အစွဲ
မနက်စောစော လေထန်ကျောင်းဆရာတော်ဆီက ဖုန်းဝင်လာတယ်။
“ တောတွင်းပျော်၊ မင်းအားရင် ငါ ့ကားကို မောင်းပေးအုံး၊ တဖက်ရွာက လူမမာကို ဆေးရုံပို ့မလို ့”
ဆရာတော်ကျောင်းမှာ ကျောင်းသားကပ္ပိယမရှိ။ ကားမောင်းတတ်တဲ ့ ဦးဇင်းတွေရှိပေမယ် ့ ဝိနည်းနဲ ့
မတော်လို ့ ခုလို အရေးအကြောင်းရှိရင် တောတွင်းပျော်ကို ခေါ်နေကျ။
လူမမာရဲ ့ အခြေအနေ ဘယ်လိုရှိသလဲ ဘုရား ပြန်မေးတော ့
“ သိပ်ဟန်ပုံ မရဘူး”
ဒါနဲ ့ တောတွင်းပျော် ဆရာတော်ကျောင်းကို သွားပြီး ကားကို လိုအပ်တာတွေ စစ်ဆေးလုပ်နေလိုက်တယ်။
သွားရမယ် ့ ခရီးကလည်း ဝေးတာကိုး။ ကား စစ်ဆေးလုပ်နေချိန်မှာပဲ ဆရာတော် တောတွင်းပျော်ဆီ
ရောက်လာပြီး
“ ခုလေးတင်ပဲ ဖုန်းထပ်ဝင်လာတယ်။ လူနာ ဆုံးသွားပြီတဲ ့”
မမြင်ဖူးပေမယ် ့ အသက်ဆုံးသွားတဲ ့ လူနာအတွက် စိတ်ထဲကတော ့ မကောင်း။
အိမ်ပြန်ရောက်တော ့ အမေ ့ကို ဒီအကြောင်း ပြန်ပြောမိတယ်။ အမေက ခု ဆုံးသွားတဲ ့ လူနာကို သိနေတယ်။
ဒီလူနာ ဟိုအရင်က စပ်ဆေးတွေ တော်တော်စားတယ်ဆိုလားပဲ။
ဘာဆေးတွေလည်း တောတွင်းပျော်မသိပေမယ် ့ ဒီဆေးစားရင် အစားအသောက် စားလို ့ကောင်းပြီး
လူလည်းဝသတဲ ့။ နောက်ပြီး အလုပ်ကို မပင်မပန်း တော်တော်လုပ်နိုင်တယ်ဆိုတယ်။
စိတ်ထင်တော ့ မူးယစ်ဆေးတစ်ခုခုနဲ ့များစပ်ထားသလား မသိ။
တောတွင်းပျော်တို ့ဖက်မှာ အမျိုုးသမီးကြီးတစ်ချို ့က ဝ မှ ကျန်းမာတယ်ဆိုတဲ ့ အယူအဆမှားတစ်ခုကို
လက်ခံနေခဲ ့ကြတာ။ ဒါကြောင် ့ ဟိုတုန်းက အမျိုးသမီးကြီးတွေ တော်တော်များများ ဒီစပ်ဆေးကို စားခဲ ့ကြတယ်။
ခုနောက်ပိုင်း ဒီဆေးတွေသုံးတာ မကြားမိတော ့ဘူး။ ဗဟုသုတတွေ ရကုန်လို ့ဖြစ်လိမ် ့မယ်။ ဒါပေမယ် ့
အရင်က စွဲစွဲမြဲမြဲသုံးခဲ ့သူတစ်ချို ့ ( ခုလိုဆုံးပါးသွားတဲ ့) မှာတော ့ ဘေးထွက်ဆိုးကျိုးကို ခံစားနေကြရတယ်။
နောက်ပိုင်း ကိုယ်လက်မအီမသာတွေဖြစ်ကြတော ့ မြို ့ပေါ်က တတ်ကျွမ်းနားလည်တဲ ့ ဆရာဝန်တွေဆီ မပြဘဲ
နီးစပ်ရာ ရွာထဲက ဆေးဆရာတွေဆီ ပြေးကြတော ့တယ်။
ဒီဆရာတွေက ဟိုခေတ် တောတွင်းပျော်တို ့ဒေသ နယ်မြေမငြိမ်းချမ်းခင်အချိန်က မြို ့ပေါ်က ဆရာဝန်တွေ၊
သူနာပြုတွေ မရောက်လာနိုင်ခင် ဒေသစောင် ့ရှောက်နိုင်ဖို ့ ဆေးဝါးသင်တန်းတွေ၊ ရှေးဦးသူနာပြုသင်တန်းတွေ
တက်ခဲ ့သူတွေပါ။
သူတို ့ခေတ် သူတို ့အခါက သူတို ့ဆီ ကုသမှုခံယူခဲ ့တဲ ့ လူနာတွေက (ခုလို ဆုံးပါးခဲ ့သူတွေ)က
သူတို ့ဆရာမှ သူတို ့ ဆရာ ဖြစ်နေကြတော ့တယ်။ ဆရာဝန်ကြီး ပါရဂူကြီးတွေဆီမှာ ပြရမယ် ့အဆင် ့တွေ
မှာတောင်မှ သူတို ့ အစွဲက ဒီဆရာတွေမှာ ရှိနေတုန်း။ နောက်ဆုံး ဒီကဆရာတွေ လက်မနိုင်တဲ ့ အဆင် ့
မြို ့ပေါ်တင်မယ် ့အဆင် ့ဆို ရောဂါက တော်တော်ကျွမ်းတဲ ့ အဆင် ့ရောက်နေပြီ။ ကုသလို ့ ရနိုင်သေးတောင်
အချိန်ယူကုသရမယ် ့ အဆင် ့ရောက်နေပြီ။
ဒီလို အစွဲကြီးတဲ ့ အဖြစ်က ၅ဝကျော် ၆ဝကျော်သက်တန်း လူကြီးတွေမှာ ခုချိန်ထိ ရှိနေကြတုန်း။
တလောလေးက တောတွင်းပျော်တို ့ရွာနဲ ့ ရွာချင်းစပ်ရွာက လူနာတစ်ယောက် ကိုယ်တွေ ဖောယောင်ပြီး
ဆီးမသွားနိုင် ဝမ်းမသွားနိုင်ဖြစ်နေတယ်။
ဒီသတင်းကြားတော ့ လေထန်ကျောင်းဆရာတော်က တောတွင်းပျော်ကို ကားမောင်းပို ့ဖို ့ အသင် ့ပြင်ထားခိုင်းတယ်။ ခက်တာက ဒီလူနာက သူ ့ကို ကုပေးနေတဲ ့ ဆရာပါလိုက်မှ ဆေးရုံတက်မယ်
ဆိုပြီးတင်းခံနေတယ်။ သူ ့ဆရာသမားဆီက တုံ ့ပြန်တဲ ့ အရိပ်အယောင် ဘာမှမရ။
ဒီ စိတ်မချမ်းသာစရာ အဖြစ်မမြင်နိုင်တဲ ့ လေထန်ကျောင်းဆရာတော်က အဲဒီရွာက ရွာသားတွေ
လေးစားရတဲ ့ ကျောင်းထိုင်ဆရာတော်ကို ဖုန်းဆက်ပြီး လူနာကို ဆေးရုံတက်ဖို ့ တွန်းအားပေးခိုင်းတာ
အဲဒီရွာက ဆရာတော်က
“ ငါပြောတာလည်း နားမဝင်ဘူး။ သူ ့ဆရာမှ သူ ့ဆရာဖြစ်နေတာ” တဲ ့။
နောက် ၂ ရက်အကြာမှာ ဒီလူနာ ဆုံးပါးသွားတယ်။
သားသမီးတွေ အတန်းပညာမြို ့ကျောင်းတွေမှာတက် အတွေးအမြင်တွေ ပြောင်းလဲနေကြပြီ။
တချို ့ဆို ဘွဲ ့ရ ပညာတတ်တွေဖြစ်ပြီး အစိုးဝန်ထမ်းတွေတောင် ဖြစ်နေကြပြီ။ ဒါပေမယ် ့ မိဘတွေရဲ ့
ရှေးရိုးစွဲ တွေကို နားမချနိုင်ကြသေး။ အသက်ဆုံးပါးတဲ ့ အချိန်ထိတောင် သူတို ့အစွဲတွေ ခေါင်းမာမာနဲ ့
ဖက်တွယ်နေသေးတဲ ့ လူကြီးတွေရှိနေကြတုန်း။
မကြာသေးခင်ကပဲ ရွာက အသက် ၈ဝ နီးပါးရှိတဲ ့ လူကြီးတစ်ယောက်ကို ပုဂ္ဂလိကဆေးခန်းတစ်ခု ပို ့လိုက်ရသေးတယ်။
သူကတော ့ သန်သန်မာမာကြီးပါ။ မဖြစ်မနေ ခွဲစိပ်မှုတစ်ခုလုပ်ရမှာမို ့ ဆေးရုံတင်ရတာပါ။ ဆေးခန်းမှာ
ခွဲစိပ်ပြီး အနာကျက်စိတ်ချရတဲ ့အထိ ရ ရက်လောက်နေခိုင်းတာ အိမ်ပြန်မယ်ချည်း တဂျီဂျီဖြစ်နေလို ့
၃ ရက်လောက်နဲ ့ အိမ်ကိုပြန်ရောက်လာတယ်။ ဆေးခန်းက တစ်ပတ်ပြည် ့ရင် မဖြစ်မနေပြန်ပြဖို ့ မှာလိုက်တာကို သူက ရွာပြန်ရောက်ရောက်ချင်း သူ ့ဆရာသမားကို ပင် ့လိုက်တော ့တာပဲ။
သူ ့ကျန်းမာရေးအတွက် စိတ်ပူနေတဲ ့ သားသမီးတွေ မြေးတွေ အကုန်လုံး တဗြစ်တောက်တောက်
ဖြစ်ကုန်တော ့တယ်။
ရွာက ဆရာကလည်း သူ ့နယ်ပယ် သူ၊ သူ ့အင်ပါယာနဲ ့ သူ ့ ဩဇာကလည်း ကြီးပါ ့။ သူကုနေကျ
လူနာတွေ တခြားမှာ သွားမကုရဲ။ သွားကုမိလို ့ သူ ့အပြောခံရလို ့ကတော ့ သူ ့ဖောက်သည်ဟောင်း
လူနာတွေက တော်တော်ကြောက်နေကြရှာတာ။ သူ ့ဖောက်သည်တွေက သူ ့ခေတ် သူ ့အခါက
လူနာတွေချည်း။ နောက်ပေါက် လူနာတွေကတော ့ သူ ့ဆီကို မသွားကြပါ။
သူ ့ဖောက်သည်ဟောင်း လူနာတွေကလည်း ကုတာချင်းအတူတူ သူတို ့ဆရာကုတာမှ ပိုကောင်းတယ် ဆိုပဲ။
ဪ … အစွဲတွေ။
19 comments
Yae Myae Tha Ninn
May 5, 2016 at 5:13 pm
အစွဲဆိုမှ စပ်ရင်တော်တဲ့ အစ်မတယောက် သတိရမိတယ်… ခြေထောက်မှာ အဖုဖြစ်တော့ စမ်းတာ ကင်ဆာဆိုပြီး သိရတယ်… ခွဲမှရမှာကို ပေပြီး ကျွန်တော်တို့ မြိတ်ကပဲ ကန်းဇော်ဆီကို ခြေထောက်ထဲ ထိုးတယ် ခင်ဗျာ… အိမ်မှာနေပြီးကုတာဆိုတော့ မြင်နေရတာပေါ့ဗျာ… လာကုတဲ့ ဆရာက ပြောမကောင်းပါဘူး လေးစားချင်စရာ ရုပ်၊ ဟိတ်ဟန် ရှိပါဘူး… စိတ်ထဲလဲ $ပိုတွေ ပိုက်ဆံလိမ်ယူတယ်လို့ပဲ ထင်နေတယ်… တကယ်လဲ ဟုတ်တယ်… ၃လလောက်ကုပြီး မြိတ်ပြန်တယ်… ပြီးတော့ ပြန်လာတယ်… နောက်ဆုံးခွဲရတာပဲ… ဒါပေမဲ့ လွန်သွားပြီလေ… ခြေတဖက်လဲ ဆုံးသွားတယ်… ပြီးတော့ မကြာဘူး.. ရှောပါ ရှောသွားတယ်…. ကန်းဇော်ဆီကို နတ်ဆေးဆိုပြီး ယုံတာလေ… ဒါလဲ အစွဲတခုပဲဗျ…
တောတွင်းပျော်
May 6, 2016 at 8:35 pm
ဒါတွေကို မြင်ရတော ့ ကိုယ် ့မှာ
ဘေးကနေ
အားမလို အားမရ
မချင် ့မရဲနဲ ့
တကယ် ရင်မောရတယ်။
ယမကာကျော်စွာ အူးမြောက်မြောက်
May 6, 2016 at 2:21 pm
ကျော်လဲ ဘီအီးစွဲနေဒါ ဘိုလုပ်ရပါ့ 🙄
တောတွင်းပျော်
May 6, 2016 at 8:37 pm
ကျနော်ရွာက ဆရာဆီ လာဖြတ်လေ..
အူးမြောကိမြောက် 😀
kai
May 7, 2016 at 11:12 am
ပညာရေးပေါ့….
လူတိုင်းမသင်မနေရ.. အလယ်တန်းလောက်အထိတော့ လုပ်ရမယ်…လို့..။
ဒါမှမဟုတ်လို့ကတော့… အသက်တွေအသက်တွေဆိုတာ… တဖြုတ်ဖြုတ်…။
တိုင်းပြည်ကုန်ထုတ်နိုင်စွမ်းလျှော့ပါတယ်..။ တိုင်းပြည်နာပါတယ်..။ :buu:
တောတွင်းပျော်
May 7, 2016 at 8:15 pm
သူတို ့ ခေတ်တုန်းက တိုက်ပွဲတွေနဲ ့ မငြိမ်ခဲ ့တော ့
စာသင်ကျောင်းတွေက မရှိ။
စာရေးတတ် ဖတ်တတ်သူတွေ မရှိသလောက်ပဲ။
နည်းနည်းရေးတတ် ဖတ်တတ်တဲ ့သူတွေက ဘုန်းကြီးကျောင်း နေခဲ ့တဲ ့ သူတွေ
လောက်ပဲ။
uncle gyi
May 7, 2016 at 3:57 pm
မ ျက်စိပိတ်နားပိတ်
အသိပိတ်လေသောအခါ
တောတွင်းပျော်
May 7, 2016 at 8:18 pm
စိတ်မကောင်းစရာတွေပေါ ့
ခင်ဇော်
May 8, 2016 at 6:49 pm
အစွဲ က အစလုပ်ဖို့ သာ လွယ်တာာာ
ဖြတ်ဖို့ အတော်ခက်တာရယ်
:a:
တောတွင်းပျော်
May 8, 2016 at 9:01 pm
အမရေ
ဒီအစွဲက ပညာမသင်ခဲ ့ရတဲ ့ အကျိုးဆက်တွေကြောင် ့ပေါ ့။
မိဘတွေ ကိုယ်တိုင်က သူတို ့လို ပညာမဲ ့မဖြစ်ရအောင်
သားသမီးတွေကို တွန်းပို ့ခဲ ့ကြပေမယ် ့
သူတို ့ကိုယ်တိုင်ကျတော ့ မရုန်းထွက်နိုင်ကြဘူး။
ဝင့်ပြုံးမြင့်
May 9, 2016 at 4:17 am
အစွဲတွေအတွက် စိတ်မကောင်း။ သို့သော် တောမျောက်ကြီး ပရဟိတ လုပ်နေတာသိရတော့ ဝမ်းသာပါသည်။
တောတွင်းပျော်
May 9, 2016 at 12:53 pm
ကိုယ် တတ်နိုင်လောက်ပေါ ့ အမ။
မျက်နှာလွှဲ ခဲပစ်လည်း မလုပ်နိုင်
မနေသာလို ့ ဝင်ပါပြန်တော ့လည်း အရာမထင်။
တခါတလေ အားမလိုအားမရစိတ်နဲ ့
ကိုယ်စိတ်ပဲ ပင်ပန်းပါတယ်။
Thint Aye Yeik
May 9, 2016 at 11:26 am
အစွဲတွေကို အဆဲ နဲ့ ဖြတ်ပစ်ရင် ဘယ်လိုနေမလဲ…
:k:
ဒါနဲ့…. ဘုန်းကြီးတွေ ကားမောင်းရင် ဝိနည်းနဲ့ ညီ မညီ ဆိုတာ… ဂေါတမဗုဒ္ဓကြီး ဘယ်လိုများ မှတ်ချက်ထားခဲ့လဲဆိုတာ.. သေချာ သိချင်မိ….
kai
May 9, 2016 at 12:31 pm
ဗုဒ္ဓက သူ့တရားတွေ.. များများမြန်မြန်ဖြန့်နိုင်ဖို့.. သံဃာဂိုဏ်းထောင်ခဲ့တာဖြစ်လေတော့… ဒီလိုခေတ်မှာ.. ကားစီးပြီးသွားမှခရီးတွင်မှာမို့.. စီးစေသတည်းပေါ့….။
ဝိနည်းနဲ့လည်း.. ညီစေသတည်းပေါ့…။ :k:
တောတွင်းပျော်
May 9, 2016 at 1:12 pm
ခေတ်ခါ အလိုက် ပြောင်းလဲ ဖြေလျော ့လို ့ရတဲ ့ ဝိနည်းတွေရှိတယ်လို ့ကြားဖူးတယ်။
ဒီလိုဖြစ်နိုင်ရင် ရဟန်း သာမဏေတွေ ဆွမ်းခံချိန် ဖိနပ်စီးဖို ့ ပြုပြင်ပြောင်းလဲစေချင်တယ်။
ခေတ်က လွန်ခဲ ့တဲ ့ ၂၅၀ဝကျော်ကနဲ ့တော ့မတူတော ့။
ကတ္တရာလမ်းမ ကွန်ကရစ်ပလက်ဖောင်း အပူတွေ
ရာသီဥတုကလည်း နေပြင်းပြင်း။
မြင်ရတာ မသက်သာလှ။
တနေ ့က ထိုင်းချယ်နယ်တစ်ခုမှာ ဘုန်းကြီးဆွမ်းခံတာ ဖိနပ်စီးတာတွေ ့မိလို ့
ဒီအတွေးဝင်လာတာ။
တောတွင်းပျော်
May 9, 2016 at 1:03 pm
ဆဲစေသတည်း။
ဘယ်လိုကြောင် ့ မညီတယ် ကျနော်လည်း မသိဘူး။
ဒါမျိုးတွေကိုလည်း တတ်သိနားလည်သူတွေက
ပိုစ်တွေတင်ပြီး ဗဟုသုတအနေနဲ ့ ပြောပြရှင်းပြစေချင်ပါတယ်။
ကျနော်တို ့က အသက်ကြီးလေ ဒုံးဝေးလေ ဖြစ်နေပလား။
T.A.Y အနေနဲ ့လည်း ရဟန်းဝတ် သင်္ကန်းစည်းပြီး
အတွင်းကျကျ လေ ့လာဆည်းပူးပြီး ပြန်လည် ပို ့ချ ရှင်းလင်း စေလိုပါတယ်။
သာဓု အမှန်ခေါ်ပေးမည်ဖြစ်ကြောင်း..
အာမဘန္တေခံပါသှ်။ ဟီး…
Thint Aye Yeik
May 10, 2016 at 11:24 am
ဘုန်းကြီးတော့… မလုပ်ပါရစေနဲ့အုန်း…
မိန်းမ ယူအုန်းမှာ…။
မိန်းမကို ကလေးတွေ တန်းစီမွေးခိုင်းပြီး.. အိမ်ထောင်ရှင်ကြီး လုပ်အုန်းမှာ ။
ကိုယ့်မိဘကို စိတ်တိုင်းမကျခဲ့တဲ့ ဖြစ်ရပ်တွေ ကိုယ့်သားသမီးတွေကို မဖြစ်စေရအောင်.. လုပ်ခဲ့ပြီးမှ သေမှာ…
😆
အောင် မိုးသူ
May 10, 2016 at 1:41 pm
မြန်မာနိုင်ငံကလူတွေ အစွဲအရမ်းထားကြတယ်လေ။
တောတွင်းပျော်
May 11, 2016 at 9:24 pm
မှန်ကန်တဲ ့အစွဲဆိုရင်တော ့ ကောင်းတာပေါ ့လေ။