတာက တော့
      စာရေးခြင်းကိစ္စ မှာ မန်းဂဇက် က
      ပထမဆုံးမို ့ပါ။
      ရည်းစားဦး နဲ ့ ညားသူ ရှားပါတယ်ဗျာ။
      ဒီလိုပဲ
      အခုလိုပဲ
      တစ်ခါတစ် ရံ
      ရည်းစားဦးဇာတ်လမ်း သီချင်းလေး
      ညည်းမိတဲ့ သ ဘောပါ။
      ရည်းစားဦးကို
      ကျွန်တော်တို ့လည်း ထားခဲ့ရတာပါပဲ
      အစ်မ ရယ်။
      ချစ်ခင် လေးစားတဲ့
      မောင် ဘ ချော။

      • မြစပဲရိုး

        July 15, 2015 at 1:30 am

        အာ့ ဆိုရင်တော့ ဒွတ်ခ ကိုချော ရဲ့။
        သများ ရဲ့ အင်တာနက် ထဲ ဝင်ဝင်ပြီး မှတ်ချက် ပေးနေ တာ ဂဇက် က အရင်မဟုတ်။
        တစ်ခြား ဆိုက် က မို့ အဲဒီ ရီးဇားအူး တော့ ကျန်ခဲ့ပြီ။
        ဒီတော့ ဒီ ရီးဇားမအူး တာကြီး နဲ့ တစ်သက်လုံး ဇာတ်ပေါင်း ရတော့မှာလား။ lol:-)))

        • black chaw

          July 15, 2015 at 1:42 am

          တကယ်တော့
          တစ်နေ ့ကျရင်
          ကျွန်တော်တို ့ အားလုံးနဲ ့
          ခွဲကြရ မှာပါပဲ အစ်မ ရယ်။
          အတူနေကြရတဲ့
          အခိုက်အတန် ့လေးမှာ
          နွေးနွေးထွေးထွေးဖြစ်ဖို ့
          အ ရေးကြီးတယ်လို ့ထင် ပါတယ်။

        • မြစပဲရိုး

          July 15, 2015 at 1:51 am

          . ကြည့် ဟေ့။
          ဒီလို စကားလုံး လေး တွေ နဲ့ လူ တွေ ကို ကြွေစေ တဲ့ တံခါးမှူးကြီး :-)))
          ကိုယ်တော် … အခုတော့ စက်တော်ခေါ်ဦးတော့။ အတော် ညဉ့်နက်ပြီ။

  • (ကျွန်တော်တို့ မောင်ဂီတို့ ဖလန်းဖလန်း ဖြစ်တဲ့
    အချိန်မျိုးမှာတောင် လူအဝင်နည်းလို့
    ရွာကို ပြန်လာကြပါဗျို့ လို့
    ကဗျာတစ်ပုဒ် ပေါ်ထွက်လာခဲ့ဘူးပါတယ်…။
    ကိုပေါက်ရေးတာ ထင်ပါရဲ့…။
    အဲ့ဒါ ဟိုတုန်းက…။)

    ကိုချော တူးခဲ့ဘူးတာလေး ပါ

    ဒါလေးကတော့ ၂၀၁၁ ခုနှစ်အတွင်း ကိုပေါက်ရဲ့ လူကြိုက်အများဆုံး ကဗျာတစ်ပုဒ်ပါ။ ကွန်းမန့်ပေါင်း ၆၉ ခု ရှိခဲ့တဲ့ ပို့စ်ပါ။
    ကျွန်တော်ရေးတဲ့ ပို့စ်လေးတစ်ခုကို ဖတ်ပြီး ရေးတယ်ဆိုလို့ ဂုဏ်ယူပါတယ်ကိုပေါက်ရေ။
    ကဗျာလေးက ရွာကိုချစ်သူတစ်ယောက်ရဲ့ အသံလေးမို့ အစအဆုံးဖေါ်ပြပေးလိုက်ပါတယ်ဗျာ။
    ဟိုအရင် လွန်ခဲ့ပြီဖြစ်တဲ့
    ရက်ဟောင်းများမတော့ ၊
    ငြင်းကြခုန်ကြ
    အပြင်မှာ ဖြစ်ခဲ့တဲ့
    မကြင်နာအငြိုးတွေနဲ့
    ရွာထဲကိုဝင် ဇွတ်အတင်းကို
    ရန်ပွဲတွေခင်းကြ။
    အချိူ့များကြပြန်တော့လဲ
    သူကြီးစကား ဘာသာပြန်မှားပါလို့ ။
    မတူတဲ့အတွေးတွေနဲ့ မရေးဘဲ
    မတူတဲ့အမြင်တွေနဲ့
    ကိုယ်လက်ခံတဲ့ပေတံ၊ကိုယ့်စံတွေနိုင်းလို့
    မမောနိုင် မပန်းနိုင် ဘဲ
    ငြင်းကြ ခုန်ကြ။
    စိတ်ပေါက်ပေါက်နဲ့ကိုဟဝှာ
    ဆဲလိုက်တာကို၊
    ရွာပြင်ထုတ်ရေးမထုတ်ရေး
    အလေးအနက်ကြီးဆွေးနွေး၊
    အခုတော့လဲ ကိုအဝှာကလည်းဆဲမြဲ့ပါဘဲ။
    ဆဲတယ်ဆိုတာကလဲ
    မပြင်နိုင်တဲ့သူ့အကျင့်
    အချစ်များ ယာယီ ဆိတ်သုဉ်းချိန်လေးမှာတော့၊
    နားရွက်တံတွေးဆွတ်သူကဆွတ်လိုဆွတ်
    လက်မညောင်းသမျ လက်ခမောင်းထခတ်သူကလဲခတ်
    တစ်ယောက်နဲ့တစ်ယောက်
    စိတ်ကောက်ပြ ထိပ်ခေါက်ကြနဲ့
    ခဏလေးတော့ ဂယက်ထ
    အမှိုက်သရိုက်တွေရှိနေသဟာ
    လေလာတော့ ပွထသွားသလို။
    ကျနော်တို့ချစ်ရတဲ့ရွာကလေး………………………….
    ယာယီတော့ အရုပ်ဆိုးသွားပါသေးတယ်။
    အခုများမတော့ သာယာ
    ကောင်းသောလာခြင်းနဲ့ရေးဖွဲ့တဲ့ ပို့စ်တွေကလဲ
    တစ်ရက်ထက်တစ်ရက် တစထက်တစ များ…… များလို့လာ၊
    သဘာဝအလှ ၊ဒေသန္တရဗဟုသုတ၊
    ပန်းလေးများတွေရဲ့အလှ၊
    မရှိမဖြစ်လိုအပ်လှပါသော၊
    လောကကြီးရဲ့သတင်းများ
    ချစ်ခြင်းအားဖြင့်ဝိုင်းပံ့ပိုးကြတာကတစ်ကြောင်း၊
    မုဒိတာ အခြေခံထား
    တစ်ယောက်ရေးတာ တစ်ယောက်ဖတ်
    သင့်မြတ်မှန်ကန်တဲ့ကော်မင်းတွေပေးကြဆိုပြန်တော့
    မိုးရွာပြီးစ နံနက်ခင်းလို
    သန့်ရှင်းလန်းဆန်း ခြင်းနဲ့ကျက်သရေတွေဝေ
    လက်ရှိကျနော်တို့ရွာလေးရဲ့ အခြေအနေပါဘဲ။
    အဲသဟာကြောင့်ဗျာ……………….
    ပျော်ရွှင်ဘွယ်ရာ ရွာကလေးနဲ့
    ခဏလေး ဝေးနေသူတွေ၊
    စိတ်ကောက်လို့ကိုယ်ယောင်ဖျောက်နေသူတွေ၊
    စိတ်ပေါက်လို့ မလာချင်သူတွေ၊
    စိတ်တိုလို့ မဝင်တော့တဲ့သူတွေ၊
    စိတ်ကုန်လို့အရိပ်အယောင်တောင်မပြတဲ့သူတွေ၊
    အားလုံးကို ဒီနေရာကနေ
    လာတော်မူကြပါလို့
    ရွာပီပီဗျို့ဟစ်လို့အော်
    ဖိတ်ခေါ်လုိုက်ပါသဗျိုး……………………………..။
    (ဘလက်ကောင်ရဲ့အနက်ရောင်အတွေးများကိုဖတ်ရင်း ဒီကဗျာလေးဖြစ်သွားပါတယ်။)

    • မြစပဲရိုး

      July 14, 2015 at 11:02 pm

      လွမ်း နေကြတယ် ဆို ပြန်လာကြ ပါ။
      တစ်ပါတ် ကို တစ်ပုဒ် ဘဲ တင်။ :-))

    • black chaw

      July 15, 2015 at 1:47 am

      ရွာမှာ ကျွန်တော် တို ့အတွက်
      အမှတ်တရ တွေ
      တကယ် ရှိခဲ့ဖူးပါတယ် ကိုပေါက် ရေ။
      အမှတ် ရ စရာ ကွန်းမန် ့လေး အတွက်
      ကျေးဇူးပါဗျာ။

  • မြစပဲရိုး

    July 15, 2015 at 1:25 am

    ကိုချော က လူတွေ ကို တလေးတစား မှတ်ချက် ပေးတာ ကို သာမာန်တောင်မဟုတ်။
    အရောင်ချယ်ပေးတဲ့ ယဉ်ကျေးမှုကိုပါ စ ခဲ့တာ ထင်ရဲ့။
    အဲဒါတွေကို လွမ်းပါတယ် ကိုချော ရဲ့။ :-)))

  • black chaw

    July 15, 2015 at 8:20 am

    မြစပဲရိုး ;
    ခဏပြန်ရောက်လာတဲ့ ကိုယ့် မောင် တစ်ယောက်ကို
    နွေးနွေးထွေးထွေး ကြိုဆို တဲ့ အတွက်
    ကျေးဇူးအထူးတင်ပါတယ်ဗျာ…။
    ချစ်ခင်လေးစား တဲ့
    ဘလက်ချော…။

    • @QUIL@

      July 15, 2015 at 8:33 am

      ခနပြန်ရောက်လာတယ် ဆိုပဲ…

      ဝင်ချင်တိုင်း ဝင် ထွက်ချင်တိုင်းထွက်ရအောင်..
      ခီညား ကွကိုယ် လိပ်ဂေါင်း များ မှတ်နေသလား…

      😛

      • kai

        July 15, 2015 at 8:38 am

        အင်းလေနော်….
        တံခါးမှုးပါဆိုနေမှ.. ခဏတဲ့…။
        ဆိုတော့
        နောက်နှစ် ၂၀၁၆ ဧပြီ၄ဆို.. ဒီဝက်ဘ်ဆိုက်.. ဒီရွာ… ၁ဝနှစ်ပြည့်ပြီ…။

        • black chaw

          July 15, 2015 at 9:54 am

          @ kai ;
          သူကြီး…။
          စာမူခ နည်းနည်း တိုးပေးပါ…။
          စတာပါ…၊ စတာပါ…၊ စတာပါ…။

      • ဇီဇီခင်ဇော်

        July 15, 2015 at 9:17 am

        ထားပါအေ။
        မနေလိုသူတွေကို လည်း မပြောတော့ပါဘု။
        ကိုဂျီးဘက်က နာ တို့ လို ရွာ့ အော်ကြောတွေနဲ့ တစ် ဂရုတည်းလို့ အထင်ခံရမှာ ကြောက်နေမှန်း သိသွားပါပြီလေ။

        စိတ်ချပါ။
        နောက် မပတ်သက်စေရတော့ပါဘူးးး

        အားလုံး အပေါ် မိတ်ဆွေတို့ ဝတ္တရားကျေပြီးတယ်လို့ပဲ မှတ်ပါတယ်။

        😛

        • black chaw

          July 15, 2015 at 10:12 am

          @ ဇီဇီခင်ဇော် ;
          ပြောပြီးသားပဲ။
          တူမ ၆၉ ယောက်ထဲမှာ ခင်ဇော့်ကို အချစ်ဆုံးပါလို့။
          အခုလည်း အဲဒီ အတိုင်းပါပဲ။
          ဦးဘက်လိုပဲ ညီးကို ချစ်ကြသူတွေကလည်း
          အများသားလားအေ။
          တချို့ပုစာ္ဆ တွေကို ဖြေရှင်းဖို့
          ရိုးရိုးရှင်းရှင်း လေး ချည်းကပ်တာသာ အကောင်းဆုံးပါဗျာ။
          မပတ်သက်စေရတော့ပါဘူး တွေ ဘာတွေ လုပ်ရမယ့် အဆင့်မှ
          မဟုတ်တာဗျာ။
          ဦးဘက်က ခင်ဇော် နဲ့ ပတ်သက်ရင်
          အရင်အတိုင်း ပါပဲ။
          သတိတောင် ရနေသေးတာပါ။
          လွမ်းတယ်ဆိုရင်တော့ ဦးဘက်က ပိုမှာပါဗျာ။

        • မြစပဲရိုး

          July 16, 2015 at 1:48 am

          ကိုကို မောင်မောင် ဘလက်ချော လေးရယ်
          အဲ့ နံပါတ်ကြီး ကို မသုံးဘဲ +1 (or) -1 လေး လုပ်လို့ မရဘူးလား ကွယ်။ lol:-)))

        • Wow

          July 16, 2015 at 3:45 pm

          ဟင်င်င်… ဘာလား

          နာဘာမှ မသိလိုက်ပါလား .. အာ့ဂျောင့် နာ့ဂို မယ်ခွစ်က “အ” တယ်ပေါတာ.. 🙁

        • ဇီဇီခင်ဇော်

          July 16, 2015 at 4:18 pm

          ငင်။
          ဘာမှ မပုပါဘူးးး
          ကိုဂျီးဘက်ကို ဝင်နောက်တာ။။
          ခီးခီး

          :mrgreenn:

      • black chaw

        July 15, 2015 at 9:52 am

        @ QUILA@ ;
        ကျမ က လိပ်ခေါင်းပါ မောင်…။
        —————-
        ဟကောင်ရဲ့
        ကွန်းမန့် တစ်ခါပေးဖို့ တစ်ခါဝင်တိုင်း တစ်ခါလော့အင်လုပ်နေရမှတော့
        ထွက်လိုက် ဝင်လိုက် နဲ့
        ငါတို့က လိပ်ခေါင်း ဖြစ်တာ မဆန်းပါဘူးဟ…။

  • surmi

    July 15, 2015 at 10:52 am

    တစ်ခါက ………
    ညဥ့်နက်သန်းကောင်တွေမှာ ရွာထဲဝင်ခဲ့ဖူးပါတယ် ။

    တစ်ခါက ……
    နံနက် အလင်းရောက်တိုင်း ရွာထဲရှိနေခဲ့ပါတယ် ။

    တစ်ခါက ……
    အချိန်အခါမရွေး ရွာထဲ ပျော်နေခဲ့ပါတယ် ။
    .
    .
    .
    အခုလည်း ………
    မီးပွိုင့်မိတိုင်း ရွာထဲလာနေဆဲဆိုရင် ………
    ယုံမလားဗျာ ။ 🙁

    တစ်ခါတရံ ……
    အတွေးတွေနစ်မွန်း ၊ စကားလုံးတွေပျောက် ၊ ကွန်မန့်လေးတစ်ခုတောင်မှ မရေးနိုင်ခဲ့ ။
    ခြေလှမ်းတွေကတော့ ရွာတံခါးမှာ တဝဲလည်လည် 🙁

    • black chaw

      July 15, 2015 at 12:31 pm

      ယုံပါတယ် ကိုဆာ ရယ်။
      အားလုံး က သတိ ရ နေကြမှာပါ။
      ကွန်းမန် ့လေး ဝင် ရေးပေးတာ
      ကျေးဇူးပါဗျာ။

  • weiwei

    July 15, 2015 at 1:17 pm

    ဒီလောက် ခေါ်နေမှတော့ ကိုယ်ထင်ပြအုန်းမှပါ .. 🙂

    • black chaw

      July 15, 2015 at 1:57 pm

      မဝေ ကွန်းမန့် လေး ဖတ်ရတာ
      နောက်တစ်ပုဒ် တင်ချင်စိတ်တောင် ပေါက်သွားတယ်…။
      တကယ်ပြောတာပါ…။

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    July 15, 2015 at 2:22 pm

    ဆရာဦးလေးဘလက်ခင်ဗျ… မအားတာလဲပါတယ်.. အလွယ်သုံး၊ ရေးလို့ရတဲ့
    ဖွဘုတ်ပဲ ကျင်လည်နေတာကြာပေါ့။ ဆရာပြောသလိုပဲ ဂေဇက်က ကျနော့် ရည်းစားဦးပါ…
    အချစ်ဦးဆိုတော့ စာရေးရင်တောင် ရှန်တိန်လေးရေးမရတော့…
    အားထည့်ရေးမယ် ကြံရင်းကြံလိုက်ရင်းနဲ့ မရေးဖြစ်တော့တာပါဗျာ..
    အချစ်ဦးဆိုတော့.. ကိုယ်နဲ့ မရလိုက်ပေမဲ့.. ပတ်ချောင်း ပတ်ချက်တော့ လုပ်နေဆဲပါ.. :k:

  • black chaw

    July 15, 2015 at 2:32 pm

    ဟေးဟေး။
    အကြွေပန်းပေမယ့်
    ရွှေနန်းတော့ ထိုက်ပါတယ်…ဗျာ…။

  • Swal Taw Ywet

    July 16, 2015 at 3:41 am

    တူမတော်က ရွာထဲမလာဘူးဆိုပြီး ကျိမ်း။
    အဒေါ်လုပ်သူက ရွာထဲ သွားရင် သိမယ်ဆိုပြီး လက်တပြင်ပြင် ( မျက်နှာပူလို့သယ့် )
    Free Wifi ရနေသာတောင် မလာဘူးလို့ အမတော်တွေက မေတ္တာပို့သ။
    ဘယ်ပျောက်နေတာတုန်းလို့ အကိုတွေက လှမ်းမေး၊
    ဝေးးးးးးတ မြေမြမြမြမြ ခြားခြားးးးးးးးးးးး
    စွယ့်အား နှိပ်စက်ကြပါပေ၊
    ပြန်လာတာ မကြိုရင် သိမယ် ဇီဇိရေရရရရရရရရရရရရရရ။
    With respect,
    Swal Taw Ywet.

    • ဇီဇီခင်ဇော်

      July 16, 2015 at 6:35 am

      သများး အိပ်ချိန် လာသကိုးးး
      ချက်ချင်းး ဘယ်ကြို နိုင်မတုန်းးး
      ခု လာကြိုပြီ.
      :k:
      မုန့် ပါလားးးး

  • black chaw

    July 16, 2015 at 8:39 am

    @ Swal Taw Ywet ;
    ကျေးဇူးပါ ကိုစွယ်တော်ရွက်ရေ…။

  • ဦးကျောက်ခဲ

    July 16, 2015 at 12:38 pm

    နောက်ကျမှ အပေါက်ဝမှာ မျက်နှာလာပြမိတဲ့ ကျောက်စ်ကို ခွေးလွှတ်ပါ ဆြာဘလက်…
    ကျောက်စ်ကတော့ ရွာကို သံယောဇဉ်မပြတ်တဲ့အပြင် တိုးမိလို့ ပုံမှန်မမန့်နိုင်တာ…
    အိမ်ပြန်ရောက်ရင် ရွာ့မြေးလေး “ဝီလီဂဇက်” ကို ထိန်းရတယ် ခင်ဗျ…
    ရွှေပြည်ကြီးပြန်ရောက်ရင် ရွာသူရွာသားတွေနဲ့ ဆုံနေကြမို့ကလည်း တကြောင်း…
    အဝိုင်းလည်နေတဲ့ ကိုးနတ်ရှင်ကြောင့်ကလည်း တကြောင်း…
    အွန်လိုင်းပေါ်မတက်ဖြစ်တာတော့ နားလည်ပေးကြပါ ခီညား … :k:

  • aye.kk

    July 16, 2015 at 1:13 pm

    အနှစ်တစ်ရာ မနေရပေမယ်လို့
    မေ့မရတာ ဂဇတ်ရွာပါ ကိုဘလက်ရေ ။။

Leave a Reply