( ကောင်းကင်ပြာကို တမ်းတသူ )
ဒိုင်းကနဲ မိုးခြိမ်းသံကြား
လက်များက ထီးကိုဟန်ပြင်
သံစဉ်မကျလှတဲ့မိုး
ဘယ်အငြိုးနဲ့ရွာ
လမ်းပေါ်မှာက ဗွက်တွေတအား
ဈေးက မသွားလို့မဖြစ်
ညစ်လှတဲ့စိတ်က ဦးဆောင်
ရှောင်ဖို့လည်း မတားသာ
မိုးရွာထဲမှာ ဒေါသူပုန်ထ
မကုန်နိူင်လှတဲ့ ဒီရာသီ
ရှည်ကြာသည် စိတ်မှာတွေး
နေနွေးနွေးနဲ့ ကောင်းကင်ပြာ
ဆောင်းအဝင်မှာဖြင့် ဆုံစို့ကွာ ။
11 comments
kai
August 23, 2015 at 4:34 am
ကောင်းကင်ညို.. ပြိုတော့.. မိုးပေါ့…
ကောင်းကင်ပြာ… လာရင်.. နေသာတယ်နော..
အပူဒဏ်တွေခံနိုင်ဖို့.. ခေါင်မိုးလေး… ပြင်..။ ။
ဇီဇီခင်ဇော်
August 23, 2015 at 8:44 am
ဖုန်းဆက်လိုက်လေ
:mrgreenn:
Alinsett @ Maung Thura
August 23, 2015 at 2:44 pm
.ကောင်းကင်ပြာကို တမ်းတနေတဲ့အထဲမှာ… အိုးမြူးအပြင်…နောက်တစ်ယောက် ရှိသေးတယ်..
အဲဒါကတော့…. အောင်ကြူးပဲ..ဖြစ်ပါတယ်..ခင်ညား……..
:k:
aye.kk
August 23, 2015 at 2:58 pm
သည်စိတ်ကလေးကိုဖြင့်
သတိကပ်ကါ
ထားကြည့်ဘို့မှာပါရစေ
တိုလွန်းလို့လေး……။
ကိုပေါက်(မန္တလေး)
August 23, 2015 at 9:35 pm
သူလာလေမလား
စောင့်စားမျှော်ကိုး
တမိုးကုန်နှောင်း
တစ်ဆောင်းသစ်ပြီ
သူလာလိမ့်မည်ထင်ပါသည်
တောင်ပေါ်သား
August 24, 2015 at 10:03 am
သဂျီးရေ
အပေါ်မှာ တစ်ထပ်ရရှိသေးလို့ ခေါင်ပူမှာ မကြောက်ရ 🙂
ဇီဇီရေ
ဧရိယာပြင်ပ တဲ့ 🙁
ကြောင်လောက်က အေးဆေးပါ အလက်ဆင်းရယ် 😛
အန်တီအေး
သတိကပ်ပါ့မယ်ဗျာ
ကိုပေါက်ရေ
လာသင့်ချိန်တန်ပါပြီလေ 🙂
Mike
August 24, 2015 at 11:28 am
.အချိန်တန်တော့လည်းကောင်းကင်ကြီးကပြာလာအုံးမှာပါ :))
ဦးကြောင်ကြီး
August 24, 2015 at 11:46 am
..ကြောင်က္ခထီးကောင်းကင် မောင်ကြီးစောင်းတင် ဗြောင်ဂ ျီးချောင်းရွှင် လောင်မီးဖောင်းကင်
may july
August 24, 2015 at 3:00 pm
ပြာလဲ့လဲ့ ကောင်းကင်အောက်မှာ
စိမ်း စို နေတဲ့ သစ်တော တွေ မရှိတော့
မြေသားအတိ လွင်ပြင်ကြီး ပေါ် မှာ
ရေဖွေးဖွေးတွေ လွှမ်းခြုံ လိုက်ပြီပေါ့ ….
may july
August 24, 2015 at 3:06 pm
မြေသားအတိ လွင်ပြင်ကြီးပေါ်မှာ
ရေဖွေးဖွေးတွေ လွှမ်းခြုံ လိုက်ပြီပေါ့ ..
အောင် မိုးသူ
August 25, 2015 at 9:31 am
ကောင်းကင်ပြာ တို့ရဲ့ကောင်းကင်ပြာ
မိုးတိမ်တွေ ဖုံးအုပ်လုတော့မှာ
နှုတ်ဆက်လိုက်ပါတယ် တို့ရဲ့ကောင်းကင်ပြာကြီးရယ်
မိုးသားကင်းစင် ကင်းတဲ့တစ်နေ့မှာ
ပြန်လည်လို့ တွေ့ခွင့်ရဦးမယ်
သီချင်းဆိုကြည့်တာ ဟိဟိ