မျောက်ငိုသီး
( ကြက်ခြေခတ် မှတ်စု )
ဖုတ်၍ ဖုတ်၍ သော်လည်းကောင်း
ပြုတ်၍ ပြုတ်၍ သော်လည်းကောင်း
ကြော်၍ လှော်၍ သော်လည်းကောင်း
လူမျိုးပေါင်းတကာတို ့ တညီတညွတ်တည်းဆိုကြသည်မှာ
သူနဲ ့အလိုက်ဖက်ဆုံးသောအတွဲသည်ကား
….
” ငပိ ”
++++++++++++++++++++++++
တောလည်ကနေ အပြောကြွယ်တာရယ် မဟုတ်
ဒီလ ဒီရာသီ
ဒီတော ဒီတောင်တစ်ခွင်မှာ
အနံ ့တကြိုင်ကြိုင်နဲ ့
ဒင်းတို ့တစ်တွေ လှိုင်လှိုင်သီးပါလေ ့
လေဝှေ ့ရာနွဲ ့ယိမ်းကခုန် နတ်ကိန္နရာမလေးတွေလို
ကိုင်းဖျားမှာတဲ ့ ယီးလေးခိုရင်း
တေးလေးဆိုလို ့ မြူးကြတယ်။
တောနေပျော်
ဆွေမတော် မျိုးတော်တို ့ကလည်း
ဝမ်းပွတ်ကာ နံငယ်ကားအောင်
မြို ့ဆို ့ကာ စားချင်ကြပေမင် ့
လှမ်းမမှီ ဆွတ်ချူခက်တာကြောင် ့ကွယ်
ပင်ခွမှာ ဆောင် ့ကြောင် ့လို ့ထိုင်
မျက်ရည်ဝဲ ငေးငေးမှိုင်ရင်း
အိုး! စားပါရစေကွဲ ့..
ပေးပါလှဲ ့ ရယ်လို ့…
တဖွဖွနဲ ့ တရရှာလေတယ်ကွယ်။
*******************************
အခုချိန်ခါဆို ကျနော်တို ့တောထဲမှာ
မျောက်ငိုသီး( patai )တွေ လှိုင်လှိုင်သီးနေပြီ။
သူ ့အနံ ့က ဆူးပုတ်နံ ့မျိုး။ မြန်မာပြည်
ကဒေသတချို ့နေရာတွေမှာရှိတယ်။
သူလည်း ဒညင်းသီးလို အတက်စာ။
အခုတော ့ camp မှာ ဒါချည်းပဲ နေ ့တိုင်းစားနေရပြီ။
ယောကျင်္ားဘသား တောတွင်းပျော်တွေ နေတဲ ့ camp ဘေးပတ်လည်မှာတော ့ ဒင်းအနံ ့က
သင်းပျံ ့ပျံ ့။
တရားခံ..
ဘယ်သူလည်းလို ့မမေးပါနဲ ့။
တစ်ယောက်မှ မလွတ်ဘူး။ အဟီး..!
=====
28 comments
Alinsett @ Maung Thura
August 12, 2015 at 2:38 pm
.မျောက်တွေ တကယ် ငိုတဲ့ အတီးလားငင်
:k:
တောတွင်းပျော်
August 16, 2015 at 8:01 pm
မျောက်တွေ တကယ်မငိုပါဘူး ကိုအလင်းဆက်။
သူတို ့ အလွန်နှစ်သက်တဲ ့ အသီး။ ကိုင်းဖျား အစွန်းမှာ
တွဲလောင်းချိတ်သီးတာမို ့ သူတို ့လည်းခူးရခက်တယ်။
ဒေသကလူတွေကတော ့ လေ ့ကျင် ့ပေးထားတဲ ့မျောက်
(မျောက်ဖင်နီ) တွေနဲ ့ခူးကြတယ်။
ကျနော်တို ့ကတော ့ မှီနိုင်သလောက် အကိုင်းဖျားထိတက်
အဲဒီကနေ တုတ်တံချူနဲ ့ ခူးရတာ။
ဦးကျောက်ခဲ
August 12, 2015 at 2:44 pm
အဟိ… ပဲဒညင်းလို့လည်း ခေါ်တယ်ဟုတ်…
စလုံးမှာနေတုံးက မလေးဈေးမှာ အပုံလိုက်ချရောင်းတယ်…
ဝက်သားနဲ့ချက်စားရင် အီအီဆိမ့်ဆိမ့် အရသာရှိပါ့…
အဲ… ဘုန်းလေမြူးရင်တော့ ကွကိုယ်တောင် အနံ့မခံနိုင်… ဟီး ဟီး :k:
ဇီဇီခင်ဇော်
August 12, 2015 at 2:49 pm
အာ့ စမယ်လင်း ဘီး(န) လို့ ခေါ်တာ။
ဒညင်းသီးတောင် မကြိုက်တာ။
ဒညင်းသီးထက် ပိုဆိုးတာ သူက စိမ်းရွှေရွှေနံ့ ပိုတယ်။။
သများ မကြိုက်ဘူးးးး
အီးဟီးဟီးးးး
😥
အဲလေ မျောက်ငိုပို့(စ) မှာ လာငိုနေလို့ မဖြစ်သေးပါဘူးးး
:byee:
တောတွင်းပျော်
August 16, 2015 at 8:04 pm
ဟယ်!
ကျနော ့မျောက်တွေနဲ ့ လာပြိုင်ရတယ်လို ့
HMM
August 12, 2015 at 3:13 pm
စမယ်လင်း ဘီး(န)ကို ဒညင်းသီးနုနုလေးတွေမှတ်လို့ သူများတွေတောင်လိုက်ညွှန်းလိုက်သေး…
ခုမှမတူမှန်းသိတယ် :k::k::k:
တောတွင်းပျော်
August 16, 2015 at 8:10 pm
အမခင်ဇော်တို ့ HMM တို ့ပြောတဲ ့ စမယ်လင်း ဘီး(န) ကို အခုမှကြားဖူးတာ..
Mike
August 12, 2015 at 3:25 pm
.မတွေ့ဖူးသေးဘူးဗျ…အဝင်နံ အထွက်နံသီးပေါ့ :))
တောတွင်းပျော်
August 16, 2015 at 8:12 pm
ကြိုက်တတ်ရင်တော ့
အဝင်လည်း မွှေး အထွက်လည်းမွှေးပေါ ့
အဟီး…
အောင် မိုးသူ
August 12, 2015 at 3:49 pm
အဲ့အပင်က စိန်ပန်းလို ပွင့်တဲ့ အပင်လား သိပ်မသိလို့
တောတွင်းပျော်
August 16, 2015 at 8:18 pm
ရုတ်တရက်ကြည် ့ရင်တော ့ အရွက်တွေက စိန်ပန်းနဲ ့တူသလိုလို
သူကက ရိုးတံထိပ်မှာ ဂေါက်သီးအလုံးလိုှမှာ အပွင် ့ပွင် ့ပြီး အဲ ့ကနေ အသီး သီးတာ
manawphyulay
August 12, 2015 at 4:36 pm
မျှောက်ငိုသီးလား…. မျောက်ဆော့သီးလား… ဟင်..
တောတွင်းပျော်
August 16, 2015 at 8:27 pm
မျောက်တွေက အဝ စားပြီးရင် ကျန်တဲ ့အသီးတွေကို
ဆော ့ခြေဖျက်ပစ်တတ်ကြတယ်။
ဘက်ထရီကုန်တော ့မှာမို ့ ကျန်တဲ ့ ကော်မင် ့တွေ နောက်နေ ့မှ
ပြန်ပါရစေ။
kai
August 13, 2015 at 2:42 pm
ဒညင်းသီးက..ကျောက်ကပ်ထိတယ်ပြောတော့ကာ…
ဒီအသီးက.. ဘာထိမလည်းမသိ…။
ကျောက်ကပ်ရော.အသည်းရော ပါတ်လည်ဆွဲမယ့်ပုံ…။
ဆိုတော့…
မျောက်က.. ငပိနဲ့ထိရင်လည်း.. အနံ့မခံနိုင်..
ငိုတယ်ဆို… ဆို…။
တောတွင်းပျော်
August 17, 2015 at 8:23 pm
ငပိထိမိတဲ ့လက်ကို အရေပွန်းအောင်ထိ သနားစဖွယ်
ပွတ်တိုက်တာတော ့ မြင်ဖူးတယ်။
aye.kk
August 13, 2015 at 6:14 pm
မစားဘူးလို့စားကြည့်ချင်မိတယ်။
တောတွင်းပျော်
August 17, 2015 at 8:57 pm
အတို ့ အမြို ့ ကြိုက်တတ်တဲ ့ ဘယ်သူမဆို ကြိုက်တတ်တဲ ့ အသီးပါ
အမ!
Ma Ei
August 14, 2015 at 11:34 am
http://nwayhtethtetlinn.blogspot.com ဒီမှာ ဒါလေးတွေ့လို့ ဖတ်ရအောင် လာပို့လိုက်ပါတယ်..
ကျန်းမာရေးအတွက်စားသင့်တဲ့ မျောက်ငိုသီး (Petai)
ဆေးပညာရှင်များ လေ့လာစမ်းချက်အရ မျောက်ငိုသီးမှာ သဘာဝသကြားသုံးမျိုးရှိတာကို တွေ့ရတယ် ။
သစ်သီးသကြား ၊ ဂလုူးကို့စ်၊ ကြံသကာ တို့ဖြစ်ပါတယ်။
မျောက်ငိုသီးမှာအမျှင်ဓာတ်မ ျားပါဝင်တာမို့ အားအင်ကိုဖြစ်စေပါတယ် ။
မျောက်ငိုသီးထဲမှ Tryptophan ဓာတ် က လူခန္ဓာကိုယ်ထဲရောက်တဲ့အခါ Serotonin အဖြစ်သို့ပြောင်းလဲသွားသော ကြောင့်စိတ်ကိုပေါ့ပါးစေ ပြီး စိတ်နေစိတ်ထားကိုပြောင်းလဲပေးတာမို့ စိတ်ဖိအားကိုလျှော့စေနိင်စွ မ်းအားရှိပါတယ် ။
ဗီတာမင် B6 ပါရှိပြီးသွေးချိုကိုမျှတအေ ာင်ညှိပေးနိင်တာမို့ စိတ်ကိုပျော်ရွှင်လန်းဆန်းစေ ပါတယ် ။
မြင့်မားသောသံဓာတ်ပါရှိတယ် ။မျောက်ငိုသီးရဲ့နိူးဆွမှုေ ကြာင့်သွေးထဲမှ ( hemoglobin) သွေးနီဥကို ကိုထုတ်လုပ်နိင်တာမို့သွေးအ ားနည်းတဲ့အခါ အထောက်အကူပြုနိင်ပါတယ် ။
အပုူပိုင်းဒေသမှာပေါက်ပြီး ထုူးခြားတဲ့မျောက်ငိုသီး မှာ ပိုတက်ဆီယမ် (potassium) အများဆုံးပါဝင်ပေမယ့် အငံဓာတ်က နည်းပါးတာမို့ အမေရိကန်စားသောက်ကုန်နှင့်ဆေးဆိုင်ရာဌာနက မျောက်ငိုသီးပာာ သွေးပေါင်ကိုကျစေပြီး လေဖြတ်ခြင်းမှကာကွယ်ပေးနိင် ကြောင်း
မျောက်ငိုသီးရဲ့စွမ်းအားကို မှတ်တမ်းထားပါတယ် ။
နှလုံးရောဂါအတွက်လည်းအထောက် အကုူပြူပါတယ် ။
နေ့တိုင်း မနက်စာ ၊ နေ့လည်စာ တွင်မျောက်ငိုသီးကို စားရင် ဦးနှောက် အတွက်အထောက်အကူပြုနိင်ပါတယ် ။
ပိုတက်ဆီယမ် များပါတာမို့ အသိဉာဏ် ပိုကောင်းလာခြင်း စိတ်ပျော်ရွှင်လန်းဆန်းစေပါတ ယ် ။
အမျှင်ဓာတ်များပါဝင်တာမို့ ဝမ်းချုပ်ခြင်းမှကာကွယ်ပေးန ိင်ပါတယ် ။
မျောက်ငိုသီး နှင့် ပျားရည်တို့စားခြင်းဖြင့် (အရက်မှုး )အမှုးပြေစေပါတယ် ။ မျောက်ငိုသီး နှင့် ပျားရည်က အစာအိမ်ကိုအနားယုူစေပြီးသွေ းချိုကို ညီမျှအောင်ညှိပေးနိင်စွမ်းရ ှိပါတယ် ။
မျောက်ငိုသီးက လုူခန္ဓာကိုယ်ထဲကိုရောက်တဲ့အ ခါ သဘာဝ ခုခံနိင်သောအက်စစ် ဖြစ်သွားတာမို့ အစာအိမ်မကောင်းသူများအတွက် မကြာခဏ စားသုံးသင့်ပါတယ် ။ ဝိတ်ကျ နိင်စွန်းအားရှိပါတယ်။
ကိုယ်ဝန်ရှိနေစဉ် မျောက်ငိုသီး စားခြင်းဖြင့် မျောက်ငိုသီးကသွေးချိုကိုညှ ိပေးနိင်တာမို့ အော့အန်ခြင်းကိုကာကွယ်ပေးနိ င်ပါတယ် ။
ခြင်ကိုက်ခံရတဲ့ နေရာကိုမျောက်ငိုသီးလိမ်းပေ းခြင်းဖြင့် အရေပြားယားယံ ရောင်နေခြင်းနှင့် နာကျင်မှုကိုလျှော့စေတယ် ။
မျောက်ငိုသီးတွင်ဗီတာမင် ဘီ ဓာတ်များပါဝင်တာမို့ အာရုံကြောအတွက်အထောက်အကူပြူ ပါတယ် ။
မျောက်ငိုသီးတွင် Vit B6 , V12 ၊ ပိုတက်ဆီယမ်နှင့် မက်ဂနီဆီယမ် ပါဝင်တာမို့ ကိုယ်ခန္ဓာပြန်လည်ကောင်းမွန် အထောက်အကူပြုပါတယ် ။
ဆေးလိပ် ဖြတ် ရာတွင် နီကိုတင် (Nicotine ) ပျက်စေတယ် ။ “New England Journal of Medicine” လေ့လာချက်အရမျောက်ငိုသီး မကြာခဏ စားတဲ့သူက လေဖြတ်စေဆုံးရခြင်းအန္တရာယ်မ ှကင်းဝေးနှုန်း ၄၀% ရှိပါတယ် ။
မျောက်ငိုသီးက ပန်းသီးထက် အသားဓာတ် လေးဆ (protein) ။ ကာဗွန်ပာိုက်ဒိုက် နှစ်ဆ( carbohydrate) ၊ ဖော့စရပ် သုံးဆ ( phosphorus) ၊ ဗီတာမင် အေ နှင့် သံဓာတ်က ငါးဆ ။ အခြားဗီတာမင်နှင့် ပိုတက်ဆီယမ်များပါဝင်တာမို့ ကျန်းမာရေးအတွက်အသင့်တော်ဆံ ုး အစားအစာဖြစ်ပါတယ် ။
နေ့တိုင်းမျောက်ငိုသီးစားရင ်ဆရာဝန်နဲ့ ကင်းဝေးတယ်လို့ ပြောကြပါတယ် ။
ချစ်ခင်လေးစားရသောသူငယ်ချင် းတို့
မျောက်ငိုသီး (Petai) က မလေးရှား ၊ ထိုင်း ၊ အင်ဒိုနီးရှား ၊ စင်ကာပုူ ၊ မြန်မာနိင်ငံ များတွင် ရှိပါတယ် ။ ဒညင်းသီး လို အနံ့ အရသာတုူတယ်လို့သိရပါတယ် ။ ဒညင်းသီး အစား မျောက်ငိုသီး စားတာက ကျန်းမာရေးနဲ့ပိုသင့်လျှော် ပါတယ် ။ ဈေး လည်း ချိုအလွယ်တကုူရနိင်တဲ့အစား အစာမို့ သူငယ်ချင်းတွေကိုမျှဝေ ပေးလိုက်ပါတယ် ။ သူငယ်ချင်းများအားလုံးကျန်း မာပါစေ
Jin Li Chao
2013.10.04 at00:32am
credit to Jin Li Chao Facebook
တောတွင်းပျော်
August 15, 2015 at 5:16 pm
အမ မအိရေ…
ကျေးဇူးအထူးပါ။
မမ ကျင်လိ ရဲ ့ မျောက်ငိုသီးအကြောင်း ကျနော ့ fb မှာသူတင်ပေးခဲ ့တာ ပြန်တင်ပေးချင်ပေမယ် ့ လိုင်းအခြေအနေကြောင် ့ ရှာမလွယ်ခဲ ့ဘူး။
သူ ့ရ ဲ့ ဒီပိုစ်ကို မြန်မာပြည်က နာမည်ကြီးစာစောင်တစ်ခုကနေ သူ ့ဆီကခွင် ့မတောင်းပဲ တခြားနာမည်တစ်ခုနဲ ့ကိုယ်ပိုင်လုပ်ပြီး
ခပ်တည်တည်ပြန်တင်ထား တွေ ့ဖူးတော ့ စိတ်မကောင်းဘူး။
သူကမြန်မာပြည်ကို သံယောဇဉ်ကြီးပြီး ဘာသာတရား အလွန်လေးစားကြည်ညိုတဲ ့ မြန်မာပြည်ပေါက် တရုပ်လူမျိုးပါ။ အခုတော ့ ထိုင်ဝမ်မှာနေပြီ ကျန်းမာရေး ဆောင်းပါးတွေ အမြဲရေးတင်ပေးနေတဲ ့ပါ။ အလွန်လေးစားဖွယ်ကောင်းတဲ ့အမကြီးတစ်ယောက်ပေါ ့။
ဟေသီ
August 14, 2015 at 12:36 pm
တစ်ခါမှ မစားဖူးဘူး။ ကြားတော့ ကြားဖူးတယ်။ အပြင်မှာကို မမြင်ဘူးသေးတာ။ ကိုယ်တွေ ဗဟုသုတ မရှိပုံများ ပြောပါတယ်။
တောတွင်းပျော်
August 17, 2015 at 9:01 pm
မြန်မာပြည်က နေရာတိုင်းမှာတော ့ မရှိဘူး။
ချင်းပြည်နဲ ့ အိန္ဒယဘက် လူရှိုင်းပြည်နယ်ဖက်မှာတော ့တွေ ့ဖူးတယ်။
Ma Ma
August 15, 2015 at 8:36 pm
ဒီအတိုင်းကြည့်တာ ပဲကြီးနဲ့တူသလားလို့။
မအိပြောပေးတဲ့ ကျန်းမာရေးတန်ဖိုးတွေများမှန်းသိရတာကြောင့်လည်းကောင်းးးး တညင်းသီးကြိုက်တာကြောင့်လည်းကောင်းးးးး :k:
စားချင်လာပြီ။
မျောက်ငိုသီးကို တခြားဘယ်လိုခေါ်သေးသလဲ မသိဘူး။
တောတွင်းပျော်
August 20, 2015 at 4:53 pm
မြေပြန် ့ဒေသမှာ ရဖို ့တော ့မလွယ်ဘူးထင်တယ် မမ။
တခြားနာမည်တွေတော ့မသိဘူး။
ဦးကျောက်တို ့ အမခင်ဇော်တို ့ပြောတဲ ့ နာမည်ကိုတောင်မှ
အခုမှကြားဖူးတာ။
naywoon ni
August 16, 2015 at 9:47 pm
ကျုပ်တိူ့ဆီက ဘောစဂိုင်း သီးနဲ့ တူသလားလားလို့ ။ အဘများ ရွှေညန်ဒေါ်စူးရောက်ချက်က ကြီးမြန်သစ်ပင်ဆိုဆိုြပြီး နေရာတိုင်းမှာစိုက်ကြတာ ။ အရင်က သစ်တောက ဝေတယ် ။ သစ်ပင်စိုက်တဲ့လဆို စိုက်ကြတာပေါ့ ။ သစ်ကိုင်းက ဆတ် ထင်းဆိုက်တော့လည်းပြာအဖြစ်မြန် ။ အစေ့ကပေါ့တော့ လေနဲ့လွင့်ပါသွားြပြီး အပင်ပွားမြန် ။ အဲ့အသီးဆိုရင်တော့ ကျုပ်တို့ဆီမှာပေါမှပေါ ဘောစဂိုင်းကိုပြောတာ ။ 🙂
တောတွင်းပျော်
August 20, 2015 at 5:03 pm
ကျနော် ဘောစဝိုင်းပင်ကို မမြင်ဖူးဘူး။
ဒီမှာက အာကာရှားခေါ်တဲ ့အပင်တစ်မျိုးရှိတယ်။
သူက ကြီးမြန် ပွားမြန်နဲ ့ ပျော ့ဖတ်ထုတ်ဖို ့လားမသိ
စိုကကြတာတော ့ရှိတယ်။
ဦးကြောင်ကြီး
August 17, 2015 at 1:56 am
.. မေ ျာက်ငိုသီး သောက်ပိုရွှီး ဒေါက်တိုမီး ရှောက်ခ ျိုတီ..
တောတွင်းပျော်
August 20, 2015 at 5:06 pm
ကိန်!
အဲ…
ညောင်!
တောတွင်းပျော်
August 20, 2015 at 5:18 pm
ဒီကျနော ့ပိုစ်က ကိုအလင်းဆက်အကူအညီကြောင် ့
ရွာထဲကိုရောက်လာနိုင်တာ။ ကျေးဇူးအထူးနော် ကိုအလင်းဆက်။
လိုင်းအခြေအနေကြောင် ့ ကော်မန် ့တွေ ပြန် reply လုပ်ဖို ့ ရွာထဲကို
အကြိမ်ကြိမ်ကြိုးစားဝင်ရတာ။ တစ်ကြိမ်ဝင် ကော်မန် ့ ၁ခု ၂ခုပြန်လိုက်
လိုင်းလေးသွားလိုက်နဲ ့ အချိန်ဆွဲထားသလိုဖြစ်နေခဲ ့ sorryပါနော်။