၂၀၂ဝ မှာဖြစ်လာမယ့် ဝန်ဆောင်မှု
တစ်နေ့ထက်တစ်နေ့ တိုးတက်လာတဲ့ ကမာ္ဘကြီးမှာ နည်းပညာဆိုင်ရာ
တိုးတက်မှုတွေနဲ့ အတူ အချက်အလက် စုဆောင်းထားရှိမှု ကလည်း
တိကျခိုင်မာလာပါတယ်။
အဲဒါနဲ့ ပတ်သတ်တဲ့ ဟာသလေးတစ်ခုကို forward mail တစ်ခုရလို့ မြန်မာမှု
ပြန်ပြုထားပါတယ်..
၂၀၂ဝ မှာဖြစ်လာမယ့် ဝန်ဆောင်မှုကို သိချင်တယ်ဆိုရင်
အော်ပရေတာ။ “ကျနော်တို့ ဆိုင်ကို ခေါ်ဆိုမှုအတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့
…”
စားသုံးသူ။ “ဟဲလို…. ကျွန်တော် မှာစရာရှိ…”
အော်ပရေတာ။ “ဆရာရဲ့ စွယ်စုံသုံးကဒ် နံပါတ်လေး သိခွင့် ရှိမလား ခင်ဗျာ..”
စားသုံးသူူ။ “အဲဒါ..အာ. ခဏ.. ၈၈၉၈၃၆၄၈၅၀၃၇၂၆၂၉ ၂၃၇၂ -၄၈၈ -၄၂၇၂ …”
အော်ပရေတာ။ “ဟုတ်ကဲ့ပါ ဦးတင်ရွှေ ခင်ဗျာ.. ဆရာ့ရဲ့ အိမ်လိပ်စာကတော့ ၂၃
အလင်္ကာလမ်း ဖြစ်ပြီး ရုံးဖုန်း ၄၆၈၂၇၂၉ နဲ့ မိုဘိုင်းဖုန်း ဝ၆၉၃၈၃၇၂၇
ဖြစ်ပါတယ်။ ခု ဆရာ ဘယ်နံပါတ်က ခေါ်နေတာပါလဲ ခင်ဗျာ..”
စားသုံးသူ။ “အိမ်ကပေါ့ကွ။ မင်းဘယ်လိုလုပ် ငါ့ဖုန်းနံပါတ်တွေ အကုန်သိနေတာလဲ…”
အော်ပရေတာ။ “ကျနော်တို့က စနစ်အားလုံးနဲ့ ချိတ်ဆက်ထားလို့ပါ ဆရာ..”
စားသုံးသူ။ “ထားပါတော့… ခု ပင်လယ်စာ ပီဇာ မှာ ချင်လို့ .. ရမလား…”
အော်ပရေတာ။ “အဲဒါ ဆရာ့ အတွက် သိပ်မကောင်းပါဘူး..”
စားသုံးသူ။ “ဟ.. ဘာဖြစ်လို့တုန်းကွ…”
အော်ပရေတာ။ “ဆရာ့ရဲ့ ဆေးစစ်ချက်မှတ်တမ်း အရ၊ အခု ဆရာ့မှာ
သွေးတိုးရှိနေတဲ့ အပြင် ကိုလက်စတော ပါဝင်မှုလည်းများနေပါတယ်…”
စားသုံးသူ။ “ဘာဖြစ်တယ်!!.. ဒါဆိုရင် မင်းကဘာကို စားသင့်တယ် ထင်လဲ…”
အော်ပရေတာ။ “ဆီပါဝင်မှုနည်းတဲ့ ဂျပန်စတိုင် ပီဇာ ကို စမ်းစားကြည့်ဖို့
ဖိတ်ခေါ်ချင်ပါတယ်.. ဆရာ ကြိုက်မှာပါ…”
စားသုံးသူ။ “မင်းက ဘာဖြစ်လို့ ငါကြိုက်မယ်လို့ သေချာပြောနိုင်ရတာလဲ…”
အော်ပရေတာ။ ” ပြီးခဲ့တဲ့ အပတ်က ဆရာ နိုင်ငံပိုင် စာကြည့်တိုက်ကနေ
စာအုပ်တစ်အုပ် ဌားထားပါတယ်။ စာအုပ်နာမည်က ” ထင်ရှားသော ဂျပန်စတိုင်
ဟင်းလျာများ ” မို့လို့ပါ..”
စားသုံးသူ။ “ဟား.. ဟုတ်ပြီ. ဟုတ်ပြီ. ငါ အရှုံးပေးပြီ… ငါ့ကို မိသားစုစာ
(၃) ခု ပေးစမ်းကွာ.. ဘယ်လောက်ကျလဲ…”
အော်ပရေတာ။ “ဟုတ်ကဲ့.. ခုဟာကတော့ ဆရာ့ မိသားစု (၁၀) ယောက်လုံးစာ
လုံလောက်ပါတယ်… စုစုပေါင်း ၄၉.၉၉ ဒေါ်လာပါ…”
စားသုံးသူ။ “အကြွေးဝယ်ကဒ်နဲ့ ပေးလို့ရလား..”
အော်ပရေတာ။ “ဆရာ ကျနော်ကို လက်ငင်းငွေသားနဲ့ ရှင်းပေးစေချင်ပါတယ်… ဆရာ့
အကြွေးဝယ်ကဒ်က သုံးခွင့်ပြုထားတဲ့ ပမာဏထက် ကျော်နေပါပြီ။ နောက်ပြီး ဆရာ
ဘဏ်ကို ပေးစရာ ၃၄၇၆.၄၅ ဒေါ်လာ ရှိနေတာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ
ကတည်းကပါ… အဲဒါ ဆရာ့အိမ်ဌားခ တွေမပါသေးပါဘူး…”
စားသုံးသူ။ “ဒါဆို မင်းဆီက လာပို့တဲ့လူ မလာခင် ငါက ဒီနားက အေတီအမ် စက်မှာ
သွားပြေးထုတ်ထားရမယ် ထင်တယ်…”
အော်ပရေတာ။ “ဆရာ ထုတ်လို့ရမှာ မဟုတ်ပါဘူး.. မှတ်တမ်းတွေအရ၊ ဆရာ
ဒီနေ့အတွက် ခွင့်ပြုပမာဏကို ထုတ်ယူပြီး ဖြစ်နေပါပြီ…”
စားသုံးသူ။ “ကိစ္စမရှိပါဘူး.. ပီဇာကို သာရောက်အောင် ပို့လိုက်ပါ..
ငါ့ဆီမှာ ငွေသားရှိပါတယ်… ဒါနဲ့ ဘယ်လောက် ကြာမလဲကွ…”
အော်ပရေတာ။ “(၄၅) မိနစ်လောက်တော့ ကြာပါမယ်ဆရာ..ဆရာ မစောင့်နိုင်ဘူး
ဆိုရင်တော့ ဆရာ့ဆိုင်ကယ်ကို စီးပြီး လာယူလို့ရပါတယ်…
စားသုံးသူ။ “ဘာ!!!”
အော်ပရေတာ။ “စနစ်တွေမှာ ဖော်ပြထားတဲ့ အသေးစိတ် အချက်အလက်တွေအရ၊ ဆရာ့မှာ
ဆိုင်ကယ်တစ်စီးရှိပြီးတော့ မှတ်ပုံတင်နံပါတ် ၉၂၇၃၄၈ …..
စားသုံးသူ။ “?????????”
အော်ပရေတာ။ “ဘာအလိုရှိသေးပါသလဲ ဆရာ..”
စားသုံးသူ။ ” မရှိဘူး !! စကားမစပ် ကိုလာ (၃) လုံးလောက် ကြော်ငြာအနေနဲ့
မပေးနိုင်ဘူးလား..”
အော်ပရေတာ။ “သာမန်အားဖြင့်တော့ ပေးနိုင်ပါတယ်.. ဒါပေမယ့်
မှတ်တမ်းတွေအရ..ဆရာ့မှာ ဆီးချို…..”
စားသုံးသူ။ “***%&$%%### $##$%%@!)))”
အော်ပရေတာ။ “ဆရာ ပြောတာဆိုတာ ကိုကြည့်ပြောရင် ကောင်းပါမယ်.. ဆရာ ၁၉၈၇
ဇူလိုင်လ (၁၅) ရက် တုန်းက ဆရာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုမှု အတွက်
အပြစ်ဒဏ်ချခံရဖူးတာ အမှတ်ရပါ..”
စားသုံးသူ။ မူးလဲသွားပါတယ်…
http://www.xmyanmarx.co.cc/blogs/60613 မှာ တွေ့လို့ ကူးယူတင်ပြလိုက်ပါတယ်။
One comment
Pyaung Gye
August 24, 2010 at 12:44 pm
ဟဟဟဟဟဟဟား