Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Self Service – KZ’s ထမင်းဆိုင်

ဇီဇီJanuary 4, 20162min81114
ငါးမျိုးစုံနှင့်ကြော်၍ရသောဟင်း ငါးကိုဆားနယ်ကြော်ပီးဆယ်ထားလိုက်တယ် ဂျင်း ကြက်သွန်ဖြူထောင်း အနီ ကိုပါးပါးလှီး ဆီအိုးထဲ ဆီပူလာလျှင် ကြက်သွန်နီ ပါးပါးလှီး ထည့် ညိုးလာလျှင် ဂျင်း အဖြူဥထောင်းထည့် အဲ့မှာပါတဲ့အဓိကပဲငါးပိ ၁ ဇွန်းထည့် ရဲကြွပ်လာတဲ့ထိကြော်ပီးငရုပ်ကြမ်းမှုန့်ထည့် မွှေးလာပီဆို ငါးကြော်ထည့်မွှေ ငါးနဲ့အနှစ် လုံးသွားရင်ရပါပြီ

 မြူရွက်သုပ်ကတော့ အရွက်ကိုရေပွက်ပွက်ဆူထဲထည့် ခနဆိုရပြီ ရေအေးစိမ် ပြန်ဆယ်ပီ်း ရေကုန်သည်ထိညှစ် ရေကျန်ကစားမကောင်း အရွက်ပြုတ်ကိုအနေတော် လှီးဖြတ် ကြက်သွန်နီ ကြော်ဆီချက် ဆား ဂျွန်ခြောက်မှုန့် နှမ်းလှော်ထောင်းထည့်နယ် အပေါ်မှာကြက်သွန်နီကြော်လေးဖြူးရပြီိ

ခမ်းသီးနှပ်က ခမ်းသီး ၄ စိပ်စိပ် ခေါင်းမပြတ်စေရ အနှစ်လုပ်ဖို့ရာ ကြက်သွန်နီ ဖြူ ဂျင်းနဲနဲ ဂျွန်ခြောက်ရောထောင်း အနှစ်ထဲ ဆားအချိုပါထည့် ခမ်းသီးစိပ်ထဲ အနှစ်တွေ ညှပ်ထည့် ဒယ်အိုးထဲ ဆီများများထည့် ဆီတအားမကျက်ခင် ့ ငရုပ်သီးမှုန့် နနွင်းမှုန့်ဆီသပ် ခမ်းသီးတွေစီထည့် ရေ ခမ်းသီးနှပ်လောက်ရုံထည့် အဖုံးအုပ်နှပ်ပါလေ

 အိုးထဲခရမ်းချဉ်သီး၅ဝသားလှီးထည့် ကြက်သွန်ဖြူ ၁ ဥ အနီ ၃ ဥ ထောင်းထည့် ဆားနဲနဲ ငါးပိ ပိုထည့် ငရုပ်သီး အကြမ်းမှုန့် နနွင်းမှုန့် ဆီထည့် ီ ငါးပိချက်အရင်ချက်လိုက်တယ် ခမ်းချဉ်ကျေ မှ ကြက်သား ၅ဝသားထည့် လုံးချက် ကြက်သားနူးသည်ထိ ရေနဲနဲချင်းထည့် ငရုပ်သီးစိမ်းက အစပ်စားနိုင်လျှင်ထောင်းထည့် မစားနိုင်လျှင် အတောင့်ချိုးထည့်ဆီပြန်လျှင် ရပါပြီ

 ပုဂျွန် နပိချက်ကတော့ ပုဂျွန် ၂၅ သားဆို ခမ်းချဉ် ၅ လုံးလောက် ကြက်သွန်ဖြူ နီ အနှစ်ထောင်း နနွင်းမှုန့် ငရုပ်သီးမှုန့် ငါးပိ အနေတော် ဆား ဆီ ထည့်ပီး နပိချက်အရင်ချက်လိုက်တာ ခမ်းချဉ်ကျေဆီပြန်လာမှ ပ ဂျွန်ထည့် ငရုပ်သီးစိမ်းထည့် ရေနဲနဲထည့်နှပ် ဆီပြန်ကြိုက်ရင် လိပ်နေအောင်ချက် အနော်က ဆီလည် ရေလည်ကြိုက်

ဂေါ်ရခါးသီးသုပ်က အသီးပါးပါးလှီးရေစိမ်ထားလိုက်တယ် အချဉ်ဖျော်ဖို့ ရှာလကာရည် လိုသလောက် ရေနှင့်ရော ကြက်သွန်ဖြူ ငရုပ်သီး နံနံပင်တောက်တောက်စင်း ထည့် နှမ်းထောင်းဆီချက် ကြက်သွန်ဖြူဆီချက် ငရုပ်သီးအကြမ်းမှုန့်ကို ရှောက်ကော ပါကော ဟွာချောက် နဲ့ဆီချက် သကြားနဲနဲ ထညက်နဲ့ကြိုတဲ့ကြာညို့် အာ့တွေထည့်ပီး အချဉ် ဖျော် စားခါနီးမှ ဂေါ်ရခါးသီးဆယ်ထည့် အချဉ်ရေလောင်းထည့်နယ်စား

17
ရှမ်းဟင်းရည်က ဟင်းရည်အိုးဆူလာရင် ဆား ပဲပုတ်ကြော်ထောင်းထည့် အရိုးပြုတ်ရည်က ပိုကောင်းတယ် ကြက်သွန်ဖြူရိုက်ထည့် အရွက်တွေက ဂေါ်ရခါးညွန့် အာလူး ပဲသီး ကန်စွန်းရွက် ပဲပြား တိုရ ဆူးပုတ် ကြိုက်ရာ အရွက်စုံထည့်၍ ရပါသည် ပင်စိမ်းကြိုက်လျှင်ထညိ့ပါ

ဝက်သားနှပ် ကြက်သွန်ဖြူ နီ ဂျင်း ဆား ငရုပ်သီးမှုန့် ကြာညို့ ဆီအားလုံးရောနယ်ပြီး နှပ်လိုက်တာ ်
ဝက်သားနှပ် ကြက်သွန်ဖြူ နီ ဂျင်း ဆား ငရုပ်သီးမှုန့် ကြာညို့ ဆီအားလုံးရောနယ်ပြီး နှပ်လိုက်တာ

ငါးမြင်းပေါက် ဆားအနေတော်ထည့်နယ်တစ်ညသိပ် ဂျင်း ကြက်သွန်ဖြူ နီထောင်း ဆီသပ် ငရုပ်သီးမှုန့် နနွင်းမှုန့် ထည့် ငပိနဲနဲထည့် အနှစ်ရပြီဆို မကျည်းရေထည့်ပီး ဆီပြန်လာသည်ထိမွှေပီးသကာလ ငါးမြင်းပေါက်တွေ လွှတ်ချလိုက်ပါသည် တအားမွှေ၍မရပါ ငါးနဲ့အနှစ်လုံးသွားရင် ရေနဲနဲ ထည့်နှပ် ငရုပ်သီးစိမ်း နံနံပင်အုပ် စားလို့ရပါပြီ

စတူးက ခြေထောက်ဆို ဒီတိုင်းတုံးပြီး ဆား ကြာညို့ ရှောက်ကောလုံး နယ်နှပ်ထား နာရီဝက်လောက်ဆို ကြက်သွန်ဖြူ ဂျင်းထည့်ပီးတရှူးရှူးမြည် တဲ့အိုးကြီးထဲထည့်ပေါင်းပလိုက်တယ် ပေါင်စတူးဆိုရင်တော့ ဆား ရှောက်ကောမှုန့်သကြားနဲနဲ နဲ့နယ်ပီးကြော်လိုက်တယ် ကြော်ပီးရင် အိုးထဲ ကြံချောင်းလေးခင်းပီး ဝိပေါင်ကြော်တင် ရေနွေးထည့် ဆား ရှောက်ကောလုံးလေးထည့် ကြက်သွန်ဖြူ များများ ဂျင်းထည့် ပြုတ်လိုက်တယ်

ငင်ကချားက ငါးကိုဆားနယ် တစ်ညသိပ် ကြက်သွန်ဖြူနီ ဂျင်းဆီသပ် ငါးပိနဲနဲ နနွင်း အရောင်တင်မှုန့် ထည့်ပြီး အနှစ် ချက်ဆီပြန်ရင်ငါးထည့် ငါးကျက်ခါနီး ကင်မွန်းချဉ်တောက်တောက်စင်းပြီးထည့် နံနံပင် ဖက်ဖယ် ပင်စိမ်း ရှမ်းနံနံ ငရုပ်သီးစိမ်း ရောသမမွှေ ထည့် စိုစိုလေးစားချင်ရင် အရည်လေးချန် ခြောက်ခြောက်လေးစားချင်ရင် ရေခမ်းထိချက် အမြန်ဆုံးဟင်းခနဆိုကျက်ပီ
ငါးကချင်က ငါးကိုဆားနယ် တစ်ညသိပ် ကြက်သွန်ဖြူနီ ဂျင်းဆီသပ် ငါးပိနဲနဲ နနွင်း အရောင်တင်မှုန့် ထည့်ပြီး အနှစ် ချက်ဆီပြန်ရင်ငါးထည့် ငါးကျက်ခါနီး ကင်မွန်းချဉ်တောက်တောက်စင်းပြီးထည့် နံနံပင် ဖက်ဖယ် ပင်စိမ်း ရှမ်းနံနံ ငရုပ်သီးစိမ်း ရောသမမွှေ ထည့် စိုစိုလေးစားချင်ရင် အရည်လေးချန် ခြောက်ခြောက်လေးစားချင်ရင် ရေခမ်းထိချက် အမြန်ဆုံးဟင်းခနဆိုကျက်ပီ

ရွှေချဉ်ပေါင် အရွက်နုခြွေထည့် ကြက်သွန်ဖြူ နီ ထောင်းထည့် ငရုပ်သီးမှုန့် နနွင်းမှုန့် ဆီ ဆား ငါးပိ အချိုမှုန့်စားရင် ထည့်လို့ရပါသည် အနော်က အရိုးပြုတ်ရည် or ငါး ထည့်ပါသည် အားလုံးရောပီးလုံးချက် ချဉ်ပေါင်ကျေသော် ရုံးပတီသီးထည့် အရွက်စိမ်းနံ့ပျောက် ၍ မွှေးလာလျှင် ရေထည့် ပွက်ပွက်ဆူ ဟင်းရည်ကျလာမှ အရသာမြည်းလိုတာထည့် နံနံ or ပင်စိမ်း ငရုပ်သီးစိမ်း ချိုးထည့် စားလို့ရပါပြီ

အဟိ။
ဒီတစ်ပတ်တော့ မသင်ဇာမြင့် က ကူချက်လို့ ဆိုင်ဖွင့်ဖြစ်သွားတယ်။
အမက မန်းလေးမှာလည်း စားသောက်ဆိုင်ဖွင့်ထားတာပါ။

အိမ်မှာလည်း သူကိုယ်တိုင်ပဲချက်တာမို့
အားပေးကြပါအူးးး

ကွကိုယ် ဟင်းစပ်လေးတွေ တွဲ ပြီး မှာစားပါခညာ။

ဒီထဲက ဟင်းတွေကို ဟင်းစပ်လှည့်လည်ပြီး ရ ရက်စာစပ်ပေးနိုင်ရင် Best comment  ပေးမယ်။
ငိငိ

:mrgreenn:

14 comments

  • အူးမြောက်မြောက် - ( Book.E)

    January 4, 2016 at 9:17 am

    ပြတော့ များဂျီး
    ပြီးဒေါ့ တခုမှလဲ စားရဘူး
    လူဂျိုး

    • ဇီဇီခင်ဇော်

      January 4, 2016 at 9:21 am

      နာ့ မလဲ
      မစားရ ဝခမန်း ရှာဖွေစုဆောင်းပြီး တင်နေရတာ။
      ဟေးဟေးဟေးးး
      :mrgreen:

  • kai

    January 5, 2016 at 4:52 pm

    ဒီလ ဒါကို သတင်းစာထဲထည့်ရင်ကောင်းမလားမသိ…။
    တိုတိုနဲ့လိုရင်း… ရွှေချဉ်ပေါင်ဟင်း.. ကြိုက်၏.. ကြိုက်၏..။

    • ဇီဇီခင်ဇော်

      January 5, 2016 at 5:19 pm

      နက်ဖန်မှ အရေးးအသား နဲ့ စာလုံးပေါင်း ပြန်စဉ်ပေးးလိုက်မယ်…

  • alinsett

    January 6, 2016 at 10:14 am

    အမငီး…. ပုံတွေ ကြည့်ပြီး.. သွားရည်တမြားမြား ကျ…
    ကွန်ပြူတာစခွင်ကို လျှာနဲ့ လျက်မိတော့မယ် တကဲကဲ….
    ————————-
    အစားအသောက်တွေ မြင်မိတော့မှ….
    ပြီးခဲ့တဲ့ ဆန်းဒေး-မန်းဒေးတုန်းက…အဖေ အမေ ညီ ညီမတွေ ရှိရာ နယ်မြို့ကလေးကို လည်လည်သွားတာ…
    ကျနော့်မေမေက… ကျနော် ရန်ကုန်ပြန်ရောက်ရင် စားဖို့ဆိုပြီး.. ငါးရံအကောင်သေးလေးတွေကို နေလှန်းပြီး
    .ခြောက်ခြောက်လေး ကြော်…ပုလင်းထဲထည့်….
    အာပြဲခြောက်… ငါးနီတူ(သဲခြောက်)စတဲ့ ငါးခြောက်ငါးခြမ်းလေးတွေကိုလည်း ကြွပ်ကြွပ်လေး ထိုင်ကြော်ပေး…
    ကျနော် ကြိုက်တဲ့ အမဲသားဟင်းတို့..ငါးချဉ်သုပ်တို့… ခရမ်းချဉ်သီးပန်ထွေဖောျတို့လည်း စီစဉ်ချက်ပြုတ်ပေးသေး…
    ချက်ပြုတ်ကြော်လှော်နေတဲ့ အမေဘေးမှာ ထိုင်ပြီး..တစ်မျိုးပြီး တစ်မျိုး ထိုင်စား…စကားတွေပြော…

    .ပြန်မယ့်နေ့ကျတော့… မိသားစုနဲ့… အမေ့လက်ရာ ထမင်းဟင်းတွေကို လွမ်းနေရတော့မှာပဲ ဆိုပြီး..
    စိတ်ထဲ သိပ်မကောင်း….
    .ကောက်ကာငင်ကာ..ထပြန်လိုက်တာ….
    .အမေ…ထိုင် ကြော်လှော်ပေးထားတဲ့ အကြော်အလှော်ပုလင်းတွေ မေ့ကျန်ခဲ့တယ်…
    .ကားပေါ်ရောက်မှ သတိရတယ်..။
    .ပြန်လည်း လှည့်ယူမနေတော့ပါဘူး… ပို့လည်း ပို့ခိုင်းမနေတော့ဘူး.. အမေတို့ပဲ စားလိုက်တော့…လို့…

    ငင့်…. ငတ်ပါပေါ့…

    :mrgreenn:

    • ဇီဇီခင်ဇော်

      January 6, 2016 at 10:23 am

      ငင်။
      ဖစ်ရလေဆက်ဆက်ရယ်။
      နာ ဆို အစားအသောက်ကို အရင် သတိရမှာ။
      လူသာကျန်ချင်ကျန်မယ်။

      :sar:

  • Mike

    January 6, 2016 at 2:48 pm

    .ခုချက်ပြတဲ့ဟင်းတွေတော့အကုန်ကြိုက်..အရသာရှိမဲ့ဟင်းချည့်ပဲ
    .မြူရွက်သုပ်တော့ အကြိုက်ဆုံးပဲ…

    • ဇီဇီခင်ဇော်

      January 6, 2016 at 3:27 pm

      ကျနော်က ဝက်စတူး စားချင်နေတာ

      :k:

  • Mike

    January 6, 2016 at 3:43 pm

    ဖွဘုတ်မှာတွေ့လို့မလာတာ…ခိခိ..ပုံတော့တင်မရလို့

    Si Thu Hein
    Follow
    January 4 at 10:51am ·

    ဆိတ်သားဟာအညှီနံ့ပြင်းလွန်းတဲ့အတွက်မြန်မာမှုပြုလို့မရပါဘူး
    အမှန်တကယ်ပဲဆိတ်သားကိုစားသုံးတော့မယ်ဆိုရင်ဖြင့်ဘယ်လိုပုံစံမျိုးပဲချက်ပြုတ်ဖို့စိတ်ကူးရှိပါစေ..အနိ္ဒယ၊ဘင်ဂေါစတဲ့ချက်ပြုတ်နည်းတွေကိုပဲအခြေခံရတယ်ဆိုရင်မမှားပါဘူး။နည်းလမ်းများစွာထဲကမှဘင်ဂေါဆိတ်သားဒိန်ချဉ်နပ်ချက်လေးအကြောင်းလေ့လာကြည့်ရအောင်။ဒီချက်ပြုတ်ပြင်ဆင်ပုံထဲမှာကျွန်တော်တို့သုံးလေ့မရှိတဲ့အရာလေးတစ်ခုပါဝင်နေပါတယ်။

    ဆိတ်ပေါင်သားဒိန်ချဉ်နှပ်ဆီပြန်
    ><

    ခွက်=လက်ဖက်ရည်ပန်းကန်လုံး
    ဇွန်း=စားပွဲတင်ဇွန်း(ခ)ထမင်းစားဇွန်း။

    Credit: ‪#‎ဟင်းချက်နည်းများ‬

  • Mike

    January 6, 2016 at 3:47 pm

    အပေါ်ကွန်မန့်ဘာဖြစ်သွားမှန်းမသိလို့ထပ်မန့်တာ :))
    https://www.facebook.com/photo.php?fbid=471465116375506&set=a.137090559812965.1073741832.100005360642012&type=3&theater

    ဆိတ်သားဟာအညှီနံ့ပြင်းလွန်းတဲ့အတွက်မြန်မာမှုပြုလို့မရပါဘူး
    အမှန်တကယ်ပဲဆိတ်သားကိုစားသုံးတော့မယ်ဆိုရင်ဖြင့်ဘယ်လိုပုံစံမျိုးပဲချက်ပြုတ်ဖို့စိတ်ကူးရှိပါစေ..အနိ္ဒယ၊ဘင်ဂေါစတဲ့ချက်ပြုတ်နည်းတွေကိုပဲအခြေခံရတယ်ဆိုရင်မမှားပါဘူး။နည်းလမ်းများစွာထဲကမှဘင်ဂေါဆိတ်သားဒိန်ချဉ်နပ်ချက်လေးအကြောင်းလေ့လာကြည့်ရအောင်။ဒီချက်ပြုတ်ပြင်ဆင်ပုံထဲမှာကျွန်တော်တို့သုံးလေ့မရှိတဲ့အရာလေးတစ်ခုပါဝင်နေပါတယ်။

    ဆိတ်ပေါင်သားဒိန်ချဉ်နှပ်ဆီပြန်
    ><

    ခွက်=လက်ဖက်ရည်ပန်းကန်လုံး
    ဇွန်း=စားပွဲတင်ဇွန်း(ခ)ထမင်းစားဇွန်း။

    Credit: #ဟင်းချက်နည်းများ

  • Mike

    January 6, 2016 at 3:49 pm

    ပေးထားတဲ့လင့်မှာသာသွားကျိပါတော့

    • ဇီဇီခင်ဇော်

      January 6, 2016 at 3:54 pm

      ဆိတ်သားဟာအညှီနံ့ပြင်းလွန်းတဲ့အတွက်မြန်မာမှုပြုလို့မရပါဘူး
      အမှန်တကယ်ပဲဆိတ်သားကိုစားသုံးတော့မယ်ဆိုရင်ဖြင့်ဘယ်လိုပုံစံမျိုးပဲချက်ပြုတ်ဖို့စိတ်ကူးရှိပါစေ..အနိ္ဒယ၊ဘင်ဂေါစတဲ့ချက်ပြုတ်နည်းတွေကိုပဲအခြေခံရတယ်ဆိုရင်မမှားပါဘူး။နည်းလမ်းများစွာထဲကမှဘင်ဂေါဆိတ်သားဒိန်ချဉ်နပ်ချက်လေးအကြောင်းလေ့လာကြည့်ရအောင်။ဒီချက်ပြုတ်ပြင်ဆင်ပုံထဲမှာကျွန်တော်တို့သုံးလေ့မရှိတဲ့အရာလေးတစ်ခုပါဝင်နေပါတယ်။

      ဆိတ်ပေါင်သားဒိန်ချဉ်နှပ်ဆီပြန်

      ဆိတ်ပေါင်သား………………၁ပိဿာအရွယ်တစ်ခု
      သင်္ဘောသီးစိမ်းအမျှင်ခြစ်…..၆ဇွန်း
      ဒိန်ချဉ်………………………..၁ ၁/၂ခွက်
      ကြက်သွန်နီ.. ……………….၂ခွက်
      ကြက်သွန်ဖြူထောင်း………..၃ဇွန်း
      ဂျင်း(ချင်း)ထောင်း…………..၃ဇွန်း
      ဇီယာစေ့……………………..၁ဇွန်း
      နံနံစေ့………………………..၁ဇွန်း
      ငရုတ်ကောင်းစေ့……………၁ဇွန်း
      သစ်ကြပိုးခေါက်…………….၂လက်မ အရွယ်(၃)ခု
      ဖာလာစေ့……………………၁၅စေ့
      လေညှင်း…………………….ဇွန်းဝက်ခန့်
      ကရဝေးရွက်…………………ရရွက်ခန့်
      ငရုတ်ခြောက်တောင့်………..၅တောင့်
      ငရုတ်စိမ်းမှုန့်.၊နနွင်းမှုန့်……..အနည်းငယ်စီ
      မုန်ညှင်းဆီ(သို့)မြေပဲဆီ……လီတာဝက်ခန့်

      ပထမဦးဆုံးဆိတ်သားတစ်ခုလုံးကိုရေစင်အောင်ဆေးပါ။
      အတတ်နိူင်ဆုံးမီးဖိုသုံးစက္ကူစလေးဖြင့်ရေတွေခြောက်သည်အထိဖိစုပ်ပေးပါ။

      ကလေးလက်သီးဆုပ်အရွယ်(အရိုးပါ)အတုံးများတုံးကာအမျှင်ခြစ်ထားတဲ့ သင်္ဘောသီးစိမ်းအရည်များညှစ်ချပြီးမိနစ်(၄၀-၄၅)ခန့်နှပ်ထားပါ။(သင်္ဘော သီးမရခဲ့ရင်ကီဝီသီးကဲ့သို့အသားကိုနှုးအိစေနိူင် သောfood tenderlizerအသီးများကိုသုံးနိူင်ပါသည်။)

      ၄၅မိနစ်ခန့်ပြည့်လျှင်..ထိုအသားပေါ်သို့ ချင်း၊ကြက်သွန်ဖြူထောင်းတစ်ဇွန်းစီနှင့်ဒိန်ချဉ်၊ဆားတို့နှင့်ဖိနယ်ပြီးနောက်ထပ်(၁)နာရီခန့်နှပ်ထားရပါမည်။

      ထိုစဉ်အတွင်းဇီယာစေ့၊နံနံစေ့၊ငရုတ်ကောင်း၊ဖာလာစေ့၊
      လေးညှင်းနှင့်သစ်ကြပိုးခေါက်တစ်ခုကိုမီးအေးအေးမှာမွှေးနေအောင်လှော်ပြီးညှက်အောင်ထောင်းထားပါ။

      စောက်နက်သောသံဒယ်အိုးကိုတစ်ခုဖြင့်ဆီကိုအပူပေးပါ။

      ဆီပူလာလျှင်..ကျန်ရှိတဲ့သစ်ကြပိုးခေါက်၊ကရဝေးရွက်နှင့်ငရုတ်ခြောက်တောင့်တို့ကိုမွှေးလာသည်အထိဆီသတ်ပါ။

      ရနံ့မွှေးလာလျှင်ကြက်သွန်နီပါးပါးလှီိးထားတဲ့ကြက်သွန်နီ
      တွေထည့်ကြော်ပါ။ကြက်သွန်နီတွေရွှေညိုရောင်သန်းလာပြီဆိုရင်ရင်အရသာနယ်ထားတဲ့ဆိတ်သားတွေထည့်ပြီးမွှေပေးပါ။

      ချက်ချင်းဆိုသလိုကျန်ရှိတဲ့ချင်း၊ကြက်သွန်ဖြူထောင်းတွေထည့်မွှေပြီးငရုတ်စိမ်းမှုန့်နှင့်နနွင်းမှုန့်အနည်းငယ်ကိုလည်းထည့်ပေါင်းကာအဖုံးလုံအောင်ဖုံးပြီးမီးရှိန်အေးအေးမှာနာရီဝက်ခန့်ကြာအောင်နှပ်ထားပါ။

      ကြက်သွန်နီအနှစ်ကျပြီးဆီပြန်လာလျှင်သစ်သားယောင်းမဖြင့်ညှင်သာစွာမွှေပေးပါ။

      ရေခမ်းပြီးဆီပြန်နေချိန်မှလှော်ပြီးထောင်းထားတဲ့မဆလာအရောကိုထည့်မွှေပါ။အရသာလိုအပ်ပါကဆား၊သကြားအနည်းငယ်ဖြင့်အရသာဖြည့်စွက်ပါ။

      အဖုံးကိုလုံအောင်ပိတ်ပြီးနောက်ထပ်(၄၅)မိနစ်မှ(၁)နာရီခန့်ဆက်ပြီးနှပ်ချက်ချက်ပေးပါက..အတုံးမပျက်ပဲနှုးအိနေပြီးရနံ့သင်းနေတဲ့ဘင်ဂေါပုံစံဆိတ်သားဒိန်ချဉ်နှပ်ဆီပြန်ကိုမြည်းစမ်းနိူင်ပါပြီ။

      ဧည့်ခံသုံးဆောင်ခါးနီးမှ..ကရဝေးရွက်၊သစ်ကြပိုးခေါက်တို့ကိုဖယ်ထုတ်ပစ်ပါ။

      အချိုးအညွှန်း

      ခွက်=လက်ဖက်ရည်ပန်းကန်လုံး
      ဇွန်း=စားပွဲတင်ဇွန်း(ခ)ထမင်းစားဇွန်း။

      Credit: #ဟင်းချက်နည်းများ

      ®DG

  • Mike

    January 7, 2016 at 10:50 am

    .ကေဇီလုပ်မှပဲအဆင်ပြေသွားတော့တယ်…

Leave a Reply