အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက်
၇။ အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက် (ဗမာစကားပုံ)
အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက်ဆိုတဲ့ စကားပုံလေးကတော့
အရေးတကြီး ဖြစ်နေတဲ့အချိန်မှာ တစ်စုံတစ်ဦး ဖျက်လိုဖျက်ဆီး ပြုလုပ်တာကြောင့်
ပျက်စီးသွားတဲ့အဖြစ်ကို ဆိုလိုတာပါ။ ဒီစကားပုံလေးနဲ့ပတ်သက်လို့
ရာဇဝင်လေးတစ်ခုရှိပါတယ်။ ဖတ်ကြည့်ပါဦးခင်ဗျာ။
အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက် (စကားပုံရာဇဝင်)
တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင့်ထံမှာ အမှုတော်ထမ်းတဲ့
ပုဏ္ဏားတစ်ယောက်ရှိသည်။ ပုဏ္ဏားကြီး နက္ခတာရာများ တွက်ချက်ရာတွင်
အလွန်တော်သောသူတစ်ယောက်ဖြစ်သည်။ တစ်နေ့သောအခါ ပုဏ္ဏားမတွင်
ကိုယ်ဝန်ရှိလေသည်။ ပုဏ္ဏားမှာ နက္ခတ်ကိုတွက်ချက်ကြည့်သောအခါ
အဖေ့လျှာကို ပြန်ဖြတ်မည့် ကလေးဖြစ်နေသည်ကို တွေ့ရလေသည်။ ပုဏ္ဏားမခမျာ
ပုဏ္ဏားကြီးကိုတောင်းပန်ကာ ကလေးမွေးလာပြီးမှ စွန့်ပစ်ဖို့ ပြောလေသည်။
ထိုကလေးမွေးလာသောအခါ ပုဏ္ဏားမမှာ မိမိသားငယ်အား မသတ်ရက်၍ ဖောင်ငယ်
တစ်ခုဖြင့် မြစ်ထဲသို့မျောလိုက်လေသည်။ ထိုကလေးအား ရွာငယ်တစ်ရွာမှ
လင်မယားနှစ်ယောက်မှ တွေရှိ၍ မွေးစားလိုက်လေသည်။
ကလေးငယ်ကြီးပြင်းလာသောအခါ ပုဏ္ဏားကြီးကဲ့သို့ပင်
နက္ခတာရာများ ဗေဒင်ပညာပိုင်းတွင် ကျွမ်းကျင်လေ သည်။ ပုဏ္ဏားငယ်၏
ပညာကျော်စောမှုကြောင့် ဘုရင့်ထံအပါးတွင် အခစားရလေတော့သည်။ ဘုရင့်ပါးတွင်
ခစားနေသော ပုဏ္ဏားငယ်နှင့် သူ၏အဖေတို့ တူတူပင်ဖြစ်တော့သည်။ တစ်နေ့သောအခါ
နန်းတော်ထဲတွင် အဆောင်သစ်များဆောက်လုပ်ဖို့ သစ်လုံးများအား တွက်ချက်ရာတွင်
ပုဏ္ဏားကြီးမှာ “ဒီကျွန်းလုံးကြီးဟာ အသုံးပြုရန်သင့်တော်ပါတယ် အရှင်မင်းကြီး”
ထိုအချိန်တွင် ပုဏ္ဏားငယ်မှလည်း “မသင့်တော်ပါဘူး အရှင်မင်းကြီး” ဟူ၍
အကြိတ်အနယ်ဖြစ်ကြလေတော့သည်။ ပုဏ္ဏားငယ်မှာ “ဒီကျွန်းလုံးကြီးမှာ
အခေါင်းပေါက်တွေရှိသောကြောင့်မသင့်တော်ပါဘူး”ဟူ၍ ပြောကြာလေသည်။
ပုဏ္ဏားကြီးမှာ ပုဏ္ဏားငယ်၏ ပြောစကားကြောင့် မခံမရပ်နိုင်ကာ “ဒီကျွန်းလုံးကိုစစ်ဆေးမည်
အခေါင်းတိုင်မရှိလျှင်ကျွန်ုပ်နိုင်မည် ၊ အခေါင်းတိုင်ရှိလျှင် သင်နိုင်မည်။ သင်နိုင်လျှင်
ကျွနုပ်လျှာကိုဖြတ်ကာ ၊ ကျွန်ုပ်နိုင်လျှင် သင့်လျှာကိုဖြတ်မည်။” ဟုဆိုလေသည်။
ကျွန်းလုံးအား ဖြတ်တောက်ကြည့်သောအခါ အထဲတွင် အခေါင်းတိုင်ရှိနေလေသည်။
ပုဏ္ဏားကြီးလည်း ကတိအတိုင်း လျှာဖြတ်ခံလိုက်လေသည်။
ပုဏ္ဏားကြီးလည်း လျှာဖြတ်ခံရပြီး အိမ်ပြန်သောအခါ အကြောင်းစုံကို ပုဏ္ဏားမသိလျှင်
ပုဏ္ဏားငယ်အား လိုက်လံစုံစမ်းသောအခါ ပုဏ္ဏားကြီး၏သားဖြစ်နေသည်ကိုတွေ့ရလေသည်။
ထိုအခါ ပုဏ္ဏားငယ်လည်း မိမိဖခင်အား လျှာဖြတ်မိသည့်အတွက် ယူကြုံးမရဖြစ်ကာ
စိတ်ဖောက်ပြန်သွားလေသည်။ စိတ်ဖောက်ပြန် သွားသော ပုဏ္ဏားငယ်မှာ
မြို့အနှံလည်ကာ အော်ဟစ်ကာ နေလေတော့သည်။ တစ်နေ့သောအခါ ပုဏ္ဏားငယ်မှာ
စိတ်ထဲရှိရာ အော်လိုက်လေသည်။ “ရွာထိပ်မှာ ညောင်ပင်ရှိ
…ညောင်ပင်ကနေ ခြေလှမ်းသုံးဆယ် အဲသည်မှာ ရွှေအိုးရှိတယ်….” အရူးစကားဖြစ်၍
မယုံသောသူက မယုံချေ။ လူတစ်ယောက် မှာ ပုဏ္ဏားငယ်ပြောသည့်အတိုင်း
တူးကြည့်ရာ ရွှေအိုးကိုတွေ့လေသည်။ ထိုသတင်းမှာ တစ်မြို့လုံးပျံ့နှံ့သွား လေသည်။ ထိုအခါ
လူအများသည် ပုဏ္ဏားငယ်၏ ရူးနေသောစကားကို လိုက်ကာ နားထောင်ကြလေသည်။
တစ်ရက်တွင်…. ပုဏ္ဏားငယ်သည်လည်း စကားကိုတတွတ်တွတ်ပြောနေလေသည်…။
တတွတ်တွတ်ပြောနေသောကြောင့် လူအများသည်လည်း ပုဏ္ဏားငယ်၏အနားသို့
စုရုံးကာရောက်လာကြ လေသည်။ “မြို့ဝက ဘုန်းကြီးကျောင်းမှာ သစ်ပင်ကြီးရှီတယ်…
အဲသည်ကနေ ခြေလှမ်းငါးဆယ်….အဲသည်ကနေ
ညာဘက်လှည့်… ခြေလှမ်းသုံးဆယ်….မြောက်ဘက်လှည့်….”
ပုဏ္ဏားငယ် ပြောသောစကားအား လူအများသည် တိတ်ဆိတ်စွာ
လိုက်မှတ်သားနေတော့သည်။ လူများသည်လည်း
တဖြည်းဖြည်းများသထက်များကာနေလေသည်။ ပုဏ္ဏားငယ်သည် ပြောရင်းပြောရင်း…
အသံနက်ကြီးဖြင့်… “ဒိန်းဒေါင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး” ဟုအော်လိုက်သောအခါ
စိတ်ဝင်တစားနားထောင်နေသော လူအများသည် လန့်ဖျန့်ကာ
ထွက်ပြေးကုန်ကြတော့သည်။ ထိုအချိန်မှစ၍ အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက် ဆိုတဲ့
စကားပုံ ပေါ်လာသည်ဟုလည်း ကြားဖူးနားဝရှိခဲ့ဖူးပါသည်။
******************************************
8။ ဟန်ပေါ မလီ ဟန်လီ မပေါ – ဈေးပေါရင် မကောင်း ၊ ကောင်းရင် ဈေးမပေါ (ရှမ်းစကားပုံ)
ရှမ်းတိုင်းရင်းသားစကားပုံလေးဖြစ်ပါတယ်။ ပစ္စည်းတစ်ခုဟာ ဈေးပေါရင်မကောင်းသလိုပဲ၊ ကောင်းတဲ့ပစ္စည်းဆို ဈေးမပေါဘူးဆိုတဲ့ ဆိုလိုရင်းပါ။ လူတွေမှာလည်း တိတ်တိတ်နေထောင်တန်ဆိုသလို စကားအရမ်းမပြောဘဲ ခပ်ဆိတ်ဆိတ်သာနေခြင်းဟာ ကောင်းတယ်လို့ပြောခြင်းပါ။
**********************************
လေးစားစွာဖြင့်
အောင်မိုးသူ
5 comments
ဇီဇီခင်ဇော်
August 24, 2015 at 12:08 pm
ဟယ်။
စကားပုံကို ကြားဖူးပြီး ရာဇဝင်ကို ခုမှ ကြားဖူးတယ်။
ဟီးဟီး :mrgreenn:
အောင် မိုးသူ
August 24, 2015 at 1:06 pm
ကြားဖူး နားဝနော်
Alinsett @ Maung Thura
August 24, 2015 at 3:35 pm
စကားပုံတွေထဲမှာ…. အားမလို အားမရ ဆိုတဲ့ စကားကို သဘောမကျဘူး…ဆိုတဲ့…
ဆရာတာရာမင်းဝေကို (ဘာရယ်မဟုတ်) သတိရသွားတယ်… ။
ဆရာက… အဲ့စကားပုံကို…. သဘောမကျဘူးတဲ့… ။
အားမလိုလို့ အားမရတာများ..စကားလုပ်ပြောနေသေးတယ်…တဲ့…
😆
အောင် မိုးသူ
August 25, 2015 at 9:28 am
ကြားဖူးနားဝလေးတွေ ပြန်ရေးနေတာ
aye.kk
August 25, 2015 at 7:56 pm
ဒီpostဖတ်ကြည့်ပြီး၊
အန်တီအနေနဲ ့ပြောပြချင်မိတာရှိတယ်။
အရင်၁၉၇ဝခုနှစ်ဝန်းကျင်တုန်းကပေါ့နော်။
ငါးပိတစ်ဆယ်သားကို(ပြား-၂၀)ရောင်းတဲ့ခေတ်မှာ
ဈေးပေါတယ်ဆိုနိုင်ပေမဲ့လည်း
အန်တီတို့အိမ်ကငါးပိကို -၃နှစ်ထားသိပ်ပြီးမှရောင်းတာမို့(ပြား-၅၀)ရောင်းပါ၏
ကေါင်းတဲ့ငါးပိကိုလည်းစားချင်၊ဈေးကလည်းကြီးလိုက်တာလို့
လာဝယ်သမားတွေပြောတော့၊အန်တီကအမေ့ကိုပြောတာပေါ့နော်။
အမေရောင်းတဲ့ငါးပိကဘာလို့သူများတွေထက်ဈေးပိုကြီးရတာလည်းမေးမိတာပေါ့နော်။
အမေကပြောပြတာ၊သူများတွေလို
အလွယ်အကူလုပ်ပြီးရောင်းရင်တော့ဈေးပေါမှာဘဲ၊အမေကကိုယ်တိုင်မိသားစုတွေနဲ ့
သန့်သန့်ရှင်းရှင်းလုပ်ပြီး၊ငါးပိကိုနပ်မှထားရောင်းတယ်။ငွေကိုလည်း-၃နှစ်အထိအိပ်ထားရလို့
ဈေးကသူများထက်ပိုကြီးပြီးမှမရောင်းရင်မကိုက်ဘူးတဲ့လေ။ကေါင်းတာမှစားချင်တယ်ဆိုရင်ဈေးကြီးပေးရမှာတဲ့လေ။။