တက္ကစီသမားတို့ရဲ့ဘဝ
အခုတလော တက္ကစီ တွေပဲ ဆက်တိုက် အစီးများဖြစ်တယ်ဆိုပါတော့..အဲ့ဒီလိုစီးဖြစ်တိုင်းလည်း ကျွန်တော့်ဝသီအတိုင်း တက္ကစီသမားကို ဟိုမေးဒီမေးအစုံမေးလေ့ရှိတယ်အဓိကပြောချင်တာကတော့ တက္ကစီသမားတွေရဲ့ ဘဝတွေကို နည်းနည်းမျှဝေချင်တာပါ.. ဘာမှထူးခြားတဲ့အကြောင်းမဟုတ်ပေမဲ့ သူတို့ရဲ့ဘဝ တစ်စိတ်တစ်ပိုင်းကို တင်ပြချင်တာသက်သက်ပါ(လျှာရှည်လို့ပြောလဲတတ်နိုင်ဘူး) တက္ကစီသမားနှစ်ယောက်ရဲ့ ဘဝကိုပဲ အခုလိုတိုတိုတုတ်တုတ် လေးပဲ တင်ပြလိုက်ရပါတယ်ခင်ဗျာ..
ပထမ တက္ကစီ သမားရဲ့ဘဝလေးက ဒီလို .. သူက အရင်က လိုင်းကားမောင်းတာတဲ့ ရှားရှားပါးပါး.. ယာဉ်နောက်လိုက်စပယ်ယာတွေရဲ့ အကြိုက်မလိုက်နိုင်လို့တဲ့.. အဲ့ဒါလေးကြားမိတော့ တစ်ခါတစ်ခါ လိုင်းကားစီးရင်းတွေ့မိတာလေးကို သတိရတယ်.. ကိုယ်စီးနေတဲ့ကားက ယာဉ်မောင်းဘယ်သူဆိုတာ မကွဲပြားတော့ဘူး.. driver ခမျာ စပယ်ယာပါးစပ်က ထွက်လာတဲ့ စကားအတိုင်း လိုက်မောင်းပေးနေရတယ်.. မမောင်းပေးရင်လည်း နောက်ကနေ အတင်းတုတ်တာ ခံရမယ် မတော်ရင် အဆဲပါခံရတာမလား… အင်း ခေတ်ကပြောင်းပြီလေ.. နွားရှေ့ထွန်ကျူးတဲ့ခေတ်မလား…
ဒုတိယ တက္ကစီသမား.. သူကတော့ ဘဝစုံတယ်ပဲပြောရမယ်.. သူ ဘွဲ့ရတော့ ကုမ္ပဏီတစ်ခုမှာ ခုနှစ် နှစ်လောက်လုပ်ဖူးတယ်တဲ့.. ပြီးတော့ အလုပ်ထွက် ရဲထဲဝင်တယ်ပြောတယ်.. နောက် စစ်တပ်ထဲထပ်ဝင်တယ်တဲ့… နောက်ထွက်ပြေးလို့သေနတ်နဲ့အပစ်ခံရ(ကံကောင်းလို့မသေ) ပြီး ထောင်ကျတယ်… နောက် လူသတ်မှုနဲ့ထောင်ကျတယ် သူ့အပြောအရတော့ လူဆိုတာ အသက်တစ်ရာမနေရ အမှုတစ်ရာ ကြုံရတယ်တဲ့.. ထောင်ကထွက်လာတော့ ပထမနှစ်ကျောင်းသူလေးနဲ့အကြောင်းပါပြီး.. အခုတော့ ခြေငြိမ်ငြိမ်နဲ့ တက္ကစီးမောင်းပြီး အသက်မွေးနေတာတဲ့လေ…အင်း ဘဝကစုံသလို အိမ်ထောင်ရေးကတော့ကံကောင်းတယ်ပဲပြောရမယ် ကိုယ့်ထက် အသက်ထက်ဝက်လောက်ငယ်တဲ့သူနဲ့ဖူးစာစုံတယ်ဆိုတော့လေ..(အားကျတယ်ကွယ် အဲ ထောင်ကျတာတော့တို့ ကျန်တာတွေတော့မပါရေးချမပါ..)..
ကျွန်တော်ရဲ့မဖြစ်ညစ်ကျယ် ဦးဏှောက် က တွေးကြည့်မိတာလေးရှိတယ်ဗျ.. ဒီလိုလေ… အခုခေတ် တက္ကစီ သမားတွေတိုင်းကို အကို ဒီနေ့ဆွဲကောင်းလား မေးကြည့်လိုက်ရင် အဖြေကတစ်သံတည်းထွက်လာမှာပါ.. အားလုံးသိတဲ့အတိုင်း မကောင်းပါဘူးညီရာ အိမ်ပြန်ရင် ကိုယ့်အတွက် ၃ထောင်လောက်မနည်းပြန်ပါအောင် လုပ်နေရတယ်ပဲ ပြောမှာ .. ဟုတ်တယ်လေ သေချာတာပေါ့.. ဒီနေ့ခေတ်လမ်းတွေ ပိတ်ပုံနဲ့ ၃ထောင်လောက်ကျန်အောင်တောင်မနည်း မောင်းနေရမလား.. ဘာပဲပြောပြော ပြောင်းလဲဖို့တော့လိုပြီလေ.. ဟုတ်တယ်မလား..(ဆိုင်ဆိုင်မဆိုင်ဆိုင် ပြောသည်) အဲ့တော့ ကျွန်တော် ရွာသားအသစ်က ရွာထဲက ရေခံမြေခံ လူကြီးသူမ တွေကို တောင်းဆိုချက်လေးတစ်ခု ပြောချင်တာက တက္ကစီစီးရင် အရမ်းဈေးမစစ်ပါနဲ့လို့.. တတ်နိုင်ရင် သူတို့တောင်းတဲ့အတိုင်းသာပေးလိုက်..ဟုတ်ပြီလား..( ရိုက်ပေါက်တော့လုပ်လိုက်ပြီငါ့ကွ)
ကဲကဲ ပုံပြင်လေးကတော့ ဒါပါပဲကွယ် အခုတော့ တော်သေးပြီ…
အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ.. လိုရာဆန္ဒတွေ ပြည့်ဝကြပါစေ…
17 comments
ဂျက်စပဲရိုး
October 15, 2015 at 12:26 pm
သူတို့ တောင်းသလောက် သာ ပေး နေရရင်
ကျုပ် စောင်ပတ် ပြီး နေ နေ ရ လောက်ရဲ့ း)
Mr. Pocket
October 15, 2015 at 12:34 pm
စောင်ပတ် ဆိုတော့ စက်ပေါင်ပြီးနေရမှာပေါ့ အဲ့ဂလိုလား.. အဟဲနောက်တာပါ .. တစ်ခါတစ်လေပေါ့ဗျာ.. တက္ကစီ သမားတိုင်းကို မဆိုလိုပါဘူး… တစ်ချို့ကျတော့လည်း… စစ်စရာမလိုပါဘူးဗျ ဈေးမှန်ပဲ.. တစ်ချို့ဆို နည်းတောင်နည်းသေးတယ်.. အဲ့အခါကျ ရင်တော့ဈေးမှန်သိတဲ့ကိုယ်က သူ့ကို ပြန်တိုးပေးမလား.. အင်း… ဒါက တော့ စဉ်းစားစရာပဲနော်… အဟီး.. ထားလိုက်ပါ.. ဒါကတော့ ပြန်ပြီးတွေးကြည့်တာပေါ့နော်…
Alinsett @ Maung Thura
October 15, 2015 at 12:28 pm
အင်းးးး
တက်စီ ကိုယ်တိုင်မောင်းဖူးတော့ ပုံမှန်အားဖြင့် စီးတဲ့သူ နှစ်မျိုး ကြုံရတယ်ဗျ
တမျိုးက ဈေးကို မတန်တဆ ဆစ်တာ။ ဈေးနှိမ်တာ။
ကလပ်မှာ သိန်းချီလုနီးပါး
ဖြုန်းခဲ့ပေမဲ့ အပြန် တက်စီခကိုတော့ နှမြောတသစွာ ငါးရာလောက်ကအစ ကပ်ဖဲ ့နှိမ်နေကြတာလေ။
တခါကဆို တာမွေ ဗလီ ထိပ် အောရိမ်းရှေ့ကနေ
အလုံ ဗဟိုအမျိုးသမီးဆေးရုံနားကို ငှားတာ။
သုံးထောင့်ငါးရာလောက် ပေးပါ ပြောတာကို
၂ထောင်ပဲ ပေးမတဲ့ သွားနေကျတဲ့။
လမ်းကြပ်ချိန်နော်။ ငှားတဲ့ မိန်းမ၂ယောက်ကလည်း နွမ်းပါးနေပုံမဟုတ်။
ဒီလောက် ခရီးကို ၂ထောင် သွားနေကျတဲ့။ နှိမ်ချက်က လန်ထွက်။
.နောက်တခါကျတော့
လှည်းတန်း မာလာမှတ်တိုင်နားကနေ ဆယ်မိုင်လေဆိပ်ဘက်က ကြံခင်းစုဘက်ကို ငှားတာ
အတော် ပြေလည်ပုံရတဲ့အမျိုးသမီးပါ။ သွားနေကျ ၂ ထောင်ပဲတဲ့။
လှည်းတန်းကနေ ၈ မိုင်ကိုတောင် ၁၅၀ဝ /၂၀၀ဝ တော့ ပေးရပါတယ်။ ဒါတောင် အေဒီပွိုငိ့နဲ့ ၈မိုင်ပွိုင့်ကို ကြောက်ကြရတဲ့ တက်စီသမားတွေဘဝပါ။
တချို့က အတော် နှိမ်ကြတယ်။
ပိုက်ဆံ သုံးနိုင် ဖြုန်းနိုင်ပုံ ရသူတွေက ပို မညှာတာကြဘူး။
တက်စီသမားတွေမှာ တနေကုန် ဖင်ပူ ခေါင်းမူးအောင် ထိုင်မောင်းနေရပေမဲ့ အိမ်ပြန်ချိန် ဆီဖိုးနဲ့အုံနာကြေးပဲ ရလိုက်တဲ့နေ့တွေတပုံကြီး
အုံနာကြေးမပြည့်လို့ စိုက်ရတဲ့နေ့တွေလည်း ရှိပါ့။
—–
.နောက်တမျိုးကတော့ တက်စီသမားတွေရဲ့ လမ်းကြပ် အချိန်ကုန် လူပန်း ငွေမရ ဘဝကို စာနာ ညှာတာပြီး
သုံးထောင့်ငါးရာ ငှားလာပေမဲ့ လေးထောင် ပေးသွားတာမျိုးပါ။
အချိန်နဲ့ လမ်းကြပ်တာကို ကြည့်ပီး ငါးရာတစ်ထောင် ပို ပေးသွားသူတွေလည်း ရှိပါတယ်။ အတော်တော့ နည်းတယ်
Mr. Pocket
October 15, 2015 at 12:37 pm
ဟုတ်ပ အစ်ကိုရေ ကျွန်တော့် ကိုယ်ပိုင်ကိစ္စနဲ့ တက္ကစီစီးဖြစ်တယ်ဆိုရင် ကျွန်တော့်ကို ပိုတောင်းရင် ကျော်ကလိုက်တော့ဘူး နောက်တစ်စီးငှားပစ်တာ.. အဲ လမ်းကအရမ်းပိတ်ရင်တော့ အဲ့ဒီလို ငါးရာကြီးတောင် ပိုပေးလိုက်တာ.. ဂယ်ပြောတာဗျို့ ဂယ်ဂယ်…
Mr. Pocket
October 15, 2015 at 12:44 pm
ကျွန်တော်အပြောလည်းလိုမယ်ထင်ပါတယ်.. ကျွန်တော်ဆိုလိုချင်တာကလေ… သူတို့မှာ ဘဝစုံတယ် ပြိုင်ဘက် ပေါတယ်.. တစ်စီးနဲ့တစ်စီး.ငှားသူတွေ့ရင် ဦးအောင်တိုးရတယ်… ဘေးပလက်ဖောင်းကို မလွတ်တမ်းကြည့်ပြီး မောင်းရတယ်.. ဒါတွေက အပေါ့စားလေးတွေပါ.. တကယ်တမ်း ဒီခရီးနဲ့ဒီခရီး တန်ရင် ငါးရာလောက်နဲ့တော့မစစ်စေချင်ဘူးဗျ… ဆရာကြီးဒေါက်တာအောင်ထွန်းသက်က ပြောဖူးတယ်.. လူမှုအဆင့်အတန်း တိုးတက်ဖို့ဆိုရင် what can i pay ကို အရင်စဉ်းစားရမယ်တဲ့ what can i get ကို ဦးစားမပေးနဲ့တဲ့ (ဆိုင်မဆိုင်တော့မသိဘူး.. ကြားဖူးတာလေးပြောပြတာ… ဟီး…)
တောင်ပေါ်သား
October 15, 2015 at 2:57 pm
ကျနော်က ၁၉၉၈ ကနေ ၂၀၀၂ လောက်အထိ ဘလက်တက္ကစီမောင်းလာသူပါ ၊
အဲဒီတုန်းက ဟိုနား ဒီနား ၁၀ဝ ၊ လှည်းတန်းကနေ မြို့ထဲကို ၂၅ဝ ပုံမှန်ပဲ ၊
ဆီက ၁၈ဝ ဈေး ၊ တစ်ရက် ၃၅၀ဝ ဝန်းကျင်ရတယ် ၊ ဒါတောင် ဘလက်တက္ကစီနော် ၊ နံပါတ်အနီ မဟုတ် ၊ ဗင်တွေဆို ၆၀၀ဝ လောက်ရတယ် ၊
မြို့ထဲ တစ်ကြောင်းတက်သွားရင် အပြန် ဟိုနား ဒီနားလူ ပြန်ကိုပါတယ် ၊
ဒီကနေ့မှာတော့ မလွယ် ၊ တော်ရုံ တက္ကစီ မစီးတော့သလို တက္ကစီကလည်း လက်ညိုးထိုး မလွဲ များလာတယ်လေ ၊
ကိုယ်က ခရီးသည်နဲ့ ဈေးပြောနေတုန်း နောက်တစ်စီးက ဖင်ကပ်ပြီး စောင့်နေတတ်တာကလား ၊
ဇီဇီခင်ဇော်
October 16, 2015 at 10:11 am
ငင့်။
ခုရက်ပိုင်းတော့ တက်ဆီ အလိမ် အကောက် ဇာတ်လမ်းတွေချည်းကြားနေရတာ။
ရိုးရိုးသားသား ရှာစားတဲ့သူတွေ သနားစရာပဲ။
:a:
Mike
October 16, 2015 at 10:23 am
.ကျုပ်လည်းတက္ကစီ မောင်းဖူးပါတယ်…လူအမျိုးမျိုးစိတ်အထွေထွေတွေ့ရတာပဲ
.ဒါပေမဲ့ ဈေးမဆစ်တဲ့လူတော့မရှိသလောက်ပါပဲ..
Mr. Pocket
October 16, 2015 at 12:45 pm
ဟုတ်ပါတယ်ဗျ ဈေးမဆစ်တဲ့ ခရီးသည်မရှိပါဘူး… အဲ ဒါပေမဲ့ တက္ကစီ သမားတိုင်းလိုလိုကလည်း ဈေးပြောရင် အနည်းဆုံး ငါးရာ တစ်ထောင်လောက်တော့ တင်ပြောတတ်ကြတာမဟုတ်လား…
kai
October 16, 2015 at 1:23 pm
ဆရာချိုတူးဇော်လည်း နယူးယောက်မှာ တက်ခ်စီမောင်းနေပုံရပါတယ်…။
အဲ..
ခုတလော.. အူဘာဆိုတာခေတ်စားလာတော့ မြန်မာတွေတော်တေ်ာများများ.. အူဘာတက်ခ်စီမောင်းနေကြတယ်..။
မြန်မာပြည်..အူဘာရောက်လာရင်တော့.. ဘဝတွေပြောင်းကုန်မလားပဲ…။
ဂျက်စပဲရိုး
October 16, 2015 at 2:04 pm
အခု ဖုန်းနဲ့ ခေါ်လို့ ရတဲ့ တက်ဆီ ကုမ္ပဏီ ပေါ်နေတယ် ဟုတ်..
အဲ့ဒါ စ နေပြီလား
ဘယ့်နှယ့် နေတုန်း… ပြောပြကြပါဦးဗျို့။
kai
October 16, 2015 at 2:25 pm
ဟုတ်တယ်လေ…
အောင်ဇေမင်းတဲ့..
ညာဖက်ဘေးမှာကြည့်လိုက်… :k:
ဂျက်စပဲရိုး
October 16, 2015 at 4:09 pm
ငင့် မားကတ်တင်း က ကြမ်းထှာ….
အဲ့သလောက် မတတ်နိုင်ဘူးကွယ် ရန်ကုန် မှာ တက္ကဆီ ငှားစီးပါမယ် ဆိုမှ
ကားစင်းလုံး ငှားနဲ့ လာ မ နေတယ်။ း)
ခရီး သွားစရာ ရှိ မှ ငှားမယ် း)
ဒါနဲ့ ဒဂျီးရေ အောင်ဇေမင်း ပုံ ကို နှိပ် ရင် ဒေါ်ရီ ဆီ ရောက်သွား သဗျို့
surmi
October 16, 2015 at 4:50 pm
အဟမ်းးးး
အဟမ်းးးး
လူဂိုခင်ရင် ငွေကိုပြင်ဒယ်
စိတ်ရူးပေါက်ရင် အလကားလိုက်ပို့ဒယ်
ဖုန်းလေးသာ ဆက်လိုက် :mrgreenn:
ဦးကြောင်ကြီး
October 18, 2015 at 5:43 am
ဟုတ်ပါ.. အောင်ဇေမင်းကပဲ ကြော ်ငြာခ အကြေမပေးလေသလား၊ မာမွတ်ခိုမ်ကပဲ ဒေါ်ရီနဲ့ ပေါင်းရိုက်လေသလား။
ဒါနဲ့သဂ ျီး ကြောင်အကြီးကြီး ပုံထည့်ကြော ်ငြာမည်ဆိုလ ျင်ဂေါ ရသလား၊ ဘယ်လောက်ယူသလဲ။ အတီပေါသာနော ်…
Mr. Pocket
October 19, 2015 at 9:22 am
ဒါနဲ့ super က ကားပေါ်မှာ ကြော်ငြာကပ်ရင် 7 ထောင် လား သောင်းလား မသိဘူး ပေးတယ်ပြောတယ်…
6 လ လားဘယ်နှစ်လလဲမသိဘူး.. ဆီ တစ်ဂါလံပေးတယ်ပြောတယ် အဲ့ဒါ ယခုအခါသမယမှာ တက်ကစီ ဆွဲနေသူများရှိသေးရင် သွားဝုန်းလိုက်ပါဦးလိုု့…
အောင် မိုးသူ
November 30, 2015 at 9:50 am
လေသံတော့ အဲ့လေသံနော် အခု သူတို့က ကားကြပ်တဲ့ နေရာဆို မလိုက်တော့ဘူး။ နောက် မတန်တဆ အရမ်းတောင်းတယ်။ အချို့တွေကတော့ ဈေးမှုန် စိတ်မှန်ပဲ တော်တော်များများကတော့ ဈေးမမှန် စိတ်မမှန် ကြဘူး။