သူမ၏ သူမ – ၁
သူမရဲ့ဘဝမှာ အားအကျဆုံးက ငယ်ငယ်ရွယ်ရွယ်နဲ့ Management ပိုင်းမှာ အလုပ်လုပ်နေနိုင် ကြတဲ့သူတွေပဲ။ တခါတလေကျတော့လည်း အဲလိုရာထူး အဲလိုနေရာမျိုး သူမအခုထိ ဘာလို့ မရောက် နိုင်လဲဆိုတာ စဉ်းစားနေမိတယ်။ သူမကပဲ အရည်အချင်း မပြည့်ဝခဲ့တာလား။ ဒါမှမဟုတ် သူမလုပ်ခဲ့တဲ့ လုပ်ငန်းတွေက အဆက်အစပ်မရှိလို့လားပေါ့လေ။ သေချာတာတခုကတော့ သူမ အလွန်ညံ့နေသေးတယ် ဆိုတာပါပဲ။ ဒီနှစ် 2016 ဆိုတော့ အလုပ်လုပ်ခဲ့တာ ဘာလိုလိုနဲ့ ဆယ်နှစ်ကျော်သွားခဲ့ပြီပေ့ါလေ။
ရပ်ကွက်ထဲက ဆေးခန်းလေး တစ်ခုမှာ အချိန်ပိုင်း ဝိုင်းကူပြီးအလုပ် လုပ်နေတဲ့အချိန်၊ အမျိုးမကင်းတဲ့ အစ်မ တစ်ယောက်က သူမရဲ့အလုပ်မှာ အလုပ်ခေါ်တယ်။ အလုပ်လာလျှောက်ပါဆိုပြီး စာလွှာပါးလိုက်တော့ ဝမ်းသာအားရနဲ့ သွားလျှောက်ပါလေရော။ အလုပ်သာသွားလျှောက်တာ ဘာအလုပ်အတွက်ခေါ်မှန်း မသိ။ သူများတွေလိုလည်း လည်လည်ဝယ်ဝယ် မမေးတတ်။ အစ်မကတော့ ပြောပါတယ်။ ကွန်ပျူတာဆရာမအနေနဲ့ ခေါ်မယ်တဲ့။ အင်တာဗျူးခေါ်မယ့်အချိန်ကို ထိုင်စောင့်ရင်း စာသင်နေတဲ့ ကွန်ပျူတာခန်းမကြီးကို ငေးလို့။ ဟော နောက်ဆုံး အင်တာဗျူးစကြပါလေရော။ အဲဒီမှာ ပြဿနာစတက်တော့တာပါပဲ။
ဆရာ –ညည်းဘာလုပ်မှာလဲ
သူမ – အလုပ်လာလျှောက်တာလေ (အားရပါးရကိုဖြေချလိုက်တာ)
ဆရာ – ငါမေးတာ ညည်းဘာလုပ်မှာလဲလို့ မေးနေတာလေ။ (အသံက စိတ်မရှည်တဲ့အသံ)
သူမ – အစ်မက အလုပ်ခေါ်တယ်ဆိုလို့ လာလျှောက်တာပါ။ (အသံကပျော့သွားပြီး မျက်လုံးလေး ကလည်ကလည်ဖြင့်)
ဆရာ – အစ်မက ဘယ်လိုပြောတုန်း ညည်းကို (မျက်မှောင်ကြီး ကြုံ့ပြီး)
သူမ – အလုပ်ခေါ်တယ်ပြောလို့ (ဒီတခါတော့ မျက်ရည်ဝဲချင်ချင်ရယ်)
ဆရာ – ဒီမှာ ဘာလုပ်ရမယ်လို့ ပြောတုန်း
သူမ – ကွန်ပျူတာဆရာမလုပ်ရမယ်လို့ ပြောတာပဲ (အသံကသိပ်မထွက်ချင်တော့ဘူး)
ဆရာ – ဒီမှာ ဘာအလုပ်တွေခေါ်တယ်ဆိုတာကော ညည်းသိလား
သူမ – ဟင့်အင်း မသိဘူးဆရာ။
ဆရာ – သွား! အောက်ထပ်မှာ ဘာအလုပ်တွေခေါ်လဲဆိုရှာဖတ်လာခဲ့။ တွေ့မှ ပြန်တက်လာခဲ့။ (ခေါင်းကြီးကုတ်လို့)
သူမ – ဟုတ်ကဲ့။ ဟုတ်ကဲ့။
အောက်ထပ်ရောက်တော့ အစ်မက အနားကပ်လာပြီး အဆင်ပြေလားမေးတာတောင် မဖြေနိုင်။ အလုပ်ခေါ်ထားတဲ့စာရွက်တွေကို အသဲအသန်မျက်စိကစားပြီး ရှာနေရတာပေ့ါ။ လတ်စသတ်တော့ အလုပ်ခေါ်စာက သူမ အင်တာဗျူးဖြေဖို့စောင့်နေတုန်း ထိုင်တဲ့နေရာ သူမရဲ့ကျောမှီတဲ့နံရံဘက်မှာ ကပ်ထားတာကိုး။ ဘာအလုပ်တွေခေါ်လဲဆိုတာ အရင်ကြည့်ပြီးတော့မှ အစ်မကို စကားပြန်ပြောနိုင်တော့တယ်။ အစ်မကတော့ တုံးလိုက်တာလို့ မှတ်ချက်ချပါလေရော။
အဲဒီလိုနဲ့ အင်တာဗျူးခန်းထဲကို နောက်တခါပြန်ဝင်တော့
ဆရာ – ညည်းတွေ့ခဲ့ပြီလား။
သူမ – ဟုတ်ကဲ့ဆရာ။
ဆရာ- ဘာအလုပ်တွေခေါ်လဲ။
(အမှန်ဆို သူမေးတာမစောင့်ဘဲ သူမကအရင်ဖြေသင့်တာနော်)
သူမ- Reception နဲ့ ကွန်ပျူတာဆရာမ
ဆရာ- အဲဒီတော့ ညည်းဘာလုပ်မှာလဲ။
သူမ- မသိဘူးဆရာ။
ဆရာ – မဌေးကတော့ ဘယ်လိုကလေးကို ခေါ်လာလဲမသိဘူး။ ငါပြောတာက Reception ဆိုရင် သင်တန်းလာစုံစမ်းတဲ့သူတွေကို သင်တန်းနဲ့ ပတ်သက်သမျှရှင်းပြရမယ်။ ဖုန်းဆက်မေးရင်လည်း ဖြေနိုင်ရမယ်။ ကွန်ပျူတာဆရာမဆိုရင် ကွန်ပျူတာသင်ပေးရမယ်။ အဲဒီတော့ ညည်းဘာလုပ်ချင်လဲလို့မေးတာ။ သိပြီလား။
သူမ- (စိတ်ထဲမှ —- ဟွန်း စောစောထဲကအဲလိုရှင်းပြရင်ပြီးနေတာပဲကို။ reception ဆိုရင် သူမပုံစံနဲ့မဖြစ်၊ စကားကို လိပ်ပတ်လည်အောင်မပြောတတ်။ ကွန်ပျူတာဆရာမဆိုရင်တော့ မဆိုးဘူး။ ပညာလည်းရမယ်။) ကွန်ပျူတာဆရာမပဲလုပ်မယ်။
ဆရာ- အလုပ်ချိန်တွေကကော ဘယ်အချိန်လုပ်မလဲ။
သူမ- မသိဘူးဆရာ။
ဆရာ- ညည်းကတော့လေ။ ဒီမှာ နှစ်ချိန်ရှိတယ်။ မနက်ပိုင်းနဲ့ နေ့လည်ပိုင်း။ မနက်ပိုင်းဆင်းမယ်ဆိုရင် မနက် ခုနစ်နာရီကနေ ညနေသုံးနာရီအထိ။ နေ့လည်ပိုင်းဆင်းမယ်ဆိုရင် တစ်နာရီကနေ ရှစ်နာရီအထိ ရှိတယ်။ သောကြာတစ်ရက်ပိတ်တယ်။ (ဒီတခါတော့ ဆရာက အထာနပ်သွားပြီ)
သူမ- ဟုတ်။ အဲဒါဆို နေ့လည်ပိုင်းလုပ်မယ်ဆရာ။
ဆရာ- လစာကကော ဘယ်လောက်မှန်းထားသလဲ။
သူမ- အဲဒါလည်း မသိဘူးဆရာ။ ဆရာ အဆင်ပြေသလောက်သာပေးပါ။
ဆရာ – အဲဒါဆို ကိုးထောင်ကစပေးမယ်။ နောက်ကျရင်ထပ်တိုးပေးမယ်။ အလုပ်လုပ်မယ်ဆိုရင် မနက်ဖြန်ကစဆင်း။
ဒီလိုနဲ့ သူမရဲ့ ပထမဆုံး အင်တာဗျူးအောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ အဲဒီတုန်းက သူမရဲ့ အရည်အချင်းနဲ့သာဆို အလုပ်တောင်ရမယ့်ပုံမပေါ်။ ကွန်ပျူတာလည်း သင်ထားဖူးတာသာရှိပြီး မသုံးတတ်သေးသဖြင့် အစ်မက ပြောပေးထားလို့သာ အလုပ်ရသွားသည်ဟု ထင်မိပါကြောင်း။
(မနေ့က သဂျီးတင်တဲ့ပို့စ်ထဲက အကြောင်းအရာတခုတွေ့လို့ စာရေးဖို့ စိတ်ကူးရသွားလို့ တကယ်တန်း ရေးချင်တာက အဖေနဲ့ သူမအကြောင်း)
29 comments
HMM
February 23, 2016 at 1:03 pm
ဂဒို့လဲ ပထမအိမ်သာဘူးတုန်းက အဲတိုင်းပါပဲကွယ်
အိမ်သာဘူးဝါးမေးသမျှ ဟုတ်ဟင်းနဲ့ပီးသွားဒါပဲ
Tawwin Pan
February 23, 2016 at 5:09 pm
အင်တာဗျူးတင်မဟုတ်ဘူး အလုပ်ထဲမှာလို အဲလိုဖြစ်နေတာ..မနည်းပြင်ထားရတာ အဲဒီ ယောင်ဝါးဝါးအကျင့်ကို
kai
February 23, 2016 at 2:28 pm
ကိုးထောင်ဆိုတာ.. တရက်လား.. ။ တပါတ်လား.. ။
ဘာပဲဖြစ်ဖြစ်.. အင်တာဗျုးစောင့်ရင်း.. ဘေးလေးတောင်လှည့်ပါတ်မျက်စိမကစားလောက်အောင်… ငြိမ်တာတော့ အံ့ဩမိ…
အတွင်းရေးမှုးနေရာဆို.. တော်တော်စိတ်ချရမယ်ထင်တာပဲ.. :k:
Tawwin Pan
February 23, 2016 at 5:13 pm
တစ်လလစာပါ သဂျီးရယ်..အဲဒါမို့ အခုချိန်ထိ ညံ့သေးတယ်လို့ပြောတာပါ။
Staff လစာနဲ့ အတွင်းရေးမှူးလောက် အလုပ်လည်းလုပ်ဖူးတယ်ရှင့်။ ကိုယ့်အောက်မှာ သန့်ရှင်းရေး၊ အပေါ်မှာ Supervisor နဲ့ ဒါရိုက်တာတွေပဲရှိတာ..အဲအလုပ်တုန်းက ..နောက်မှပို့စ်ထပ်တင်ဦးမယ်..အဲဒီအလုပ်အကြောင်းကို
ခင်ဇော်
February 23, 2016 at 2:44 pm
ငင်။
ကွန်ပြူတာ ဆရာမ ဆိုတော့ ပြန်သင်ပေးရမှာပေါ့နော်။
ဆရာမလျှောက်မဲ့သူက သင်ထားပြီး မသုံးတတ်သေးဘူးဆိုတော့ နောက်ကော ဘာဆက်ဖြစ်တုန်း အိုစကေရဲ့လားးး
:mrgreenn:
kai
February 23, 2016 at 3:01 pm
ညီတော်မောင်ပြောပြောနေတဲ့.. တတ်ပြေးတွေဆိုတာ.. အဲလိုဆြာမတွေနေမှာ..
အလုပ်ကအကုန်ကျခံသင်ပေး..တတ်ရင်..တခြားအလုပ်ကို ပြေးပြေးသွားလို့….တဲ့.. ။ :k:
ခင်ဇော်
February 23, 2016 at 3:08 pm
တော်ဝင်ပန်းလေးကတော့ ၁ဝ နှစ်တောင် လုပ်သက်ရှိပြီဆိုတော့ တတ်ပြေးထဲ မပါတော့ဘူးပေါ့။
ရုန်းကန်ခဲ့ရတဲ့ အချိန်တွေတော့ရှိမှာပေါ့။
🙂
Tawwin Pan
February 23, 2016 at 5:22 pm
ဟုတ်ပ ကိုကိုခင်ဇော်ရယ်…အဲသဂျီးကတော့ သူများပြောတာတွေကိုနားယောင်နေတာပဲ….သူများတွေလစာ ၁သိန်းလောက်ရနေတဲ့အချိန်မှာ ကိုယ်တွေက အဲဒီအလုပ်မှာ လေးသောင်းပဲရသေးတယ်။ တခါတလေတော့လည်း အဲဒီဘက်မှာ အချိန်တွေအရမ်းပေးခဲ့လို့ ခုလို ဟိုမရောက်ဒီမရောက်ဖြစ်နေတယ်လို့ ထင်မိတာပဲ။
Tawwin Pan
February 23, 2016 at 5:15 pm
ဘယ်အိုကေမလဲ…..နောက်နေ့တွေမှ စာသင်တဲ့အတွေ့အကြုံကိုတင်ပေးမယ်နော်…အားပေးမယ့်သူတွေရှိတယ်ဆိုတော့…
ဒါနဲ့ ရွာသားအသစ်လေးကို ကောင်းကောင်းနှုတ်ဆက်ထားတယ်မလား……… 😛
သင့်အေးရိပ်
February 23, 2016 at 4:23 pm
”တကယ်တမ်း ရေးချင်တာက”ဆိုတာကို တကယ်တန်း ဖတ်ချင်တာ
😆
Tawwin Pan
February 23, 2016 at 5:27 pm
အဲဒါရေးဖို့ကို ဒီလိုပို့စ်တွေနဲ့ အစပျိုးနေတာပါရှင့်။ ကိုအောင်မဲလင်းလားလို့..နာမည်ပြောင်းသွားတော့ လူမှားနေမှာစိုးလို့။
သင့်အေးရိပ်
February 24, 2016 at 7:40 pm
ကျနော် ရွာသားသစ်ပါ
:mrgreenn:
Ma Ma
February 23, 2016 at 5:45 pm
စိတ်ဝင်စားစရာပဲ။
ကျောင်းပြီးကာစက အင်ဂျင်နီယာအလုပ်လျှေက်ဖို့အတွက် သတင်းစာထဲက နိုင်ငံခြားသတင်းတွေဖတ်၊ နိုင်ငံရေးသိပ္ပံတွေ ဖတ်ခဲ့ရတာ သတိရမိတယ်။
ဂျက်စပဲရိုး
February 24, 2016 at 2:32 pm
အခု လုပ်နေတဲ့ ဆီမှာ အင်တာဗျူး လာဖြေတာကို ပြန်သတိရ သွားတယ်။
ကျောင်းမှာ final year project လုပ်ရမယ် ဆိုတော့ ကျနော်တို့ အဖွဲ့ က ဒီ ကုမ္ပဏီ က ပရောဂျက် ကို လုပ်ကြရတာ။
အဖွဲ့ထဲက တချို့က ဒီမှာ အချိန်ပိုင်း လုပ်နေကြတာကိုး။
အဲ့ဒီကနေ ကျောင်းပြီးတော့ ကိုယ်တွေ လုပ်ခဲ့တဲ့ မန်နေဂျာ က အင်တာဗျူး ပြန်ခေါ်တာ လူလိုလို့ ဆိုပြီး။
အင်တာဗျူး သွားဖြေတော့ မင်း လုပ်ခဲ့တဲ့ ပရောဂျက် တွေ အကြောင်း ပြောပြပါ ဆိုတော့ လူ က ကြောင်သွားတယ်။
သူနဲ့ တူတူ လုပ်ထားတဲ့ ပရောဂျက်
ကိုယ့်ထက် စာရင် သူက အစအဆုံး ထက် ပိုသိနေတဲ့ ပရောဂျက်ကြီးကို ဆိုပြီး။
(လုပ်တုန်းကလဲ သေသေချာချာ လော့ဂျစ် ကို နားမလည်ထားတာ ပါမယ်)
ပို့စ်ထဲကလိုပဲ အိယောင်ဝါး ဖြစ်နေတုန်း မန်နေဂျာ ခမျာ သူ့ဟာသူ မေးပြီး သူ့ဟာသူ ဖြေပေးသွားရရှာတယ်။
ဦးကြောင်ကြီး
February 29, 2016 at 1:35 am
တော်ဝံပန်း
ကြော ်မြင်နမ်း
သော ်ရွှင်လန်း
ပေါ်ထင်စွမ်း..
Tawwin Pan
March 3, 2016 at 5:09 pm
ဦးကြောင်ကြီး
ယကြာပေးနေတာလားဟင်…
အောင် မိုးသူ
March 1, 2016 at 10:10 am
ကိုးထောင် ???
အရင်ကကျော်စွာဦးကြီးမိုက်
March 1, 2016 at 3:27 pm
.Computer ဆြာမကတစ်လမှကိုးထောင် :b:
Tawwin Pan
March 3, 2016 at 5:07 pm
Computer ဆြာမ တစ်လမှ ကိုးထောင်ရပါတယ်ဆိုတာကို မယုံကြဘူးကိုး…………….
Foreign Resident
March 3, 2016 at 5:19 pm
ဆရာ – ညည်းဘာလုပ်မှာလဲ
သူမ – အလုပ်လာလျှောက်တာလေ (အားရပါးရကိုဖြေချလိုက်တာ)
ဆရာ – ငါမေးတာ ညည်းဘာလုပ်မှာလဲလို့ မေးနေတာလေ။ (အသံက စိတ်မရှည်တဲ့အသံ)
သူမ – အစ်မက အလုပ်ခေါ်တယ်ဆိုလို့ လာလျှောက်တာပါ။
–
ကျနော်သာ အင်တာဗျူးတဲ့သူဆိုရင် ။
အဲ့လောက် ၂ ခွန်းမေးပြီးရင် ထပ်မမေးတော့ဘူး ။ ဖြုတ်လိုက်ပြီ ။
ဒီလောက်တောင် Observent မဖြစ်တဲ့ ဂရုမစိုက်တဲ့ Attitude မျိုးကို ခန့်လို့ ၊
ကိုယ့် ကုမ္ပဏီအတွက် ကောင်းကျိုး ဖြစ်လာစရာ လုံးဝ ( လုံးဝ ) မရှိဘူး ။
Tawwin Pan
March 4, 2016 at 11:12 am
ဟုတ်ကဲ့။ အဲလိုဖြစ်နိုင်ပါတယ်။ အဲဒီတုန်းက တကယ်ကိုဘာမှမသိတာပါ။
ဗဟုသုတမရှိတာလည်းပါပါတယ်။ ပြီးတော့ Family Type ကြောင့်ရယ်၊
ကိုယ်တိုင်ကလည်း အသုံးမကျတာလည်း ပါပါလိမ့်မယ်။
ဒါပေမယ့် Foreign Resident ပြောတဲ့ ဒီလောက်တောင် Observent မဖြစ်တဲ့ ဂရုမစိုက်တဲ့ Attitude မျိုးကို ခန့်လို့ ၊ကိုယ့်ကုမ္ပဏီအတွက် ကောင်းကျိုး ဖြစ်လာစရာ လုံးဝ ( လုံးဝ ) မရှိဘူး ။
ဆိုတဲ့စကားကိုတော့လက်မခံချင်ပါဘူး။
ကျွန်မလည်း အလုပ်လုပ်ရင်းနဲ့ ဘယ်ဟာတော့ မလုပ်သင့်ဘူး ဘယ်လိုလုပ်သင့်တယ်ဆိုတာကို နားလည်သဘောပေါက်လာရတာပါ။
Foreign Resident
March 4, 2016 at 3:22 pm
” ကျွန်မလည်း အလုပ်လုပ်ရင်းနဲ့ – – – –
နားလည်သဘောပေါက်လာရတာပါ ”
အင်း ၊ ဟုတ်ပါတယ် ။
လူဆိုတာ သင်ယူရင်းနှင့် တတ်လာမှာပေါ့လေ ။
ဒါပေမယ့် ၊ အဲ့လို့ observant မဖြစ်တဲ့ လူသစ်နှင့် တွဲလုပ်ရတာ ၊
( လူသစ်မို့လို့ မတတ်တာကို အပြစ် မပြောဘူးနော် ၊
အဲ့ဒီ observant မဖြစ်တာ ၊ ဂရုမစိုက်တဲ့ Attitude ကို မကြိုက်တာ )
ဗုံးတစ်လုံးကို အိတ်ထဲထည့်ထားရသလိုဘဲ ၊
ကိုယ် တစ်ချက်လေး လစ်တာနှင့် ကွဲမှာဘဲလေ ။
ကျနော်ကတော့ အဲ့လိုလူမျိုးနှင့် တွဲမလုပ်ချင်ဘူးဗျ ။
Tawwin Pan
March 4, 2016 at 4:46 pm
အဲဒါဆို ကျွန်မတို့လိုလူမျိုးတွေအတွက် Foreign Resident လိုမျိုး အလုပ်ရှင်တွေများများရှိရင် အလုပ်လုပ်ဖို့ နေရာတောင်ရှိမှာမဟုတ်တော့ဘူး။
ပင်ကို စရိုက် observant ဖြစ်တဲ့သူဆိုရင်တော့ ရှားမယ်ထင်ပါတယ်။
လေ့ကျင့်ယူလို့ကော မရနိုင်ဘူးလား။
Foreign Resident
March 4, 2016 at 5:12 pm
” လေ့ကျင့်ယူလို့ကော မရနိုင်ဘူးလား ”
လေ့ကျင့်ယူလို့တော့ ရနိုင်ပါတယ်ဗျာ ။
ဒါပေမယ့် စကတည်းက စိတ်ဝင်စား တက်ကြွတဲ့သူရရင် ပိုကောင်းသပေါ့ဗျာ ။
နို့မို့ရင် အဲ့ဒီ လူသစ်ကို ၆ လ လောက့် စောင့်မောင်းနေရမှာ ၊
အလကားနေရင်း အထက်အရာရှိမှာ ဝန်ပိတာပေါ့ ။
Tawwin Pan
March 7, 2016 at 11:13 am
ဟုတ်ကဲ့ရှင့်။ ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။
sorrow
March 5, 2016 at 12:21 pm
သူမရဲ့ဘဝမှာ အားအကျဆုံးက ငယ်ငယ်ရွယ်ရွယ်နဲ့ Management ပိုင်းမှာ အလုပ်လုပ်နေနိုင် ကြတဲ့သူတွေပဲ။ .
.သမီးရေ … သူတို့က…ကိုယ်ဘာဖြစ်ချင်တယ်ဆိုတဲ့ သေချာသိကြတယ်..(ဆိုပါစို့ …Reception လား ..ကွန်ပြူတာဆရာမလား ) ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့ အဖက်ဖက်က ရလာမယ့်ပညာကို လက်ခံနိုင်မှု..စိတ်ရှည်မှု..ရည်ရွယ်ချက်နဲ့ …မဆုတ်မနစ်တဲ့ဇွဲမျိုးရှိကြတယ်ကွယ်…
Tawwin Pan
March 7, 2016 at 11:29 am
တကယ်တမ်းပြောရရင် ကုမ္ပဏီအလုပ်ကို လုပ်တာ အခုမှ ၃နှစ်လောက်ပဲရှိပါသေးတယ်။
လုပ်ငန်းရွေးချယ်မှု့တွေမှားခဲ့တာလို့ ထင်မိပါတယ်။ ကျေးဇူးတင်ပါတယ်နော်။ လမ်းညွှန်ပေးလို့။
kotun winlatt
March 5, 2016 at 2:04 pm
ဟေ ဟေး အရင်ကတော့ မောစရာပေါ့ အခုအချိန်ပြန်ရေးပြတော့ ရီစရာ သဘောကျစရာလေးဖြစ်သွားရော တကယ်တမ်းရေးချင်တာကို ဆက်ရေးပါဦးဗျို့
Tawwin Pan
March 7, 2016 at 11:30 am
ဟုတ်ကဲ့။ တစ်ရက်ရက်တော့ ရေးဖြစ်မယ်ထင်ပါတယ်။