နားမလည်ဘူး
ခင်ဗျား လက်ဆော ့ခဲ တဲ ့
မျဉ်းကောက်ကြာင်းတွေပေါ်မှာ…
ကျုပ်
အကြိမ်ကြိမ် နေဝင်ခဲ ့တာ
မိုးမလင်းနိုင်ခဲ ့သေးဘူး…
ပီကာဆို
ခင်ဗျား လက်ဆော ့ခဲ တဲ ့
မျဉ်းကောက်ကြာင်းတွေပေါ်မှာ…
ကျုပ်
အကြိမ်ကြိမ် နေဝင်ခဲ ့တာ
မိုးမလင်းနိုင်ခဲ ့သေးဘူး…
ပီကာဆို
14 comments
အောင် မိုးသူ
August 12, 2015 at 9:39 am
အဲ့ဒါ ပြောင်စပ်စပ်လား
တောတွင်းပျော်
August 16, 2015 at 6:59 pm
စပ်အောင်ရေးကြည် ့ထားတာ
စပ်သလားမေးတာကို နားမလည်ဘူး။
Alinsett @ Maung Thura
August 12, 2015 at 9:48 am
အိပ်မက်က လှတယ်
ဘွက ရုပ်ဆိုးတယ်
မိုးမလင်းသေးဘူးးးးး
အိပ်ဦးးးးး
:k:
တကယ်တမ်း ပြောရရင် ဒီကဗျာလေး တအား သဘောကျ
တောတွင်းပျော်
August 16, 2015 at 7:03 pm
အိပ်ချင်မူးတူးထ
ကော်မန် ့ ဝင်ပေးလိုက်တာကို
နားမလည်ဘူး။
ပြန်အိပ်လိုက်ပါအုံး။ ကိုအလင်းဆက်..
Mike
August 12, 2015 at 10:41 am
.နားမလည်ဘူး :))
တောတွင်းပျော်
August 16, 2015 at 7:09 pm
နားမလည်တာကို နားလည်သလိုလိုနဲ ့
နားမလည်ဘူးလို ့ ပြောလိုက်တာကိုလည်း
နားမလည်ဘူး..
နောက်တာနော် ကိုမိုက်။
ဝင့်ပြုံးမြင့်
August 12, 2015 at 10:54 am
.ကောင်းလိုက်တဲ့ ကဗျာ။
တောတွင်းပျော်
August 16, 2015 at 7:14 pm
ရေးတတ်သလိုသာ ရေးလိုက်တဲ ့
ကဗျာလေးကို ကောင်းလိုက်တာဆိုလို ့
နားမလည်ချင်သလိုလို။
နေကောင်းတယ်နော် ဆရာမ…
ဇီဇီခင်ဇော်
August 12, 2015 at 11:03 am
ပီကာဆိုရဲ့ ကောက်ကြောင်းတွေကို နားမလည်ကြောင်း ရေးထားတဲ့ ကဗျာကိုနားလည်ပါတယ်။
ဒါနဲ့ ဝါဆိုမိုးဥ ရဲ့ ကောက်ကြောင်းကိုရော နားလည်လားဟမ်??
:mrgreenn:
တောတွင်းပျော်
August 16, 2015 at 7:18 pm
နားမလည်တာကို နားလည်ပေးတဲ ့
မမချွိကို နားလည်ချင်သလိုလိုနဲ ့
နားမလည်ဘူး။
ဒါနဲ ့ နားမလည်လို ့
ဝါဆိုမိုးဥဆိုတာ ဘာလဲဟင်?
Ma Ma
August 16, 2015 at 8:27 pm
ဖတ်ပြီးစက နားမလည်ဘူး။
နားမလည်တာကို နားလည်အောင် ပြန်ဖတ်ရင်းနဲ့
နားလည်တာကိုပါ နားမလည်သလိုဖြစ်ပြီး
နားမလည်တာကိုလည်း နားလည်လာသလိုနဲ့
နားလည်တယ်ဆိုတာဘာလဲ
နားမလည်ဘူးဆိုတာဘာလဲ
နားမလည်တော့ဘူး။ :k:
naywoon ni
August 16, 2015 at 8:50 pm
စဉ်းစားလို့ မရဘူးဗျာ ။ မိုးမလင်းဘဲ နေတွေအကြိမ်ကြိမ်ဝင်တယ်ဆိုတာကို ။ သဘာဝကိုလွန်ဆန်နေသလိုဂျီးဖြစ်မနေဘူးလား ။ နေက အရှေ့ကထွက်မလာဘဲ အနောက်အရပ်ဆီသို့ အကြိမ်ကြိမ်ဝင်၏ ။ ဆိုရင် …………..
…. 🙂
ကိုပေါက်(မန္တလေး)
August 16, 2015 at 9:39 pm
ပီကာဆိုဘဝ ငါလေရ ချင်ရဲ့ လို့ ဆိုခဲ့တဲ့သူတွေကို သွားမေးကြည့်ရင်
နားလည်လာမယ်ထင်ပါရဲ့
HMM
August 17, 2015 at 9:46 am
နားလည်တာကို နားမလည်ချင်ယောင်ဆောင်တဲ့သူ နဲ့
နားမလည်တာကို နားလည်ချင်ယောင်ဆောင်တဲ့သူတွေကို နားမလည်ချင်ဘူး…