Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စိတ်ကူးဖဲရိုက် (၁) – Food Corner

ဇီဇီAugust 12, 20151min113536

မိုးသူ က စိတ်ကူးယဉ် အိပ်မက် အကြောင်းလေး ပြောတော့ ဖတ်ပြီး

ကိုကိုကျောက် ရဲ့ ကော်မန့် ပါ တွေ့လိုက် အပြီး မှာ ကိုယ့် စိတ်ကူးလေး အကြောင်းလည်း ပြောချင်သားးး

:mrgreenn:

.

.

.

ထမင်းဆိုင် ပို့(စ) စစချင်းမှာလည်း ပြောဖူးရဲ့။ စားသောက်ဆိုင် အသေးစား တစ်နိုင်လေး ဖွင့်ချင်ခဲ့တာ။

ပထမ တစ်ခုက ဟင်းစပ် တည့် တဲ့ ဟင်းတွေ တစ်ရက် တစ်စုံ ပဲ ရောင်းတဲ့ ဆိုင်မျိုးးး

ထမင်းဆိုင်တွေ ဖတ်ဖူးရင်တော့ မြင်မှာပါ။

အကျယ် မရေးတော့ဘူးးး

ပိုက်ဆံ ပုံမှန် ဝင်တဲ့၊ ငွေကို ငွေနဲ့ ခိုင်းနိုင်တဲ့ အလုပ်တစ်ခုများ ခိုင်ခိုင်မာမာရှိခဲ့ရင် အစားအသောက် ဆိုင်လေးကို အမြတ်မစဉ်းစားပဲ စိတ်ကူးရှိသလောက် လုပ်ချင်ရဲ့။

~~~~~~~~~~~~~~~~~~~

.

.

.

နောက်တစ်မျိုးက မုန့်ဆိုင်သီးသန့်ကို ဖွင့်ချင်တာရယ်။

နေရာ တစ်ခုမှာ မုန့်ဆိုင်တန်းး ဆိုင်ခန်းလေးတွေ ပေးပြီး မြန်မာ အစားအသောက် ရောင်းချင်တာ။

မုန့်မျိုးစုံ အတွက် အသည်မျိုးစုံ ရှိမယ်။

 

နေရာထိုင်ခင်းရဲ့အပြင်အဆင် နဲ့ သန့်ရှင်းရေးကို ကိုယ်က တာဝန်ယူမယ်။

အစားအသောက်အတွက် သန့်ရှင်းမှုကို ရောင်းသူက တာဝန်ယူ အဲလိုမျိုးလေး….

ဒီ နေရာကို လာတာနဲ့ မြန်မာမုန့်တွေကို သန့်သန့်ရှင်းရှင်း အရသာရှိရှိ စားလို့ ရတဲ့ One-Stop Service ရအောင် ပေးချင်သေးတာ။

မြန်မာ အချိုပွဲ ရာသီစာမုန့်တွေ ရှိမယ်။

ကောက်ညှင်းနဲ့ လုပ်တဲ့ မုန့်တွေ…

ဆန်မုန့်မျိုးစုံ တွေ…

သစ်သီးသစ်ဆံ နဲ့ လုပ်တဲ့ မုန့်တွေ…

ဒေသတစ်ခုတစ်ခုမှာ နာမည်ကြီးတဲ့ မုန့်တွေ…. စသည်ဖြင့်ပေါ့။

ဆိုင် တွေ ကိုလည်း ရိုးရိုးရှင်းရှင်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းကလွဲပြီး အပို အလှဆင် ပစ်စည်းတွေမထားဘူးရယ်။

မုန့်စာရင်းကလည်း လက်ထဲ ရှိပြီးသားး၊ ဒေသစာ၊ ရာသီစာတွေလည်း စဉ်းစားပြီးသားး

အဲ။ အထပျင်းနေလို့သာ။  :mrgreenn:

 

လုပ်ရင်လည်း ပုံသေမသွားချင်၊ အပြောင်းအလဲနဲ့မှ လုပ်ချင်တာ ဆိုတော့ အပြောင်းအလဲကို လက်ခံမဲ့ နေရာလည်း ဖြစ်အူးမှ။

~~~~~~~~~~~~~~~~~~

.

.

 

နောက်တစ်မျိုး အတွက် တော့ ခြံလေး ရချင်တယ်။ ရမှ ဖြစ်မယ်။ စိုက်ပျိုးမြေ ကောင်းတဲ့ ခြံလေးပေါ့။

 

ဟို တစ်ပတ်က ပြောခဲ့တဲ့ ဘူး၊ ဖရုံ၊ သခွါး၊ ကြက်ဟင်းခါး၊ ဂေါ်ရခါး၊ ခဝဲ၊ ကင်းပုံ တို့ ကို စင် နဲ့ တင်ထားမယ်။

https://myanmargazette.net/217682

 

သုံးချင်တာက အလူမီနီယမ် တန်းတွေ နဲ့ စင်ထိုးချင်တယ်။

သီးချင်သလောက် သီးးး…

အဲ … အဲဒီ စင် အမြင့်ရဲ့ အောက်မှာ မှ သစ်သား စားပွဲ နဲ့ ခွေးခြေ အပုလေးတွေနဲ့ အကြော် ဆိုင်ဖွင့်ချင်တာ။

အပေါ်က အမှုံအမွှား အကောင် မကျအောင် ကာကွယ်တဲ့ ဆောက်လုပ်ရေးဒီဇိုင်းက အသေးစိတ် ခေါင်းထဲ ရှိတယ်။

ကိုယ်က အဲဒီ နွယ်ပင်က ဆိတ်တို့ ကောင်တွေ ကို ကြောက်တယ်ရယ်။

ဟီးဟီး

:mrgreenn:

ဘာ အကြော်တွေ ရနိုင်မတုန်း ဆို…….

 

ဘူးသီးကြော်

ဖရုံသီးကြော်

ဂေါ်ရခါးသီးကြော်

အာလူးကြော်

ပြောင်းဖူးကြော်

ခရမ်းသီးကြော်

ဥနီကြော်

ကြက်သွန်ကြော်

တို့ဟူးကြော်

မတ်ပဲကြော်

ကလားပဲ ကြော်၊

မန်းလေး ပဲကြော်

စသည်ဖြင့် နဲ့ အချဉ်ရည် ကောင်းကောင်း၊ ရေနွေးကြမ်း ကောင်းကောင်း ရတဲ့ ဆိုင်မျိုးး၊ မှာ လိုက်မှ ဆီသန့်သန့်နဲ့ ကြော်တာမျိုးလေ။

.

.

ကြော်နည်းတွေ ဖတ်ချင်ရင် အောင်မိုးသူရဲ့ ဒီ ပို့(စ) ဖတ်။

ကောင်းကောင်းစားကြမယ် မြန်မာ့ရိုးရာအကြော်စုံ နဲ့ အချဉ်ရည်ကောင်းကောင်း

စိတ်နောက်ကို လူနဲ့ ပိုက်ဆံ မလိုက်နိုင်သေးလို့။

 

စိတ်ကူး (၂) ကို နောက်တစ်ပတ်မှ ပြောပြအူးမယ်။

ဟိဟိ

 

 

 

36 comments

  • ဦးကျောက်ခဲ

    August 12, 2015 at 9:12 am

    အဟိ… ကောင်းတယ် ကောင်းတယ်…
    မယ်ချွိရဲ့ဆိုင်ဘေးမှာ ကျောက်စ်ရဲ့ One-stop ဘုံဆိုင် & Bar ဖွင့်မယ်…
    ခြံထဲက အသီးအနှံတွေနဲ့ ဝိုင်ဖောက် လတ်လတ်ဆတ်ဆတ် ဂလုလို့ရမယ်…
    ပြီးရင် အသားငါးမျိုးစုံကိုလည်း ကင်ပြီးရောင်းဦးမှာ…
    မွေးသဖခင်ကတော့ ခန္ဓာမစဲခင် အမှာတော်ရှိဖူးတယ်…
    “ငါ့သား လူကလေး… မင်း စားသောက်ဆိုင်လုပ်ငန်း မလုပ်နဲ့” တဲ့…
    “မြတ်မှာလည်းမဟုတ် … မင်းပဲ အသေစောမှာ” တဲ့ … အားဟိ :k:

    • ဇီဇီခင်ဇော်

      August 12, 2015 at 11:09 am

      ဟီးဟီးဟီးးး
      အဲလိုသာဖွင့် ဆိုင်တွေ အရင်းပြုတ်ပြီး လူတွေ ဝတုတ်ပိုဖြစ်မှာ။

      :mrgreenn:

  • kai

    August 12, 2015 at 9:21 am

    ယူအက်စ်မှာ.. စာဖိုမှုးပြဿနာတက်နေတယ်…။
    အရင်နှစ်တွေက…. ဆိုင်၁ဆိုင်ဖွင့်.. အလုပ်ခေါ်ရင်စားဖိုမှုးရ ယောက်လာလျှောက်သတဲ့…
    အခုတော့…
    ဆိုင် ရဆိုင်ဖွင့်.. စာဖိုမှုးတယောက်ပဲ…လာလျှောက်သတဲ့…

    ဆိုင်ဖွင့်လိုသူတွေ ကိုယ်တိုင်ချက်နိုင်မှဖွင့်စေလို…။
    ကိုယ်တိုင်ချက်နိုင်သူတွေ.. ဆိုင်ဖွင့်ကြစေလို…။

    • ဇီဇီခင်ဇော်

      August 12, 2015 at 11:08 am

      အာဗျာ။
      တဂျီးနှယ်။
      ချက်တတ်တိုင်း မစားတတ်ဘူးဗျ။
      စားသောက်ဆိုင်ဖွင့်တယ် ဆိုတာ ချက်တတ်တာထက် စားတတ်သူက ဦးစီးဖွင့်တာပိုကောင်းတာ။
      ဟေးဟေးဟေး

      :k:

  • black chaw

    August 12, 2015 at 9:29 am

    တကယ်တော့ လူတိုင်း စိတ်ကူးယဉ်တတ် ကြပါတယ်ဗျာ…။
    ဖြစ်နိုင်တဲ့ စိတ်ကူးယဉ်မှု နဲ့ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်မှု ဆိုတာမျိုးတော့
    ရှိတာပေါ့…။
    အခု…။
    ခင်ဇော်ကြီး ရဲ့ စိတ်ကူးဖဲရိုက် (၁) ကတော့
    ဖြစ်နိုင်သော စိတ်ကူးယဉ်မှု အမျိုးအစားထဲမှာ ပါပါတယ်…။
    စိတ်ကူးဖဲရိုက် တဲ့ နေရာမှာ
    ဂျိုကာ တက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗာျ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

    • ဇီဇီခင်ဇော်

      August 12, 2015 at 11:06 am

      အားပေးတဲ့ အတွက် ကျေးဇူးပါ.။

      🙂

  • အောင် မိုးသူ

    August 12, 2015 at 9:45 am

    ံခြံလေးတစ်ခြံကတော့ စိတ်ကူးထဲရှိပြီးသား အရိပ်ရတဲ့အပင်ကော သီးပင်ကော ပန်းပင်ကောစိုက်ချင်တာ။ စိတ်ကူးရှိတယ်။ တကယ်လည်း လုပ်မယ် စီစဉ်ထားတယ်။

    • ဇီဇီခင်ဇော်

      August 12, 2015 at 11:05 am

      ခြံရတောင် သွားနေပြီး မစိုက်နိုင်မလုပ်နိုင်တဲ့ ဘွပါကွယ်။

      :a:

  • ဝင့်ပြုံးမြင့်

    August 12, 2015 at 10:57 am

    .ဇီဇီ ရဲ့ စိတ်ကူးကတော့ မဖြစ်နိုင်ဘူး ထင်တာပဲ။ လူတစ်ယောက်မှာ လုပ်နိုင်စွမ်းနဲ့ မလုပ်နိုင်စွမ်းမှာ မလုပ်နိုင်စွမ်းက ပိုကြီးတယ်။

    • ဇီဇီခင်ဇော်

      August 12, 2015 at 11:04 am

      မဖြစ်တော့လည်း မလုပ်နိုင်ဘူးမှတ်ပေါ့။
      ဖြစ်တော့လည်း လုပ်နိုင်တယ်လို့ မှတ်ပေါ့။

      :mrgreenn:

  • Mike

    August 12, 2015 at 11:05 am

    .ငိငိ..တို့လည်းခြံလေးတစ်ခြံပိုင်ချင်တာ…ခုနေခါတော့ မြို့အပြင်ဖက်မှာတောင်ဈေးကမသေးလှ
    .ဘာပြောပြော စိတ်ကူးဖဲရိုက်ရင်တစ်အိမ်တော့ဝင်ပါချင်သား :))

    • ဇီဇီခင်ဇော်

      August 12, 2015 at 11:12 am

      စားသောက်ဆိုင်တို့ မုန့်ဆိုင်တို့ မြေမလိုပေါင်ဗျာ။
      နေရာ ငှါးလို့ရပါ့။

      :mrgreenn:

  • ကြည်ဆောင်း

    August 12, 2015 at 2:10 pm

    ဖောက်သည်တစ်ယောက် ရပြီမှတ်လိုက်နော်
    အကြော်ကောင်းကောင်း နဲ့ မြန်မာမုန့်ကောင်းကောင်း စားချင်နေတာ

    • ဇီဇီခင်ဇော်

      August 12, 2015 at 3:03 pm

      ခင်ညာ။
      ကြည်ဆောင်းလေးရေ။
      အရင်းရှာလိုက်အူးမယ်ညော်!!

      :mrgreenn:

  • manawphyulay

    August 12, 2015 at 2:51 pm

    မြန်မာမုန့်နှင့် အကြော်စုံပူပူလေး စားချင်နေတာနဲ့အတော်ပဲ…… :mrgreen:

    • ဇီဇီခင်ဇော်

      August 12, 2015 at 3:04 pm

      သားတစ်ယောက် သမီး တစ်ယောက် နဲ့ မနောလေး လာနိုင်တဲ့ အချိန်တော့ ဖြစ်ကောင်းရဲ့ကွယ်။
      :mrgreen:

  • ဗုံဗုံ

    August 13, 2015 at 9:53 am

    အဲကွယ်… လူကပြာတာ ဆီပူကလောင်
    ဆီညှော်တွေနဲ့ဝတုတ်ကြီးဖစ်…
    ငုတ်တုတ်ကြီးထိုင်ပီး ဘူးသီးတွေကြော်နေမှာ မြင်ယောင်သေး……..
    အာ့မျိုးဆို ချစ်တော့ဝူး သွား….. :mrgreenn:

    • ဇီဇီခင်ဇော်

      August 13, 2015 at 9:56 am

      သများ က ကြော်မယ် ပေါလို့လားးး
      အဖို ဆို မီးဖိုနား မကပ်ဘူးးး
      ခိခိ။

      ကြော်သမျှကို မြည်းပေးမှာ။
      :mrgreenn:

      • ဗုံဗုံ

        August 13, 2015 at 10:11 am

        မီး ဂိုဂိုလေးကို အကြော်ခိုင်းနဲ့ နော်
        အကြော်ဆိုင်ကို မီးနဲ့ရှို့ပစ်မယ်..
        ဘာမှတ်နေရဲ….. ဟွန်း… :mrgreenn:

        • ဇီဇီခင်ဇော်

          August 13, 2015 at 10:14 am

          အကြော်မကြော်ခိုင်းဘူးးး
          ဘူးသီး နုနုခူးခိုင်းမယ်။
          ညင်းညင်း :mrgreenn:

  • Alinsett @ Maung Thura

    August 13, 2015 at 3:48 pm

    အကြော်ထဲမှာ ကောက်ညင်းမပါတာ အကုန်ကြိုက်…
    စားဖို့သာ… စိတ်ဝင်စားတာတော့ အနော့် အားနည်းချက်… အဟိ

    • ဇီဇီခင်ဇော်

      August 13, 2015 at 3:51 pm

      ငင်။
      ဘယ် အကြော်က ကောက်ညှင်းပါလို့တုန်း

      :k:

      • Alinsett @ Maung Thura

        August 13, 2015 at 3:58 pm

        မုန့်ဆီကြော်ရယ်…
        ပဲကပ်ကြော်ရယ်…
        မုန့်ကြောလိမ်လားမသိ..အာ့ရယ်… အဲ့လိုအကြော်တွေက ကောက်ညှင်းကို ကြိတ်ထားတဲ့ မုန့်နှစ်နဲ့
        . ရော ကြော်ရတာလေ..
        အာ့မျိုး ကောက်ညှင်းဆန် ရောနေတဲ့ အကြော်ဆိုရင် မကြိုက်တာ…

        :k:

        • ဇီဇီခင်ဇော်

          August 13, 2015 at 5:25 pm

          အာ့တွေကို ကောက်ညှင်းမုန့် လို့ခေါ်တယ်ကွဲ့
          :k:

  • Wow

    August 14, 2015 at 12:05 pm

    ဟိ… စိတ်ကူးယဉ်တာတောင် အစားလေးနဲ့.. :mrgreen:
    တညား က ဒစ်စနေ ကာတွန်းအိမ် ပုံစံမျိုး အပြင်မှာ ဆောက်ပီး နေချင်တာ… ညင့်ညင့်မားမားပဲ စိတ်ကူးတာ :mrgreen:

    • ဇီဇီခင်ဇော်

      August 14, 2015 at 12:07 pm

      ဝါသနာပါတာက ဒါဆိုတော့
      စိတ်ကူးကွန့်မြူးတာလည်း ဒါပဲ ရှိတယ်။
      ဟိဟိ၊
      နာ့ စိတ်ကူး ၂ ကျရင် ကြွေသွားမယ်။
      ရှယ်ရာ ဝင်ချင်တယ်ဆို ကြိုပြေါ သိလား

      :mrgreen:

  • ဟေသီ

    August 14, 2015 at 12:29 pm

    မြန်မာမုန့်တွေတော့ မကြိုက်။ သို့သော် အကြော်တို့ ကြိုက်၏။ ဆိုင်ဖွင့်လျှင် ပြောပါ။ အကြွေးလာစားမည် ……

    • ဇီဇီခင်ဇော်

      August 14, 2015 at 12:47 pm

      လာမည် ကြာမည်။

      :mrgreenn:

  • Ma Ma

    August 16, 2015 at 2:27 pm

    ဆိုင်ဖွင့်မယ်ဆိုရင် အားပေးမယ့်သူ ရှိပြီးသားလို့သာ မှတ်လိုက်ပေတော့။
    🙂

    • ဇီဇီခင်ဇော်

      August 18, 2015 at 6:45 am

      ပိတ်သတ်တွေ များးလာပြီ
      :mrgreenn:

  • naywoon ni

    August 17, 2015 at 7:53 pm

    ​လောကမှာ ဖဲဝိုင်​းထဲဝင်​ထိုင်​ပြီး လက်​နဲ့ ဖဲချပ်​ကိုင်​ဖဲရိုက်​ရတာပြီးရင်​ စိတ်​ကူးနဲ့ ဖဲရိုက်​ရတာအ​ကောင်​းဆုံးပဲ ။ ကိုယ်​့ဖာသာ ကုလားဖန်​ထိုး ၊ ကိုယ်​့ဖာသာဖဲ​မွှေ ၊ ကိုယ်​့ဖာသာဖဲချိုး ၊ ကိုယ်​့ဖာသာဖဲ​ဝေ စိတ်​ကူးနဲ့ ဆို​တော့ ဖဲချပ်​​တောင်​ ကိုင်​စရာမလို 🙂

    • ဇီဇီခင်ဇော်

      August 18, 2015 at 6:47 am

      စိတ်ကူးးထဲတော့ ဝေပါ ဂျိုကာ ၄ ကောင် နဲ့ တခါတည်းး ဒေါင်းးနေဒါဘဲ
      :mrgreenn:

  • aye.kk

    August 17, 2015 at 8:21 pm

    စိတ်ကူးဖဲရိုက်
    ကြိုက်မှကြိုက်(စားတာကိုပြောတာပါ)။

    • ဇီဇီခင်ဇော်

      August 18, 2015 at 7:05 am

      သများး စီပွားးရေးး လုပ်ခါနီးးရင် တီအေးးဆီ လာတိုင်ပင်အူးးမယ်
      🙂

  • Crystalline

    August 18, 2015 at 12:30 pm

    စားသောက်ဆိုင်က သများစိတ်ဝင်စားတယ်..အရင်ကတော့ကိုက်တယ်…ခုချိန်က နေရာငှားခတွေက ခေါင်ခိုက်နေတော့ နည်းနည်းတော့ စားရမလားပဲ…
    အစားစုံရတဲ့ နေရာလေးတွေသဘောကျပါ့… အရင်အိမ်နားဖွင့်တဲ့အိုင်တီမှာ.. ဒေါ်ငယ်ကော်ပြန့်အသားလိပ်..မြောင်းမြမွင်းခါး..အဲ့လိုကောင်တာစုံ ၁ဝခုလောက်ရှိတာ.. အခုတော့ Feel ပဲပြေးရတော့တယ်..သူကလည်းပိုစုံတယ်လေ

    • ဇီဇီခင်ဇော်

      August 18, 2015 at 12:44 pm

      တစ်ဆိုင်တည်းမှာ အဲလို အစုံ ရရင်လည်း အရသာမှာ လျော့လျဲမှာ စိုးတယ်။
      မြန်မာမုန့် ဈေးတန်း ပွဲဈေးတန်းလိုမျိုးကို ပိုသန့်ရှင်း တဲ့ ဝန်းကျင်လိုလေး ဖန်တီးချင်တာတာ။

      🙂

Leave a Reply