ဖရုံသီးမှ အရီးတော်မယ် – Gourd, Melon, Cucumber
ရေးချင်တာတွေ မရေးနိုင်ခင် ဖရုံသီး အရင် သီးပါရစေ။





ကွကိုယ် ဘူး၊ ဖရုံ၊ ဖရဲ, သခွါးမျိုးတွေ ချာလပတ်ရမ်းနေအောင် မသိတာမို့။
ရှာရင်း ဖွေရင်း သိသလောက် လာထားထားတာ။
အခြေခံမျိုးတွေက…
၁) ရွှေဖရုံ (ဒါကတော့ ရှင်းတယ်။ ဟင်းချက်စားတာ၊ ဟိ)
၂) ကျောက်ဖရုံ (ဒါလည်း ရှင်းတယ်၊ ဟင်းခါးချက်တယ်၊ အကြော်ကြော်တယ်။ ဖရုံယို လုပ်တယ်)
၃) ဟန်နီဂျူး (သခွါးမွှေးခေါ်သလားမသိ၊ အစိမ်းရောင် ချိုချိုလေးး၊ ခု ရုံးမှာသီးတဲ့ဟာ)
၄) ဖရဲသီး (ဒါလည်း ရှင်းတယ်။ အဝါနဲ့အနီရှိတယ်)
၅) Rock Melon မှာ စရှုပ်ပြီ။ (မြန်မာလို ဘာခေါ်မှန်းမသိ။ ပန်းနုမိတ်ကပ်ရောင်ရော၊ စိမ်းဝါဝါ ရောင်ရောရှိတယ်။ အစိမ်းကို သတ်သတ်ခေါ်သေးတယ်။ ကိုကို ကျောက် ကတော့ မြန်မာလို သခမ သီးလို့ ခေါ်သတဲ့။
ကိုယ်တွေကတော့ အသီးမွှေးမွှေး စားလို့ ရတာမှန်သမျှ သခွါးမွှေး ခေါ်ပစ်တာကိုးးး
.
တကယ်တော့ သူတို့က အမျိုးတော်တဲ့ ဝမ်းကွဲတွေဖြစ်ကြောင်း ကိုကိုကျောက် က ဂလို ဆိုထားပါသေးရဲ့။
Honeydew နဲ့ Rock Melon ဘာကွာလဲဆိုတော့ အရောင် အနံ့အရသာနဲ့ အပြင်ခွံကွာပါတယ် ။
Rock Melon က သခွါးချဉ်မျိုးထဲမှာ ပါ ပါတယ် ၊ ကပြားမျိုးပါ ။
သခွါးမွှေး (Honeydew) နဲ့ သခွါးချဉ် (Canary Melon, Santa Claus Melon, Korean Melon) ဝတ်မှုန်ကူးရင် Rock Melon တွေ ထွက်လာတတ်တယ်လို့ ဒုတိယနှစ် ပုပ္ပါးမှာကွင်းဆင်းတုန်းက ဆည်ပေါက်စိုက်ပျိုးရေးခြံကပြောတာ မှတ်ဖူးပါကြောင်း…။
ဆိုတော့ နွယ်မျိုးတွေဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်ပြီး အမျိုးတော်တယ်လို့ပဲ မှတ်လိုက်ပါပြီ။
ဘူးး
ဖရုံ
ဖရဲ
သခွါး
ကြက်ဟင်းခါး စသည်ဖြင့်ပေါ့။
~~~~~~~~~~~~~~
ကြွားချင်တာ ခုမှ လာတာ။ ဟိ။
သများတို့ ရုံးရှေ့မယ် ပိုက်ကွန်ပစ်ပြီး အဲဒီ ရှိသမျှ နွယ်မျိုးတွေ ပျိုးထားတာ စားလို့လည်းရ၊ သများလည်း ပျင်းရင် ဖုံးတစ်လုံးနဲ့ ဓာတ်ပုံတွေ
ရိုက် စသည်ဖြင့် အလုပ်ဖြစ်တာပေါ့။



အသီးတွေလည်း များလာ


သခွါးသီးတွေလည်း အများကြီးးး
ဟိ

ကြက်ဟင်းခါးလည်း ရှိ။

~~~~~~~~~~~~~~
ခု လာမှာ က သများရဲ့ အညွန့်ခူး အဲ အညွန့်အဖူးအပွင့်လေးတွေ လိုက်ရိုက်ထားတာကို ပြမှာ။
အမျိုးတော်မှန်း သူတို့ အပွင့်လေးကို ကြည့်ရင် သိတယ်။
သများက အသီးကနေတောက်လျှောက်လိုက်ပြီး ရိုက်ထားလို့ ဘယ် အပင်က အပွင့်တုန်းသိတာ။
နို့မို့ မကွဲဘူးရယ်။





~~~~~~~~~~~~~
နောက် ကြုံမှ ရုံးက ပန်းပင်လေးတွေ အကြောင်း ပြောပြမယ်။
14 comments
Foolish Girl
August 5, 2015 at 9:22 am
ရိုက်ချက်လေးတွေအရမ်းလှတယ်နော်
ဇီဇီခင်ဇော်
August 5, 2015 at 11:05 am
လာအားပေးတာ ကျေးကျေးပါ။
🙂
အောင် မိုးသူ
August 5, 2015 at 9:29 am
ဖရုံညွှန့် အရမ်းကောင်းတယ်။ နိုင်ငံခြားမျိုးတွေတော့ အာသီသ မရှိဘူး။ မြန်မာမျိုးထဲမှာ ရိုးရိုးသခွားသီးရယ် ကျောက်ဖရုံရယ်လောက်ပဲ ပိုကြိုက်မိတယ်။
ဇီဇီခင်ဇော်
August 5, 2015 at 11:03 am
ကျောက်ဖရုံ ဟင်းခါး ကိုလည်း ကြိုက်တယ်။
သခွါးသီးတို့ လည်း ကြိုက်တယ်။
aye.kk
August 5, 2015 at 9:34 am
ဇီဖီရေ
ကျေးဇူးပါ။
တော်ချက်၊ရိုက်ချက်ကလည်းလှ၊ဗဟုသုတတွေရှာမှီးရေးပြထားလို့
အကျိုးရှိလှတဲ့postတစ်ပုဒ်ပါဘဲ။
ဒီဒေသမှာလည်းတောင်ပေါ်အခါရွာတွေကထွက်ရှိတဲ့
သခွားမျိုးတွေအတော်စုံလင်လှတယ်၊အန်တီလည်း၊အမျိုးအမည်
တွေမခွဲခြားတတ်တော့၊သခမသီးလို့ပဲအလွယ်ခေါ်လိုက်တယ်။သခွါးမျိုးတွေကအတော်များတယ်။
ဇီဇီခင်ဇော်
August 5, 2015 at 11:01 am
သိတဲ့ တတ်တဲ့သူတွေက အမျိုးအစားသေချာခွဲပြရင်တော့ အကောင်းသား အန်တီအေးရေ။
ခုက အရပ်ခေါ်လောက်ပဲ သိတာ။
🙂
ဦးကျောက်ခဲ
August 5, 2015 at 10:26 am
ဟွင့်… သွသူ ဓာတ်သေပို့စ်တင်တာ ကျောက်စ် အဆစ်ပါတယ်…
အဟိ… အသီးထက်စာရင် ဘူးညွန့် ဖရုံညွန့် သခွါးညွန့်တွေကို…
ဟင်းချက်စားဖို့ ပိုစိတ်ဝင်စားတယ်… ဒီမှာဈေးကြီးလွန်းလို့… ရှလွတ်စ်
မယ်ချွိတို့ရုံးမှာသာ ကျောက်စ်အလုပ်လုပ်ရရင် အဲ့အပင်တွေ ဟင်းဖြစ်ပြီ… အားဟိ
:k:
ဇီဇီခင်ဇော်
August 5, 2015 at 11:00 am
ခိခိ။
အင်ဖိုတွေ ရချင်လို့ လုပ်စားနေတာကြာပြီလေ။
ဘူးညွန့်ဟင်းချိုတော့ ကြိုက်တယ်ဗျ။
ဒါပေမဲ့ မသင်ချင်ဘူးးး
ဟို ကတယ်ပီလာလေးတွေက ဒီ အရွက်တွေ သိပ်ကြိုက်တယ်။
ကျနော် အဲဒီ အကောင်လေးတွေတော့ ကြောက်တယ်။ အူယားလို့။
:mrgreenn:
Mike
August 5, 2015 at 10:38 am
.ရုံးရှေ့ ရတဲ့နေရာလေးမှာဖြစ်အောင်စိုက်ထားတာ ချီးက ျူးပါတယ်..
.မြန်တ ျန့်ကလူတွေ အတုယူစိုက်ပျိုးသင့်တယ်…ဒီမှာလည်းစက်ရုံမှာ ဗူး၊ ဖရုံ ၊ ကြက်ဟင်းခါး၊ ပဲပုဇွန်၊ ငြုပ်၊ .နဲ့ ပြောင်းဖူးပင်စိုက်ထားတယ်…သီးမှရိုက်တင်အုံးမယ်..ခိခိ
ဇီဇီခင်ဇော်
August 5, 2015 at 11:06 am
မိုက်မိုက်။
ရိုက်ထားးး
ရိုက်ထားးး
အာ့မိုးတွေ သဘောကျတယ်
:mrgreenn:
ဟေသီ
August 5, 2015 at 11:28 am
အပင်တွေစိုက်ထားပုံက မိုက်တယ်။ အိမ်က ဝရံတာမှာ ရသလောက်လေး အဲ့လို စိုက်ကြည့်အုံးမယ်။ အလုပ်မအားရင် အပင်တွေ သေသွားမှာစိုးတာနဲ့ မစိုက်ဖြစ်တာ။ အရင်ကတော့ ခရမ်းချဉ်သီးကို ပန်းအိုးနဲ့ စိုက်ဖူးတယ်။ ငရုတ်လည်း စိုက်ဖူးတယ်။ အိမ်ကို ခိုက်တယ် ပြောတာနဲ့။ အတော်တောင် ငရုတ်သီးတွေ သီးနေမှာ ပစ်လိုက်ရတယ်။ တိုက်ဆိုင်တာလား မပြောတတ် ငရုတ်ပင် မနုတ်မချင်းကို ဖြစ်နေတာနဲ့။ သစ်ပင်စိုက်ချင်တဲ့ ပိုးလည်း မွေးလိုက်အုံးမယ်….
ဇီဇီခင်ဇော်
August 5, 2015 at 11:36 am
ဟီးဟီးးး
အမလည်း အပင်သာချစ်တာ စိတ်မရှည်ဘူး ပျင်းတယ်။
သူများ စိုက်ထားတာဆိုရင်တော့ ကြည့်ပြီး ကြည်နူးတာပါ့။
:mrgreenn:
ကြည်ဆောင်း
August 5, 2015 at 2:41 pm
အသီးတွေကိုလဲ ကြိုက်
အပွင့်လေးတွေကလဲ မိုက်
ရိုက်ချက်တွေကိုလဲ ခိုက်
ဇီဇီခင်ဇော်
August 5, 2015 at 3:41 pm
ကြည်ဆောင်းလေး မတွေ့တာ အတော်ကြာ
🙂