Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အလိမ်ခံရတဲ့နေ့

Tawwin PanMay 2, 20161min53813

အိမ်မှာ အဖေက အမြဲပြောပါတယ်…ငါ့သမီး “မအ” နဲ့တဲ့….အဲလိုပြောနေဆုံးမနေတဲ့ကြားထဲက တုံးလွန်းတဲ့သူမ အလိမ်ခံရဖူးပါတယ်..

အိမ်ကိုတော့ ပြန်မပြောရဲပါဘူး……ပြောလိုက်ရင် အပြင်ထွက်ခွင့် ပါမစ်ပိတ်သွားမှာစိုးလို့ရယ်……

တက္ကသိုလ်ပထမနှစ်တက်တုန်းဆိုတော့ ၂၀၀၂ ခုနှစ်လောက်ဖြစ်မယ်ထင်ပါတယ်။ အဲဒီနေ့က အမေခိုင်းလို့ မင်္ဂလာဒုံဈေးထဲသွားပြီး…လုပ်ငန်းရစရာငွေတွေယူပြီး အိမ်ကိုပြန်လာတဲ့အချိန်ဖြစ်တာပါ။ အရင်နေ့တွေတုန်းကလည်း ဒီလိုပဲ သွားလိုက် လာလိုက်လုပ်နေကျပါပဲ……သူမအကျင့်ကလည်း ပိုက်ဆံအိတ်မကိုင်တတ်တော့ ဆိုင်ကပေးလိုက်တဲ့ ပိုက်ဆံ ၃သောင်းကို ကြွတ်ကြွတ်အိပ်လေးထဲထည့်ပြီး လက်ထဲလုံးပြီးကိုင်လာတာပါ။ သံလမ်းထိပ်ရောက်တော့ ဆံပင်တွေဝယ်တဲ့အစ်မကြီးက (သူ့ကိုလည်း ရပ်ကွက်ထဲလာတိုင်း မြင်ဖူးပါတယ်) သူမကို လက်တို့ပြီး “ညီမလေးရေ အစ်မ ပိုက်ဆံလဲချင်လို့ …ထောင်တန်တွေပါသလား ” ဆိုပြီး မေးပါတယ်။ သူမကလည်း “ထောင်တန်တော့ မပါဘူး အစ်မရေ…အကြွေတွေပဲပါတယ်” ဆိုပြီး ပြန်ပြောမိပါတယ်……”အဲဒါဆိုရင်လည်း အကြွေလဲပေးပါတဲ့”… အဲဒီအစ်မကြီးက ဘယ်လိုကြီးလဲလို့ပေ့ါ.မေးတော့ထောင်တန်ပါလားဆိုပြီး အကြွေပဲရှိတယ်ဆိုတော့ အကြွေလဲမယ်ဖြစ်သွားတယ်ဆိုပြီး သူမစိတ်ထဲမှာတွေးနေမိပါသေးတယ်….သူတို့လည်း အရောင်းအဝယ်လုပ်နေတော့ အကြွေလိုနေမှာပဲလေ ဆိုပြီး လဲပေးမယ်ဆိုပြီး ပြောလိုက်မိပါတယ်။ နေ့လည် နေပူပူဆိုတော့ ဆိုက်ကားဂိတ်နားက အရိပ်ရတဲ့အပင်အောက်မှာ ထိုင်ရင်း အကြွေလဲပေးဖို့ လုပ်ပါတော့တယ်။ သူ့ဆီကထောင်တန်တွေကိုရေရင်း တစ်သောင်းပြည့်ရင် တစ်သောင်းအုပ်ဆိုပြီး တစ်အုပ်လုပ်ပါတယ်။ အဲဒီအချိန်မှာ အဲ့ဒီအစ်မကြီးက သူမရေထားတဲ့ ထောင်တန်အုပ်ကို ပြန်ဖြည်ပြီး ပြန်ရေပြန်ရော……စိတ်ထဲ တစ်မျိုးကြီးဖြစ်နေပြီး ထူးဆန်းနေတယ်လို့ ထင်နေပေမယ့် နေပူလို့နေမှာပါဆိုပြီး .. ဆက်ရေနေမိပါတယ်…သူမက အရွက်ရေလိုက် သူက ပြန်ရောလိုက်နဲ့ အချိန်တော်တေ်ကြာမှ ပိုက်ဆံလဲတဲ့ကိစ္စပြီးပါတော့တယ်။ လဲလိုက်တဲ့ပိုက်ဆံတွေယူပြီး နှစ်ယောက်သားလမ်းခွဲအပြီးမှာ စိတ်ထဲ မသင်္ကာတာနဲ့ ပိုက်ဆံပြန်စစ်လိုက်တဲ့အချိန်မှာ တစ်သောင်းကွာနေပါတယ်။ အဲဒီအစ်မကြီးကို ပြန်လိုက်ရှာပေမယ့်လည်း မတွေ့တော့ပါဘူး………..

တို့ဆေးသုံးလားမသုံးလားဆိုတာတော့ မပြောတတ်ပါဘူး….လူကတော့ ထုံထိုင်းထိုင်းဖြစ်နေတာတော့ သေချာပါတယ်…မူမမှန်တဲ့အခြေအနေကို သတိထားမိပေမယ့်လည်း .နေခြစ်ခြစ်တောက်ပူနေတဲ့အချိန်ဖြစ်တာကတကြောင်း…..သူမကလည်း ပိုက်ဆံမကိုင်တတ်တဲ့အပြင် ညံ့လွန်းလို့ အလိမ်ခံရတယ်ဆိုတာတော့ သေချာပါတယ်….

 

13 comments

  • kai

    May 3, 2016 at 1:33 am

    တို့ဆေးဆိုတာ …တကယ်ရှိလားသိချင်မိသား..

  • ခင်ဇော်

    May 3, 2016 at 6:37 am

    နာ ဆို ခုထိ
    ပိုက်ဆံ အများကြီးး မကိုင်နိုင်, မရေနိုင်
    စိတ်တွက်လည်းး မချက်ချာ ဘူးးရယ်..

    ဒီ တသက် ကုန်သည် မဖြစ်တော့ဘူး ထင်ရဲ့..
    :a:

    • Tawwin Pan

      May 3, 2016 at 9:37 am

      ဟုတ်ပ! အတွက်အချက်ကတော့ ညံ့သလားမမေးနဲ့…
      အခုချိန်ထိ ပိုက်ဆံမကိုင်တတ်သေးဘူး…….အများဆုံးကိုင်ဖူး တစ်သောင်းပဲ………ဟိဟိ
      အဲဒီတစ်သောင်းတောင် သုံးပြီးသွားရင် ဘယ်လောက်ကျန်လဲဆိုတာ ခဏခဏ ရေလိုက်သိမ်းလိုက်လုပ်နေရတာ……..
      စီးပွားရေးလုပ်စားဖို့တော့မမြင်

  • ဦးဦးပါလေရာ

    May 3, 2016 at 10:35 am

    တို့ဆေးဆိုတာ တကယ်မရှိလောက်ဘူးလို့ အရင်က ထင်ထားမိတယ်..
    အခုနောက်ပိုင်းတော့ တကယ်ရှိတယ်လို့ ယုံချင်လာတယ်..
    ဖြစ်နိုင်တာက အင်မတန်ပြင်းထန်တဲ့ အာရုံကြောထိခိုက်စေတဲ့ ဓါတုပစ္စည်းမျိုးဖြစ်မယ်ထင်တာပဲ..

    ဒီလိုမျိုးအလိမ်ခံရတာဟာ ကိုယ်အတွက်အချက်ညံ့တာနဲ့တော့ မဆိုင်ဘူး
    လက်လှည့်နည်းနဲ့လိမ်တာ
    အရင် ဘားလမ်းတဝိုက် ငွေလဲတဲ့သူတွေ အသုံးများတဲ့နည်းပေါ့..

    • ယမကာကျော်စွာ အူးမြောက်မြောက်

      May 3, 2016 at 12:51 pm

      တားကို သင်ဘေး. တားကိုသင်ဘေး

  • Yae Myae Tha Ninn

    May 3, 2016 at 5:12 pm

    ဘုရင့်နောင် ပွဲရုံနားမယ် ခံခဲ့ရဖူးတယ်… ဖဲသုံးချပ်ပါ… စ ကတော့ စပ်စုတာပေါ့… အဲမှာ လာညီလေး အကို ပြမယ်ဆိုတော့ .. နိုး ပိုက်ဆံမရှိဘူး… မလိုဘူးလာကြည့်ဆိုပြီး ကြည့်လိုက်တာ… လက်က လက်စွပ်ပါသွားတယ်… ဟီး… အဲနားရောက်တော့ သူတို့ပြောသမျှ လုပ်ပေးနေရသလိုပဲ… အသိစိတ်တော့ ရှိတယ်… ဒါပေမဲ့ ငြင်းမရဘူး… ဟွင်းဟွင်း .. ဘယ်ရမလဲ နောက်မှ လူစုပြီး ပြန်သွားရိုက်ပြိုက်တာပေါ့… တန်ပါတယ်… 🙂

    • Tawwin Pan

      May 3, 2016 at 5:18 pm

      အမျိုးတစ်ယောက်ဆိုလည်း ကုန်ပစ္စည်းလေးတွေရောင်းဖို့အတွက် လာပြသလိုလိုနဲ့ လက်ဝတ်လက်စားတွေပါသွားဖူးတယ် ကြားတယ်…….

  • Ma Ma

    May 3, 2016 at 9:26 pm

    တို့ဆေးတော့ မကြုံဖူးလို့ မရှိဘူးလို့ပဲ ထင်တယ်။
    ကြုံဖူးတာတော့ ငွေလဲချင်တယ်ပြောပြီး လက်လှည့်တဲ့နည်းနဲ့ ငွေလိမ်တာပဲ။

    ကိုယ်ကအလုပ်ရှုပ်နေချိန်မျိုးကို အခွင့်ကောင်း ယူပြီး လိမ်သွားတာ ကြုံဖူးသလို
    ရှင်းရှင်းလင်းလင်းကြီးမှာ လက်လှည့်သွားတာလည်း ကြုံဖူးတယ်။ :e:

  • ပျင်းတကာ့ ထိပ်ခေါင်တင်

    May 4, 2016 at 9:01 am

    စိတ်ညှို့လတ်တာနေမှာ 🙂

  • uncle gyi

    May 7, 2016 at 4:01 pm

    အားနာတတ်သူကိုလိမ်ဖို့အလွယ်ဆုံး
    အဲတော့အားမနာပါနဲ့
    ငြင်းပါ

  • Thint Aye Yeik

    May 9, 2016 at 11:49 am

    ဘားလမ်းမှာ ဒေါ်လာတွေနဲ့ ဗမာငွေကို လဲနေကြသူတွေရဲ့ လိမ်ကွက်တစ်ခု ကိုယ်တိုင်မြင်ဖူးတယ်။

    အဲ့တုန်းက ဒေါ်လာ ငါးဆယ် ရောင်းတာ…
    .မြန်မာငွေနဲ့ ခြောက်သောင်းကျော်ကို တွက်ပြီး ကျနော့်ကို ပေးတာ…
    ကျနော့်ကို ရော့ ရေကြည့်လို့ မပေးပဲနဲ့… မင်းရှေ့မှာပဲ ရေပြမယ်နော်ဆိုပြီး..တစ်ရွက်ချင်း ရေပြတယ်…
    အိုကေ… ။ အမြင်အရတော့ ပြည့်တယ်။
    .ရော့…ဆိုပြီး..လက်ထဲ ထိုးထည့်ပေးတဲ့အချိန်ကျတော့… သကောင့်သားက….ကျနော့်လက်ထဲ ထည့်မယ့် ပိုက်ဆံအထပ်လိုက်ရဲ့ အောက်ဆုံးက ထောင်တန်ဆယ်ရွက်လောက်ကို လက်ညှိုးနဲ့… အသားလေး ခွဲပြီး
    သူ့လက်ထဲမှာ ခေါက် ယူထားလိုက်တာ..။ လှစ်ခနဲပဲ… မြန်ချက်…။

    ကျနော်ကလည်း..သူတို့ပုံစံတွေက မရိုးသားဘူးလို့ ထင်ထားတာမို့ သေချာ အာရုံစိုက်ပြီးယူတော့…အဲ့လို ခေါက်ယူထားတကို မြင်ဖြစ်အောင် မြင်လိုက်ပြီး…
    အဲ့ဒီ အောက်က ခေါက်ထားတဲ့ပိုက်ဆံက..ဘာလုပ်တာလဲဆိုပြီး ပိတ်အော်လိုက်တယ်။

    .င်္ပြီးတော့… ခင်ဗျားဆီမှာ မရောင်းတော့ဘူးဆိုပြီး… ကိုယ့်ဒေါ်လာ ကိုယ်ဆွဲယူပြီး.. သူ့ဗမာငွေတွေ ပြန်ထိုးထည့်ပေးလိုက်တယ်။ တစ်နပ်စားဉာဏ်နဲ့ လုပ် စား ကြသူတွေမို့…
    (ကိုယ့်လက်ထဲ ပြန်ရောက်လာတဲ့ ဒေါ်လာကိုတောင် သေချာ ပြူ းပြဲ စစ်ကြည့်လိုက်ရသေးတယ်။ သူ့လက်ထဲ ခဏရောက်သွားချိန်မှာ သူ အတုနဲ့အစစ် လဲထားလိုက်မှာလည်း စိုးရတယ်လေ။ )

    အမြီးကျက်အမြီးစား..ခေါင်းကျက်ခေါင်းစား စိတ်ဓါတ်နဲ့ သူများဆီက အချောင်လိုချင်သူတွေဟာ
    ခေါင်းမှာ ဂျိ ု ပါ နေတာမဟုတ်လို့… သတိကြီးကြီး ထားမှ ရယ်…

  • uncle gyi

    May 10, 2016 at 2:41 pm

    ကွ ျန်တော်တို့ဆီကကလေးတွေလဲ
    ခံရပြီးပြီ
    ငွေအကြွေလဲခ ျင်လို့ပါဆိုပြီး
    ၁သိန်းကေ ျာ်ပါသွားတယ်
    အားမနာကြပါနဲ့ငြင်းပါ

  • Tawwin Pan

    May 10, 2016 at 3:15 pm

    ကိုယ်ကစေတနာနဲ့အကြွေလဲပေးရသေး….ပြီးတော့ ကိုယ့်ငွေလည်းပါသေး……….
    မကောင်းလိုက်တာနော်…………..

Leave a Reply