ကံကောင်းသူများ
တက္ကသိုလ်ကျောင်းသားဘဝကို ကျတော်ဟာ သေသေချာချာ မခံစားရခဲ့ဘူး။
နေ့မတက်ရလို့ အဝေးသင်တက်ခဲ့ရပေမယ့် အနီးကပ် (၁၀)ရက်ကို ပြည့်ပြည့်ဝဝခံစားရပေမယ့်
သူတို့လောက် ကျတော်တို့ ကံမကောင်းခဲ့တာ အမှန်ပါ။ အခု ကျတော်နဲ့ရွယ်တူ ကျတော့်သူငယ်ချင်း
တွေက အစပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့လေးတွေ မြင်ရချိန်မှာသော သူတို့လို ကျတော့်မှာလည်း
သူငယ်ချင်းတွေ ရှိပါသေးလား ဆိုတာကို တွေးရင်း။
တိုက်ဆိုင်တာက သူတို့လည်း စီးပွားရေးကျောင်းသား
ကျတော်လည်း စီးပွားရေးကျောင်းသား။
လေးစားစွာဖြင့်
အောင်မိုးသူ
11 comments
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
January 29, 2016 at 12:33 pm
ကျော်နဲ့တူတူပဲ အဲကနေ ဒဂုံကို အဝေးသင်နဲ့ ပြန်ပြောင်းလိုက်တာ
အခုတော့ ကျပန်း လုပ်စားနေတယ် 😳
အောင် မိုးသူ
January 29, 2016 at 1:03 pm
ကျော်က ဒဂုံကပါပဲ
ခင်ဇော်
January 29, 2016 at 1:16 pm
တကယ်ဗျ။
လူငယ် အရွယ် လွန်လာမှ သိသိလာတာ လူငယ် ဘဝ ပေါ့ပါးမှုက အစားပြန်မရ။
ပျော်အောင် နေခဲ့နိုင်တဲ့ သူတွေက လောကရဲ့ ဆုလာဒ် ရတာ။
🙂
အောင် မိုးသူ
January 29, 2016 at 4:20 pm
ဟုတ်ပါ့ ဒဂုံတက္ကသိုလ်ကနေ အရှေ့ပိုင်းတက္ကသိုလ်ကို ရထားစီးခဲ့တာ အမှတ်တရပဲ။
သင့်အေးရိပ်
January 29, 2016 at 2:04 pm
ပုံတွေ ကြည့်ရတာ..ပျော်စရာကြီး…
အောင် မိုးသူ
January 29, 2016 at 4:20 pm
ဟုတ်ပါ့ ပျော်စရာကြီး
uncle gyi
January 29, 2016 at 4:09 pm
ပေ ျာက်ဆုံးသွားသော…
Ma Ma
January 30, 2016 at 8:21 pm
အဲဒါကြောင့်လည်း ကျောင်းသားဘဝဆိုတာ အပျော်ဆုံးအချိန်တွေပဲလို့ ပြောကြတာ။
ကျောင်းတက်ချိန်တုန်းကတော့ စာဖတ်ရ ကျက်ရနဲ့မို့ အဲဒီစကားကို လက်မခံချင်ခဲ့ဘူး။
ကျောင်းပြီးတဲ့အချိန်ကျတော့မှာ ဒီစကားတယ်မှန်ပါလားလို့။ 🙂
အရင်ကကျော်စွာဦးကြီးမိုက်
February 2, 2016 at 1:22 pm
.တကယ်ကကျောင်းသားဘဝဆိုတာအဲ့လိုလွတ်လပ်ပျော်ရွှင်စွာပညာသင်ခဲ့ကြရမှာ…တို့တုန်းကလည်းပျော်စရာကောင်းပါတယ်..ခုလိုကင်မရာမပေါသေးတော့အဲ့လောက်တော့မှတ်တမ်းမတင်နိုင်ခဲ့ဘူး :))
လုံမလေးမွန်မွန်
February 11, 2016 at 12:47 pm
ငယ်ငယ်က လူကြီးတွေက ပြောတယ်.. စာကျက်ရတာလောက် သက်သာတဲ့အလုပ် မရှိဘူးတဲ့… ကိုယ်က လုံးဝ လက်မခံဘူး.. စာဆိုတာ မေ့ပစ်လို့မှ မရတာ.. အလုပ်က အလုပ်ချိန်ကုန်ရင် မေ့ပစ်လိုက်လို့ ရတာမျိုး လို့..
ခုမှ ကျောင်းသားဘဝကို ပြန်လွမ်းမိတယ်..
သများ MBA တက်ချင်တယ်ရော်..
kai
February 11, 2016 at 1:31 pm
တက္ကသိုလ်တက်ချင်တာများ.. ပိုက်ပိုက်ရှိ….တက်လို့ရသဗျ..။
ယူအက်စ်လိုနိုင်ငံကျ… ပြန်မရဆိုကြတာက… အထက်တန်းကျောင်းသား.. ကောလိပ်ကျောင်းသားဘဝမျိုး…။
ဆယ်ကျော်သက်ပေါ့…။
ဆိုတော့…
မြန်မာပြည်မယ်.. prom လို…။ Coming of age day သက်နုပူဇော်ပွဲအထိမ်းအမှတ်နေ့လို.. ပွဲပါတီလေးတွေလုပ်သင့်တယ်…။ ဦးဆောင်မယ့်သူရှိရင်.. ရံပုံငွေထည့်ပေးမယ်..။ :k:
လူငယ်တွေဘဝ..အမှတ်တရများနဲ့ ပျော်ကြစေချင်…။
=
prom – a formal dance, especially one held by a class in high school or college at the end of a year.
=
https://en.wikipedia.org/wiki/Coming_of_age
Coming of age is a young person’s transition from being a child to being an adult. The certain age at which this transition takes place changes in society, as does the nature of the change.