အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁၄ ( Las Vegas, Strip & Bacchanal Buffet ) ။
အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား
ပေါ်တာ တောလား – ၁၄ ( Las Vegas, Strip & Bacchanal Buffet ) ။
၁၁ – ဝ၅ – ၂၀၁၄ ။
အဘတို့က Optional Tour Extension အနေနှင့် ၊
Las Vegas မှာ ၃ ည အိပ် / ၄ ရက်နေ ဝယ်ထားပေမယ့် ၊
၁ဝ ရက်နေ့ည ၉ နာရီလောက်မှရောက် ၊ ၁၁ နှင့် ၁၂ လျှောက်လည် ၊
၁၃ ရက်နေ့ မနက် ၉ နာရီ မှာ San Francisco ကိုသွားဖို့ လေဆိပ်ဆင်းရမယ် ဆိုတော့ ၊
တကယ့် တကယ်က Las Vegas မှာ ၁၁ နှင့် ၁၂ ၊ နှစ် ရက်ဘဲ လည်ချိန် ရှိတာပါ ။
အဲ့ဒီ့ ၂ ရက်အတွင်းမှာ Las Vegas မှာ လည်ဖို့ ဦးစားပေးတွေက ၊
၁ ။
Grand Canyon ( အမှန်ကတော့ အချိန် အရမ်း tight ဖြစ်တဲ့အတွက်
Grand Canyon ကို လည်ဖြစ် မလည်ဖြစ်က ချိန်ဆနေတာပါ ။
အခုတော့ မဟေသီက မနေ့ညက ရဟတ်ယာဉ် ခရီးစဉ် ကောက်ဝယ်လိုက်ပြီ ဆိုတော့ ၊
၁၂ ရက်နေ့ မနက် နေ့ဝက် အချိန်ကတော့ သေချာပေါက် ပါသွားပါပြီ )
၂ ။
Las Vegas North Premium Outlet နှင့် Las Vegas South Premium Outlet ၊
မဟေသီ က ၂ ခုစလုံးကို သွားမယ် ဝယ်မယ် ဆိုပြီး ဗီတို အာဏာသုံးလိုက်ပြီ ဆိုတော့ ၊
Premium Outlet ၁ ခုကို နေ့ဝက်စီ ၊ ၂ ခုဆိုတော့ တစ်နေ့ ကုန်သွားပါပြီ ။
14 ဒါကတော့ Deuce + SDX Bus ကား မှတ်တိုင်တွေပါ ။

14a LV Boulevard လမ်း ရဲ့ တောင်ဖက်အကျဆုံး Mandalay Bay Hotel ။


14b Pyramid နှင့် Sphinx နှင့် Luxor Hotel
14c Excalibur Hotel

.ပြောရမယ် ဆိုရင် Las Vegas မှာလည်ဖို့
Day time နေ့ဝက် နှင့် Night time ၂ ည ဘဲကျန်ပါတော့တယ် ။
အဲ့ဒီ အချိန်အတွင်းမှာ မဖြစ်မနေ ရောက်သင့်တဲ့ နေရာတွေက ၊
၃ ။ Strip လို့ခေါ်တဲ့ Las Vegas ရဲ့ Las Vegas Boulevard ဆိုတဲ့ ၊
အဓိက လမ်းမကြီးတလျှောက်က Hotel တွေ အလှအပတွေကို လိုက်ကြည့်ဖို့ပါ ။
၄ ။ Las Vegas ရဲ့ Down Town က Fremont Street Experience ဆိုတဲ့ ၊
လမ်းတောက်လျှောက် TV အမိုးမိုးထားတဲ့ နာမည်ကျော်လမ်း ရဲ့ ညရှုခင်း ကြည့်ဖို့ပါ ။
၅ ။ အမေရိကမှာနေတဲ့ မိတ်ဆွေတွေ ညွှန်းဆိုကြတဲ့ ၊
Caesars Palace Hotel ရဲ့ Bacchanal Restaurant က ၊
Las Vegas ရဲ့ အကောင်းဆုံး Buffet ဆိုတာ ကို စားကြည့်ဖို့ပါ ။
( နေ့စဉ် ဟင်းအမျိုးပေါင်း ၅၀ဝ ကျော် ရှိတယ်လို့ ကြေငြာထားတာပါ )
(https://www.caesars.com/caesars-palace/restaurants/bacchanal-buffet#.Vd0G42NKRB8)
၆ ။ အဘတို့တည်းတဲ့ Stratosphere Hotel Tower ၊
အမေရိက ရဲ့ အမြင့်ဆုံး The Tallest Tower in USA ( ၁၁၄၉ ပေ ) ရဲ့ ၊
ထိပ်မှာ ဆောက်ထားတဲ့ Theme Park မှာ သည်းထိပ် ရင်ဖိုတွေ သွားစီးဖို့ပါ ။
နောက်ပြီးတော့ အဲ့ဒီ အမေရိက ရဲ့ အမြင့်ဆုံး Tower ထိပ်ကနေ ၊
Las Vegas ရဲ့ ည ရှုခင်းကို အပေါ်စီးကနေ ကြည့်ချင်သေးတယ်လေ ။
( https://en.wikipedia.org/wiki/List_of_tallest_towers_in_the_world )
ရ ။ နောက်ပြီးတော့ Las Vegas Boulevard လမ်းတလျှောက် ည ရှုခင်းအလှအပတွေ နှင့် ၊
Mirage Hotel ဝင်းထဲက ရေကန်ထဲက မီးတောင် ပေါက်ကွဲပုံ သရုပ်ပြချက်တွေကို ၊
.ကြည့်ချင်သေးတယ်လေ ။
အင်း ၊ ဒါတွေ အားလုံး ဖြစ်လာဖို့က အဲ့ဒီ ၁၁ နှင့် ၁၂ ၊ နှစ် ရက်လုံး ပြေးနေရမှာဘဲ ။
အဲ့ဒီတော့က ၊ အရင် တစ်ခါ ဥရောပ ခရီးစဉ်တုန်းက ၊ လန်ဒန်မှာ လည်သလိုဘဲ ၊
Pre Planning ကြိုတင် လေ့လာ ပြင်ဆင်မှုကို အကောင်းဆုံး လုပ်ရတော့တာပေါ့ ။
14d MGM Grand Hotel

14e New York New York Hotel

14f ယခင်က နာမည်ကြီး Monte Carlo Hotel

14g Planet Hollywood Hotel

ဒီနေ့ ၁၁ ရက်နေ့ မနက်စောစောထပြီး ၊ Las Vegas Boulevard လမ်းတလျှောက် ၊
Las Vegas ရဲ့ Down Town နှင့် Strip ကြား အသွားအပြန် ဆွဲနေတဲ့ ၊
Deuce + SDX Bus ကား ရဲ့ တစ်နေ့တာ လက်မှတ် Day Trip ဝယ်လိုက်ပါတယ် ။
SDX Bus ကားဟာ LV North Premium Outlet ကနေ စထွက်ပြီး
LV South Premium Outlet မှာ ဂိတ်ဆုံးပါတယ် ။
.ပြောရမယ် ဆိုရင် အဘတို့တည်းတဲ့ Stratosphere Hotel က မြောက်အစွန်မှာပါ ။
အဲ့ဒီ Deuce + SDX Bus ကား နှင့် LV Boulevard လမ်း ရဲ့ တောင်ဖက်အကျဆုံး ၊
Mandalay Bay Hotel အထိ စီးသွားပြီး မှတ်တိုင်မှာ ဆင်းလိုက်ပါတယ် ။
အဲ့ဒီကနေမှ LV Boulevard လမ်းအတိုင်း မြောက်ဖက်ကို ၊
လမ်းလျှောက်လိုက် ဓါတ်ပုံ ရိုက်လိုက် နှင့် ပြန်တက်လာခဲ့ပါတယ် ။
အခု ၊ အဘ ဒီ Post မှာ ဖေါ်ပြထားတဲ့ Hotel ပုံတွေဟာ ၊
LV Boulevard လမ်းအတိုင်း တောင် ကနေ မြောက် ကိုတက်လာတဲ့ အစဉ်တိုင်းပါ ။
14h Paris Hotel

14i ရေကန်ကြီး နှင့် တင့်တယ်နေတဲ့ Bellagio Hotel

14 ဒါက Bellagio Hotel ရှေ့က ရေကန် နှင့် တဖက်က Paris Hotel ။

14j လက်ရှိ အလှဆုံး ခမ်းနားဆုံး လို့ ထင်မိတဲ့ Caesars Palace Hotel

Mandalay Bay Hotel ၊ Luxor Hotel ၊ Excalibur Hotel ၊ MGM Grand Hotel ၊
New York New York Hotel ၊ Monte Carlo Hotel ၊ Planet Hollywood Hotel ၊
Paris Hotel ၊ Bellagio Hotel ၊ Caesars Palace Hotel စသဖြင့် ၊
.တောင်ဘက်ကနေ မြောက်ဘက်ကို အစဉ်အတိုင်း ကြည့်လာခဲ့တာ ၊
တချို့ Hotel တွေကျတော့လည်း အထဲထိ ဝင်ကြည့်ကြည့်တာပေါ့လေ ။
Las Vegas ရဲ့ အကောင်းဆုံး Bacchanal Buffet ဆိုတာ ကို စားကြည့်ရမယ့် ၊
Caesars Palace Hotel ကိုရောက်တော့ နေ့လည် တစ်နာရီ နီးပါး ရှိနေပါပြီ ။
.အောင်မယ်လေးဗျာ အဲ့ဒီ Bacchanal Buffet Restaurant မှာ ၊
တန်းစီနေတဲ့ လူတန်းကြီးက လူ တစ်ရာနီးပါး ရှိသဗျ ။
တန်းစီတာတောင် အဆင့် ၂ ဆင့် ရှိသဗျာ ။
ပထမဆုံး အဲ့ဒီ Computer Touch Screen မှာ နာမည် ဖုန်းနံပါတ် နှင့် Booking သွင်းရသဗျာ ။
အဲ့ဒီတော့မှ တကယ် ပိုက်ဆံသွင်းရမယ့် တကယ် တန်းစီရမယ့်ခန့်မှန်းခြေ အချိန်ကို ပေးသဗျ ။
အဘတို့ နာမည် ဖုန်းနံပါတ် နှင့် Booking တင်တော့ နောက် ၄၅ မိနစ်မှ ပြန်လာပါတဲ့ ။
14 ပထမဆုံး အဲ့ဒီ Computer Touch Screen မှာ နာမည် ဖုန်းနံပါတ် နှင့် Booking သွင်းရသဗျာ ။

14 အခွန်အပါအဝင် လူတစ်ယောက် ၅၅ ဒေါ်လှ ၊ ၂ ယောက်ကို ၁၁ဝ ဒေါ်လှ ကျတယ် ။

14 ဒါတွေကတော့ Caesars Palace Hotel ထဲက မြင်ကွင်းတွေ ပေါ့ဗျာ ။

ပုံမှာသာကြည့်ကြပေတော့ ဒီဖက်က လူတန်းက Touch Screen မှာ Booking သွင်းနေတာ ။
ဒီလူတွေ နောက် ၄၅ မိနစ်မှ ပြန်လာပြီး ဟိုးခပ်လှမ်းလှမ်းမှာတွေ့နေရတဲ့ ကောင်တာမှာ ၊
ပိုက်ဆံသွင်းပြီး ၊ နောက်ထပ် ၁၅ မိနစ်လောက် တန်းစီ စောင့်ရဦးမှာတဲ့ဗျာ ။
.ပြောရမယ်ဆိုရင် အမေရိက အနေနှင့် ဈေးလဲ မပေါလှပါဘူးဗျာ ၊
အဘတို့ သွားစားတဲ့နေ့က ၁၁ – ဝ၅ – ၂၀၁၄ Sunday ဆိုတော့ ၊
Sat – Sun – Champagne Brunch ဆိုတော့ ရှန်ပိန် ပါတော့ နဲနဲ ပိုဈေးကြီးတယ် ။
အခွန်အပါအဝင် လူတစ်ယောက် ၅၅ ဒေါ်လှ ၊ ၂ ယောက်ကို ၁၁ဝ ဒေါ်လှ ကျတယ် ။
တစ်ခုတော့လဲ ကောင်းသပေါ့လေ Caesars Palace Hotel ထဲ ရှောက်ကြည့်ဖြစ်သပေါ့ ။
ဒါတွေကတော့ Caesars Palace Hotel ထဲက မြင်ကွင်းတွေ ပေါ့ဗျာ ။
ဒါကတော့ Caesars Palace Hotel ရဲ့ Reception / Concierge ပေါ့ဗျာ ။
နဲနဲနောနော Reception / Concierge ကြီးမှ မဟုတ်တာ ခမ်းနားပါ့ ။
ဒါကတော့ Caesars Palace Hotel ရဲ့ Casino ကစားကွင်းပေါ့ဗျာ ။
အဘတို့ လင်မယားလဲ တစ်မနက်လုံ လမ်းလျှောက်နေရတာ ၊ ညောင်းတာနှင့် ၊
Caesars Palace Hotel ရေကူးကန်ဘေးမှာ သွားထိုင်နားရင်း စောင့်နေလိုက်တယ် ။
14 ဒါကတော့ Caesars Palace Hotel ရဲ့ Reception / Concierge ပေါ့ဗျာ ။

14 ဒါကတော့ Caesars Palace Hotel ရဲ့ Casino ကစားကွင်းပေါ့ဗျာ ။

14 Caesars Palace Hotel ရဲ့ ရေကူးကန်ဘေးမှာ သွားထိုင်နားရင်း စောင့်နေလိုက်တယ် ။

နာရီဝက်လောက်ရှိတော့ အဘ ဖုန်းကို SMS ဝင်တယ် ၊ လာလို့ရပါပြီတဲ့ ။
အဲ့ဒဟာနှင့် ၊ ကောင်တာမှာ ပိုက်ဆံသွင်း ၊ ၁၅ မိနစ်လောက် ထပ်တန်းစီပြီးဝင်ခဲ့ပါတယ် ။
Las Vegas ရဲ့ အကောင်းဆုံး Bacchanal Buffet ၊
.နေ့စဉ် ဟင်းအမျိုးပေါင်း ၅၀ဝ ကျော် ရှိတယ် ဆိမှတော့ ၊
ဟင်းအမျိုးတွေ စုံကြောင်း ၊ စားလို့ ကောင်းကြောင်းတွေ ထပ် မပြောတော့ပါဘူး ။
ပုံတွေကိုသာ ကြည့်ကြပါတော့ ။
14 ဒါက Bacchanal Buffet မှာ အဘ ရဲ့ Main Dish / Meal ။
ဒီလောက် ဈေးကြီးပေးရ ၊ စောင့်ရ နှင့် ဆိုတော တန်အောင်ဆိုပြီး ရှန်ပိန်ပါ သောက်လိုက်တယ် ။

14 ဒါက Bacchanal Buffet မှာ အဘ ရဲ့ Dessert ပွဲတွေ ။
ရှန်ပိန် နှင့် အားမရတော့လဲ နောက်ဆုံး Orange Juice ထပ်သောက်ရတာပါဘဲ ။

14 သူတို့ကမှ တန်တာ ဧရာမ ဂဏန်း ခြေထောက်တွေချည်းဘဲ စားနေတာ ။
.ကြားဖူးတာက အဲ့ဒီ ဂဏန်းတွေက ခြေထောက်တွေ ကျိုးသွားရင် အသစ်ပြန်ပေါက်သတဲ့ ။
အဲ့ဒါကြောင့် ဂဏန်းကိုယ်လုံး မတွေ့ရဘဲ ဂဏန်း ခြေထောက်တွေဘဲ တွေ့ရတာတဲ့ ။
ဟုတ် မဟုတ် တော့ မသိပေါင် ။

14 Bacchanal Buffet ရဲ့ ဟင်းပွဲတွေ ။

14 Bacchanal Buffet ရဲ့ အချို ပွဲတွေ ။

14 Bacchanal Buffet ရဲ့ သစ်သီးပွဲတွေ ။

ကဲ ၊ ကဲ ၊ စာလည်း တော်တော် ရှည်သွားပြီ ။
ပုံလဲ တော်တော် များသွားပြီ ဆိုတော့ ၊
.တော်သေးဘီ ။
အဘ ဖေါ ( F R ) ။
8 comments
ဇီဇီခင်ဇော်
August 26, 2015 at 11:47 am
အဘ စားတာ နည်းလိုက်ထာညော်။
အရသာဘယ်လိုနေတုန်းး
ဈေးနဲ့ တန်လားးး
ဟီးဟီးဟီးး
:mrgreenn:
Foreign Resident
August 27, 2015 at 2:22 am
ဇီဇီခင်ဇော် says:
” အဘ စားတာ နည်းလိုက်ထာညော် ”
ဟုတ်ပါ့ ဒါလောက် နဲနဲလေးဘဲ စားတာတောင် ၊
လူက တဖြေးဖြေး ဝလာပြီကွယ် ၊ ဘယ်လိုလုပ်ရမယ် မသိ ။
အဘ အခု တစ်နေ့ကို ၂ ခါဘဲ စားတော့တာ ( Late Brunch + Early Dinner ) ။
အဲ့ဒါ ဟိုတစ်နေ့က အိမ်သန့်ရှင်းရေး လာလုပ်တဲ့ အမကြီး နှင့် စကားစပ်မိတော့ ၊
(ဩဇီမှာ တစ်နာရီ ဒေါ်လှ ၂ဝ နှင့် အိမ်သန့်ရှင်းရေး လုပ်ပေးတဲ့ မြန်မာတွေ ရှိတယ်)
သူလည်း ဝလာလို့ တစ်နေ့လုံးနေမှ တစ်ခါတည်း စားတော့တယ် ဆိုဘဲ ။
တစ်နေ့လုံးနေမှ တစ်နပ်ထဲ စားရမယ် ။
ဒါဆို လူ့ဘဝမှာ ဘာများ ပျော်စရာ ကျန်တော့မလဲ ။
ငါ သေသာ သေလိုက်ချင်တော့တယ် ။
ငိုပြဇေ ။ အီးးးးးးးး ။
Alinsett @ Maung Thura
August 26, 2015 at 3:18 pm
သစ်သီးပွဲတွေ ပြင်ထားပုံက…လန်းတယ်..
အောင် မိုးသူ
August 26, 2015 at 3:31 pm
အဲသည်နေရာနဲ့ အဲ့လိုအစားအစာ ရှန်ပိန်ပါပါတယ်ဆိုတော့ ၅၅ ဒေါ်လှဆိုတာ စားရတာ စိတ်ကျေနပ်စရာပါ။ သွားရည်တမြှားမြှားကျခဲ့ပါတယ်။ ကျတော်သာဆိုရင်လည်း စီးဖုတွေချည်းစားရှန်ပိန်လေးသောက်နေမှာ။ ဂဏန်းတွေက ခြေထောက်ထပ်ပေါက်တယ်ဆိုတာ တကယ်ဆို သူတို့က အရှင်တွေကို ဖြတ်ဖြတ်ပီး ချက်တာနေမယ်နော်။ ဒီတစ်သက်မှာ အဲ့လိုနေရာတွေ ရောက်ဖူးဦးပါ့မလားလို့ ကိုယ့်ကိုယ်ကိုတွေးရင်း…..။
အောင် မိုးသူ
August 26, 2015 at 3:32 pm
ဪမေ့လို့……………ပုံထဲက ရိုလာကိုစတာကြီးလည်း စီချင်းတယ်။ ဟိုတယ်လ်တွေက ခမ်းနားသလောက်
သဘာဝမဆန်တဲ့အတွက် သဘောတော့ သိပ်မကျ။ ကိုယ်ကပဲ သဘာဝကို မြတ်နိုးလို့လားမသိဘူး။
Ma Ma
August 27, 2015 at 8:57 am
ခန့်ညားတယ်၊ ထယ်ဝါတယ်ဆိုတာတွေ မြင်ပြီး
အဲလို ဂုဏ်ပုဒ်တွေရှိဖိုု့/ရဖို့ဆိုတာက တော်ရုံနဲ့ ရတာမဟုတ်။
ငွေ၊ အချိန်၊ ပညာ၊ အသိတရား စသဖြင့် ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ထည့်ထားရတာကလားးးးးးးးးး
Mike
August 27, 2015 at 10:10 am
.ဟိုတယ်လ်တွေက တော့တော်တော့်ကိုခမ်းနားလှပါရဲ့ဗျာ…ပုံစံတူတွေနာမည်နဲ့လိုက်အောင်တည်ဆောက်….ထားပုံတွေကိုလည်းချီးကျူးမိတယ် :))
Shar Thet Man
June 29, 2018 at 1:37 pm
အမေရိကားရောက်ရင်တော့ အဲ့အမျိုး၅၀ဝ ကောျ်စားသောက်ဆိုင်တော့ သွားစားဖြစ်မှာပါ