ကျတော်နဲ့ ဆွဲခဲ့မိတဲ့ ဒီဇိုင်းများ
အလုပ်နဲ့ပတ်သက်မိလို့ မရေးမိပေမယ့် ရေးလိုက်ပါဦးမယ်။ အရင်တုန်းက ဘာအလုပ်လည်းလို့ သူများမေးရင်
ဂရတ်ဖစ်ဒီဇိုင်းလို့ပြောရင် အိကျီ င်္ ချုပ်တဲ့ဒီဇီုင်းလားပဲ မေးကြတယ်။
အမှန်တော့ ဂရတ်ဖစ်လို့ ပါတဲ့အတွက် ကွန်ပျူတာနဲ့ ကြော်ငြာတွေ ပရင့်ဒီဇိုင်းတွေ ဆွဲမယ်မှန်း တော်တော်များများ မသိခဲ့ကြဘူး။
ရွာထဲက ပြက္ခဒိန်အတွက် ဒီဇိုင်းဆွဲတုန်းကတော့ ပရင့်ပိုင်းပေါ့။ ပရင့်ပိုင်းဆိုပေမယ့် ကျတော့်အထင်က ဒီဇိုင်းလို့ မမြင်မိပါဘူး။
Layout လို့ခေါ်တဲ့ အစီအစဉ်တကျ ချပြတဲ့ ပုံစံတစ်ခုလို့ပဲ မြင်မိတာပါ။ ကာလာတွေ အရောင်တွေ သုံးထားတာတော့ တစ်ပိုင်းပေါ့။
လွန်ခဲ့တဲ့ နှစ်လလောက်က သူငယ်ချင်းတစ်ယောက်က အကူအညီ တစ်ခုလာတောင်းဖူးတယ်။ Ya Kun ကော်ဖီဆိုင်အတွက်
Wallpaper တစ်ခု ဆွဲပေးဖို့ပါ။ ပထမ သူ့သူငယ်ချင်း ဒီဇိုင်နာတစ်ယောက်က ဆွဲပေးပေမယ့် ဘောစိက သဘောမကျတဲ့အတွက်
အကူအညီတောင်းတာပါဆိုပြီးတော့ပေါ့။ wallpaper အရွယ်အစားကလည်း ပေနှစ်ဆယ် ဆယ်ပေလောက်ရှိတဲ့ အရွယ်အစားပါ
ဘယ်နေရာမှာ ထားမလဲဆိုတော့ ရန်ကုန်လေဆိပ်ကဆိုင်မှာ နံရံမှာ ကပ်မို့ပါပေါ့။
ပထမတစ်ယောက်ဆွဲပေးထားတာ ကြည့်တော့လည်း မကြိုက်လည်း မကြိုက်စရာပေါ့။ သူငယ်ချင်းဆိုတော့လည်း ပိုက်ဆံက
တောင်းလို့မကောင်း။ (ကျတော်ထင်တာပါ အားနာတတ်တာလည်း ပါတာပေါ့။) ဒီဇိုင်းဆွဲပြီးတဲ့အချိန်တော့ ပြသနာတက်လာတာ
ကျတော်က ခုနှစ်သောင်းတောင်းလိုက်ပါတယ်။ (တကယ်တော့ နှစ်သိန်းခွဲလောက် တန်တဲ့အရာပါ။) ပြန်ပြင်ပေးရတယ်ဆိုပေမယ့်
အစကနေ အဆုံး ပြန်ဆွဲရတာပါ။
ပထမလူက ဘယ်လောက်ယူသလဲမသိပါဘူး ပေါပေါပဲပဲယူထားတယ် ထင်ပါတယ်။ သူ့ဘောစိက ငါးသောင်းအများဆုံးပဲ
ပေးနိုင်မယ် လုပ်နေတာပေါ့။ ကိုကလည်း အသေအချာဆွဲထား ဒေါကလည်း ကန်လာတာနဲ့ ဒီဇိုင်းပြန်ပေးပါ ငွေလည်းမလိုချင်ဘူး
မသုံးချင်မသုံးနဲ့ပြောလိုက်မှ အဆင်ပြေသွားပါတယ်။ (သူငယ်ချင်းကိုလည်း အားနာမိတာပေါ့။)
ဒီဇိုင်းဟာ ပရင့်ထွက်လာပီး လေဆိပ်မှာ ကပ်လိုက်တဲ့အချိန်မှာတော့ အရမ်းလှတာတွေ့ရတော့ ကျေးဇူးတင်ကြောင်း
ပြောလာပါတယ်။ ကျတော်လည်း ဝမ်းသာရပါတယ်။ တစ်ခါတစ်ခါတော့ အချို့နေရာတွေမှာ ခပ်တင်းတင်းထားတာ
ပိုကောင်းကြောင်းသိလာရတယ်။ ပထမဒီဇိုင်းနဲ့ ကျတော့်ဒီဇီုင်းလေးတွေကို ကြည့်လိုက်ပါဦး ဗျ။
လေးစားစွာဖြင့်
အောင်မိုးသူ




Arrival ဆင်းရင် မြင်နေရမယ်
11 comments
မြစပဲရိုး
December 28, 2015 at 4:40 pm
Many Congratulations ပါမောင်အောင် ရေ။
ကော်ဖီခွက်လေး က 3D ပုံစံ ဘဲ။ မိုက်တယ်။
နောက်တစ်ခါ လေဆိပ်ရောက်ရင် မှတ်မှတ်ရရ နဲ့ ကို မှတ်တမ်း တင်ရဦးမယ်။
ဒါ တို့ရွာသား လက်ရာ လို့။ :-))
မြစပဲရိုး
December 28, 2015 at 4:43 pm
BTW
မသုံးဖြစ်တဲ့ သူများ ဒီဇိုင်း ကို အသုံးခံရ တဲ့ ကိုယ့် ဒီဇိုင်း နဲ့ ယှဉ်ပြီး ထုတ်ပြဖို့ သင့်တော် မတော် စဉ်းစားကြည့်ပါလား။
တနည်း အဲဒီလူ နေရာ က ဝင်ကြည့်လို့ပေါ့။ :-)))
အောင် မိုးသူ
December 28, 2015 at 4:47 pm
အရီးရေ သူ့ကိုလည်း ကျတော်မမြင်ဖူးဘူး။ အပ်တဲ့တစ်ယောက်ကလည်း မယူတော့ဘူးပြောလို့ပါ။ တခြားသူကိုတော့ မပြပါဘူး။ ရွာထဲမှာက ပရိုဗေစီရှိလို့ ပြတာပါ။
မြစပဲရိုး
December 28, 2015 at 4:48 pm
ဆရာလုပ်တယ်လို့ မမြင်စေချင်ဘူး။
ကိုယ့်ကလေး တွေ ကို သူများတွေထက် ပိုပြီး စိတ်ဓာတ်ရင့်ကျက်တဲ့ လူငယ် လေး တွေ ဖြစ်စေချင်လို့ ပါ။
အောင်မြင်လာရင် အဲဒါနဲ့ တွဲပြီး ပိုပြီး မြင့်လာတဲ့ စိတ်ထားရှိ ရင် ပိုပိုပြီး အောင်မြင်ပါတယ် သားရေ။
အဲဒါလေး ကို အလေ့အကျင့်လုပ်ဖို့ပါ။
သားမှာ လုပ်ငန်းပိုင်း /ပညာပိုင်း မြင့်လာပြီမို့ပါ။ :-)))
မြစပဲရိုး
December 28, 2015 at 4:53 pm
အမှန်တော့ မောင်အောင် က စိတ်ဓာတ်ကောင်းပြီး ကိုယ်ချင်းစာစိတ်ရှိတယ်၊ အမေ ကို သိတတ် တယ် ဆိုတာ အရီး ယုံကြည်ပြီးပါ။
တစ်ခါတစ်ခါ ချော်သွားတတ်တာ လေးရှိလို့ပါ။ အရီး လဲ ငယ်တုန်းက အဲဒါမျိုး အချော်တွေ ကို လုပ်လေ့ ရှိသပေါ့။
ပြသနာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူများထက် ပိုမြင့်ချင်ရင် ဆင်ခြင်စရာ တွေ ကို ကြီး မှ မြင်တတ် လာလို့ပါ။ :-)))
အောင် မိုးသူ
December 28, 2015 at 4:57 pm
ကျေးဇူးတင်ပါတယ် အရီးရေ။ ဆရာလုပ်တယ်လို့လည်း မထင်မိပါဘူး။ လူကြီးသူမတွေ ဆုံးမတာပဲဟာ။
မြစပဲရိုး
December 28, 2015 at 5:01 pm
အရီး လဲ အခုထိ တစ်ခါတစ်ခါ ချော်တုန်းပါဘဲ။ ချော်ရင် ပြောမဲ့ သူတွေ ရှိတာ ကို လက်ခံရပါတယ်။
အခု အရီး ပြောတာ ကိုလဲ မှန်တယ် လို့ သဘော ထား စရာ မလိုပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပေါ့။
ဟုတ်ရင် ပြင်လိုက်။ မဟုတ်ရင် လစ်လျုပြု လိုက်ပေါ့။ မဟုတ်လား။ :-)))
alinsett
December 28, 2015 at 5:05 pm
ကိုယ့်ဘော်ဒါချင်းမို့…ပြောတာမဟုတ်ဘူး…
မင်းလက်ရာက ပိုသပ်ရပ်ပြီး ကြည့်ကောင်းတယ်…
အဲ… ဒါကြောင့်လည်း… ခပ်တင်းတင်း လုပ်လိုက်တာတောင်မှ သုံးဖြစ်အောင် သုံးတာပေါ့…
Congratulations …ဝေ့…
ဇီဇီခင်ဇော်
December 29, 2015 at 4:54 pm
ဒီတစ်ခေါက်ပြန်လာရင် ဓာတ်ပုံတွဲရိုက်ခဲ့အူးးမယ် ..
မိုးသူ က တော်ပါတယ်ဆို…!!
🙂
E-မြောက်မြောက်
December 29, 2015 at 8:44 pm
ကြိုက်တယ် ကြွတက်နေတာပဲ လက်ရာ
Mike
December 31, 2015 at 3:57 pm
.Many Congratulations …ချီးကျူးပါတယ် အောင်မိုးသူရေ