( အကြွေပန်း တဲ့လားကွယ် )

နှလုံးသား ချစ်သံဇဉ်ကို နှင်းဆီက ကိုယ်စားပြုသတဲ့လား

သဇင်များကြတော့လည်း တော်ဝင်ပန်း ဆိုပဲ

အပိုမချွဲ မကြိုလည်းလှ ကြိုလည်းလှ  ငိုမပြပါနဲ့ ပန်းရယ်

နန်းအလယ်မှာ မထယ်ဝါပေမယ့်

ဆယ်ခါ ကြွေပါလေလည်းမွှေး  အို   ပန်းကလေးရေ

လမ်းနဘေး  အလွမ်းတေးနဲ့  စတေးနေရလေခြင်း

မင်းရဲ့  ဖြစ်ခြင်းတွေကြားမှာ သမုဒယမပါ သစ္စာကင်းမဲ့

ဒင်းတို့ရဲ့  ခြေဖဝါးအောက် ပြားပြားမှောက်ရပေမယ့်

မချိလေတဲ့ စိတ်တွေနဲ့ ရှိနေခဲ့မေတ္တာကိုအရင်းခံ

မချွင်းချန်သစ္စာသမား  အပြေးအလွှားလာနေသမို့

အားတင်းလို့ဖြင့် ကြိုလင့်ပါ ၊

4

9 comments

  • Kaung Kin Pyar

    July 14, 2015 at 1:29 pm

    မှောက်ရက်လဲ လဲနေပါဦးမယ် ဦးမျိုးရယ်…
    ဖြေးဖြေးသွားပါ..
    :k:

    • တောင်ပေါ်သား

      July 14, 2015 at 2:05 pm

      အေးပါကွယ် ၊ အေးပါ

      စိုးရိမ်ပေးလို့ ကျေးဇူးပါ 🙂

  • Mike

    July 14, 2015 at 2:57 pm

    .နုလှချည်လားကိုရင်မျိုးရ …မိုးလေးအေးအေးနဲ့ဖီးတွေတက်နေတယ်ပေါ့ 🙂

    • တောင်ပေါ်သား

      July 14, 2015 at 3:07 pm

      ကိုမိုက်ရေ

      အရွယ်တော် တဆိတ်ဟိုင်းပေမယ့်

      လူပျိုရိုင်းလေးလို နှလုံးသား ပြန်မွေးဖွားတယ် ဆိုရလေမလား 🙂

      ဟား ဟား စတာပါဗျာ ၊ ကိုဘလက်က ရွာထဲဝင်ပါ ဆိုလို့

      ဘာရေးရမှန်း မသိဖြစ်နေတုန်း ဒါလေး ရေးမိတာပါ ၊ ကိုယ်တွေ့လို့ မထင်နဲ့ဦးဗျ ၊ ခံစားချက် သက်သက်ပါ ၊

  • Wow

    July 14, 2015 at 4:52 pm

    အဟွာလေ… မရှင်းလို့ နောက်တခေါက် ပြန်ပျောကျိ :mrgreen:

  • မြစပဲရိုး

    July 14, 2015 at 11:04 pm

    ပန်း ခရေ ကတော့ ကြွေလဲ မွှေးပါတယ် ကိုမျိုးရ။
    ဒီ ခရေပန်း ကြွေ တွေ ကောက်ဖို့ တောင် အစောကြီးသွားရတာ၊ လုကောက်ရတာ မောင်အောင် တောင် စာဖွဲ့ထားသေး။
    . ဒီတော့ စောင့်ခိုင်း မနေနဲ့။ ဟို ကတော့ စောင့်မှာ ဝုတ်ဘူး။
    ဦးသူနောက် ပါမှာဘဲ။ lol;-)))

    • တောင်ပေါ်သား

      July 15, 2015 at 10:13 am

      ပါသွားရင်တော့လည်း သူ့ထိုက်နဲ့သူ့ကံပေါ့ အရီးရယ်

  • အကြွေပန်းပေမယ့်
    ရွှေနန်းတော့ ထိုက်သတဲ့
    မောင့်အရိုင်းပန်းလေး
    ဝေးဝေး သွားမှာစိုးလို့
    ပန်းကောက်လှည့်ပါလားကွယ်

    • တောင်ပေါ်သား

      July 15, 2015 at 10:14 am

      အရိုင်းပန်းကလေးတွေပဲ ရိုးရှင်းတတ်ကြပါတယ် ကိုပေါက်ရေ

Leave a Reply