Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မဝံ့မရဲ ရွာသူ

Tawwin PanJanuary 21, 20161min166142

သူမ

                        သူမစိတ်တွေလွတ်လပ်ပေ့ါပါးနေသည့်နေ့တစ်နေ့။ သူမအတွက် ကမ္ဘာလောက ကြီးနှင့် ပြန်လည်ဆုံဆည်းရသည့်နေ့တစ်နေ့။ သူမ ကာလအတန်ကြာ အကျဉ်းကျခဲ့သမျှ ဒီနေ့မှာတော့ အတိုးချလျှောက်လည်ရင်း ချစ်ခြင်းကိုကိုယ်စားပြုမှည့်ဆိုထားသော ရွာလေးတစ်ရွာသို့ အလည်သဘောမျိုးရောက်ရှိခဲ့။ သူမအတွက် အဆက်ပြတ်နေတဲ့ကမ္ဘာကြီးရဲ့ သတင်းတွေနဲ့အတူ ချစ်စရာကောင်းတဲ့ ရွာသူလေးတွေရဲ့ ဟန်ပန်ကလည်း သူမအတွက် ဆွဲဆောင်မှု့တစ်ခုဖြစ်ခဲ့။ ဒီလိုနဲ့ သူမ ရွာသူတစ်ယောက်ဖြစ်လာရော။ ရွာတွေအများကြီး ရှိသည့်အနက်မှ သူမသဘောကျလွန်းလို့ ရွေးချယ်ခဲ့သော ရွာလေးမှာတော့ သူမ အပျော်ဆုံးဖြစ်မယ်ထင်ပါရဲ့။ သူမဆိုသည်က ခပ်ကြောင်ကြောင်လို့ပြောလို့လည်းရမည်ထင်တဲ့သူတစ်ယောက်၊ သူမ ကြိုက်တတ်သည့်အရာက ခပ်ရှားရှား၊ သူမဆီမှာ သူကိုယ်တိုင်ဝယ်တဲ့ပစ္စည်းရယ်ဆိုလို့ မရှိစလောက်၊ အကြောင်းသိတွေက လက်ဆောင်ပေးရင်တောင် သူမအတွက်နော် ဆိုပြီး သေချာမှာပြီး ပေးရတဲ့အထိ ဇီဇာကြောင်တဲ့သူ။

                        ဇီဇာကြောင်တဲ့သူမတစ်ယောက် ရွေးချယ်လိုက်တဲ့ ဒီရွာလေးမှာတော့ အားလုံးက သူတို့အိမ်လေးတွေကို အမျိုးမျိုး အလှဆင်လို့။  သူမလည်း အားကျမိပါရဲ့။ ခက်တာက မပြင်တတ်မဆင်တတ်ဘူးရယ်။ အဲဒီလိုနဲ့ သူမအိမ်လေးကို ကိုယ်တိုင်ပြင်ဆင်နိုင်ဖို့ မေးဖို့မြန်းဖို့ ရွာကိုပတ်ကြည့်တော့ ရွာသူကြီးရဲ့ ကြေငြာဘုတ် ကိုတွေ့တော့ ဝမ်းသာအားရနဲ့ သူကြီးလိပ်စာလေးတွေမှတ်ထား၊ အခွင့်ကြုံရင် မေးမယ်ပေါ့လေ။ သူမက ရွာသူသာ ဖြစ်တာ ရွာထဲမှာ သူငယ်ချင်းရယ်လို့ မရှိဘူးရယ်။ အဲဒါတွေအတွက်လည်း သူမစိတ်ထဲဘာမှမရှိပါဘူး။ သူမကိုယ်တိုင်ကိုက ဒီရွာလေးမှာ နေချင်ခဲ့တာတစ်ခုပဲလေ။ ဒီလိုနဲ့ ရွာထဲမှာ အချိန်ကာလတစ်ခုကြာခဲ့တယ်။ တခါတလေတော့လည်း ရွာသူကြီးနဲ့ လမ်းမှာကြုံလိုက် ဆုံလိုက်ဖြစ်ပေမယ့်လည်း ရွာသူကြီးဆိုတော့ အလုပ်တွေရှုပ်နေမှာပေ့ါဆိုတဲ့ အတွေးနဲ့ ပဲ သူမက သူ့ရွာသူဆိုတာကို မိတ်မဆက်ဖြစ်ခဲ့ပါဘူး။ တစ်ရက်မှာတော့ အကြောင်းတိုက်ဆိုင်လို့ ရွာသူကြီးကို လှမ်းနှုတ်ဆက်မိတော့မှပဲ သူမဟာ ရွာသူကြီးရဲ့ အပယ်ခံစာရင်း ထဲ ရောက်နေမှန်း သိလိုက်ရ ပါတော့တယ်။ သူမဟာ ဒီရွာရဲ့ ရွာသူ၊ ရွာအတွက် ကောင်ကျိုးဘာတစ်ခုမှမလုပ်ခဲ့ရင်တောင် ဆိုးကျိုးကို ဖန်တီးခဲ့ဖူးတဲ့သူလည်း မဟုတ်ရ။ သူမစိတ်နဲ့ သူမ သဘောကျလို့ ဝင်လာတဲ့ရွာလေးတစ်ရွာ။ အဲဒီလို သူမ သဘောအကျဆုံးရွာလေးက ရွာသူကြီးက သူမကို အပယ်ခံစာရင်းထဲထည့်ထားခဲ့တာဆိုတော့ သူမ ဘယ်လိုဖြေဆည်ရမလဲ။ သူမ ဒီရွာက အခုပဲ ထွက်သွားရတော့မလား။ သူမ ဘာဆက်လုပ်ရမလဲ။ နောက်ဆုံးတော့ ရွာသူကြီးဆီကို စာပို့ပြီး ဖြေရှင်းချက်လှမ်းတောင်းလိုက်ပါတော့တယ်။ ရွာသူကြီးကတော့ သူမဟာ သူ့မိတ်ဆွေမဟုတ်တဲ့အတွက် အပယ်ခံစာရင်း ထဲရောက်နေရတာပါတဲ့။ သူမ အနေနဲ့ ဒီရွာကထွက်သွားဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။ ရွာသူကြီးအနေနဲ့ ဘယ်လိုခံစားချက်မှ ဖြစ်မှာမဟုတ်ပေမယ့် သူမအတွက်ကတော့ သူမသဘောကျတဲ့ရွာကနေထွက်ဖို့ကို တော်တော်ဆုံးဖြတ်ခဲ့ရတာပါ။ သူမရဲ့ အတွေးကတော့ ရွာသူကြီးကိုယ်တိုင်က ကြေငြာဘုတ်ထောင်ပြီး ဆက်သွယ်လို့ရတဲ့လိပ်စာတွေဖြန့်ခဲ့တာဆိုတော့ အပယ်ခံစာရင်းထည့်မယ်ဆိုရင်တောင် သူ့ဘုတ်မှာကြေငြာရမှာ သူ့တာဝန်လေ— သူမ နဲ့ မိတ်ဆွေမဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အပယ်ခံစာရင်းထည့်တယ်ဆိုတော့ ရွာသူကြီးလိပ်စာကိုမှတ်ထားမိတဲ့ သူမကပဲ ဘာလိုလို ညာလိုလို။ အဲဒီအချိန်တည်းကစပြီး သူမရွာသူဖြစ်ရမှာ သေမလောက် ကြောက်ရွံ့ခဲ့မိပါတော့တယ်။

                                ရွာကထွက်ပြီး နှစ်အတော်ကြာမှ သူမ နောက်ထပ်သဘောကျတဲ့ရွာလေးတစ်ရွာကို ထပ်တွေ့ပြန်ပါတယ်။ ဒါပေမယ့် သူမ ရွာသူဖြစ်ရမှာကြောက်သွားပါပြီ။ အခြားသူအတွက် ဘာမှမဟုတ်ပေမယ့် သူမအတွက်တော့ ဒါဟာသေရာပါ နာကြည်းမှု့တစ်ခု။ ဒီ့အတွက်ကြောင့်သူမလည်း အလည်သဘောမျိုးလောက်ပဲ သူမနောက်ထပ်သဘောကျတဲ့ရွာကို လာလာကြည့်ခဲ့ပါတော့တယ်။ တခါတလေတော့လည်း လူ့ဘုံကိစ္စအဝဝကြောင့် သူမ ထပ်သဘောကျတဲ့ရွာလေးကိုမေ့ပြီး မရောက်ဖြစ်တာလည်းရှိပါရဲ့။ သူမ မေ့မေ့ပျောက်ပျောက်ဖြစ်နေတုန်းမှာပဲ အခုတော့ တိုက်တိုက်ဆိုင်ဆိုင် သူမနောက်ထပ် သဘောကျတဲ့ ရွာလေးကို ပြန်အလည်အပတ်ရောက်ခဲ့ပြန်ပါကော။ ရွာထဲလှည့်ပတ်ကြည့်ရင်းနဲ့ သူမ ရွာသူလုပ်ရင်ကောင်းမလား၊ ဒီအတိုင်းပဲ အလည်လာပြီး ဝင်ကြည့်ရုံပဲကြည့်ပြီး ပြန်သွားတာကောင်းမလား။ သူမအတွက်တော့ ဆုံးဖြတ်ရခက်ပါတယ်။ ခဲမှန်ဖူးတဲ့စာသူငယ်လိုပဲ နောက်ထပ်ခဲမှန်မှာကိုတော့ သူမ လန့်နေမိတာလေ…………..ဒီလိုနဲ့ သူမ အဲဒီရွာလေးကို အလည်လာခဲ့တာ လေးနှစ်ကျော်လောက်ရှိပြီလို့ ထင်ခဲ့တာပါပဲ။ ဒါပေမယ့် ထူးထူးဆန်းဆန်း မနေ့ကတော့ ရွာလေးကိုလှည့်ပတ်ကြည့်နေတုန်း ရွာသူလုပ်ရင်ကောင်းမလားဆိုပြီး စိတ်ထဲတွေးနေတုန်းရှိပါသေးတယ်။ သူမရဲ့လက်က အော်တိုမက်တစ် ရွာသူဖြစ်ခွင့်ရဖို့ နိဒါန်းပျိုးနေမိပါတော့တယ်။

42 comments

    • Tawwin Pan

      January 21, 2016 at 3:42 pm

      ကြိုဆိုပေးလို့ကျေးဇူးပါနော်။ နာမည်ကတော့ သိနေတာကြာပေ့ါ………..

  • ခင်ဇော်

    January 21, 2016 at 3:27 pm

    ကြိုဆိုပါတယ်။

    :chit:

    ကိုကို ခင်ဇော် လို့ ခေါ်ပါတယ်။
    ကိုယ့်ကို မှတ်ထားပေါ့ ညီမလေးး
    ဒီရွာမှာ ကိုယ်ကလွဲရင် ဘယ်သူမှ သဘောမကောင်းဘူးသလား

    တဂျီး လားး
    ဂရုမစိုက်နဲ့ သူ့ရွာသူ ပစ်ထားတာမြန်း အမြင်မတော်သူတွေက ထိန်းရတာ။

    ဒီရွာက အီးမြောက်မြောက် ကို လည်း သတိထား သိလားး
    သူက ဘီအီးမူးပြီး အီးသိပ်ပေါက်တယ်။

    အပေါ်က အောင်မိုးသူဆိုတာလည်း ရုပ်ရှင်မင်းသားဖြစ်ဖို့ရုပ်ရှင်တွေချည်းထိုင်ကြည့်နေသူ တစ်ယောက်ပဲ။

    :k:

    • Tawwin Pan

      January 21, 2016 at 3:44 pm

      ဇီဇီခင်ဇော်နဲ့ မတူဘူးလားဟင်……

      • ခင်ဇော်

        January 21, 2016 at 3:47 pm

        ငင်။ 8)
        သိပြီးပလားးး
        အဟီးဟီး
        ပုံမှားရိုက်ပြီး နောက်မို့ဟာကို။
        ဟိ။ :mrgreenn:
        သိပြီးပြီ ဆိုတော့ ထူးပါဘူးး
        ဝန်ခံလိုက်ပါ့မယ်။
        တူတူပါပဲ။

        ဒီရွာမှာ ပျော်ရွှင်ပါစေ ညီမရေ။

        :chit:

        • Tawwin Pan

          January 21, 2016 at 4:00 pm

          မန်းဂဇက်မှာ လာလာလည်နေတာ လေးနှစ်လောက်ရှိပြီလို့ပြောထားတယ်လေကွယ်……..
          ဒိတ်ဒိတ်ကြဲတွေပဲ မသိစရာလား………

  • ဂျက်စပဲရိုး

    January 21, 2016 at 3:55 pm

    မဝံ့မရဲ စရာ မရှိပါဘူးလေ။
    ရွာထဲက လူတွေ က ဘာလာလာဒေါင်းပြီးသာ အဲလေ အမြဲတမ်း ကြိုဆိုလျက်ပါလို့ 😛 😛 😛

    • Tawwin Pan

      January 21, 2016 at 4:03 pm

      အခုထိတော့ မဝံ့မရဲဖြစ်နေတုန်းပဲ………….

  • alinsett

    January 21, 2016 at 4:04 pm

    ကျနော်လည်း ရွာသားသစ်ပါပဲ…။
    မနေ့တစ်နေ့ကမှ ရွာထဲ ဝင်လာတာပါ။
    ဘွတူတွေပေါ့ဗျာ..။ ဘွတူချင်းချင်း စောင်မကြည့်ရှုဖို့ တာဝန်ရှိတယ်လို့ ယူဆပြီး..အခုလို ဝင်နှုတ်ဆက်တာပါ။

    Hi !!!!!

    :k:

    • Tawwin Pan

      January 21, 2016 at 4:07 pm

      ကိုအလင်းဆက် ဖွေးဖွေးလေးကော ဘယ်ရောက်

      • ခင်ဇော်

        January 21, 2016 at 4:11 pm

        အဟေးဟေး
        အကုန်သိသဟ။
        မှတ်ပလား အောင်မဲလင်းနဲ့ တူသော အောင်မဲလင်းး

        :mrgreen:

      • alinsett

        January 21, 2016 at 4:32 pm

        တိန် တိန် (၂ခါတိန်)
        ဆက်ပြောရင်… ဒေါ်ဖွားမေနဲ့ ကျနော် အကြီးအကျယ် ဖြစ်ခဲ့ကြတဲ့ကိစ္စတွေပါ…ပေါ်ကုန်တော့မဟ…
        .ပြေးမှ…

        :mrgreenn:

    • Kaung Kin Pyar

      January 22, 2016 at 1:35 pm

      မနေ့တစ်နေ့ကမှ ဝင်လာတဲ့သူရဲ့ ဂဏန်းတွေကလဲ ၁သောင်းကျော်ပါလားဟေ….။ ကိုယ့်ဘေးကိုယ် ကြည့်ပြီးမှ ရွှီးပါ သားရယ်… :k: ။
      ဒါက အမြင်မတော်လို့ ကြော်ငြာဝင်တာ.. ငိငိ..
      ကြိုဆိုပါတယ်…ညီမရေ… (မျက်နှာလေးဖမ်းကြည့်ပြီး ကိုယ့်ထက်ငယ်မယ်မှတ် ခေါ်လိုက်ပြီ… )
      ရွာမှာ ပျော်ပါစေ…

      • Tawwin Pan

        January 22, 2016 at 2:54 pm

        ရှူးတိုးတိုး…….မနေ့ကသူကြီးက ငရုတ်သီးကျွေးပြီး ပွိုင့်တွေတိုးပေးလိုက်တယ်သိလား….အခြားသူတွေမသိစေနဲ့နော်။

    • တောတွင်းပျော်

      January 22, 2016 at 3:00 pm

      ဖွီး……!

      • alinsett

        January 22, 2016 at 4:56 pm

        အာ့ ဘာဖြစ်သာလဲ

        အနော့်ကို အောင်ရဲလင်းထက်တောင် အောင်ရဲလင်းနဲ့တူတယ်လို့ ပြောတာလား
        အဲ့ဘာသာစကားက တစ်လုံးထဲနဲ့ ထိရောက်သားပဲနော့
        ဖွီး=မောင်တူရသည် အောင်ရဲလင်းထက်ပင် အောင်ရဲလင်းနှင့် တူပါသည်

        :k:

        :mrgreenn:

        • တောတွင်းပျော်

          January 22, 2016 at 7:06 pm

          မှားဘာဒယ် သူရရယ်။
          ရွာသား အသစ်ဝင်လာကါဇေအုံး…..

  • uncle gyi

    January 21, 2016 at 4:20 pm

    ရွာကလူတွေအကုန်သဘောကောင်းဖော်ရွေပါတယ်ကြိုဆိုပါတယ်

    • Tawwin Pan

      January 21, 2016 at 4:48 pm

      ဟုတ်ကဲ့ပါရှင့်။

  • CharTooLan

    January 21, 2016 at 4:40 pm

    ရွာသူဆိုဝေါင်ဝေါင်ရှေး ရွာသူနှောက်မှာကျောက်ရသေး 😛

    • Tawwin Pan

      January 21, 2016 at 5:02 pm

      ချာတူးလန်ဆိုတဲ့နာမည်ကြောင့် အချစ်ဇာတ်လမ်းတွေဖြစ်ခဲ့သေးတာ အမှတ်ရသေး……:)
      ဒီရွာက ချာတူးလန်တော့ မဟုတ်ရပေါင်နော်………….

  • kai

    January 21, 2016 at 5:01 pm

    ဟိုလေ… ခုတလော.. ငရုပ်သီးဓာတ်ကျနေလို့.. မြန်မာပြည်က မိုးမျှော်ထက်..အဆ၃ရာပိုစပ်တဲ့ ငရုပ်သီးစားမလားဟင်င်င်…။
    ရွာသူသစ်ကြိုဆိုခြင်းအမှတ်တရပေါ့..။
    အစပ်ကြိုက်သူတွေလည်း တမှုန်စီကိုက်ကြည့်..။

    ဈေးတော့ မသေးဖူး.. တခုကို ..တဒေါ်လာကျော်သေး…။
    Carolina Reaper Chili Peppers World’s Hottest Chili Pepper

    • Tawwin Pan

      January 21, 2016 at 5:05 pm

      သူကြီးကလည်း ရွာသူအသစ်ကို ကြိုဆိုတာကလည်း ငရုတ်သီးကျွေးပြီး ကြိုဆိုတာလား…….
      ငရုတ်သီးဆို ပိစိကွေး သေးသေးစိမ်းစိမ်းလေးမှ ကြိုက်တာ………

      • kai

        January 21, 2016 at 5:11 pm

        ပင်အပ်ငရုပ်ဆိုလား.. ခေါ်တာလေ.. အဲဒါလည်းစပ်တာပဲ…။
        နောက်တာပါနော..။
        တတောင့် ၁ဒေါ်လာကျော်နေတဲ့ အဲဒီငရုပ်သီး.. မြန်မာပြည်မယ်များ စိုက်မယ့်သူရှိရင်.. မျိုးစေ့ ဝယ်ပို့ပေးမလို့..။
        ဆိုတော့.. ဘာမဆိုင်ညာမဆိုင်တွေဖြစ်ကုန်ပြီ..

        ကြိုဆိုပါတယ်..။ ပျော်သလိုနေပါ..။ :k:

  • မင်ဂါဘာ မင်ဂါဘာ..
    စမီးလည်း အသစ်လေးပါပဲ..
    ဟီး.. ရွာကို ခုမှ ပြန်ရောက်တာမို့ဘာာာာ 🙂

    • Tawwin Pan

      January 21, 2016 at 5:50 pm

      မွန်မွန်ရေ မင်္ဂလာပါနော်….

  • sorrow

    January 21, 2016 at 5:37 pm

    ..သာမီး..ဘူမှမကြိုဆိုချင်နေ ဦးကြိုဆိုတယ်…လေယဉ်လက်မှတ်ရောင်းတဲ့ ရုပ်ရှင်မင်းသားက ဦးပဲ …အဟိဟိ

    • Tawwin Pan

      January 21, 2016 at 5:53 pm

      အရင်အလုပ်တုန်းကတော့ Trip Schedule တွေ လုပ်ပေးရတယ်လေ။ ကို Sorrow ဆီကနေ လေယာဉ်လက်မှတ်တစ်စောင်ဝယ်တိုင်း % ဘယ်လောက်ပေးမှာတုန်း…ချိတ်ပေးမယ်လေ

  • Ma Ma

    January 21, 2016 at 11:16 pm

    မဝံ့မရဲ တော်ဝင်ပန်းလေးပေ့ါ။
    ကြိုဆိုပါတယ်နော်။

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 21, 2016 at 11:37 pm


    မင်ဂါဆောင်ပါ ခမျာ

  • သုဘရာဇာ သံချောင်း

    January 22, 2016 at 12:12 am

    သရဲပုံပြင်​နား​ထောင်​မလား

  • ဝင့်ပြုံးမြင့်

    January 22, 2016 at 6:57 am

    ဒီရွာကလူတွေအားလုံး တစ်ယောက်တစ်မျိုး ဂွချည်းပဲ အဟီး။ သဂျီးတော့ မပါပါဘူး။ ဂွမှန်ရင် ရွာသက်ရှည်ပါလိမ့်မယ် ။

    • alinsett

      January 22, 2016 at 8:52 am

      သဂျီးလား မဂွတာ

      သူက အဂွလွန်နေတာကြီးမျန်းးး
      :k:

  • Nyo Win

    January 22, 2016 at 11:10 am

    Warmly welcome ပါ

    • ဦးကြောင်ကြီး

      January 22, 2016 at 12:03 pm

      .ဥညို ဝင်း
      .အတုကိုထွင်း
      .သူ့အဆိုသင်း
      .ဘုမှိုပုလင်း။

      • Nyo Win

        January 22, 2016 at 12:10 pm

        ကကြောင်ကြီး
        အပြောင်ရွှီး
        ဂယောင်အမြီး
        နှုတ်ပစ်မယ်…ခွီး။

  • Tawwin Pan

    January 22, 2016 at 11:29 am

    အခုလိုနွေးနွေးထွေးထွေးဖိတ်ခေါ်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ မန်းဂဇက်ထဲကစာတွေတော်တော်များများတော့ဖတ်ဖူးပါတယ်။ ဝင်ဆွေးနွေးဖို့အတွက်ကတော့ စာဖတ်အားနည်းတာရော၊ ဖတ်ပြီးမှတ်မထားတတ်တဲ့အကျင့်ကြောင့်လည်း အသိဉာဏ်က မပြည့်စုံသေးတဲ့အတွက် ဖတ်ခဲ့တဲ့ ပို့စ်တွေအောက်မှာ Comment တွေမပေးဖြစ်ခဲ့ရင်လည်း နားလည်ပေးပါလို့။

  • ဦးကြောင်ကြီး

    January 22, 2016 at 12:05 pm

    ဒီရွာမှာ မြေအိုးစစ်တပ်လို့ ပြောရဲသာ ဦးကြောင်ပဲ ရှိတယ် တော်ဝံပန်းဂလေး…

    .တော ်ဝံပန်း
    .ကြော ်ဆင်မြန်း
    .ပေါ်တင်နမ်း
    .အော ်ရင်ဖမ်း…

  • .မင်္ဂလာပါဗျ….စာလေးတွေဆက်ရေးပြီးရွာမှာပျော်နေမယ်လို့မျှော်လင့်ပါတယ်
    .ခင်မင်ရင်းနှီးစွာဖြင့်….
    တကယ်မိုက်နေသော
    ကြီးမိုက်။ :))

  • တောတွင်းပျော်

    January 22, 2016 at 2:54 pm

    တီတီ ့ နာမည်ကို ရုတ်တရက် ဖတ်မိလိုက်တော ့
    ဘယ်တုန်းက ငါ Taw Twin Pyaw ပိုစ်တင်မိပါလိမ် ့။ ဇဝါဇဝေတောင်ဖြစ်သွားသေးဒယ်။
    နာမည် စကားလုံးတွေကဆင်တူနေသကိုး…
    တီတီ ့ကို ကြိုဆိုပါတယ်ခင်ည။
    တစ်ခုတော ့ သတိထားပေးပေါ ့နော်…
    ဒီရွာက လုံလုံခြုံခြုံနေလို ့ရတော ့ ရွာသူားတွေက လှိုင်သာယာက ပြောင်းလာကြသူ ချည်းဗျ။

  • Swal Taw Ywet

    January 23, 2016 at 12:42 am

    ကျနော့်ကို ပြန်ကြိုဆိုပါခင်ဗျာ။
    With respect,
    Swal Taw Ywet.

  • Tawwin Pan

    January 27, 2016 at 9:46 am

    ကြိုဆိုပါတယ်ရှင့်…

Leave a Reply