လှရာရာရွေး ပန်မပေးရ ဆံမြညှာကေ
ပေါ်နွေလလျှင်
တောင်ကခြိမ် ့မြူးး
မင်းလွင်ဦးနဲ့ ့
~~~~~ ~
~~~~~~
ငှက်သွင်ပျံကြွ
မတတ်သော်။
ကျောင်းသားဘဝတုန်းက သင်ခဲ ့ဖူးတဲ ့ နတ်ရှင်နောင်ရတုပါ။ အကုန်အားလုံး မမှတ်မိတော ့ပေမယ် ့ နတ်သွင်ပျံကြွ မတတ်သော် ဆိုတဲ ့နောက်ဆုံးအချပိုဒ်လေးကတော ့ ဒီအချိန်ထိတိုင်အောင် အင်အားပြင်းပြင်းနဲ ့ စွဲငြိနေဆဲ။ ကိုယ် ့မြေ ကိုယ် ့ရေရဲ ့အဝေးမှာ အနေကြာလာတော ့ အကြောင်းတိုက်ဆိုင်လို ့ အမှတ်တရလေးတွေများပေါ်လာခဲ ့ ကိုယ်လည်း ငှက်ကလေးတစ်ကောင်လိုသာ တောင်ပံဖြန် ့ဝဲ
အိမ်အပြန်လမ်းကို အပြေးလေး ပြန်လိုက်မိချင်ရဲ ့။
စစ်မြေပြင်က စစ်ဘုရင်မင်းသား နတ်ရှင်နောင်မင်းသား ရှေ ့တန်းစစ်မြေ စခန်းတစ်နေရာမှာ ရာသီပန်းကလေးတွေမြင်တွေ ့လေတော ့ နောက်တန်းကကျန်ရစ်ခဲ ့သူ ပန်းကြိုက်မလေး ချစ်တဲ ့ဓာတုကလျာလေးအတွက် လှနိုးလှရာ ပန်းကလေးတွေ ခူးဆွတ်လို ့ စိတ်ကူးနဲ ့ ဆံဦးထက်မှာ ပန်ပေး ကြေနပ်ရှာရတယ်။
~ ကိုယ်တိုင်
လှရာရာရွေး ပန်မပေးရ
ဆံမြညှာကေ~~
(နတ်ရှင်နောင်သီချင်း)
————————————-
တောတွင်းပျော်တို ့လို ရေခြားမြေခြား ရပ်တစ်ပါးမှာ ဝမ်းစာရေးအတွက် ဘဝတိုက်ပွဲ တိုက်နေရသူတွေမှာလည်း ဒေသက ကျန်ရစ်ခဲ ့သူတွေကို လွမ်းဆွတ်သတိရမိတဲ ့ အခါ ကိုယ် ့လက်လှမ်းမှီရာ အရာလေးတွေနဲ ့တိုင်တည် လွမ်းဆွတ်မိတတ်ကြပါတယ်။
တောတွင်းပျော်တို ့ ကျက်စားနေထိုင်ရတဲ ့ တောတောင်ကြီးထဲ ရာသီအလိုက် ပန်းကလေးတွေ ပွင် ့တတ်ပါတယ်။ သူတို ့လေးတွေဟာ တော်ဝင် နန်းထိုက် ထီးကြိုက်တဲ ့ပန်းကလေးတွေ မဟုတ်ကြပေမယ် ့ တောတောင်တစ်ခွင်ကို သူတို ့နိုင်အား တတ်စွမ်းသမျှနဲ ့ ဆင်ယဉ် အလှတင်ပေးနေကြတာ ရိုးသားပကတိ ချစ်စရာကောင်းလှပါတယ်ဗျာ။
သူတို ့လေးတွေရဲ ့ သဘာဝအတိုင်း ခပ်ရိုင်းရိုင်း အားမာန်အပြည် ့နဲ ့ အလှတွေကို မြင်တွေ ့မိခဲ ့လေတော ့ လူ ့လောကမှာမရှိတော ့ပြီဖြစ်တဲ ့ ပန်းချစ်သူမလေးတစ်ယောက်အတွက် ရည်စူးပြီးပုံလေးတွေ ရိုက်ခဲ ့မိပါတယ်။
ခင်..!
ပန်းဆိုတာ
သူ့ ့ အပင်မှာ
သူ ့ အဆင်နဲ ့ သူယဉ်
အလှမာန်တင်
ဂုဏ်တင် ့တာမို ့
ရည်စူးလို ့
ခြွေမခူးခဲ ့တာ
ကြေနပ်ပါလေ…ခင်။
တောတွင်းပျော်။
Set / 10 / 15
14 comments
Ma Ma
September 10, 2015 at 6:42 am
အဲသဟာတွေကြောင့် တောတွင်းပျော်နေတာ ထင်တယ်။ 🙂
တောတွင်းပျော်
September 10, 2015 at 1:47 pm
ပျော်လည်းပျော် မပျော်လည်းပျော်
ပျော်ပျော်သာနေရတာပါပဲ မမ မမ။
Mike
September 10, 2015 at 3:50 pm
.သဘာဝအတိုင်းလှနေတဲ့ပန်းတွေပေါ့..
.၈ပုံမြောက်က ပိုးမွှားလေးတွေဖမ်းစားတဲ့ ထောင်ချောက်နဲ့တူတယ်
တောတွင်းပျော်
September 10, 2015 at 4:32 pm
ဟုတ်တယ်။ သူက အဖုံးလေးနဲ ့။
အကောင်တွေ ခွက်ထဲက အရည်သောက်ဆင်းရင် ပိတ်သွားတတ်တယ်။
အောင် မိုးသူ
September 10, 2015 at 3:54 pm
တောပန်းလေးတွေ လှပါ တောတွင်းပျော်က DSLR ကြီးနဲ့ မရိုက်ဘူးလား။
တောတွင်းပျော်
September 10, 2015 at 4:43 pm
ပုံ ၄၊ ၉ ၊ ၁ဝ ၊ ၁၁ က ကင်နွန်နဲ ့
ဇီဇီခင်ဇော်
September 10, 2015 at 4:58 pm
နာ့ ကို အဲဒီ တော အလည်ခေါ်ပါလား အေ။
ဓာတ်ပုံရိုက်ချင်တာ။
ပန်းလေးတွေကို…
:chit:
တောတွင်းပျော်
September 10, 2015 at 6:20 pm
တကယ်ရိုက်ချင်ရင် ရိုက်ချင်စရာတွေက အများသား။
ရိုက်ချိန်မရှိ လို ့သာ။
မြင်ရခဲတာလေးတွေ။
Ma Ei
September 11, 2015 at 10:33 am
လှလှပပ ပွင့်နေတဲ့ ပန်းကလေးတွေကြောင့်
တောတွင်းပျော် တစ်ယောက် တောတွင်းပျော်နေတာကိုး….
ဘာပန်းလေးတွေမှန်းလဲ တစ်ချို့မသိ
လိမော်္မရောင် အဆုပ်လိုက်ပန်းကလေးတွေ တော်တော်လှတယ်နော်
ပန်းကလေးတွေ လျှောက်ကြည့်ချင်လိုက်တာ…
အကောင်ဗလောင်တွေကောရှိလား အဲ့တာတော့ကြောက်တယ်…
🙂
တောတွင်းပျော်
September 11, 2015 at 11:49 am
အင်း!
တောတွင်းပျော်ရဲ ့ ပန်းနာမည်ပေးနည်းက
တောထဲမှာတွေ ့တဲ ့ပန်းမို ့ တောပန်း
( ဗဟုသုတကြီးပုံများ )
အကောင်တွေကပေါတယ်။
အဓိက တောဆင်တွေ။ သူရှောင် ကိုယ်ရှောင်ပေါ ့။
ကျားနက်( တစ်ကိုယ်လုံးအနက်ရောင်) မကြာမကြာတွေ ့ဖူးတယ်။
ဝက်ဝံ။ သူက ညမှာ စခန်းကမိုးဖိုချောင်က ဆီ သကြား ဆန် လာလာမသွားတတ်တယ်။ ဆီကတော ့ သူတို ့အကြိုက်ဆုံး။
hydruli engine oilဆီကအစဖေါက်သောက်တတ်တယ်။
Ma Ma
September 11, 2015 at 10:27 pm
ကျားနက်၊ ဝက်ဝံ :O
အဲ့ပုံတွေရိုက်တင်ရင်ပိုပြီး စိတ်ဝင်စားစရာကောင်းမယ်။
တောတွင်းပျော်
September 12, 2015 at 12:19 am
ဝက်ဝံပုံ ညမှာ hilux ကားထဲက စောင် ့ရိုက်ထားတာတော ့ရှိတယ်။ ကင်မရာ အသေးနဲ ့ ISO မမြင် ့တော ့ မှုန်တယ်။ မသဲကွဲဘူး။
အတွေးလေး
September 12, 2015 at 8:55 pm
အရိုင်းပန်းတွေပေမယ့်လှတာတော့အတော်လှ တာဗျ
တောတွင်းပျော်
September 13, 2015 at 5:25 pm
အတွေးလေး
နာမည်ကို အတွေးကောင်းကောင်းပေးထားတာ ကဗျာဆန်တယ်နော်။
ရွာထဲကိုလည်း အတွေးလေးရဲ ့ အတွေးကောင်းကောင်းလေတွေကိုလဲ
မျှပေးပါအုံးလို ့။