Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အလှုပေးလိုက်ရတဲ့ ဆွဲကြိုးတစ်ကုံး

Tawwin PanMay 10, 20161min74313

သူမကိုတော့ ရုံးကသူတွေက မခိုင်လို့ပဲ အလွယ်ခေါ်ကြသည်။ သူမက ရုပ်ရည်ချောတဲ့အမျိုးထဲမှာမပါပေမယ့်လည်း သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်၊ အရပ်အမောင်းနဲ့ တော်ရုံမိန်းကလေးမထားနိုင်တဲ့ ဆံပင်အရှည်ကြောင့် သူမနားမှာ ဝိုင်းဝိုင်းလည်နေတဲ့ ယောကျင်္ားတွေလည်း မနည်းပါဘူး။ ဒါ့အပြင် ပြေလည်တဲ့အသိုင်းအဝန်းဖြစ်တာကြောင့်လည်း သူမရဲ့ကိုယ်ပေါ်မှာလည်း ရွှေတွေညွှန့်နေအောင် ဆင်ထားတော့ သွားလေရာမှာ မိတ်ဖွဲ့ချင်တတ်တဲ့ ငနဲသားတွေလည်း ခဏခဏကြုံဖူးလို့ ရိုးအီနေပါပြီ။ သင်တန်းကျောင်းတစ်ခုမှာ Reception အနေနဲ့ အလုပ်ဝင်နေတဲ့သူမအတွက်ကတော့ စကားအပြောအဆိုမှာလည်း ညက်ညောနေတာ အမှန်ပါပဲ။ သူမဆီသင်တန်းစုံစမ်းဖို့ ဖုန်းနဲ့မေးမြန်းသူတိုင်းကို တဖက်သူထပ်မေးစရာမလိုအောင် သင်တန်းအကြောင်းကို မလွတ်တန်းရှင်းပြနိုင်တာလည်း သူမရဲ့အရည်အချင်းတစ်ခုပါ။ ဒီကြားထဲ သူမကို အရမ်းချစ်ပြီး အလိုလိုက်တဲ့ ရည်းစားတစ်ယောက်ကလည်း ရှိသေးတော့..သူမအတွက် အရာရာဟာ ကြွားလုံးထုတ်ချင်စရာတွေပါပဲ………………

အဲလိုကြွားလုံးထုတ်ခဲ့တာတွေက တချိန်ချိန်မှာ သူမအတွက် လူရယ်စရာ လှောင်စရာဖြစ်ခဲ့မယ်မှန်း သူမ မှ ကြိုမသိနိုင်ခဲ့တာပဲလေ….

ကြိုသိလို့မရတဲ့ကံကြမ္မာကြောင့် သူမ အခုတော့ စိတ်တွေရှုပ်ထွေးနေပြီး ဘာကိုရွေးချယ်ရမှန်းမသိဖြစ်နေပါတယ်။ အရာရာအားလုံးပြည့်စုံနေတဲ့သူမအတွက်တော့ အိမ်ထောင်ပြုဖို့ စဉ်းစားတဲ့အချိန်မှာ ပြဿ      နာဖြစ်နေပါတော့တယ်။ အတန်းပညာမပြည့်စုံတဲ့သူမရဲ့ချစ်သူကို မိဘတွေက လုံးဝလက်မခံကြပါဘူး။ ဒါ့အပြင် အောင်သွယ်ကတဆင့် သူမဆီကို ချဉ်းကပ်လာတဲ့ အရာရှိတစ်ယောက်ကြောင့်ဆိုတာလည်း ထည့်ပြောရမယ်ထင်ပါတယ်။ ငွေမလို ဂုဏ်ပဲလိုနေတဲ့သူမအတွက်  အဲဒီသူကိုလည်း သူမရဲ့အတွေးထဲ ချန်ထားလို့မရပါဘူး။ အဲဒီသူကတော့ အိမ်ထောင်ရှိမှ နိုင်ငံခြားထွက်ရမယ့် အခွင့်အရေးကို အမိဖမ်းချင်နေတဲ့သူဆိုတာလည်း အောင်သွယ်ကတဆင့် သူမ သိထားပါတယ်။ အကုန်လုံးကတော့ ကိုယ့်တွက်ကိန်းနဲ့ကိုယ်ပေ့ါ။

ဒီနေ့တော့ သူမရဲ့ အိမ်မှာ မင်္ဂလာရှိတဲ့နေ့ဖြစ်ဖို့ အစပျိုးနေတယ်လို့ဆိုရမှာပါ။ သူမရဲ့ချစ်သူက လူကြီးစုံရာနဲ့ တောင်းရမ်းဖို့ မကြာခင်ရောက်လာကြတော့မှာဆိုတော့ သူမစိတ်တွေအရမ်းလှုပ်ရှားနေပါတယ်။ မိဘတွေ သဘောမတူတဲ့ကြားထဲကနေ ခွင့်ပြုချက်ရအောင် မနည်းကြိုးစားပြီးမှ အောင်မြင်လာခဲ့တာဆိုတော့လည်း ဒီလောက်တော့ ရှိမှာပေါ့နော်။ သူမရဲ့ချစ်သူကိုလည်း အဆင်ပြေအောင်ညှိနှိုင်းဖို့ သေချာမှာထားရပါသေးတယ်။ သေချာမှာထားခဲ့သော်လည်း သူမရဲ့ ချစ်သူဘက်က သူမကို တင်တောင်းတဲ့ အချက်အလက်တွေ လူကြီးချင်းညှိမရဖြစ်ပြီး အဲဒီနေ့ကပွဲပျက်ခဲ့ရပါတယ်။ သူမအတွက်တော့ ကမ္ဘာပျက်တဲ့နေ့ပါပဲ။

သူမတို့ မတွေ့ဖြစ်တဲ့ သုံးလေးရက်အတွင်းမှာ သူမ အချိန်ယူစဉ်းစားပြီး သူမချစ်သူနဲ့ ကိုယ်တိုင်ညှိနှိုင်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဒါ – ဒုတိယအကြိမ် စေ့စပ်ကြောင်းလမ်းခြင်းပါပဲ။ သူမလိုချင်တဲ့ပုံစံ၊ သူမ မိဘဖြစ်စေချင်တဲ့ဆန္ဒတွေအားလုံးကို သူမချစ်သူကို ဖွင့်ပြောပြီးတော့မှ ထပ်လုပ်ကြတဲ့ပွဲတစ်ခုဖြစ်တဲ့အတွက် သူမ အဆင်ပြေမယ်လို့ မျှော်လင့်ထားပါတယ်။ နောက်ဆုံးတော့လည်း သူမလိုချင်တဲ့အတိုင်း မဖြစ်လာတဲ့ ဒီပွဲကို သူမကိုယ်တိုင်ပဲ ဖျက်သိမ်းခဲ့ရပါတော့တယ်။

သူမတို့နှစ်ယောက် ရှေ့လထဲမှာ လက်ထပ်ကြတော့မှာပါ။ ရည်းစားဟောင်းနဲ့စေ့စပ်ပွဲပျက်သွားခဲ့လည်း သူမအတွက်တော့ အရန်သင့်ရှိနေသူတစ်ယောက်ကို ရွေးချယ်လိုက်တာ မဆန်းပါဘူး။ လက်ညှိုးပေါင်းများစွာဝိုင်းထိုးနေလည်း သူမအတွက်တော့ မှု့စရာမလိုတဲ့ ကိစ္စပါပဲလေ….ပိုက်ဆံရှိရင် ဘာမဆိုလုပ်နိုင်တာပဲလေ….

စေ့စပ်ပွဲပျက်ပြီးလို့ လက်ထပ်မယ့်သူရွေးချယ်ပြီးတဲ့ သူမအတွက် ပိုစန်းပွင့်နေတယ်လို့ သူမခံစားနေရပါတယ်။ ဒီနေ့လည်း ကြည့်လေ မြေနီကုန်း ဒဂုံစင်တာသွားတုန်းက ကောင်လေးတစ်ယောက်နဲ့ မိတ်ဖွဲ့ခဲ့ပါသေးတယ်။ ကောင်လေးက အလန်းလေးဆိုတော့ သူမလည်း သတိထားမိသွားတာပေ့ါ။ အဲဒီကောင်လေးက ဇွတ်ကြီးပါလား..သူမမှာ လက်ထပ်ရမယ့် ယောကျင်္ားရှိပါတယ်ဆိုတာကိုမှ နေ့တိုင်း လိုက်ပို့လိုက်ကြိုလုပ်နေတော့တာပဲ……သူမအတွက်တော့ လက်မထောင်စရာ အကွက်လေးတစ်ကွက်ရလာတာပေ့ါ……….သူမဘယ်လောက်စွံတယ်ဆိုတာ ကြွားလုံးထုတ်ရလွန်းလို့လည်း ရုံးကသူတွေက အမြင်တောင်ကပ်နေလောက်ပြီ။

သူမရဲ့ ကြွားလုံးတွေကလည်း သိပ်မခံပါဘူး။ အခုတော့ စိုးရိမ်စရာအဖြစ်ကိုရောက်နေခဲ့ပြီလေ။ ဖြစ်ပုံက မနေ့က ရုံးဆင်းတော့ ရုံးက အစ်မတစ်ယောက်နဲ့ အတူတူပြန်ပါတယ်။ ကောင်လေးက လှေကားအောက်ကနေစောင့်နေပြီးတော့ ရုံးကအစ်မကို ခင်ဗျားကြီး ဘာလိုက်ရှုပ်တာလဲဆိုပြီး ပြဿ      နာရှာပါတော့တယ်။ ဘေးကနေ သူမတားလည်း မရပါဘူး။ တကယ်တော့ သူမနဲ့က ဘာမှ မပက်သက်သေးတဲ့အဆင့်ကို ဒီလိုလုပ်တာဆိုတော့ သူမစိတ်ထဲ အတော်ထူပူသွားပါတယ်။ ရုံးကအစ်မလည်း သူမနဲ့ အတူ ဘယ်တော့မှ မပြန်တော့ပါဘူး။ နောက်နေ့တွေတော့ သူမရဲ့ ခင်ပွန်းလောင်းလာကြိုမှပဲ ရုံးဆင်းပါတော့တယ်။

ဒီနေ့ရုံးကို သူမ အစောကြီးရောက်လာပါတယ်။ ပြီးတော့ အနောက်ဘက်အခန်းထဲသွားနေပြီး သူမကို မေးလာရင် မရှိဘူးလို့ ဖြေပေးဖို့ လုပ်ဖော်ကိုင်ဖက်တွေကို ပြောထားရပါသေးတယ်။ အဲဒီနေ့တနေ့လုံး သူမဆီကို ဖုန်းတွေ တဂွမ်ဂွမ်လာလိုလာ၊ သူမကို ရုံးမှာ လူလာမေးလိုမေးနဲ့ တကယ်ကို အဆင်မပြေပါဘူး။ ရုံးကိုလည်း ပုံမှန်ဆင်းချိန်ထက်နောက်ကျပြီးမှ ဆင်းရတာပေ့ါ။ အဲဒီကောင်လေးကို ရှောင်ဖို့ ကြိုးစားရတာလည်း တကယ်မလွယ်ပါလား။ တိုက်ပေါ်ကဆင်းတော့ ဘေးဘီပတ်ဝန်းကျင်ကို သူမ မျက်စိကစားလိုက်ပါသေးတယ်။ အဲကောင်လေးကိုမတွေ့လို့ သူမအတော်ပျော်သွားပါတယ်။ ဒါပေမယ့် သူမအပျော်က ခဏပဲ ခံပါတယ်။ ကားလမ်းကူးနေတုန်းမှာ ရှေ့နားမှာ သူ့ကိုတွေ့လိုက်ရလို့ ဖြစ်ပါတယ်။ သူမလည်း ကြောက်ကြောက်လန့်လန့်နဲ့ တွေ့ရာကားပေါ် အတင်းတိုးဝှေ့တက်ခဲ့ပါတော့တယ်။ ကောင်လေးကတော့ ကားပေါ်ပါမလာခဲ့ပါဘူး….

လူတွေကလည်း တချိန်လုံးတိုးဝှေ့လို့………သူမ ဆင်းရမယ့်မှတ်တိုင်ရောက်ကာနီးပြီးမို့ တိုးထွက်လာပြီး အပေါက်ဝမှာရပ်နေတုန်း သူမလည်ပင်း ဟာတာဖြစ်နေတယ်လို့ ခံစားလိုက်ရတာမို့ ဖြတ်ကနဲ သူမလည်ပင်းကို လှမ်းစမ်းမိပါတော့တယ်။

သူမရဲ့ တစ်ကျပ်သားမကတဲ့ ဆွဲကြိုးကြီး ဖြတ်လုခံလိုက်ရပါပြီကော………..

အဲဒီနေ့က သူမရဲ့အိမ်ဖုန်းကိုလည်း လူတစ်ယောက်လှမ်းဆက်ပြီး သူမ အိမ်မှာရှိမရှိ မေးတယ်ဆိုတာလည်း ပြန်ကြားရပါတယ်။ သူမရဲ့အိမ်ဖုန်းကို ဘယ်သူငယ်ချင်းကိုမှ သူမ မပေးခဲ့တာ အသေအချာပါပဲ။

အဲဒီနေ့ကစပြီး သူမနောက်ကို အမြဲလိုက်နေတဲ့ ကောင်လေးကိုလည်း အစအန မတွေ့ရတာ အတော်ကြာပေ့ါ…..

ရဲစခန်းသွားတိုင်လို့ တရားခံမှတ်တမ်းကပုံတွေနဲ့တိုက်ကြည့်လည်း တူတာရယ်လို့ မတွေ့…..

နောက်ဆုံးတော့လည်း သူမ အလှူပေးခဲ့တယ်လို့ပဲ သဘောထားလိုက်ရပါတော့တယ်………

ရုံးက လုပ်ဖောင်ကိုင်ဖက်တွေကတော့ သူမကို လှောင်ပြုံးနဲ့ကြည့်လို့ မဆုံးဖြစ်နေကြပါတော့တယ်………..

(မှတ်ချက်……….သူငယ်ချင်းတစ်ယောက်ရဲ့ အတွေ့အကြုံဖြစ်ပါတယ်။ သူနဲ့ ဂျူတီချိန်မတူတဲ့အတွက်ကြောင့် အဲဒီကောင်လေးကို တခါမှ မမြင်ဖူးပါဘူး။ နောက်နှစ်လလောက်အကြာတော့ အဲဒီကောင်လေးကို ပြန်တွေ့ပါတယ်တဲ့…..ကောင်မလေးတစ်ယောက်နဲ့ လမ်းလျှောက်ပြီးစကားပြောနေတာကို မြင်လိုက်တာမို့ သူခိုးဆိုပြီး ပြေးအလိုက် ဟိုကလှည့်အကြည့်နဲ့တိုးသွားလို့ အဲကောင်လေး လွတ်သွားတယ်လို့ ပြောပါတယ်။ ကောင်လေးနဲ့ စကားပြောနေတဲ့ကောင်မလေးမှာလည်း ဆွဲကြိုးလေးဝတ်ထားတာတွေ့လို့ သတိပေးခဲ့ရပါသေးတယ်လို့ ဆိုပါတယ်။)

 

 

13 comments

  • kai

    May 11, 2016 at 1:20 am

    ပစ္စည်းတွေထက် လူကအရေးပိုကြီးတဲ့နေများ ဘယ်တော့ရောက်မလဲမသိ..
    ကြည့်ရတာ..တော်တော်လိုသေးတယ်..။

    ဆိုတော့…
    ယူအက်စ်မှာဆို.. စိန်တွေ.. ရွှေတွေမြင်တိုင်း.. လူတွေစိတ်မဝင်စား..။
    ဖန်စီ.. အတုတွေများလွန်လွန်းလို့…။
    မြန်မာတွေလည်း.. အဲဒါမျိုးဂွင်တခုကို.. ပရိုမိုးရှင်းလုပ်သင့်တယ်…။
    အလုပ်အကိုင်အခွင့်အလန်းလည်းပွင့်… သူခိုးတွေလည်း ဒုက္ခရောက်..။
    လူတွေလည်း.. အားရပါးရကြွားရ..။ :k:

  • ယမကာကျော်စွာ အူးမြောက်မြောက်

    May 11, 2016 at 9:12 am

    ကားပေါ်မှာ အဖြုတ်ခံရဒါ ဟိုကောင်လေးနဲ ့ ဆိုင်ဝူးလေ အဒေါ်ရယ် အဒေါ်ဒို ့ကလဲ ဆွဲဆွဲစွတ်စွတ်

    • Tawwin Pan

      May 11, 2016 at 5:00 pm

      အဖွဲ့လိုက်ပစ်မှတ်ရှာပြီး လုပ်နေကြတဲ့ပုံပါပဲ။ အမှန်ဆိုရင် ဆွဲကြိုးပါသွားတဲ့နောက် ကောင်လေးကို မတွေ့တော့တာဟာ ပုံမှန်ကနေ ကွဲထွက်နေပါတယ်။ ပြီးတော့ နောက်တစ်ကြိမ်လမ်းမှာတွေ့လို့ သူခိုးဆိုပြီး လိုက်တော့ ကောင်လေးအနေနဲ့ ထွက်ပြေးတယ်ဆိုတာကလည်း သိသာစေပါတယ်။

  • ကိုယ်လိုက်လို့မမီပုစ်.. စေ့စပ်ပွဲ ၂ ခါပျက်တယ်.. သဘောတူသူနဲ့ လက်ထပ်မယ်.. လမ်းမှာတွေ့တဲ့ကောင်လေးနဲ့ အီတယ်… ဆရာကျလက်ထှာ..

    • Tawwin Pan

      May 11, 2016 at 5:11 pm

      ဆရာကျတာတော့ မနိုင်ဘူး။
      ကိုယ်တွေကတော့ ကြားထဲကနေ အဲဒီတစ်ယောက်ရဲ့ရည်းစားဟောင်းကို သနားနေကြတာ။
      သူ့ကို အရမ်းအလိုလိုက် အကြိုက်ဆောင်ခဲ့တာ။ ပညာရေးတစ်ခုပဲ မပြည့်စုံတာ။
      ကောင်လေးအစ်မတွေက အိမ်နဲ့ခြံကို မင်္ဂလာပွဲပြီးရင် အမည်ပေါက်လွှဲပေးပါ့မယ်ဆိုတာကိုတောင် လက်မခံဘဲ စေ့စပ်ပွဲပြီးတာနဲ့ လွှဲပေးဖို့ တောင်းဆိုတာမရလို့ ပွဲဖျက်လိုက်တာပါ။ ဒါတောင် အခြားတင်တောင်းထားတာတွေလည်း မနည်းပါဘူး။

  • ဝင့်ပြုံးမြင့်

    May 11, 2016 at 12:04 pm

    ဖတ်ရတာ တစ်မျိုးလေး ကောင်းတယ်။

    • Tawwin Pan

      May 12, 2016 at 9:08 am

      ကောင်းတယ်ပြောလို့ ကျေးဇူးတင်ပါတယ် ဆရာမ…..

  • uncle gyi

    May 11, 2016 at 2:48 pm

    ဆွဲကြိုးပေးးလိုက်ရတာတန်ပါတယ်အေ

    • Tawwin Pan

      May 12, 2016 at 9:11 am

      ဘာလို့တန်တယ်ပြောရတာပါလဲနော်။

  • ခင်ဇော်

    May 12, 2016 at 4:42 am

    ရေးပုံလေး က ဖတ်လို့ ကောင်းတယ်…
    တစ်ခုပဲ..
    ဆွဲကြိုးကို ကောင်လေးယူတယ်လို့ ဆက်စပ်လို့ မရသေးးဘူးးး..
    ဟီးးး

  • Wow

    May 20, 2016 at 2:54 pm

    ပစ္စည်းတွေထက် လူကအရေးပိုကြီးတဲ့နေများ ဘယ်တော့ရောက်မလဲမသိ..
    ကြည့်ရတာ..တော်တော်လိုသေးတယ်..။
    ဆိုတော့…
    CD တဂျီး
    ခုလက်ရှိက အဲ့လိုကောင်လေးတွေတော်တော်များများတွေ့နေတတ်တာရယ်

    • Tawwin Pan

      May 21, 2016 at 10:16 am

      ကောင်မလေးတွေလည်း ကိုယ့်ကို လာချဉ်းကပ်တဲ့ကောင်လေးတွေက ဘယ်လိုကြောင့်လဲဆိုတာ အကဲခတ်နေမှ တော်ကာကျမယ်။

Leave a Reply