Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူလိမ် သတိထားပါ (ကျမဒီလောက်မအပါ)

NovyAugust 26, 20151min98619

လူရယ်လို့ဖြစ်လာရင် တစ်နေ့နေ့ တချိန်ချိန်မှာတော့ လူလိမ်လူညာလူယုတ်မာတွေနဲ့ ဆုံတွေ့ရမှာမလွဲပါဘူး

လောဘနောက်လိုက်သွားရင်တော့ သေခြာပေါက်ဒုက္ခရောက်မှာပါဘဲ စဉ်ချင်တုံ တရားလေးမမေ့ကျပါနဲ့

ကျမ မနေ့ညကပူပူနွေးနွေး ကြုံလိုက်ရတဲ့ လူလိမ်တစ်ယောက်ရဲ့ လိမ်နည်းလေးကို အများသူငါသိရလေအောင်

ပြောပါရစေ အားလုံးလဲ သတိထားနိုင်အောင်လို့ပါ

ဖြစ်ပုံကဒီလို

တိုက်ကြီးက ကျမခြံကို ရောင်းဖို့ သတင်းစာမှာ ကြောငြာထည့်ဘူးပါတယ် ဆက်သွယ်ရမဲ့ ဖုံးအပါအဝင်ပေါ့

မနေ့ည ၈နာရီ ၁၅လောက်မှာ လူတစ်ယောက်ဖုံးဆက်လာပါတယ် ခြံဝယ်ချင်လို့ပါတဲ့ ပိုင်ရှင်လား အကျိုးဆောင်လားတဲ့ ကျမကပိုင်ရှင်ပါလို့ပြောတော့ သူကတိုက်ကြီးကရဲမှူးသိန်းအောင်ပါတဲ့ ၃ဧကလောက်ခွဲရောင်းပါတဲ့ ဒီည ၉နာရီခွဲငွေလာချေပါ့မယ်တဲ့ ကျမအိမ်လိပ်စာတောင်ပြောလိုက်မိတယ်

ကျမဒီအထိလိမ်နေမှန်းမသိသေးဘူး

ဒီအတိုင်းငွေချေလို့မရဘူး သက်ဆိုင်ရာလူကြီးတွေရှေ့မှာ လုပ်မှရမယ်လို့ပြောလိုက်တယ်

အဲ့ဒီအချိန်မှာ ဖုံးလိုင်းက သိပ်မကြားရတော့ဘူး ဒါနဲ့ ကျမပြန်ခေါ်လိုက်ပါ့မယ်ဆိုပြီး ဖုံးချလိုက်တယ်

အပြင်သွားနေတဲ့ ကျမအမျိုးသားကို ဖုံးဆက်ပြီးပြန်လာခိုင်းလိုက်တယ်

ပြီးတော့ သူဆီကိုပြန်ဆက်လိုက်တယ် တခြားဖုံးတစ်လုံးနဲပါ့ ပထမတစ်ခေါက် ဖုံးချလိုက်တယ်

ဒုတိယတစ်ခေါက်ခေါ်တော့ ကိုင်တယ် ရန်ကုန်မှာသူအစည်းအဝေးလာတက်တာပါတဲ့ သူ့မှာ ပိုက်ဆံပါပါတယ်တဲ့ တစ်ခါထဲ့ချေပါ့မယ်တဲ့ ခြံကိုရောက်ဘူးလို့လားဆိုတော့ သူရောက်ဘူးပါတယ်တဲ့ ထက်ကြည့်ရာမလိုပါဘူးတဲ့

ကျမခြံအပိုင်က အုပ်ချုပ်ရေးမှူးကိုသိလားဆိုတော့ သိပါတယ်တဲ့ ကျမမသင်္ကာမကင်းစဖြစ်လာတယ် ကျမအကိုကြီးဖြစ်တဲ့ တိုက်ကြီး အထက ကကျောင်းအုပ်ကိုသိလားဆိုတော့ အဲလောက်တော့ မသိဘူးတဲ့ အသံကလည်း လူငယ်သံဖြစ်နေတယ် ရဲမှူးတစ်ယောက်ရဲ့ အသက်က အနည်းဆုံးတော့ ၅ဝပတ်ဝန်းကျင်လောက်ဖြစ်ရမယ်လေ ပြီးတော့ ရဲမှူးတစ်ယောက်က ကျမဆီကို ညကြီးမိုးချုပ် ခြံဝယ်ဖို့ ဖုံးဆက်ဖို့ဆိုတာ ပိုပြီးမဖြစ်နိုင်ပါဘူး

နောက်ထက်သေခြာတာတစ်ခုကတော့ ကျွန်တော့်ကို အကူအညီတစ်ခုလောက်ပေးပါတယ့် သူအမျိုးသမီးဆီကို ဖုံးခေါ်နေတာမရလို့တဲ့ သူ့ဖုံးကငွေကုန်ကာနီးနေလို့ ငွေလေးဖြည့်ပေးပါတဲ့ ကျမကြောင်သွားတယ် ပြီတော့ သဘောပေါက်လိုက်တယ် ဒီလူလူလိမ်ဘဲဆိုတာ ကျမခြံလည်းမရောင်းဘူး ငွေလည်းမလိုဘူး လာစရာလည်းမလိုဘူးလို့ ပြောပြီးဖုံးချလိုက်တယ်

ပြီးတော့ချက်ချင်းပဲ ကျမခြံအပိုင်က အုပ်ချုပ်ရေးမှူးဆီကိုဖုံးခေါ်လိုက်တယ် အကျိုးအကြောင်းပြောပြီး တိုက်ကြီးကရဲမှူးနံမည်ကို စုံစမ်းလိုက်တယ် အဲဒီမှာတက်တက်စင်အောင်လွဲနေပါတော့တယ်

အုပ်ချုပ်ရေးမှူးကကျမကို အကြံပေးပါတယ် ရန်ကုန်ကကျမတို့ ရပ်ကွက် အပိုင်က အုပ်ချုပ်ရေးမှူးဆီကို သတင်းပို့ထားလိုက်ပါတယ် သော့တွေလုံခြုံအောင်လုပ်ဖို့ တံခါးမဖွင့်ပေးဖို့ သတိပေးလိုက်ပါတယ်

ကျမလည်းရပ်ကွက် အပိုင်က အုပ်ချုပ်ရေးမှူးဆီကိုဖုံးဆက်ပြီးအကူအညီတောင်းရပါတယ်

သော့တွေလုံခြုံအောင်လုပ်ဖို့ တံခါးမဖွင့်ပေးဖို့ထက်ပြီးသတိပေးပါတယ် လူလိမ်အိမ်ကိုရောက်လာပါက

သူတို့ဆီကိုဖုံးထက်ခေါ်ဖို့ပြောပါတယ်

ကျမလည်း သော့တွေလုံခြုံအောင်လုပ်ပြီး စောင့်နေလိုက်ပါတယ် မောင်မင်းကြီးသားကတော့ ရောက်မလာပါဘူး လူလိမ်ရဲ့ ဖုံးလေးကို မှတ်ထားလိုက်ကျပါအုံး

၀၉၂၆၂၅၉၇၉၀၇

အရင်ကဆိုရင်တော့ ဆက်သွယ်ရေးမှာဖုံးနံပါတ်ကိုစစ်လိုက်ရင် ဒီလူကိုဖမ်းမိမှာပါ အခုတော့နေရာမရွေး ဈေးပေါ်ပေါ်နဲ့ ကဒ်တွေဝယ်လို့ ရနေတော့ ဘယ်လိုမှလိုက်လို့မရတော့ပါဘူး

ဒါပေမဲ့သင်းခန်းစာတော့ရသွားပါတယ် ဒီလိုတွေလိမ်တက်ပါလားဆိုတာ

ကျမသာလောဘနောက်လိုက်သွားမိရင် ဘာတွေဆက်ဖြစ်မလဲမသိပါဘူး

လောဘနောက်မလိုက်ဘဲ စဉ်ချင်တုံ တရားလေးမမေ့ကျပါနဲ့လို့သတိပေးလိုက်ပါရစေ

ဒီနေရာကနေ တိုက်ကြီးက ချင်းကုန်းအုပ်ချုပ်ရေးမှူး နဲ့ ကျမလည်းရပ်ကွက် အပိုင်က အုပ်ချုပ်ရေးမှူးကို ကျေးဇူးအထူးတင်ပါတယ်လို့

19 comments

  • ဦးကြောင်ကြီး

    August 26, 2015 at 11:32 am

    မားနိုခြံကို မီဝယ်ဘဲ ရအောင် လှုပ်ပြမဲ… ငှီး ငှီး ငှီး…။ မားနိုကိုယ်ဒိုင် လိုလိုလားလားနဲ့ တားကြောင်ကြီး ယူဆေစိုပီး လာဘ်ထဲ စာခ ျုပ် ထိုးထည့်ဇေယ ျမဲ…. ငါကွ။

  • ဇီဇီခင်ဇော်

    August 26, 2015 at 11:36 am

    ကံကောင်း ညာဏ်ကောင်း လို့ပါလား မွမွနိုရေ။

    ခေါင်းစဉ်အရတော့ လူလိမ်တွေက ပြန်သတိထားရတော့မဲ့ သဘောပဲ။
    ဟေးဟေးဟေးးးး

    :mrgreenn:

  • Mike

    August 26, 2015 at 11:45 am

    . သူ့ဖုံးကငွေကုန်ကာနီးနေလို့ ငွေလေးဖြည့်ပေးပါတဲ့…ဒုက္ခော
    .ဖြစ်မှဖြစ်ရလေမနိုရယ်
    .မနေ့ကလည်းဖွဘုတ်မှာ မိန်ကလေးဓါးပြ နေ့ခင်းကြောင်တောင်ဓါးထောက်ငွေတောင်းတာဖတ်လိုက်ရတယ်
    .သတိထားကြပါဗျို့

  • aye.kk

    August 26, 2015 at 1:04 pm

    နိုနို
    ပုထုဇဉ်မှန်သမမျှ
    ငါးပါးသီလမမြဲမြံတာကိုသိထားသင့်ပါတယ်။။

  • CharTooLan

    August 26, 2015 at 1:27 pm

    ဟိုတလောကလဲ သိန်း၅ဝကျော်ကံစမ်းမဲပေါက်တယ်ဆိုပီး ၁၁သိန်းလွဲခိုင်းတဲ့လိမ်နည်းတဲ့ ဖတ်လိုက်ရသေးတယ် ခုလဲတမျိုး နည်းကမျိုးစုံရယ် တနည်းသိ တနည်းမှတ်ရတာပေါ့ ကျေးကျေးပါ

    • Novy

      August 26, 2015 at 5:59 pm

      မှတ်လော့ ချာချာ

  • Alinsett @ Maung Thura

    August 26, 2015 at 3:06 pm

    အခုတလော… လိမ်တာတွေ… မတရားလုပ်တာတွေ…ခေတ်စားနေတယ်…

    မင်းဆိုးမင်းညစ်ခေတ်မို့….
    တရားဥပဒေ စိုးမိုးမှု မရှိတဲ့ ခေတ်မို့….
    အကြောက်တရား အရှက်တရားကို စွန့်ပြီး…ဝမ်းစာကို သိက္ခာနဲ့ လဲရတဲ့ခေတ်မို့….

    • Novy

      August 26, 2015 at 6:00 pm

      မောင်တူရ တီနို့ အစားသားပဲပြောလိုက်ပါကွယ်

  • တောင်ပေါ်သား

    August 26, 2015 at 3:28 pm

    ခြံဝယ်မယ့်သူက ဖုန်းဘေလ်ဖြည့်ခိုင်းရတယ်လို့

    အတော်ညံ့တဲ့လူလိမ်ပဲ ၊

    • Novy

      August 26, 2015 at 6:02 pm

      ကိုမျိုးရေ သူ ့တောင်ကျေးဇူးကျိတ်တင်နေရတယ်
      ဖုံးဖေမဖြည့်ခိုင်းပဲအိမ်ရောက်အောင်လာပြီ ဓါးထောက်သွားရင် ဒုက္ခ

  • Novy

    August 26, 2015 at 5:44 pm

    မားနိုကိုယ်ဒိုင် လိုလိုလားလားနဲ့ တားကြောင်ကြီး ယူဆေစိုပီး လာဘ်ထဲ စာခ ျုပ် ထိုးထည့်ဇေယ ျမဲ…. ငါကွ။

    သားကြောင်ရေ ဆုတောင်းနေနော်

  • Novy

    August 26, 2015 at 5:45 pm

    ဇီဇီရေ လိမ်နည်းပေါင်းကို စုံနေတာပါပဲတော်

  • Novy

    August 26, 2015 at 5:47 pm

    သူ့ဖုံးကငွေကုန်ကာနီးနေလို့ ငွေလေးဖြည့်ပေးပါတဲ့…ဒုက္ခော
    .ဖြစ်မှဖြစ်ရလေမနိုရယ်

    မှန်ပါဆရာမိုက်ရေ
    ပြောတော့ရဲမှူး ငွေတောင်ညတွင်းချင်ချေမယ်

  • Novy

    August 26, 2015 at 5:49 pm

    ဧကန္တ ဖုန်းဘေလိုချင်လို့နဲ့ တူတယ်။ ဟီးးးးးးးးးး

    အချောင်စောင့်နေတယ် မောင်အောင်မိုးသူရေ

  • Novy

    August 26, 2015 at 5:58 pm

    မမအေးရေ .. အမှန်အတိုင်းဝန်ခံရရင် နိုနိုတို့လည်း နေတိုင်းတော့ ငါးပါးသီလမမြဲပါဘူး
    ဒါပေမဲ့ သူများအကျိုးယုတ်အောင်တော့ ဒီနေ့ထိမလုပ်ဘူးပါဘူး
    လူတွေလူတွေ

  • black chaw

    August 26, 2015 at 7:31 pm

    လေ့လာမှတ်သား သင်ခန်းစာယူသွားပါတယ် ဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • မနိုရေ
    လူအတော်များများ ကိုယ့် ဝိရိယ နဲ့ ကို ယ် ဝါ ယ မစိုက်ထုတ်အလုပ်မလုပ်ချင်ဘဲ
    အချောင်ရ တဲ့ နည်းလးမ်တွေဘဲ စဥ်းစားနေကြတာများပါတယ်
    အဲတော့ သတိနဲ့ နေနိုင်မှ တော်ကာကျမယ်

  • aye.kk

    August 27, 2015 at 3:48 pm

    နိုနို
    အန်တီတို့မိသားစုက၊လူယုံသတ်လို့သေခဲ့ဘူးပါတယ်။
    အန်တီနားလည်စအရွယ်မှာ၊အန်တီတို့မိသားစုမှာ
    အင်မတန်မှအတွင်းရေး၊အပြင်ရေး၊မိသားစုအတွက်
    အတွင်းလူယုံလက်သပ်မွေးထားတဲ့သူရှိပါတယ်။
    သစ္စာဖောက်ခြင်းခံစားရလို့၊မိသားစုပြိုကွဲပြီး၊တစ်ကွဲတစ်ပြားစီ
    ဖြစ်ခဲ့ကြရပါတယ်။နောက်တစ်ခါ
    နာမည်ကျော်ကြားလူသိများလှတဲ့
    လူကုံတန်အသိုင်းအဝိုင်းက၊ဆွေကြီးမျိုးကြီးမို့လို့ဆိုပြီး
    အင်မတန်စိတ်ချယုံကြည်ရတဲ့လူရင်းခေါက်ခေါက်ကြီးထံ
    ပြည်သူပိုင်သိမ်းမယ်ဆိုတာသိရလို့အချို့ပစ္စည်းတွေကို
    အန်တီအဖေကိုယ်တိုင်ကသူရဲ ့မိတ်ဆွေဆီမှာယုံကြည်စွာနဲ ့အပ်နှံထားရှိတာ။ပြန်မပေးတော့ဘဲ
    ယူထားတာခုချိန်ထိပါဘဲ။
    အန်တီအခုရိပ်သာဝင်ပြီးမှသိလာတဲ့အသိပါ၊ပုထုဇဉ်မှန်သမျှငါးပါးသီလမမြဲမြံနိုင်တာ
    ဉာဏ်အရသိမြင်လာခဲ့ပါတယ်။အန်တီတို့ဟာပုထုဇဉ်ဖြစ်နေသမျှ
    ကါလပါတ်လုံး၊ငါးပါးသီလကိုအသက်နဲ ့ရင်းပြီးမကါကွယ်မစောင့်ရှောက်နိုင်တာ
    အန်တီကိုယ်တိုင်သိလာရလို့ပါဘဲ။
    ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်ဆိုသလို၊လူတွေဟာကိုယ့်ဝမ်းပူဆာ
    မနေသာနိုင်ကြတော့ လူလူချင်းလည်းကိုယ်ချင်းစာစိတ် ကင်းမဲ့တတ်ကြပါတယ်။။။

Leave a Reply