ရှက်လိုက်တာ လက်ကုန်ပါပဲ
ရှက်လိုက်တာ လက်ကုန်ပါပဲ
ဘာရယ်တော့မဟုတ်ပါဘူး။ ဒီနေ့ကျောင်းကအပြန် ဗိုက်နည်းနည်း ဆာလာတာနဲ့ အိမ်ကိုတန်းမပြန်ပဲ အိမ်နားက လက်ဘက်ရည်ဆိုင်ကို ဝင်ထိုင်လိုက်တယ်ပေါ့။ အဲ့ရောက်တော့ လက်ဘက်ရည်ရယ် ကြက်ဥပလာတာရယ်မှာပြီး အိပ်ထဲပါလာတဲ့ ipadကိုထုတ်ပြီး ဆရာ ရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှား ဝတ္ထုကိုဖတ်လိုက်တယ်လေ။
သိပ်မကြာခင်အချိန်မှာ ဆိုင်ထဲကို အမျိုးသမီးနှစ်ဦး (အရွယ်ကတော့ သိပ်မကြီးသေးပါဘူး ကိုယ်တွေနဲ့မတိမ်းမယိမ်းလောက်ပဲ ရှိမှာပါ) ဆိုင်ထဲကိုဝင်လာတယ်။ တစ်ယောက်က ဖူးစကဒ်ဆိုဒ် စာအုပ်လေးကိုင်လို့ တစ်ယောက်က ယူခူလီလီ(Ukulele) ဂစ်တာလေးကိုင်လို့။ သိလိုက်ပါပြီ… ဒါအလှူခံတွေပဲ ဆိုတာကိုလေ။ ဒါနဲ့ပဲ နဂိုကတည်းက သဒ္ဓါတရား ထက်သန်သူဖြစ်တဲ့အလျောက် မျက်လုံးတောင် ပင့်မကြည့်တော့ပဲ မသိချင်ယောင်ဆောင်နေလိုက်တယ်လေ။
ဒါမဲ့ သိပ်မကြာပါဘူး ရှေ့ကဝိုင်းကို အလှူခံ ဂျေဆင်မရပ်စ်ရဲ့ အိုင်အမ်ရော့စ် သီချင်း တစ်ပိုင်းတစ်စဆိုပြပြီး အနားကိုရောက်လာလေရဲ့။ ပြောပြီးသလိုပဲ သဒ္ဓါတရားက သိပ်ကောင်းတာဆိုတော့ အားရဝမ်းသာနဲ့ ဆော့ရီးတွေ ထပ်နေအောင် သူတို့ စားပွဲနားက မခွာမချင်း ပြောလိုက်တယ်လေ။
ဒီလိုနဲ့ ဆိုင်ထဲမှာ ရှိနေတဲ့ အခြား၃-၄ဝိုင်းကို သူတို့သွားအလှူခံလိုက်တယ်။ သူတို့ဆိုင်ထဲက မထွက်ခင်မှာပဲ အနားကိုပြန်ရောက်လာပြန်ရော။ ဒီတစ်ခါတော့ အပြုံးလေးတွေက ပိုချိုနေတဲ့အပြင် ပါလာတဲ့ မှတ်တမ်းစာအုပ်ကို စားပွဲပေါ်တင်ကာ
“မိဘမဲ့ကလေးတွေအတွက် အလှူခံနေတာလေ။ ထည့်ပါဦး” တဲ့။ မြန်မာလိုကြီး ပြောသွားတာ။
ငင့်။ သူတို့က မလေးမတွေမှမဟုတ်ပဲ။ မွန်မတွေပဲ။ မြန်မာစကားကတော့ တော်တော်မပီပါဘူး။ စာကြောင်းတစ်ခုကို နှစ်ခေါက်လောက် နားထောင်တာတောင် တစ်လုံးနှစ်လုံးပဲ မနည်းနားလည်လိုက်ရတယ်။
ဒါနဲ့ ကိုတွေကို မြန်မာမှန်းဘယ်လိုသိသွားတာပါလိမ့်။ ဪသိပြီ။ ကျွန်တော်ဖတ်နေတဲ့ စာအုပ်ကိုတွေ့သွားလို့ ဖြစ်မယ်။တော်တော် မျက်စိလျှင်ကျတာပဲ။ တော်တီးတီးတော်ကျတာပါ့။
သူတို့ကတော့ အလှူခံရတဲ့အကြောင်းနဲ့ပတ်သက်ပြီး ရှင်းပြပါသေးတယ်။ ဒါမဲ့ မွန်သံဝဲဝဲနဲ့ပြောတာဆိုတော့ သိပ်တော့နားမလယ်လိုက်ပါဘူး။ တစ်ကယ်…. ကိုတွေလဲ ခေးသူတော့မဟုတ်ပါဘူး။ ရှမ်းတွေ ကရင်တွေ ရခိုင်တွေ မွန်တွေနဲ့ အပေါင်းအသင်းလုပ်ဖူးပါတယ်။ သူတို့ရဲ့ ဝဲပုံဝဲနည်းကို နားရည်ဝပြီးသားပါ။ ဒါမဲ့သူတို့ရဲ့ ဝဲသံကိုတော့ ဘယ်လိုမှကို နားမလယ်ခဲ့တာ။
ထားပါတော့…. ဒီလိုနဲ့ ရယ်ကျဲကျဲနဲ့ တစ်ခွန်းနှစ်ခွန်းပြန်ပြောပြီး အလှူငွေထည့်လိုက်ပါတယ်။ အမှန်တော့ သူတို့ကို ကိုယ်ချင်းစာပါတယ်။ ကိုယ်တွေလဲ ဒီလိုမျိုး လမ်းပေါ်ထွက် ဆိုင်ထဲဝင်ပြီး အလှူခံခဲ့ဖူးတာဆိုတော့။ ရှောရှောရှူရှူနဲ့ လှူတဲ့သူရော ပြုံးပြုံးနဲ့ငြင်းတဲ့သူရော မဲ့မဲ့နဲ့ငြင်းတဲ့သူပါ တွေ့ဖူးခဲ့တာကိုး။
နောက်ဆုံးတော့ အိပ်ထဲကနေ ပိုက်ဆံ တစ်ဆယ် (သူတို့ရဲ့တောင်းဆိုချက်ကြောင့်) လှူလိုက်ရလေရဲ့။
စိတ်ထဲမှာတော့ တွေးလိုက်ပါတယ်။ အရင်ကသူများတွေကို ဓါးပြတိုက်သလို အလှူခံခဲ့လို့ အခုပြန်ဝဋ်လည်တာလို့။
သို့ပေမယ့် ဖြေမဆယ်နိုင်တာက အကယ်၍များ သူတို့အလှူခံနေတဲ့သူဟာ ပရဟိတအသင်းတစ်ခုကို ဦးစီး ဦးဆောင်လုပ်နေတဲ့ သူမှန်းသိသွားရင်။ ဒီလိုလူက ကိုယ်ချင်းရယ်တဲ့မစာမနာ သဒ္ဓါတရားထက်သန်စွာဖြင့် ဆောရီးဆိုတဲ့စကားကို လှိုင်လှိုင်ကြီးသုံးလိုက်တယ်ဆိုတာ သူတို့သိများသိသွားရင်။ မြတ်ခြွဖျား…။
အောင်မလေးဗျာ။ ဘယ်သူသိသိ မသိသိ။ ကို့ပါကိုတော့ သိနေတာမို့
“ရှက်လိုက်တာ လက်ကုန်ပါပဲ ဗျာ”
နတ်လူသာဓုခေါ်စေသော်ဝ်
Courage
16 comments
ဇီဇီခင်ဇော်
September 28, 2015 at 3:39 pm
ရှက်လို့
ဒီမှာ လာပြီး လူစုံတုန်း
ရှင်းပြတာကိုးး
:mrgreenn:
Courage
September 28, 2015 at 3:57 pm
အဟိ အဟိ ခွိ
naywoon ni
September 28, 2015 at 10:15 pm
ဒါ ဗမာတွေရဲ့ မရိုးနိုင်တဲ့ အလွဲလေးတွေပါ ။ စကားပုံတောင်ရှိသား ငှက်မသိ ဇရက် သူခိုးထင်ဆိုလား ဘာလား ဘာလား ဘာလား ဗျာ 🙂
Courage
September 28, 2015 at 11:03 pm
ဟုတ်ပါရဲ့ဗာျ… လွဲပဲ လွဲနိုင်လွန့်လွန်လွန်း
Mike
September 29, 2015 at 10:33 am
:))
Courage
September 29, 2015 at 1:26 pm
🙂
Ma Ei
September 29, 2015 at 1:48 pm
မရှက်ပါနဲ့ဟယ်………အရင်ကသူများတွေကို ဓါးပြတိုက်သလို အလှူခံခဲ့တဲ့ ပရဟိတအသင်းဦးစီး ဦးဆောင် သဒ္ဓါတရားထက်သန်သူကြီးဆီကနေ ရအောင် အလှူခံနိုင်တဲ့ ကလေးမလေးတွေကို ချီးကျူးလိုက်ပါနော်….
Courage
September 30, 2015 at 12:40 am
ဟုတ်ပါ့ဗျာ လူကဲခက်ကတော့ တော်တော်ကောင်းတဲ့သူတွေပါ့
kai
September 30, 2015 at 12:58 am
အင်း…
နိုင်ဂျံဂါးမှာ အရင်တွေကများ.. အတင်းချရင်.. ဗမာလိုချလို့ရသဗျ..။
အခုတော့..သွားမလုပ်လေနဲ့..
တယောက်မဟုတ်တယောက်ရှိတတ်..။
ဟုတ်ပါ့…
စစ်အစိုးရကောင်းမူပေါ့..။
မြန်မာ ၅သန်းမက နိုင်ဂျံဂါးရောက်ကုန်…။
သာဓု… :k:
Courage
September 30, 2015 at 7:41 pm
တား နိုင်ဂံရေး ကျောဘူးညော်…. 🙂
အမှန်က ကျွန်တော်တို့နားမှာ မြန်မာလဲနည်းသလို ရှိသမျှတွေကိုလဲ မျက်မှန်တန်းမိပြီးသားဗျ။
ခုဟာက အပြင်ကလူတွေလာပြီး ငိုက်ဖမ်းသွားလို့ရယ်ပါ့…
Alinsett @ Maung Thura
September 30, 2015 at 2:05 am
ကျုပ်တို့ဆီမှာတော့
အတော်များများသော အလှူခံတွေကို
ကန်တော့ပါသေးရဲ့ လို့ ပြောကြတာနော့
.ဆောရီးလို့ ပြောရင်ကို တမျိုးကြီး ဖြစ်နေမှာ
အခုနောက်ပိုင်းတော့ ကျုပ်ဖြင့် ကန်တော့ပါသေးရဲ့လည်း
မပြောချင်
အကြွေမရှိဘူးလို့လည်း မပြောချင်
အလှူခံတွေ့ရင် မျက်နှာ မလျော့မတင်းနဲ့ ခေါင်းပဲ ခါပြနေမိတယ်
Courage
September 30, 2015 at 7:42 pm
ဦးချိုတူးဇော်ရဲ့ “ရွံ့”ဇာတ်ကားထဲမှာ “ဆောရီး”ကို “ကန်တော့ပါသေးရဲ့”လို့ ဘာသာပြန်ထားတာတောင် သွားသတိရသွားပြီ…
Mr. Pocket
October 2, 2015 at 9:24 am
အိုရှက်စရာမှတ်လို့ အလှူဆိုတာ စေတနာသုံးတန်ပြတ်မှ လှူရတာလေ… ဟုတ်ဘူးလားဗျ
အနော်ဆို စေတနာသုံးတန်က မပြတ်လွန်းလို့ကို မလှူခဲ့တာအများသားလား..
အဲ … ကိုယ့်အကြောင်းတွေတော့ပေါ်ကုန်ပါပြီဗျာ
Courage
October 3, 2015 at 6:06 pm
ဒါဆို ကျွန်တော်နဲ့ ဦးအိတ်ထောင်နဲ့က လိုင်းတူဘေးစပ်တွေပဲဗျ 🙂
အောင် မိုးသူ
October 2, 2015 at 10:11 am
ရှက်စရာမဟုတ်ပါ
Courage
October 3, 2015 at 6:13 pm
ကျေးဇူးပါ