ဖြည်းဖြည်းလာပါ …. အို “ဇရာ”
အရင်က လူကြီးတွေဟာ ဓာတ်ပုံရိုက်ရမှာကြောက်တယ်တဲ့။ ကြားဖူးနားဝရှိခဲ့တာလေးပါ။
အရင်က ဓာတ်ပုံရိုက်ဖို့ဆိုတာလည်း ကင်မရာဆိုတာ ခပ်ရှားရှားမဟုတ်လား။
အခုတော့ ဖုန်းတွေမှာပါ တော်တော်ကောင်းတဲ့ ကင်မရာပါလာပြီလေ။
တကယ်တော့ ကင်မရာတွေပေါများလာခြင်းဟာ ကောင်းသောဖက်ကကြည့်မယ်ဆိုရင်
ကိုယ့်ရဲ့ အမှတ်တရပုံရိပ်တွေကို ပြန်ကြည့်ရင် ကြည်နူးလို့ရတာပါပဲ။
2008 ကနေ 2015 ထိ ပုံလေးတွေကြည့်ရင် ဇရာဆိုတာကိုတောင် တွေးကြောက်လာမိတယ်။
စိတ်ထဲကလည်း ရေရွတ်မိပါရဲ့ ဖြည်းဖြည်းလာပါ အို “ဇရာ”…….ရယ်လို့။




















12 comments
kai
August 17, 2015 at 4:17 pm
သူကပဲပြောရသေး…
ကျုပ်တို့က.. ဘယ်ချောင်ပြေးရမယ်မသိ…။
ဆိုတော့…
နောင် အနှစ် ၃-၄ဝဆို.. သိပ္ပံတန်ခိုးနဲ့… ဇရာကိုယ်တိုင်.. ဇရာရပြီး.. သေရှာလိမ့်…။
အောင် မိုးသူ
August 17, 2015 at 4:27 pm
မကြီး အသက်ဘယ်လောက်လဲ ကျတော့်အသက် ဘယ်လောက်ရှိပြီထင်လို့လဲ မကြီး။ ကျတော်လည်း အိုနေပါပြီ။ 🙁
မြစပဲရိုး
August 18, 2015 at 3:02 am
ဘယ်နှယ့် သူကြီး ကို မကြီး ခေါ်နေပါလိမ့်။ 😉
ထွက်ပြီး မှ ဇဝေဇဝါဖြစ်လို့ ထပ်ပြန်ဝင်လာကြည့်တာ။
အောင် မိုးသူ
August 18, 2015 at 10:16 am
ဟိဟိ မမချွိနဲ့ မှားသွားတာ မနေ့က ဖေ့ဘွတ်မှာ အူးကျောက်စ်ချက်ထားတဲ့ တီနှင်းပို့စ်ကို အူးထွန်းမှတ်လို့ ဝင်မန့်သေးတယ် ဒီနေ့မှသိတယ်။ ခုလည်း အဲ့လိုပဲ ဟိဟိ။
ဇီဇီခင်ဇော်
August 18, 2015 at 10:24 am
ဇရာ ဇရာ ဟိဟိဟိ
:mrgreenn:
ဇီဇီခင်ဇော်
August 18, 2015 at 6:40 am
မကြီးး ကို ဒီလူဂျီးး နဲ့ မှားးဇာ လားးးး ဟင်င်င်..!!
:mrgreenn:
မိုးးသူ အသက်လောက်မှာ ဇရာအော်နေဒယ်လားးး
နာ့ဖြင့် မနေ့က ရေးးထားးမိတာ ကြည့်ပါအူးးးး
—-
မွေးနေ့ လည်း နီးနီးလာပြီ။
ပြေါရရင်တော့ အသက်ကြီးတာကို ဝမ်းနည်းတာတို့ စိတ်ညစ်တာတို့ မဖြစ်ဖူးဘူးးး
၃ဝ မကျော်ခင်ကတော့ ၃ဝ ကျော်ရမှာ လန့်သလိုလိုဖြစ်တယ်။
နောက်တော့ ၃ဝ ကျော် ၄ဝ တွင်းက လုပ်ချင်တာလုပ်လို့ အကောင်းဆုံးဆိုတာ သိပြီလေ။
ခွိခွိ ..
Time, Energy, Money အကုန် ကိုယ် လက်ထဲမယ်။
နောက်ပြီး အင်မတန်ဖြူစင်သော ရိုးသားသော innocent ဖြစ်သော မိန်းမမျိုးလည်း မဖြစ်ချင်လို့ လားမသိ !!!
အသက်ကြီးလေ လူ့တွေ အကြောင်း သိရလေကို သဘောကျတယ်။
အသက်ကြီးလို့ သဘောမကျတာ တစ်ချက်တည်းရယ်။
တစ်နှစ် တစ်ခြါး တိုးလာတဲ့ ဘော်ဒီဝိတ်ပဲ။
ခိခိ။
:mrgreenn:
aye.kk
August 17, 2015 at 8:00 pm
ဇရာဆိုတာရှေ့မှာ၊
ဖြည်းဖြည်းနဲ ့တရွေ့ရွေ့လာနေရှာ။
မရောက်သရွေ့၊မသိနိုင်တာ၊အဝိဇ္ဖာကနှောင့်ယှက်နေလို့ပါ။။
Ma Ma
August 17, 2015 at 8:35 pm
ဖြေးဖြေးလာပါ အို ဇရာ ဆိုတော့ …….
ဇရာက ပြန်ပြောတယ် သူလည်း မတတ်နိုင်ဘူး အနတ္တ တဲ့။ :e:
မြစပဲရိုး
August 18, 2015 at 2:45 am
A Very Happy Birthday Mg Aung! :-))
May you be blessed with happiness, joy, peace, good health and success today & always.
မင်းမွေးနေ့ မဟုတ်ခဲ့ရင် ဟုတ်တဲ့ သူ ကို ဆီ လက်ဆင့်ကမ်းပေးပါ။ 😉 :-))))
အောင် မိုးသူ
August 18, 2015 at 10:17 am
ကျေးဇူးပါ မနက်ဖြန် အစ်မရဲ့ မွေးနေ့ကို လက်ဆင့်ကမ်းလိုက်ပါ့မယ်။ 🙂
black chaw
August 19, 2015 at 3:37 pm
ဆော်ကြည်မဲ့ ဥပဓိ ပိုင်ရှင်ပါဗျာ…။
ဝိတ်ကစားလို့ မျက်နှာ နည်းနည်း ကျတာ ထင်ပါတယ်…။
အခု လက်ရှိ ပုံစံက ကြည့်လို့ အကောင်းဆုံးလို့ ထင်ပါတယ်…။
(အထင်)
အောင် မိုးသူ
August 20, 2015 at 9:47 am
ဟီးးးးးးးးး ဟုတ်လား
😀