Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်မ၏ ခပ်ကြောင်ကြောင်အတွေးများ

သည်ရက်ပိုင်း ကျွန်မ၏စိတ်တွေ အလွန်ရှုပ်နေသည်။ ကျန်းမာရေးအခြေအနေကြောင့်လည်း ပါမည်ထင်သည်။ အကြောင်းအရာပေါင်းစုံ၊ အတွေးပေါင်းစုံတို့သည် ကျွန်မ၏ ဦးနှောက်အတွင်းသို့ စုပြုံဝင်ရောက်လာကြသည်။ အတွေးတို့သည် ခံစားချက်များအဖြစ် ပြောင်းလဲသွားသောအခါ ကျွန်မသည် တစ်ယောက်တည်းသာ နေချင်သူအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

 

ကျွန်မတွင် ချစ်သူတစ်ဦးရှိသည်။ ကျွန်မကို အရမ်းချစ်သလို ကျွန်မကလည်း မလျော့သောအချစ်ဖြင့် ချစ်ပါသည်။ ကျွန်မတို့နှစ်ဦးလုံးသည် တစ်ယောက်၏အချစ်ကို တစ်ယောက်က နားလည်ကြသည်။ မတူညီသော အကျင့်စရိုက်များကြားတွင် တူညီသောအချစ်ဖြင့် ဘဝတစ်ခုတည်ဆောက်ရန် ကြိုးစားနေကြဆဲကာလဖြစ်သည်။ ကျွန်မတို့နှစ်ယောက်သည် အများအမြင်တွင် သိပ်ချစ်ပြီး နားလည်မှုရှိကြသော ချစ်သူနှစ်ယောက်ဖြစ်လေသည်။

 

သို့သော် ဗွေဖောက်သူက ကျွန်မပင်ဖြစ်သည်။ အချစ်ဆိုသည်မှာ သိနေရုံမျှနှင့် လုံလောက်ပြီလား ဟူသော မေးခွန်းသည် ကျွန်မထံတွင် အခါခါ ဖြစ်ပေါ်လာသည်။ စကားကြီးစကားကျယ်များ ပြောလေ့ရှိသော ကျွန်မသည် အများအမြင်တွင် လူကြီးဆန်ဆန် ရင့်ကျက်သယောင် ဖြစ်နေသော်လည်း ကျွန်မ၏ချစ်သူရှေ့တွင် ကျွန်မသည် ကလေးဆိုးတစ်ယောက်အဖြစ်သာ ရှိနေချင်သည်။ ကျွန်မကို ချစ်သောအချစ်တို့ကို စိတ်ထဲက တွေးယူပြီး သိနေရခြင်းကို ကျွန်မ မလိုချင်ပါ။ အချစ်ဟူသည် ချစ်ပြဖို့လိုသည်ဟု ကျွန်မ ယူဆပါသည်။

 

ကျွန်မတို့သည် လက်မထပ်ရသေးသော ချစ်သူစုံတွဲသာဖြစ်သည်။ သို့သော် ဘဝတစ်ခုတည်ဆောက်ရန် ကြိုးစားနေခြင်း ဟူသော အကြောင်းတရားနောက်တွင် ကျွန်မတို့၏ အချစ်သည် မေတ္တာတရားများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ နှစ်ပတ်လည်နေ့များ၊ မွေးနေ့များ စသည်တို့သည် ထူးမခြားနား ကျော်ဖြတ်သွားကြသည်။ ကျွန်မတို့နှစ်ယောက် အေးအေးဆေးဆေး စကားထိုင်မပြောဖြစ်သည်မှာ အတော်ကြာခဲ့ပြီ။ နှစ်ယောက်ကြားက ပြောစရာစကားများလည်း ရှားပါးကုန်ခဲ့ပြီ။ အမှန်စင်စစ် ထိုအရာများသည် ကျွန်မမျှော်လင့်ထားသော အရာများ မဟုတ်ခဲ့ပေ။

 

၂ နှစ်ဆိုသော အချိန်သည် ကျွန်မအတွက် သိပ်ကြာလွန်းခဲ့ပေပြီ။ လွန်ခဲ့သော ၂နှစ်ကျော်က အခြေအနေကို ကျွန်မ ပြန်လိုချင်သည်။ မနက်အစောကြီး ကျွန်မ အိပ်ယာမနိုးမီ လက်ဖက်ရည်တစ်ခွက်လာပို့သော သူ့ကို ကျွန်မ ပြန်လိုချင်သည်။ ကျွန်မတင်သမျှ ဓာတ်ပုံတွေကို သိမ်းထားပြီး ကျွန်မပုံတွေနှင့် သီချင်းလုပ်ပေးသော သူ့ကို ကျွန်မ ပြန်လိုချင်သည်။ ချက်ဘောက်စ်မှတစ်ဆင့် ကျွန်မကို ချစ်သည့်အကြောင်းများ ပို့ထားသော သူ့ကို ကျွန်မ ပြန်လိုချင်သည်။ ကျွန်မ အတ္တကြီးနေမိပြီ ထင်သည်။

 

ကျွန်မ သူ့ကို သိပ်ချစ်သည်။ သူကလည်း ကျွန်မကို သိပ်ချစ်ပါသည်။ သို့သော် ကျွန်မတို့၏ အချစ်တွင် တစ်ခုခုလိုအပ်နေပြီဟု စတင်ခံစားမိလာသည်။ ကျွန်မ စိတ်ရှုပ်နေခိုက် ခပ်ကြောင်ကြောင်တွေးမိသော အတွေးများသာ ဖြစ်ပါစေဟု ကျွန်မ ဆုတောင်းနေမိပါသည်။   ။

42 comments

  • ဇီဇီခင်ဇော်

    July 15, 2015 at 1:09 pm

    ပြောချင်တာတော့ အများကြီးးး
    တစ်ခုပဲ ပြောပါ့မယ် ညီမငယ်…

    သူ့ အချစ်နဲ့ အားးလပ်ချိန်တွေ ဟာ ကိုယ့် ဆီမှာ ရှိကြောင်းး သေချာ ရင် ကျန်တာ မလိုချင်ပါနဲ့တော့လေ..
    :chit:

  • Wow

    July 15, 2015 at 1:36 pm

    သွေးအေးလာတဲ့ သဘောပဲ…

    ဆိုတော့…

    ပရိုမိုးရှင်းလေးလုပ်ကျိပါလားးးး :mrgreen:

    • Wow

      July 16, 2015 at 2:34 pm

      ခက်စ်တော့ ခက်စ်နေဘီ.. :mrgreen:

      ပရိုမိုးရှင်းဆိုတာမိုးက ကိုယ့် ပရောဒတ်ကို မူတည်ပြီး တားဂတ်ကွန်စူးမားတွေရှိတဲ့နေရာမှာ လိုက်ဖက် သင့်တော်သလို လုပ်ရတာမိုးရယ်…

      ဥမပါ… အဲလေ ဥပမာ… ပရောဒတ်ကတော့ ကိုယ်တိုင်ပေါ့ တားဂတ်ကွန်စူးမားက အံစယာ…

      ဟွန်းးးး Promotion Concert ဆိုတာမိုးက အလဂါးရဝူးရယ် :kwi:

  • တောင်ပေါ်သား

    July 15, 2015 at 1:49 pm

    အချစ်ဆိုတာ ဘယ်လိုဟာလဲလို့ ဖေဖေ မသိခဲ့တာ ကြာပါပြီကွယ်

    ( ခုနှစ်စဉ်အလွမ်းဇာတ်ကားမှာ သုမောင်က စုလှိုင်နှင်းကို ပြောတဲ့စကား ) 🙂

    • မသိတဲ့အတိုင်း ဆက်နေတာပဲ ကောင်းပါတယ်လို့..

      ဒါနဲ့ လှည်းတန်းမှာ ပြုံးပြတိုင်း ဘယ်တော့မှ မမြင်ဘူးမို့လား.. :k:

      • တောင်ပေါ်သား

        July 15, 2015 at 4:18 pm

        ဟေ နီက နာ့ကို ဘယ်တုန်းကတည်းက စောင့်ကြည့်နေတာလဲ ၊

        အင်းးးးး နာကလည်း ၃ဝ နား နီးနေတဲ့သူတွေဆို မျက်လုံးထဲ မဝင်ဘူးကွယ် ၊ ဟီး ဟီး 🙂

        • မီးပွိုင့်ကူူးတိုင်း ဟိုဘက်ခြမ်းမှာ လှမ်းလှမ်းတွေ့တာပါလို့စ်…

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    July 15, 2015 at 1:58 pm

    အံစာတုံးကို ဂျင်တွားဆော့ခိုင်းဘာ… :k:
    အချစ်ဆိုတာ ကျနော်တော့ တဏှာပဲ မြင်ပါတယ်။ ဟိုဟာဒီဟာကို တဏှာလို့ပြောတာမဟုတ်ဘူးနော်။
    ၂ နှစ်ဆိုတဲ့ သက်တမ်းမှာ စောင့်ထိန်းခဲ့တဲ့ သစ္စာတရားသာ အလှဆုံးပန်းလို့မြင်ပါတယ်။
    အိမ်ထောင်တစ်ခုတည်ထောင်ပြီး နှစ်ယောက်ပေါင်း ကြိုးစားကြည့်ပါလား..
    မျှော်လင့်ချက်တွေ များကြီးနဲ့ ပိုပြီး အောင်မြင်သွားနိုင်ပါတယ်…။ ဟီးး .. ဟီးး..
    ကိုယ် အိမ်ဦးနတ်ဖြစ်လို့.. မြှောက်ပေးချင်းမဟုတ်ဘာ။ 😳

  • Mike

    July 15, 2015 at 3:51 pm

    .မိန်ကလေးနဲ့ ယောက်ကျားလေးကွာတာအဲ့တာပဲ…
    .ချစ်မိပြီးသွားရင် လက်တွေ့ပေါင်းရဖို့ဘယ်လိုကြိုးစားရင်ကောင်းမလဲ..
    .ယောက်ကျားလေးကတွေးနေကြိုးစားနေတတ်တယ်..အပေါ်ယံအပယိကတွေလုပ်တာ၊
    . ပြောတာနည်းလာတတ်တယ်…အဲ့တာမချစ်လို့မဟုတ်..ချစ်လွန်းလို့လို့မှတ်ပါ :))

    • ယောက်ျားလေးတွေကတော့ အဲ့လိုပြောကြတာပဲ..
      ဒါမယ့် မိန်းခေးတွေက အရုပ်မှ မဟုတ်တာရယ်လို့စ်.. 🙂

  • YE YINT HLAING

    July 15, 2015 at 7:18 pm

    ကျမ သူ့ကို အရမ်းစိတ်တိုနေပြီ
    မနက်ကတည်း က ဇတ်လမ်းတွဲ ထိုင်ကြည့်နေသည်
    ညနေ ရောက်တော့ဘောလုံးပွဲ
    ညဥ့်နက်မှပြန်ရောက်လာပြီးနောက် တခေါခေါအိပ်တော့သည်
    မနက်နေဖင်ထိုးမှနိုးလိမ့်မည်
    ကျမသူ့ကို အရမ်းတင်းနေပြီ
    အလကားနောက်တာနော်

    • သူက COC ဆော့သည်
      ကျွန်မက ဖဘ သုံးသည်
      ပြီးလျှင် သူက ကော်ဖီသောက်၍ ကျွန်မက အစားစားမည်
      တဖြည်းဖြည်းနှင့် သူပိန်၍ ကျွန်မ ဝလာတော့မည်

  • မြစပဲရိုး

    July 15, 2015 at 10:14 pm

    ဒီမယ် ကိုနှင်းမောင် –
    ဒီ လုံမ ကေ့စ် ကို ပေါ့ပေါ့မတွေး နဲ့။ ကြာရင် ဟို အကောင် ခေါင်းဖု ကိန်းမြင်တယ်။
    Joking :-)))

    လုံမ လေးရဲ့။
    တကယ်တော့ ဒါဟာ ခပ်ကြောင်ကြောင် အတွေး မဟုတ်ပါဘူး။
    ပုံမှန် မိန်းမ တစ်ယောက် ရဲ့ အတွေးအစစ် မှ ရေမရောပါဘူး။
    ပုရိသများ မိန်းကလေး တစ်ယောက် ကို သူတို့ အပိုင် ဖြစ်သွားချိန် အဲဒီ မိန်းကလေး အတွက် အားထုတ်ခြင်း တွေ ရော့သွားတာ သဘာဝ ပါဘဲ။
    မှန်သင့်သလောက်လဲ မှန်ပါတယ်။
    သူတို့ က လိုက်ခဲ့ ရတဲ့ သူကိုး။ ပန်းဝင်ချိန် မှာတော့ အရှိန် ရော့သွားသင့်ပါတယ်။
    စာမေးပွဲ ပြီးချိန် ဒီ စာတွေ ကို ထပ်ကျက်ဖို့ ပျင်းသလိုသဘော လဲ ပါမပေါ့။
    ဒီလို အကြောင်း တွေ က လက်တွေ့ မှာ လူတိုင်းဖြစ်တတ်တဲ့ သဘောတရား တွေ မို့ လက်ခံပါ လုံမ ရယ်။
    အရီး ဆိုရင်တော့ ချွဲပစ်ပြီး အချစ်ပိုပြနေတဲ့ မင်းသားများ ကို မကြိုက်ပါ။

    သူ နဲ့ ကိုယ်နဲ့ ကြား ကြိုးတစ်ချောင်း ချည်လိုက်ပြီး အဆင့်တစ်ခု ကို တက်လိုက်ပြီးပြီ။
    . အောက်ခြေမှာတုန်းက လိုခဲ့ တဲ့ အလုပ်တွေ ကို ပြန်တမ်းတ နေရင် ရှေ့တက်ဖို့ခက်ပါတယ်။
    ဒီအချိန်က သူ့ ရဲ့ ဘဝ အတွက် ပါရမီ ဖြည့်ဖက် လို့ သဘောထား ရမှာပါ။
    . နောက်တစ်ဆင့် အတူတူ နေနိုင်ဖို့ အားဖြစ် အောင် ကိုယ် က သူ့ ကို ပံ့ပိုးပါ။
    ကိုယ့်အတွက် သူ့ အလုပ်ကြိုးစား နေရမဲ့ အချိန်တွေ မထိအောင် အားပေးပါ။
    ကိုယ် က သူ့အတွက် ခွန်အားတစ်ခု ပါ လို့ ပြ နေမှ သူ က ကိုယ့် ဆီ ကို ပိုပြီး ယိုင်လာနိုင် မယ် ဆိုတာလေး ကို လက်တွေ့ကျင့်ကြည့်ပါ။

    တို့ မိန်းမ များမှာ ကိုယ် ကို ယုယ တာ၊ ဖေးမ တာ အတွက် ကိုဘဲ မျှော်လင့် ကြတယ်။
    ကိုယ် က သူ့ ကို ပံ့ပိုး အားပေး ဖို့ သတိမရ ကြဘူး။
    လူ ဆိုတာ တစ်ဖက်သတ် ပေး ရလွန်း ရင် ပျင်းလာတတ် တယ်။

    . နောက်တစ်ချက် က ကလေးတို့ ရေ။ (နှစ်ယောက်လုံး)
    လူတိုင်း လူတိုင်း ဟာ Perfect ဖြစ်သူ ဘယ်သူမှ မရှိပါဘူး။
    လူတိုင်း ပါ။
    လုံမ မှာလဲ အားနည်းချက် ရှိမယ်။ မောင်အံ မှာလဲ အားနည်းချက်ရှိမယ်။
    . ပြင်လို့ ရတဲ့ ဟာလဲ ရှိမယ်။ မရ တဲ့ ဟာလဲ ရှိမယ်။
    မရ တဲ့ ဟာ ကိုတော့ နားလည်ပေးပြီး ခွင့်လွှတ်နိုင်ဖို့ ကြိုးစားကြပါ။
    အခုဟာ က အစပျိုး ဘဲ ရှိသေးတယ်။
    . နောက် လမ်းတစ်လျှောက် မှာ အခက်အခဲအများကြီး ရှိလာဦးမယ်။
    ဒါကို လက်တွဲ ဖြတ်ကျော် ဖို့ အချစ် တစ်ခု ထဲ နဲ့ မပြီးဘူး။
    ချမ်းသာ ကြွယ်ဝ မှု ရှိရုံ နဲ့ လဲ မပြီးဘူး။
    . ဖေးမစာနာခြင်း ၊ နားလည်မှု ပေးခြင်း၊ တစ်ဖက်လူ စိတ်ချမ်းသာဖို့ ကိုလဲ ထည့်စဉ်းစားပေးခြင်း တွေ ပါတယ်။

    တကယ်က လူ နှစ်ယောက် ကြား အချစ်စကားတွေ ပြော ပြီး ယုယ ထွေးပွေ့နေမှ ရိုမန်တစ် မဟုတ်ပါဘူး။
    အလုပ်ထဲ မှာ ရှုပ်နေသူ ကို “ငါ့ဆီ မလာသေးဘူး လား” ပြောမဲ့အစား “အလုပ် သာပြီး အောင်လုပ်၊ ဘာမှ တွေးမနေနဲ့။ ဒီနေ့ လာမကြို လဲ မနက်ဖြန် တွေ့တာပေါ့၊ အစားတော့ စားနော်၊ ဘိုက်ဆာမခံ နဲ့” လို့ သာ ပြောလိုက်။
    တစ်ဖက်လူစိတ်ထဲ ဟပ်ထိ သွားစေရမယ်။
    အဲဒါက ကိုယ့် ရဲ့ သူ့ ဘက် ကို ကြည့်ပေးခြင်း ဆိုတဲ့ ချစ်ခြင်း ပါဝါ က နေ သူ နဲ့ ကိုယ်ကြား က Bond ကို ခိုင်စေတာပါ။
    သူအလုပ်လုပ် နေတာ ကိုယ့်အတွက် လို့ ယုံကြည်ခြင်း၊ သူ့ ကိုယ်ကျင့် ကို ယုံကြည်ခြင်း၊ သူ့ ချစ်ခြင်း ကို ယုံကြည်ခြင်း တွေ ကလဲ ပိုပိုခိုင်စေတဲ့ ကြိုးတွေပါဘဲ။

    ကိုယ့်ဆီတော့ မလာဘဲ၊ အလုပ်မများ ဘဲ တစ်ခြားမှာ သွား ကညော့တာ ဆိုရင်တော့ ညှိ မနေ နဲ့။
    ထားသာပစ်ခဲ့။ lol:-)))

    ကျုပ် တူ လေး က ဂလို တော့ ဝုတ်ဘူး လို့ ယုံ ပါတယ်။
    ရိုးသား၊ ကြိုးစား၊ ဖိုးသခွါး လေး ကို နားလည်လိုက်ပါ လုံမ ရယ်။
    သူ့ကိုလဲ ခပ်ညံ့ညံ့ ယောကျာင်္း တွေ လို အချစ် က ရေ ဆို ခပ်ပြီး တို့၊ အချစ်အကြောင်းဘဲ ဖွဲ့ ပြနေတာ တို့ နဲ့ အချိန်မကုန် ခိုင်းပါနဲ့။
    ကျုပ် လုံမ လေးကလဲ ခပ်ညံ့ညံ့ မိန်းမ တွေ လို ကိုယ့်ကိုဘဲ တစ်ချိန်လုံး ယုယ နေမှ ကြိုက်တာ မရရင် စိတ်ကောက် တာ မလုပ်ပါနဲ့။
    ကျုပ် တူ နဲ့ တူမလေး ကို အင်မတန် ခိုင်မြဲ တဲ့ တမင် လုပ်မထားတဲ့ သံယောဇဉ် အကြင်နာ ကြိုး နဲ့ ဘဝ ကို ပျော်ပျော်ကြီး တည်ဆောက် စေချင်ပါတယ်။

    ချစ်တဲ့
    အရီး :-)))

    • ချစ်တဲ့အရီးရေ
      ကွန်မန့်တွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ သမီးကိုယ်က တစ်ခါတစ်ခါ ဗွေဖောက်တတ်တာ ဆိုမလားပဲ။ သူကလည်း အေးလွန်းတာကိုး။ သမီးရဲ့ ပင်ကိုစရိုက်က အမှတ်တရလေးတွေ surprise လေးတွေ ငွေကြေးနဲ့ဝယ်ယူထားတာမဟုတ်တဲ့ ပစ္စည်းလေးတွေ ကိုယ့်ကိုချစ်တဲ့အကြောင်း လေးလေးနက်နက်ပြောတာလေးတွေကို သိပ်သဘောကျတာ။ သူ့အတွက်ကျ သူချစ်တယ်ဆိုတာ ပြောစရာမလိုအောင် သိသာနေတာရယ် ခေါင်းထဲမှာထည့်ထားတဲ့ ဘဝဆိုတာကြီးရယ် နောက် surprise ဆိုတာကို မလုပ်တတ်တာရယ်ပေါင်းပြီး သမီးလိုချင်တာတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားရော။ သမီးလည်း တတ်နိုင်သလောက်တော့ နားလည်ပေးပါတယ်။ ဒါပေမယ့် ကိုယ်စိတ်မကြည်တဲ့အချိန်ရယ် သူများတွေကို အားကျမိတဲ့အခိုက်ရယ်ဆို ပေါက်ကွဲမိရော။ သူက သူ့ကို စိတ်ဆိုးမှန်းတောင် သိတာမဟုတ်ဘူး။ သမီးလည်း ကိုယ့်စိတ်ကို ပြုပြင်ပါမယ်။ ကိုယ်မကြည်တိုင်း ဘေးကလူကို ပတ်ရမ်းတတ်တာ မကောင်းဘူး။

  • ရှေးခေတ်က တော့ အချစ်ဆိုတာ ခံစားစရာတစ်ခု နူးနူးညံ့ညံ့

    အခုခေတ်ကတော့ ထမင်းရှာစားရတာနဲ့တင်အုံးစားနေတော့
    အချစ်ဆိုတာ
    တစ်ခါတစ်ခါသတိရ မှ ထကြည့်ဖြစ်တဲ့ ကိုယ်ပိုင်ဝယ်ထားတဲ့စာအုပ်လိုဖြစ်သွားသပေါ့

  • မြစပဲရိုး

    July 16, 2015 at 1:41 am

    ဒီမယ် မောင်မောင်အံ။
    လုံမ အလှည့်ပြီး တော့ မင်း အလှည့်။
    မရခင်တော့ ဖျာလိုလိပ် ခေါင်းပေါ်မှာ ရွက်၊ နောက်တော့ ရလဲ ရရော။
    တစ်ခြားဟာတွေ က ပိုပြီး ရှေ့ရောက်။
    လုပ်သင့်တာလဲ လုပ်ပေါ့။ မအား ရင်လဲ မအားကြောင်း ၊ အလုပ်များတဲ့ အကြောင်းလေး တွေ အသေအချာ ရှင်းပြပေါ့။
    နောက်ပြီး လူကိုယ်တိုင် မပြောနိုင်၊ မသွားနိုင်လဲ လေးလောက် တော့ အသေအချာပို့ ဂရုစိုက်ရမှာပေါ့။
    အနာဂါတ် အကြောင်း တွေ ကို ဘယ်လို ပလန် လုပ်နေတယ်။ ဘယ်တော့လောက် ဆို အတူတူနေနိုင်မယ် ဒါလေး တွေ ကို ပြောရင်း အတူတူ စိတ်ကူးကြည့် နေကြပေါ့။
    စကားပြောစရာ ကိုလဲ စာလေး ဘာလေး တွေ ထဲက တွေ့ရာ ပြောပေါ့။
    ရွာထဲ ကအတင်းလှည့်တုတ် ရင်တောင် အချိန်လောက်မယ် မဟုတ်။
    မိန်းကလေး ဆိုတာ ဆိုးချင် နွဲ့ချင် တာလဲ သိထားပြီး စိတ်ဆိုး/ကောက် ရင် ဒီ အတိုင်းကြည့်မနေနဲ့။
    . ဖြေရှင်းချက်လေး တွေပေးပြီး ချော့ ရတယ်ဟဲ့။

    ဒီမှာ ကျုပ်လုံမ ကိုယ်စား သီချင်း က ဒီ လိုရှိတယ်ကွဲ့။ ကျောက်ရုပ်ကြီး လုပ်မနေနဲ့။

    လက်တွဲထားတာ၂နှစ် တောင် ရှိပြီ ဆိုတော့ Many Many Congratulations!
    နောက် နှစ်ပေါင်း ရွှေရတု၊ စိန်ရတု ထိ တွဲလက်များ မြဲ စေသား။ :-)))

    https://www.youtube.com/watch?v=vyThZaQa-q0

    • အဲ့သီချင်းကို တစ်လပြည့်တဲ့နေ့မှာ CD လေးနဲ့ လက်ဆောင်ပေးဖူးတယ်။ တစ်ခြားသီချင်းတွေလည်းပါတယ်။ သူ့ကို ရွာထဲလာဖို့ပြောထားတယ်။ ခုထ်ိပေါ်မလာသေးဘူး ကြည့် …

  • Swal Taw Ywet

    July 16, 2015 at 3:21 am

    ဒုတိယဖျာရဲ့ တောင်ဘက်ဒေါင့်က သဲပွင့်လေးပေဘဲ။
    ခြောက်မျက်နှာရေ- စတုတ္ထ မန်ကျည်းပင် အနောက်ဘက် အကိုင်းက မန်ကျည်းရွက်ကို ပြန်သုံးသင့်သဟဲ့။
    ခွေးတောက်ရွက်ခါးပေမယ့် ဆေးဖက်ဝင်သတဲ့။
    အဆောင်အနေအထား နဂါးလှည့် သင့်မသင့် ကိုရင်စည်ထံ မေးပေတော့ဟေ့။
    မနက်ခင်း ကော်ဖီလက်ဖက်ရည်အစား ရွာသူတွေကြား ခေတ်စားနေသယ့် DETOX ကလေးသာ ဆက်သစေဗျားးးးးး။
    With respect,
    Swal Taw Ywet.

    • အစက ဝလာတယ်လို့ ပြောရင် မဝပါဘူးတဲ့ … ခုကျ ဝိတ်ချရင်ကောင်းမားမသိဘူး ဆိုတော့ ချလေ တဲ့ … Detox ဆိုလို့ကတော့ လာထားအာဘွားပဲ ဟီဟိ

  • black chaw

    July 16, 2015 at 8:36 am

    လွန်ခဲ့သော ၂နှစ်ကျော်က အခြေအနေကို ကျွန်မ ပြန်လိုချင်သည်။
    မနက်အစောကြီး ကျွန်မ အိပ်ယာမနိုးမီ လက်ဖက်ရည်တစ်ခွက်လာပို့သော
    သူ့ကို ကျွန်မ ပြန်လိုချင်သည်။
    ကျွန်မတင်သမျှ ဓာတ်ပုံတွေကို သိမ်းထားပြီး ကျွန်မပုံတွေနှင့် သီချင်းလုပ်ပေးသော
    သူ့ကို ကျွန်မ ပြန်လိုချင်သည်။
    ချက်ဘောက်စ်မှတစ်ဆင့် ကျွန်မကို ချစ်သည့်အကြောင်းများ
    ပို့ထားသော သူ့ကို ကျွန်မ ပြန်လိုချင်သည်

    လုံမလေး လိုချင်တဲ့ ဂရုစိုက်မှုမျိုးတွေက လူတစ်ယောက်ရဲ့ ဇရာ လိုပဲ
    တဖြေးဖြေး ဆုတ်ယုတ်လာတတ်တာမျိုးပါ။
    ဆိုကြပါစို့။
    လွန်ခဲ့တဲ့ ၂ နှစ်က သူအလိုချင်ဆုံး လို့ သတ်မှတ်ထားတာက လုံမလေး ပေါ့။
    လုံမလေး က နံပတ်တစ် ပေါ့။
    အခု ၂ နှစ်လောက် ဖြတ်သန်းပြီးတဲ့ အချိန်ကျတော့
    သူ့ရဲ့ ဦးစားပေး နံပတ်တစ်က လုံမလေး နဲ့ အတူနေဖို့
    လုံမလေး လက်ကို ကိုင်စွဲပြီး ဘဝတစ်ခုထူထောင်ဖို့ ဆိုတာ ဖြစ်နေလောက်ပြီပေါ့။
    အဲဒီအခါ လုံမလေး က နံပတ် ၂ နေရာကို အလိုလို လျှောကျပြီးသား ဖြစ်သွားပါပြီ။
    ဒါပေမယ့် နံပတ်တစ် အချက် သည်လည်း လုံမလေးအတွက်ပဲ ဖြစ်နေတာမို့
    ကျေနပ် နေတတ်အောင် ကြိုးစားတာ အကောင်းဆုံးပါဗျာ။
    အိမ်ထောင်ကျပြီးသွားတဲ့အခါကျရင်လည်း
    လုံမလေး တို့ လင်မယား ရဲ့ နံပတ်တစ် ဦးစားပေး ဆိုတာတွေက
    မွေးလာတဲ့ သားလေး သမီးလေးတွေ ဖြစ်သွားဦးမှာမို့
    ပြောင်းလဲ လာတတ်တဲ့ ဂရုစိုက်မှုတွေကို
    ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားတာ အကောင်းဆုံးပါလို့ အကြံပေးလိုက်ပါတယ်ဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဦးလေး ဘလက်ချော…။

    • အဲ့လိုဆို ယူတောင်မယူချင်တော့ဘူး :k:

      သမီးက ကိုယ့်ကိုချစ်မှန်းသိတော့ ဆိုးချင်တယ် … အခုလည်း သူက ဂရုစိုက်ပါတယ် … သမီးစိတ်ကိုက ပိုလိုချင်တာ … တစ်ခါတစ်ခါ သူငယ်ချင်းတွေကို ကြည့်ပြီးအားကျတာလည်း ပါတာပေါ့ … အူးလေးပြောသလို ပြင်ဆင်နိုင်ဖို့ပဲ ကြိုးစားရမှာပေါနော် … ကိုယ်က ချစ်တာကိုး :k:

      • မြစပဲရိုး

        July 20, 2015 at 10:36 pm

        ဟေ့ အဲ ဂလို လုပ်နဲ့ လေ။
        ဒီလို လူ နှစ်ယောက် တစ်ယောက် နဲ့ တစ်ယောက် ကံ ဆုံ ဖို့ ဟာ လွယ် တာလိုက်လို့။
        သူကောင်း တာ နဲ့ ဆိုး တာ တွဲပြီး မြင် နေနိုင် သမျှ အားလုံး အဆင်ပြေ ပါ တယ် လုံမရယ်။
        တစ်ချို့ က သမီးရီးစား တွဲ နေချိန်မှာ အကောင်းတွေ ကိုချည်း ဟန်လုပ် ကြိုးစား နေကြတာမို့
        တကယ်လဲ လက်တွေ့ဘဝထဲ ရောက်ရော အဆိုး တွေ က ပေါ်ကာချိန် သည်းမခံ နိုင်ကြတော့တာပါ။
        ဒါကြောင့် အခုလို သူ့ အားနည်းချက်တွေ ကို အခုထဲ က သိထား ရမယ်။
        လုံမ ရဲ့ အားနည်းချက် တွေ ကိုလဲ သူ ကြိုပြီးဝမြင်ထားသင့် တယ်။
        ဒါဆို နောက်ပိုင်း ပြသနာကြီးကြီး ဖြစ်ဖို့ ခက်ပါတယ်။
        ဒီတော့ နှစ်ယောက်သား နဲနဲ ပို အချိန်ယူပြီး အားနည်းချက် တွေ ဆိုးချက် တွေ ကို ထုတ်ပြကြပေတော့။
        လွန်တော့ မသွားစေနဲ့ပေါ့။
        lol:-)))

  • ဦးကြောင်ကြီး

    July 16, 2015 at 9:01 am

    မွပ်မ… ရားနေလူး..

    • မြစပဲရိုး

      July 20, 2015 at 10:37 pm

      နိ လောက် မဆိုး သေးဝူး။

  • Alinsett @ Maung Thura

    July 16, 2015 at 9:06 am

    သယ်ရင်းတိုနှစ်ယောက်က သိပ်လိုက်ပါတယ်ကွယ်…
    တစ်ယောက်က … အေးတိအေးစက်…
    တစ်ယောက်က… သွက်သွက်လက်လက်

    ဘာပဲဖြစ်ဖြစ်… လိုက်ဖက်ညီတယ်..
    .မြန်မြန်သာ ယူကြ….
    ယူမှာဖြင့်..မြန်မြန်ယူ…

    • kai

      July 16, 2015 at 11:54 am

      မျိုးဆက်သစ်ကလေးက..ဘယ်လို..လို့.. ပုံဖေါ်ကြည့်တော့.. အေးသွက်လေးဖြစ်မလားပဲ..
      မြန်မြန်ယူကြဟေ့..
      တရက်တရက်.. နှမြောစရာ.. :k:

  • ဦးကျောက်ခဲ

    July 16, 2015 at 12:51 pm

    Men Are from Mars, Women Are from Venus တဲ့ …
    John Gray ရေးတဲ့ အဲသည့်စာအုပ်ကို ဖတ်ဖြစ်အောင်ဖတ်ပါလို့ တိုက်တွန်းပါရစေ…
    လျှာနဲ့သွားလို အသွင်မတူတာလေးကိုက ရန်ဖြစ်လိုက် ပြန်ချစ်လိုက်…
    သိပ်အသွင်တူလွန်းရင် လက်တွေ့ဘဝမှာ တကယ်တန်းလက်တွဲဖို့ မဖြစ်နိုင်ပါ…
    ကျန်တာတော့ ဦးလေးမပြောလို … အပေါ်က စီနီယာကြီးတွေ ဆိုမိန့်သွားပြီ… :k:

    • Wow

      July 16, 2015 at 1:22 pm

      အာ့မိုးလေးဒွေ ခလေးထိန်းရင်းနဲ့ ရေးကျိပါလားးး နောက်တာဟုတ်ဖူး အတီ :mrgreen:

      • ဦးကျောက်ခဲ

        July 16, 2015 at 1:38 pm

        အပြစ်မပြောလိုပါ … မိန်းမတွေက အချစ်ကိုကိုးကွယ်တယ်…
        ယောက်ျားတွေက ဘဝကိုကိုးကွယ်တယ်… မတူညီတဲ့အခြေခံ…
        မိုးမိုး (အင်းလျား) ရဲ့ “ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား”…
        ဖတ်ဖူးလားဟင်… ဘိန်းစားမယားချစ်ဆိုတာ အဲဒါမျိုး… ခွိ ခွိ
        John Gray ရဲ့စာအုပ်ကို ဘာသာပြန်လိုသော်လည်း …
        မီးဖိုဆောင်မှာ ဟင်းချက်ရတဲ့ဘဝကို ပျော်မွေ့သွားပြီမို့… :k:

        • Wow

          July 16, 2015 at 2:21 pm

          အာ့ဆိုလည်း ပြန်ရင်အဲ့စာအုပ်ယူလာပီး အနော့်ပေး :kwi:

  • မွသဲ ( 17082011 )

    July 16, 2015 at 1:01 pm

    အချစ်ဆိုတာ ဘဝလောက်အရေးမပါပါဘူးအမွန်ရယ်။ ဘဝတခုတည်ဆောက်မယ်ဆိုရင် နားလည်မှု့ကပိုအရေးကြီးတာပေါ့။ အချစ်ဆိုတာကြာလာတာနဲ့အမျှလုံးပါးပါးသွားပြီး ထုနဲ့ထည်နဲ့ကျန်ခဲ့ရမှာ သံယောဇဉ်နဲ့နားလည်မှု့

    • ဦးကြောင်ကြီး

      July 17, 2015 at 8:35 am

      အလို.. မဲသွပ်က ျီး မတေဒေးပါရား… အမြံလစ်လေမှ… ဝှစ် ဝှစ်

      • မွသဲ ( 17082011 )

        July 17, 2015 at 8:55 pm

        တေဘာ့လားကြောင်

  • အောင် မိုးသူ

    July 16, 2015 at 1:39 pm

    စပရိုက်တို့ ဘာတို့ ရန်လေးဘာလေးဖြစ်လေ။ ခိခိ။ ပရိုမိုးရှင်းလေးဘာလေး ဆင်း။ ဟီး။

  • aye.kk

    July 17, 2015 at 10:51 am

    လုံမလေးရေ
    သွေးအမျိုးအစားလိုက် အချစ်တွေက ကွဲပြားသွားကြကုန်တာလို့
    အန်တီ ယူဆမိပါတယ်ကွယ်။။။။။

  • zarlay

    July 17, 2015 at 1:48 pm

    ကျွန်မ၏ ခပ်ကြောင်ကြောင် Comment များ

    • ဦးကြောင်ကြီး

      July 18, 2015 at 9:05 am

      .. ဇာလေး ဈေးလာ၊ မြှာရေး တွေးခါ၊ အာမွှေး တေးသာ၊ လ ျှာပေး ကျွေးပါ။

  • ၂ နှစ်တုန်းက ရေးထားတဲ့ပို့စ်..
    ခုလို ၃ နှစ်ကျော် ၄ နှစ်ပြည့်ခါနီးမှာ တစ်ကျော့ပြန်လာတယ်..
    ဒီတစ်ခါ ပိုဆိုးတယ်…
    မတတ်နိုင်ဘူး 🙁 🙁 🙁

Leave a Reply