လောင်းကစားနဲ့ နေဝန်းနီ -၁
လောင်းကစားနဲ့ နေဝန်းနီ -၁
ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ဆိုပေမင့် သူများတွေလိုလည်း(strong) ဗေဒင်ကြည့်နေတဲ့ ဥူးပဇင်း ဒါတ်ပုံ မရိုက်ရဲတော့ (/strong)ကိုယ့်အကြောင်းကို ပြန်ပြောတာပဲ အန္တရာယ်ကင်းပါတယ်လေ ။ နေဝန်းနီ တို့ငယ်ငယ် မူလတန်းကျောင်းသားကတည်းက ဖဲရိုက်တတ်သဗျ ။ သုံး/လေးတန်း ရှစ်နှစ် ကိုးနှစ်လောက်ပေါ့ ။ တစ်ကနေ တစ်ဆယ် ထိပါတဲ့ ကားချပ်လေးတွေ ထပ်ပြီးကစားရတာလေ ။ နံပါတ်တူတဲ့သူကစားကြေး ။ တစ်ခါတစ်လေ ကိုယ့်လက်ထဲကိုင်ထားတဲ့ ကားချပ်ဖြစ်ဖြစ် ကစားဖော်လက်ထဲကိုင်ထားတဲ့ ကားချပ်ဖြစ်ဖြစ် ကုန်သွားရင် အနိုင်အရှုံး ဆုံးဖြတ်ဖို့ ကွမ်မီး တို့ ဘူကြီးတို့တွဲပြီး ဆုံးဖြတ်တာလေ ။ ရှစ်နှစ် ကိုးနှစ်ကလေး ဘူကြီးရိုက်တတ်တာ ဆန်းသလား ။ ဆန်းတာက နေဝန်းနီက သူများထက် ဉာဏ် ကောင်းတယ်လို့ပဲ ပြောရမလား ။ မကောင်းမှုမှာ သူများတွေထက် စိတ်ဝင်စားတယ်ပဲ ပြောရမလားမသိဘူး ။ ဘူကြီး တွဲလုံးတွေ အကုန်အလွတ်ရတယ် ။ ငါးလေးတစ်
ခြောက်သုံးတစ် ။ လေးလေးနှစ် ။ ခွန်ရှစ်ငါး ။ ခြောက်ခြောက်ရှစ် ။ ခြောက်ငါးကိုး ။ စသည်ဖြင့်ပေါ့ ။ ကားချပ်တစ်ချပ်ချင်း လိုက်ပေါင်းနေစရာမလိုဘူး ။ နံပါတ်မြင်လိုက်တာနဲ့ ဘယ်ဟာ ဖြစ်ဖဲ ဆိုတာ သိတယ် ။ မြန်သလားမမေးနဲ့ ။ ဘယ်မှာသိသာလဲ ဆိုတော့ သချင်္ာမှာ ရှေ့က ဆရာမက မပြီးသေးဘူး နေဝန်းနီက အဖြေရနေပြီ ။ အဲ့လောက်ထိ ။ မျက်ခင်းပေါ် ဖင်ချထိုင်းပြီး ကားချပ် အထပ်ကောင်းလို့လဲ အရိုက်ခံရတာ ခဏခဏ ။ ကျောင်းအုပ်ဆရာမက ကြိမ်နဲ့လိုက်လို့ လွယ်အိတ်ပုတ်ကြီး စလွယ်သိုင်းပြီး ပြေးရတာ ပြန်စဉ်းစားကြည့်ရင် ရယ်စရာ ။ အဲ့တုန်းကတော့ သေပြေးရှင်ပြေး မောနေအောင်ကိုလှည့်ပတ်ပြေးရတာ ။ နွေရာသီကျောင်းပိတ်ရက် ဦးလေးတွေဆီရောက်တော့ သူတို့ ပိုကာဒေါင်းတာကို ဘေးကနေထိုင်ကြည့် သုံးလေးပွဲပြီးတော့ ဖဲချပ်လက်နဲ့ထောက်ပြပြီး ဟိုလိုလုပ် ဒီလိုလုပ် နောက်က ဆရာလုပ်တတ်ပြီ ။ မဟုတ်တာဆိုရင် ငယ်ငယ်ကတည်းက ကို အတတ်မြန်တာ ။ ဘယ်သူမှရိုက်သင်ပေးစရာမလိုပဲ အမြင်နဲ့ကိုတတ်နေတာ ။ အဲ့ကနေ တက္ကသိုလ်ရောက်တဲ့ အထိ ဖဲဝိုင်းဆို ဘေးနားကနေကို ထိုင်ကြည့်ပြိီး ဟိုပြောဒီပြောလေး ပြောလိုက်ရမှ နေသာထိုင်သာ ရှိတာ ။ စစ်တုရင် ကျား ကြွေ ဘေးကနေထိုင်ကြည့်ရင်း နားလည်သွားတာချည့်ပဲ ။ တက္ကသိုလ်ရောက်တော့ အဆောင်တစ်ကာ ဖဲဝိုင်းတစ်ကာ ရောက်တာပေါ့ ။ အဲ့ အဆောင်မနေရရင် အဖေက ဘဏ်တစ် အပေါ်ထပ်က မန်နေဂျာ ( နေဝန်းနီ အဖေရဲ့ ဆရာ ) ဆီမှာအပ်ပြီး ၈၂ လမ်းကနေ ကျောင်းတက်ခိုင်းသေးတယ် ။ စိတ်မချလို့ ။ အို့အိုး နေဝန်းနီတို့က ဘဏ် လုံခြုံရေး ကျတဲ့ ရဲတွေနဲ့ ပေါင်းပြီး ဖဲရိုက်လိုက်တာ ခုနှစ်ရက် ခုနှစ်လီ ။ ကိုယ့်အိပ်ယာရှိတဲ့ အပေါ်ထပ်ကို ပြန်မရောက်တော့ဘူး ။ အဲ့ဒါနဲ့ ဘောဒါဆောင် ( အပြင်ဆောင် ) ရောက်လာပေါ့ ။ အဲ့မှာ လူပိုစုံတာ ။ ဆရာ မောင်သာရရဲ့ နောက်ဆုံးတော့ ကျော်ဟိန်းက ကျော်ဟိန်း ပါပဲ ဖတ်ပြီး လေးကောင်ဂျင်ဝိုင်းကိုစိတ်ဝင်စားနေတာ ။ မရောက်ဖူးတော့ သွားကြည့်ချင်တယ် ။ အဖော်ခေါ်မဲ့ သူကမရှိ ။ အဲ့ဒိအချိန်က မန္တလေးမှာ တည်းခိုခန်းတစ်ခုကလည်း နာမယ်ကြီးနေချိန် “နေပြည်တော် ” ဆိုလား “ရွှေပြည်ညွန့်” ဆိုလား မှတ်တော်မမှတ်မိဘူးဗျ ။ ဈေးချိုနားမှာပဲ ။ ပိုက်ဆံ ငါးရာပြမှ အဖော်တစ်ယောက်နဲ့ သွားလို့ရသတဲ့ ။ ငါးရာ ဆိုတာက ကိုယ့် တစ်လစာတောင်မကချင်ဘူး ။ (ပြန်တမ်းဝင် အရာရှိမှ လေးရာ့ ငါးဆယ်က စရတာ ။) ဘုန်းကြီးကျောင်းကနေ ကျောင်းတက်ရင်တောင် လွန်ရောကျွံရော ကုန်မှ နှစ်ရာ့ငါးဆယ် ။ အဲ့တော့ ကိုယ်နဲ့ နီးစပ်ရာထဲက ဘယ်သူသွားနိုင်မှာလဲ ။ ဈေးချိုဘက်သွားတိုင်း အဲ့တည်းခိုခန်း မော့ကြည့်ပြီး ပြန်ပြန်လာရတာပေါ့လေ ။ ဒုတိယနှစ်ယောက်မှ သူရဲကောင်းက ပေါ်လာတယ် ။ နေဝန်းနီ တို့ မြို့က ဆယ်တန်းအောင်လာတဲ့ “ဘကြီးအောင်” ပါ ။ ဆယ်တန်းကို ဆယ့်တစ်နှစ်မြောက်ဖြေပြီး အောင်လာတာ ဆိုတော့ နေဝန်းနီ တို့ထက် ဆယ့်လေးငါးနှစ်ကြီးတယ် ။ ဆယ်တန်း မအောင်သေးဘဲ ဆယ်တန်းကို ကျူရှင်ပြခဲ့တာ သူတစ်ယောက်ပဲ ရှိလိမ့်မယ်ထင်ရဲ ့ ။ သူကလည်း ဂျင်ဝိုင်း သွားချင်လို့ အဖော်မရှ်ိတုန်း နေဝန်းနီ နဲ့ တွေ့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ပေါ့လေ ။ သွားမယ်လိုက်မလား ဆိုတော့ ဘယ်နှစ်ခါ အခေါ်ခံမလဲ ။ သွားကြတာပေါ့ ။ (တည်းခိုခန်းပေါ်ကို ဈေးချို တိုက်တန်း အရှေ့ဘက် လမ်းကြားလေးကနေတက်သွားရတာတော့မှတ်မိရဲ့ ။ နောက်ပိုင်းပြန်ပြင်ထားတာ ပြောင်းလဲသွားတာတွေနဲ့ တိတိကျကျတော့ မမှတ်မိတော့ဘူး ။ ) ဂျင်ဝိုင်းဆိုတာ စာအုပ်တွေထဲမှာသာ ဖတ်ဖူးတာ ။ အပြင်မှာအထူးအဆန်းကိုး ။ အဆောင်ဖဲဝိုင်းလို ဆူညံမနေပါဘူး ။ သူ့စိတ်ကူးနဲ့သူ ။ တစ်ချက်တစ်ချက် ဂျင်သီးကျသံကလွဲလို့ အသံသိပ်မကြား ။ ညာဘက်ထိပ်က လူက ကပ်ပြားတစ်ချပ်ကိုင်ပြီး ဘော့ပင် တစ်ချောင်းနဲ ့ ဇယားမှတ်သတဲ့ ။ ကျန်တော်တွေ့တာတော့ ×+ဝ ÷ လို့ထင်တာပဲ ။ ခုခေါတ် နှစ်လုံး သုံးလုံး ကင်န်လင်ဒါ သဘောပေါ့ ။ ဇယားမှာလည်း အကောင်တွေရေးမထား ။ အဲ့မှာ အနီ နဲ့အနက် ဆိုတာလောက်ပဲ သိလိုက်တယ် ။ ကြက်နဲ့ မြွေ ကအနီ ဖားနဲ့ဝက် က အနက် ။ နီတစ်ခါ နက်တစ်လှည့် (ကြက်)တွန်(ဝက်)ကုန်း (ဖား)ကားကား ရယ်နဲ့ မြွေကျတော့ လျော တဲ့ဗျား ။
နေဝန်းနီ
8:50 PM
2016 Mar 31
16 comments
kai
April 1, 2016 at 4:22 pm
လပ်စ်ဗေးဂတ်စ်ပို့လိုက်ရင်တော့.. မွဲမှာပဲ..။
တချို့ဗမာတွေများ.. အကုန်ပြုတ်..။
အသိသာကြီးဗျာ… ။ လောင်းကစားလုပ်ပြီး သူဌေးဖြစ်မယ့်သူဆိုလို့.. ဒိုင်ပဲရှိမယ်..။
အဲဒါကြောင့်… LV သွားရင်.. သဲကန္တာရအလယ်မှာ ချွန်ထွက်နေတဲ့မြို့ကြီးများ လှမ်းမြင်လိုက်ရရင်.. အင်း.. ငါတို့တော့.. အဲဒီမြို့ကြီးမီးတွေလင်း.. တိုက်ကြီးတွေမြင့်ဖို့.. အလှူလုပ်လိုက်ဦးမယ်တွေးတာလေ..။
ဆိုတော့…
အားမပေးရေးချ…မပေး..။ :k:
kai
April 19, 2016 at 5:10 am
ကိုရင်နေ လို့ ကျုပ်ကခေါ်တဲ့.. ကဗျာဆရာ နေဝန်းနီ.. ဧပြီလ ၁ရ ၂၀၁၆ က ကွယ်လွန်သွားပါပြီ..။
သူက ဇူလိုင်လ ၂ရ ရက် ၂၀၁ဝ က ရွာထဲစရောက်ခဲ့ပြီး.. ပို့စ်ပေါင်း ၄၃၉ ခုတင်ခဲ့သူပါ…။
မြန်မာပြည်ထဲက စာစောင်ဂျာနယ်မဂ္ဂဇင်းတွေမှာ ကဗျာတွေရေးလေ့ရှိတဲ့သူက… မြန်မာ့ဂဇက်မှာလည်းသူ့ကဗျာတချို့ ပုံနှိပ်သတင်းစာမှာ ပုံနှိပ်ဖေါ်ပြဖူးတာမို့… “မြန်မာ့ဂဇက်ရဲ့ ကဗျာဆရာနေဝန်းနီ” ရယ်လို့ဂုဏ်ပြုဖေါ်ပြလိုက်ပါတယ်…။
ဒီအပေါ်က ပို့စ်က.. သူ့ရဲ့နောက်ဆုံး ရွာထဲတင်ခဲ့တဲ့စာ…။
ဆိုတော့…
သူ့အမှတ်တရ ဘာလုပ်ပေးနိုင်ကြမလဲဟင်…။
သူ့အသုဘရှုစာမှာ ကူပန့်ခြင်းသီးခံပါဆိုတာ…. အကူငွေလက်မခံတဲ့သဘောလား…။
nozomi
April 19, 2016 at 9:50 am
ရွာ/သားတွေ လဲ ဘယ်နေ့မှန်း မသိပေမဲ့ တနေ့တော့ သူ့နောက်လိုက်ကြရဦးမှာပါ
သေမှ ကူဘို့စဉ်းစားတာထက် မသေခင် (ကူညီသင့်/ကူညီနိုင်တဲ့) လူမှုရေး ကျန်းမာရေး အခက်အခဲတွေကို
အကြံဉာဏ်ပေး ကူညီပေးနိုင်ကြရင် ပိုကောင်းမယ် ထင်တယ်
လူ ငွေ အကြံဉာဏ် ကိုယ်နိုင်တာ ကိုယ်စိုက်ပေါ့
သဂျီးမင်းတော့ ကိုနီ့အပေါ် ပွိုင့်ကြွေးကျန်သွားပြီ ???
kai
April 19, 2016 at 10:28 am
ကိုနေက.. ပွိုင့်တသိန်းပြည့်သွားတာ.. မနှစ်က…။ တခါတော့ ထုတ်ပြီးသွားပြီလေ..။
ပွိုင့်ကြွေးတော့ သိပ်မကျန်လောက်…။
အဲဒါလေးကို လုပ်ဖို့စိတ်ဝင်စားပါတယ်…။
ဘာကို ဘယ်လိုလုပ်ချင်သလဲ.. တွေးကြပါဦး..။
ဖြစ်ချင်တာကတော့…
ရွာအနေနဲ့ လစဉ်စုဆောင်းငွေတခုထားပြီး. အခက်အခဲတွေ့သူတွေကို.. ကူနိုင်တဲ့ NPO သဘော.. ပရဟိတ.. အလုပ်လုပ်ချင်တာပါပဲ…။
အဆင်ပြေရင်…ပြေသလို.. စုပြီး ခရီးသွား ရံပုံငွေရှာတာမျိုးလည်း လုပ်ချင်မိတယ်….။
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
April 19, 2016 at 12:16 pm
အဘနို ရဲ့
စိတ်ကူးလေး ထောက်ခံပါတယ် အကြံထုတ်ကြပါ
စကားစပ်တုန်း
ဘနီက မဆုံးခင် ကျနော့ကို အီးမေးလ် ပို့ခဲ့သေးတယ်
တကယ်လို့ သူမရှိခဲ့ရင် သူ့ပွို့င့်တွေကို
ကျနော့ကို လွှဲခဲ့ချင်တယ်တဲ့
အဲတာ ဘနီဆန္ဒလေး ပြည့်အောင် ဖြည့်ပေးစေလိုပါတယ်သဂျီးရယ်
koyinmaung
April 19, 2016 at 6:33 pm
သဂျီးပြောတဲ့ ပရဟိတ လုပ်ဖြစ်ရင် ပြောပါ ပါဝင်ချင်ပါတယ်
nozomi
April 19, 2016 at 9:41 pm
ပရဟိတ လုပ်ဖြစ်ရင် တတ်နိုင်တာ ပါဝင်ပါ့မယ်
ကထူးဆန်း
April 19, 2016 at 9:11 am
RIP.. စိတ်မကောင်းလိုက်တာ ..
အခု သူတင်ထားတာဖတ်နေတာ ..ဆက်ရေးပါဦးတောင်ပြောမလို့ …
ကူပန့်ခြင်း လက်မခံ ပါဆိုတာ ဟုတ်ပါတယ် အကူငွေ လက်မခံတာပါ..
လုံမလေးမွန်မွန်
April 19, 2016 at 12:00 pm
Virtual World တစ်ခုထဲမှာ လူတစ်ယောက်ပေါ်လာပြီး ပျောက်သွားတယ်…
အိပ်မက်လိုပဲ…
Real World ကပါ ကွယ်ပျောက်သွားတယ်ဆိုတာ လက်ခံဖို့ ခက်နေတယ်..
စိတ်ထဲမှာ ရှိနေတယ် ထင်နေတုန်းပဲ.. 😥
Ma Ma
April 19, 2016 at 5:00 pm
ဒီနှစ် မြန်မာနှစ်သစ်ကူးမှာ ပထမဦးဆုံးကြားရတဲ့ စိတ်မကောင်းစရာသတင်းပဲ။ :e:
ကိုယ့်ထက်ရွာသက်ကြာတဲ့ စီနီယာတစ်ယောက်ဖြစ်သလို
ပရင်းတင်းမီဒီယာကိုလည်း ဝင်ဆန့်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ပါးလည်း ဖြစ်တယ်။
မန့်ခဲ့ ခင်ခဲ့ကြရတဲ့သူတစ်ယောက်လည်း ဖြစ်တာမို့ တကယ်ပဲ စိတ်မကောင်းမိဘူး။ :e:
koyinmaung
April 19, 2016 at 6:47 pm
လောင်းကစားနဲ့ နေဝန်းနီ( ၁ )ကို ဖတ်နေရတာကိုဘဲ စိတ်ထဲမှာ လွမ်းဆွတ်သတိရနေမိပါရဲ့ လောင်းကစားနဲ့နေဝန်းနီ( ၂ )မလာနိုင်တော့မှန်းသိနေပေမဲ့ တမ်းတနေမိတာလဲ အမှန်ပါ ..ကောင်းရာဘုံဘဝရောက်ရှိနိုင်ပါစေ …..
Wow
April 19, 2016 at 9:28 pm
😥
အရင်ကကျော်စွာဦးကြီးမိုက်
April 20, 2016 at 12:37 pm
တကယ့်စာပေအနုပညာသမားပါဗျာ
သူ့အတွေးတွေကခေတ်မီသဗျ
ကူပံ့ခြင်းသည်းခံပါဆိုတာ
သူမသေခင် မှာခဲ့တဲ့စကားဖြစ်မှာသေခြာတယ်
သူ့မိသားစုဟာလူချမ်းသာဟုတ်ပုံမရပါဘူး
ဒါပေမဲ့ ကူငွေလက်မခံဆိုကတည်းက
မသေမီကူညီနိုင်သလောက်ကူညီကြပါလို့
ပြောခဲ့တဲ့သဘောပဲ
ဒီတော့ ရွာသူသားတစ်ယောက်
ကျန်းမာရေးမကောင်းဖြစ်နေချိန်မှာ
တစ်စုံတစ်ရာအကူအညီပေးနိုင်အောင်
ရံပုံငွေတစ်ခုထူထောင်ထားသင့်ပါတယ်
ဘယ်သူဦးဆောင်သည်ဖြစ်စေ
ပါဝင်ပါတ်သက်ပါ့မယ်
ချစ်ခင်လေးစားရပါသောကိုနေဝန်းနီ
ကောင်းရာဘဝတစ်ခုကိုရမှာလို့ယုံကြည်ပါကြောင်း
Thint Aye Yeik
April 20, 2016 at 4:31 pm
ဘဏ်တစ်ခုခုမှာ မြန်မာ့ဂဇက် အမည်နဲ့ bank acc တစ်ခု ဖွင့်။
စာရွက်စာတမ်းဖြစ်စေ ATM card ဖြစ်စေကို ရွာလူကြီး တစ်ယောက်ယောက်က ကိုင်ထားပေး။
ကျန်တဲ့ ရွာသူားတွေက တစ်လတစ်ခါလောက် အဲ့အကောင့်နံပါတ်ထဲကို ငွေ တစ်ထောင်ကနေအထက် ပုံမှန် ထည့်သွားကြပြီး တဖြည်းဖြည်း ရံပုံငွေကို ပွါးလာအောင်စုထား။
ရွာထဲ သာရေး/နာရေးတွေ ရှိလာရင် အဲ့ထဲကနေ (ကူသင့်တဲ့နည်းလမ်း ထုတ်ပြီး)ကူ။
အဲ့လို လုပ်ရင်လည်း ရတာပဲ။
ရွာတွေမှာ သာရေးနာရေး ရှိရင် ဝိုင်းဝန်း ကူကြတဲ့ ကာလသားအဖွဲ့ဆိုတာတွေက အခုထိ ရှိနေတာပဲ။
ရွာ့ကာလသား/သမီး တွေကတော့ လူအားနဲ့ ဝိုင်းကြ ဝန်းကြတာများပါတယ်။
ဂဇက်ရွာသူားတွေကတော့ အားလုံးကိုယ်စီ အလုပ်တွေ ရှုပ်နေကြတာမို့ လူအား မဟုတ်ဘဲ ငွေအားနဲ့ ကူကြပေါ့။
မကောင်းဘူးလား။
kai
April 20, 2016 at 5:45 pm
ကောင်းတာပေါ့..။
ကျုပ်ကိုယ်တိုင်.. အယ်လ်အေမှာ ရံပုံငွေရှာခဲ့တဲ့နည်းတွေက…
.. သင်္ကြန်ပွဲလုပ်တယ်..။ အလှူငွေတွေကို လုပ်ငန်းရှင်တွေဆီမှာ လိုက်ကောက်တယ်..။ ပွဲကိုနေရာငှားကြီးကြပ်လုပ်တယ်..။ ဆိုင်ခန်းတွေကို အငှားချတယ်..။ အဲဒီလိုနဲ့ ..အခုလုပ်နေတဲ့.. လူငါးထောင်လောက်လာတဲ့ သင်္ကြန်ပွဲကြီးဖြစ်လာတာပါ…။
ခရီးသွားဖို့ ခရီးစဉ်စီစဉ်တယ်..။ ခရီးသည်တွေရှာတယ်..။ ခရီးသွားစရိပ်ကောက်တယ်..။
လုပ်အားကနေ.. ရံပုံငွေရတဲ့နည်းတွေပေါ့…။
မြန်မာပြည်မယ်.. ခပ်ဆင်ဆင်တွေလုပ်လို့ရပါတယ်…။
kotun winlatt
April 21, 2016 at 10:59 am
ရွာနဲ့ရော facebookနဲ့ပါ အဆက်ပြတ်နေတဲ့ ကျနော့်အတွက် ကြားရတဲ့ သတင်းကို မယုံနိုင်ဘူးဖြစ်နေတယ် . . . ကိုနေဝန်းနီဆိုတာ ရွာကိုမရောက်ခင် multiply ဆိုတဲ့ website ကြီးမှာ စတင်ပြီး ခင်မင်ခဲ့ရတဲ့သူ . . . သူ့ကဗျာတွေကို ဖတ်ပြီး ကဗျာတွေရေးဖို့ကြိုးစားခဲ့ဘူးတယ် . . . multiply website ကြီးပျက်တော့ ရွာထဲကိုရောက်အောင် ကိုနေဝန်းနီက ကျနော့်ကို လက်တွဲခေါ်ပေးခဲ့တဲ့သူ . . . social network မထွန်းကားမီ gtalk မှာ ကဗျာအကြောင်း စာအကြောင်းတွေ ခဏ ခဏ ဆွေးနွေးဖြစ်တဲ့သူ . . . ကျနော် စနောက်သမျှကို သည်းခံပေးတတ်သူ . . . သူနေမကောင်းဖြစ်လို့ ဆေးစာပြပြီး ဘာသာပြန်ခိုင်းတုန်းကလည်း စနောက်မိသေးတာ . . . ဒီလို အပြင်မှာ မမြင်ဘူး မတွေ့ဘူးကြပေမဲ့ ညီရင်းအစ်ကိုလို ခင်မင်နေရသူတစ်ယောက် လောကကြီးထဲကနေ အပြီးအပိုင်ထွက်ခွာသွားခဲ့ပြီဆိုတော့ . . . ဝမ်းနည်းရတယ် စိတ်မကောင်းဖြစ်ရတယ် . . . သွားနှင့်ဦး ကိုနေဝန်းနီရေ . . . သံသရာတစ်ကွေ့မှာ ပြန်ဆုံကြဦးမယ်ဆိုရင် ကျနော်တို့ ချစ်တဲ့ မြတ်နိုးတဲ့ ကဗျာတွေ စာတွေအကြောင်းဆက်ဆွေးနွေးကြသေးတာပေါ့ဗျာ . . .