Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လှပ ပေါ့ပါး လက်ဝတ်လက်စား – Fancy Accessories

ဇီဇီMay 25, 20168min188840

မယ်ဝါး တစ်ယောက် မြှောက်ပေးတာနဲ့ အလှ/Fancy အသုံးအဆောင်ပစ္စည်းလေးတွေ အကြောင်း ရေးပါမယ် ပိတ်သတ်ကြီးး။

:mrgreenn:

Accessories ဆိုရာမှာ အမျိုးသမီး တစ်ယောက် ဖက်ရှင် အတွက် လိုအပ်တဲ့ ပစ္စည်းမှန်သမျှ အကြုံးဝင်ပါတယ်။

ဒီ ကြားထဲမှာမှ လက်ဝတ်လက်စားပိုင်းကို ဦးစားပေးပြီး ပြောချင်တာမို့ ဦးထုတ်တို့ ခါးပတ်တို့ နာရီတို့ မျက်မှန်တို့ ဖိနပ်တို့ (ဟောဟဲ) ပါမှာ မဟုတ်ပါဘူးး

ဘာသာပြန်ဖို့ လိုက်ရှာတာ မတွေ့တာနဲ့ ကိုယ့် အတွေ့အကြုံကို အခြေခံပြီး ရေးမှာမို့ လိုတာရှိရင် ဖြည့်ပေး မှားတာရှိရင်လည်း ခွင့်လွှတ်ကြပါ။

ကျနော်နဲ့ ဖန်စီ ပစ္စည်းဆက်စပ်ပုံကို သိချင်ရင် ဒီ စတေးတပ် ၂ ခုဖတ်ကြည့်။ မပြန်ခင်က ရင်နာစွာနဲ့ ရေးထားတာ။

 

(1)

“ဖန်စီ လက်ဝတ်ရတနာနဲ့ လက်ဝတ်ရတနာ အတုနဲ့က မတူပါဘူးး။

အစစ်မဝတ်နိုင်တောင်မှ အတုကို မဝတ်ချင်တာမို့ အစစ်နဲ့ တူတဲ့ အတု ကို မဝတ်ဖြစ်။ အစစ်နဲ့ တူအောင် လုပ်ထားတာသည် အတုလို့ သတ်မှတ်ပါတယ်။

Fancy Accessories လေးတွေကတော့ ဝတ်လိုက်ရင် ချစ်စရာ ဆွဲဆောင်မှုရှိတာမို့ အစစ်နဲ့မတူသော လက်ဝတ်ရတနာ အဖြစ် နှစ်သက်ပါတယ်။ ဒီထဲကမှ ဒီဇိုင်းနဲ့ ပစ္စည်းသန့်မှုအပေါ်မှာ ဖန်စီပစ္စည်းတွေကလည်း ဘရန်းဒက် အဖြစ် ဈေးကွက်ထဲမှာ ရပ်တည်နိုင်ပါတယ်။

ဒီမှာတော့ ဘရန်းနာမည်ရှိတဲ့ ဖန်စီ (ကိုယ့်အခေါ်ပေါ့လေ) သာဝတ်ရင် အစစ်တမျှ ပဲ တန်ဖိုးထားကြတယ်။

ကိုယ့်တို့ နိုင်ငံမယ်က ရတနာ မျိုးစုံထွက်တော့ အထင်ကြီးစရာမဟုတ်တဲ့ ခရစ်စတယ် အစစ် မျိုးစုံဟာ အရမ်း တန်ဖိုးထားခံရပါတယ်။

……………………………………………………………………………………………………………………….

 (2)

“ရင်ဖွင့်ချင်နေတာ။

ခု မန်းလေးပြန်မယ် ဆိုတော့ ထုံးစံအတိုင်း သယ်ချင်းတွေနဲ့တွေ့ရမှာ။

ခုတလော သူတို့ ပုံတွေ တွေ့မိတာတော့ ဘယ်ပွဲရှိရှိ ဝတ်ကောင်းစားလှ လက်ဝတ်ရတနာ အပြည့်နဲ့ သွားလာဓာတ်ပုံရိုက် လုပ်နေကြတာ။

မြန်မာပွဲ ဆို ပိုးဇာချိတ် တောက်တောက်ပြောင်ပြောင်ဝမ်းဆက် ပဝါ လှလှတွေ အိတ်လှလှတွေနဲ့ ဆံထုံးတွေနဲ့ မြင်ရတယ်။ အေးလေ အသက်တွေပဲ ၃၅ လူကြီးအရာရောက်နေပြီပေါ့။

ခက်တာက အဲဒီလို တွေးလိုက်ရင် မြင်လိုက်ရင် မန်းလေးမှာ ကိုယ်ပွဲတိုးလို့ မရတော့မှာကိုပဲ စိုးရိမ်ရတယ်။

ကိုယ့်မှာ ဘာတွေရှိလဲ (ဖန်စီ နားကပ်တွေ ဆွဲကြိုးတွေ)

ဘာတွေ ဝတ်လဲ (အတိုအပြတ်အဟိုက် စွပ်ကျယ်သား အနက်နဲ့အဖြူထဲက မထွက်)

ဘာအိတ်ကိုင်တုန်း (သားရေရောင်၊ အဖြူရောင်၊ အနက်ရောင် လူသက်သာတဲ့ အိတ်တွေ ကိုင်တယ်။ ပွဲဝင်ဖို့ ကျောက်စီအိပ်တို့ လက်လက်အိတ်တို့ မရှိဘူး)

ဘာမိတ်ကပ်လိမ်းတုန်း (နှုတ်ခမ်းနီ အသားရောင်နဲ့ အနီရောင်၊ မက်စကာရာ ၂ ဘူးး၊ လိုင်နာ ၂ ရောင်က လွဲရင် ဘာမှ မရှိ)

ဆံပင် ကရော (ငှက်သိုက် ပဲလေ)

ဂဲသားရင်းလောက်ကတော့ မကြောက်ဘူးး (ကိုယ် သုံးတာတွေ ကို သူတို့ က လိုချင်တာ)

မြန်မာ ဆန်ဆန် ပွဲကြီးရှိမှာကို သိပ်ကြောက်တာပဲ။ လက်ဝတ်လက်စား အစုံလိုက်တို့ ဝတ်စုံတောက်တောက်ပြောင်ပြောင် အစုံလိုက်တို့ မရှိဘူးး၊ မန်းလေးက ပိုဆိုးတယ်။ ပွဲတိုးအောင် ဝတ်နိုင်ဖို့ သိပ်ခက်တယ်။ ရှာတဲ့ ပိုက်ဆံတွေ ဘယ်ရောက်လဲ စဉ်းစားမရ။၊

စလုံးမှာ ဘယ်ကို သွားဖို့ ဘယ်ပွဲတက်ဖို့မှ မကြောက်တဲ့ ခင်ဇော် မန်းလေးပွဲတွေကို ကြောက်နေရပြီ။

ဒါပေမဲ့လည်း ခုထိ နောင်တက မရ။ မွေးမေလေ့က ခေါ်တာ အိမ်ပြောင်ပွဲမွဲ မိချွိ တဲ့”

:mrgreenn:

~~~~~~~~~~~~~~~

အခုရက်ပိုင်းမှ မမဝါး ဘယ်လို မြှောက်ပေးလည်း သိချင်ရင်တော့ ဒီ စတေးတပ်လေးဖတ်ကြည့်။

“အရင်တုံးက ဖန်စီဆို ဈေးကြီးတာရယ် (ကောင်းကောင်းဆို) မိဘတွေကနယ်ကဆိုတော့ ဖန်စီတွေဝယ်မဲ့အစား ရွှေလုပ် ဆိုပီး ငယ်ထဲကသင်ထားတာရယ်ကြောင့် သိပ်စိတ်မဝင်စား…

ခုနောက်ပိုင်းကျ ခဏခဏသတိထားမိလာတာက ဆိုင်တွေမှာ အင်းကျီပုံစံ သာမန်လောက်ကို ဖန်စီဆွဲကြိုးလေးနဲ့ဆွဲပြထားတော့ တော်တော်စမတ်ကျ လှနေတာရယ် ….

ကိုယ်ဝယ်မယ်လဲဆို ဖန်စီဖြုတ်ထားလိုက်တော့ အင်းကျီက ငုံးတိတိနဲ့ အဲ့ကစလို့ ဖန်စီပြန်စိတ်ဝင်စားလာတာ …. ဟိုတလောကလဲ ပွဲတခုသွားဖို့ရှိတော့ ဗမာအကျီကိုပဲ လိုပ်တဲ့ဖန်စီဆွဲလိုက်တော့ မရိုးဆန်း အတော်ကျိကောင်းသွားတာ…..

ခုတော့ ဖန်စီရောဂါပြန်ထနေလို့ ဟိုတလောက သုံးလေးမျိုးသွားဝယ်ချလာတယ်… ဖန်စီ တွေစုတတ်တဲ့ ချွိကို အာ့လေးတွေအကြောင်း စာရေးပါ့လားလို့ မြှောက်ပေးချင်တာ အဓိက “

.

.

.

ဆိုတော့ ကျောက်မျက် ရတနာ မှ တန်ဖိုးရှိတယ် ထင်တဲ့ နိုင်ငံမှာ ဖန်စီ ဝယ်ဖို့ စုဖို့ မြှောက်ပေးးတာ မဟုတ်ပဲ ကိုယ့် ဝါသနာ တစ်ခု အနေနဲ့ပဲ ရှယ်ခြင်းဖြစ်ပါတယ် ပလိတ်သတ်ကြီးးး

(ကြောက်တော့ ဂလိုပဲ အရင် ပြောထားရတယ်)

:mrgreenn:

ဓာတ်ပုံတွေကို တော့ အင်တာနက်မှ ရှာယူပါတယ်။ (Photos Credit to Original Uploader)

ကိုယ့် ပစ္စည်းတွေတော့ မပြတော့ပါဘူးး အမွေတောင်းမှာကို ကြောက်ရို့ဘာ။

:mrgreenn:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

1) ကျောက်မျက်/Gem Stone အခြေခံ ဖန်စီပစ္စည်း

ကျောက်မျက်ပို့(စ) တုန်းကလည်း ရေးဖူးရဲ့။ (Jewelery) ရတနာထက်  (Gem Stone) တွေကို ပိုကြိုက်တယ်ဆိုတာ။

မြန်မာပြည်မှာ ဈေးကြီးလှပြီမှတ်တာ။ ဒီမှာ ပိုဆိုးနေတယ်။

ကျောက်အမျိုးအစားတွေကလည်း ပိုများတယ်။ ကျနော်တို့ဆီမယ် အဖြုန်းဆိုပြီး အလကားပေးနိုင်တဲ့ ကျောက်တွေက ဒီမှာ ဒီဇိုင်းလှလှ ခတ်တော့ ဒေါ်လှ ရာကျော်ရော။

ကေဇီ သရေကျရုံအပြင် ဘာမှ မတတ်နိုင်။

ဂျေလိုကြော်ညာတဲ့ SWAROVSKI – Crystal Jewelry/Jewellery, Fashion Accessories ဆိုတာ သူက ခရစ်စတယ် ကို သူ့ ဘရန်း နာမည်နဲ့ ဒီဇိုင်းပါ ခတ်ပြီး ရောင်းတာ။

သလင်း ကွာလတီကောင်းကောင်းကို ရောင်စုံရှိတယ်။

color_chart_swarovski

တစ်ချို့ သူ ဒီဇိုင်း မခတ်ဘူး … တခြါး ဘရန်း တွေက SWAROVSKI   ခရစ်စတယ် ကို သူတို့ ကိုယ်ပိုင် ဒီဇိုင်း ခတ်ထားပါတယ်ဆိုပြီး ရောင်းတာ။ ဆိုတော့ ခရစ်စတယ်မှာ SWAROVSKI က နာမည် တစ်နေရာရပြီးသားပေါ့။ ဒေါ်လှရာချီ ထောင်ချီအထိရှိပါတယ်။ အာ့မိုးကျ ဖန်စီလို့ ကို မပြေါရဲတော့တာမျိုးပေါ့။

swarovski-crystal-necklace-1

 

ညနေခင်း ဝတ်စုံတို့ ပွဲကြီးတို့မှာ ဝတ်လို့လှပါတယ်။

.

.

.

နောက် တစ်မျိုးက PANDORA: Genuine jewellery ဆိုတာ။

ကျောက်မျက်သေးသေးးလေးတွေကို အဆောင်/ လက်ဆောင်/ ဒီဇိုင်း သွက်သွက်လေးတွေ ဖြစ်အောင် လုပ်ထားတာ။ Charm ဆိုတဲ့ တို့လို့တွဲလောင်း ချစ်စဖွယ် အဆောင်အယောင်ပစ္စည်းလေးတွေ က ကိုယ် ဟာကို ဒီဇိုင်းလေး လုပ်ချင်ရင်လည်း ရတယ်။

သူ့ပိစိညောက်တောက် လေးတွေကို ကြိုက်ရာ ကိုယ့်လက်ကောက်ကွင်းတို့ နားဆွဲတို့မှာ ဆင်လို့ရတယ်။ ကျသလောက် ပေး ပဲ။

Pandora charms

အနည်းဆုံး ဒေါ်လှ ၅ဝ ကနေ ရာချီပေမဲ့ SWAROVSKI လောက် ဟိုင်းကလပ်စီ မဟုတ်/ဈေးမကြီးတော့ တော်တော်များများဝတ်ကြတယ်။ လက်ဆောင်ပေးကြတယ်။

.

.

.

နောက် တစ်ခုက Chomel – Singapore Leading Fashion Accessories ဆိုတာ။ ဆိုင်ထဲ ကြည့်လိုက်ရင် ပုလဲနဲ့ ခရစ်စတယ်ကို အခြေခံထားတဲ့ ဒီဇိုင်းလှလှတွေ အများကြီး တွေရတာနဲ့တင် တန်တယ်။

564cbd014cbaf868be12080793ae9a41

သူ့ ဆီက လက်ဝတ်လက်စားလေးတွေကျ သေးပြီး မိန်းမဆန်တော့ ကိုယ်က ငေးကြည့်ဖို့လောက်ပဲ စာရင်းရှိပြီး မဝင်ဘူးး…

.

.

.

နောက်ပြီး Stone တွေချည်းကို သီးသန့်ရောင်းတဲ့ ဆိုင်ရှိတယ်။ နာမည်က တရုတ်နာမည် ခေါ်ရခက်တာ။

ဒီဆိုင်ကတော့ ကိုယ် အကြိုက်ဆုံးး

ဈေးသက်သာတယ်။ စတုန်း မျိုးစုံကို ဝယ်ချင်အောင်ရောင်းတာ။ ဘယ်မွေးနေ့ ဘယ်မွေးလ၊ ဘယ်မွေးရက်၊ ဘယ်မွေးနှစ် ဆိုင်ထဲ ရောက်တာနဲ့ တစ်ခုခုကို ဝယ်ရအောင်ကို စွဲဆောင်နိုင်တယ်။

ဈေးသက်သာမှာပေါ့။ ဥပမာ သူ့လက်ပတ်ဆို မျှော့ကြိုး အကောင်းနဲ့ပဲ လုပ်ထားတာ။ ဘယ်ရွှေဖြူရွှေဝါဖိုးမှ မပါတော့ တတ်နိုင်တယ်လေ။

IMG_4128

 

ဒါတွေက နာမည်ရှိတဲ့ ဘရန်းတွေချည်း မှတ်မိသလောက် ပြေါသွားတာ။

ဘရန်းရယ် နာမည်ကြီးရယ်မဟုတ်ပဲနဲ့ ဒီတိုင်းလေးတွေလည်း ရောင်းတာရှိသလို အတုအပ ပုံစံတူတွေ အွန်လိုင်းကနေမှာလို့ရတာတွေလည်း ရှိသပေါ့။

lovisa 2_tcm87-39445

 

 

 

မြန်မာပြည်မယ် ကျောက်တုံး စိမ်းပြာရောင်တို့ အဝါရောင်တို့ နဲ့ ရောင်းနေတာမျိုးတွေလေ …

turquoise ကျောက်နဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ ပုဂံမှာတောင် တွေ့ခဲ့သေးး၊ လေဆိပ်မှာလည်းတွေ့တယ်။

ဒီမှာ တော့ ဈေးကြီးတယ်။

IMG_4127

 

 

wholesale necklace

 

 

Tiger’s eye တို့
Cat eye ကျောက်တို့ နဲ့ လုပ်တာတွေလည်း ဈေးကြီးထာ။

herringbone_tig_bracelet

.

.

~~~~~~~~~~~~~~~~~~~~~~~

2) Leather လယ်သာ/သားရေ အခြေခံ ဖန်စီပစ္စည်း

ဒါမျိုးကျ ဟဲဗီးမယ်တယ် ဆန်သွားပြီ။ ခိ။

ကိုယ်တွေလို အကိတ်ကြီးတွေနဲ့ကျ ပိုလိုက်တာမို့ အလွတ်မပေးပြန်ဘူးး

 

image

ဟေးဟေးးး :mrgreenn:

အချိန် အားအားယားယားရှိတုန်းကများဆို လယ်သာကြိုး ရောင်စုံ မျှင်မျှင်လေးတွေ ရှာဝယ်ပြီး လည်ပင်းစည်းလိုက်၊ လက်ပတ်လိုက်၊ ရှပ်ကော်လာအောက်မှာ ချည်လိုက်နဲ့ အမျိုးမျိုးလုပ်ဖူးတယ်။

IMG_4099

 

IMG_4109

 

လည်သာကြိုးကိုလား ဘရန်းဒက် ဆိုင်က ဝယ်မှာ။ ဟိ။ အဲလောက် မအဘူးး

စလုံးမှာ ဖူလုရှု တရုတ်အဆောက်အဦးရှိတယ်။ တရုတ်တန်းမှာ။

ကျောက်စိမ်းဆင်းတုတို့ ပုတီးတို့ တရုတ် ကုန်ခြေါက်တို့ ရောင်းတဲ့ ကုန်တိုက်။

အဲဒီမှာ လိုက်ရှာဝယ်တာ။ ၁ဝ ချောင်းမှ ၁၅ ဒေါ်လှလောက်ရှိတာ။ လယ်သာစစ်စစ်ရတယ်လေ။ လယ်သာ အကြမ်းဘက်ကို မြင်ဖူးတယ်မလားး၊ မွမွလေးး.. ကြိုးလေးတွေက အာ့မိုးလေးတွေ။

IMG_4105

အင်ဒိုတို့ မလေးတို့ဘက်မှာတော့ လယ်သာ (အတု/အစစ်) ကို အချော အရောင်တင်ပြီး သံမှိုတို့ ဒီဇိုင်းသံကွင်းတို့ နဲ့ လက်ပတ်ကြိုးမျိုးစုံရှိတယ်။

FullSizeRender

.

.

~~~~~~~~~~~~~~~~~~

3) ဇာ၊ ဖဲ၊ ဂျင်း စတဲ့ အဝတ်စ အခြေခံ ဖန်စီပစ္စည်း

ကိုယ်တွေ ၈ တန်းလောက်တုန်းက ခေတ်စားခဲ့တဲ့ choker တွေဒီနှစ်မှာ ပြန် ခေတ်စားလာပြန်ပြီ။

ဖဲပြါးကြိုး ကြီးကြီးမှာ ဆွဲသီးတပ်ဆွဲတာမျိုးးး။

IMG_4100

ဆိုင်ကြီး ဆိုင်ကောင်းတွေကတော့ တစ်ကြိုး တစ်မျိုး ကလစ်ချိတ်စရာနဲ့ ဆွဲကြိုးတွေ လာတယ်။ ဝယ်ပါဘူးးး

ဖဲပြါး ရောင်စုံ အပြါးကြီး အပြါးငယ် သာ ဝယ်ထားး.. ကြိုက်တဲ့ ဆွဲသီးလာခဲ့။ ရွှေ၊ ငွေ၊ ဘော်၊ ကျောက်မျက် အစစ်အတု ကိုယ်နဲ့ လှသမျှ ဆွဲသီး လျှိုပြီး ဆွဲပါလေ့။

IMG_4136

 

 

ဂျင်း စ နဲ့ ဘာကယ် တို့ သံမှိုတို့ နဲ့ လုပ်ထားတဲ့ လက်ပတ်တွေ လည်ပတ်တွေကတော့ ဂျင်း အဝတ်များသူတွေ အတွက် သင့်တော်လေ့ရှိပြီးး

IMG_4104

 

 

ဇာနဲ့ ပုလဲ တွဲတဲ့ အသုံးအဆောင်တွေကျ ပွဲတို့ မိန်းခေးဆန်ဆန် ဝတ်ချင်ရင်တို့မှာ အသုံးဝင်တာပေါ့။

IMG_4102

.

image

 

.

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

4) သတ္ထု အခြေခံ ဖန်စီပစ္စည်း

ဖန်စီပစ္စည်းလောကမှာတော့ အတွေ့ရများတဲ့ အထည်တွေပါ။

ငွေ၊ ဘော်၊ ကြေးနီ၊ ကြေးဝါ သန့်သန့်တွေနဲ့ ဒီဇိုင်းလှလှ ဆန်းဆန်းများ ပုံဖော်ထားရင် ရွှေအစစ်ထက်ကို မက်မောစရာကောင်းတယ်လို့ ထင်တာပါပဲ။

မြန်မာပြည်မှာလား 925 ငွေထည်တွေ ခေတ်စားလိုက်သေးမလားး

ဒီ သတ္ထု ဖန်စီပစ္စည်းထဲက ထင်ထင်ရှားရှားကြိုက်တာပြောဆိုရင် လက်မောင်းပတ်တွေကို ကြိုက်တယ်။ သိတယ်မလားး ပုဂံ ဖက်ရှင်လက်မောင်းရင်းမှာ ပတ်တာမျိုးလေ။

IMG_4160

 

 

နောက်ပြီး အီဂျစ်တို့ အင်ဒီယားတို့မှာ ခတ်စားတဲ့ ခေါင်းပေါ်တင်တဲ့ ကြိုးလေးတွေ အရမ်းမိုက်တယ်။ ရုပ်ရှင်ထဲမှာ အီဂျစ် ဘုရင်မတွေ ဖက်ရှင်လေ။ ခိခိ။ (ပြီးမှ ပိရမစ်ထဲထည့်မြှုပ်ခံရတာ တစ်ပိုင်းပေါ့) :mrgreenn:

IMG_4123

 

 

နောက်ပြီး လက်ကောက်နဲ့ လက်စွပ်ကို သံကြိုးတွေနဲ့ သွယ်ထားတာမျိုးတို့

(လက်ကောက် ၂ ခုကို သံကြိုးနဲ့ တွဲတာတော့ မကောင်းဘူးနော်)  :mrgreenn:

လက်စွပ်၅ ခုလုံးကို သံကြိုးနဲ့ တွဲထားတာမျိုးတို့ ဆို လက်ရာကောင်းရင် ပွဲ ဝင်တယ်။

IMG_4111

 

 

image

Anklet ဆိုရင်လည်း သားရေတို့ ပလပ်စတစ်တို့ထက်စာရင် ဒီ သတ္ထုထဲက Anklet ဒီဇိုင်းတွေကို ပိုသဘောကျတယ်။

IMG_4124

 

 

ကျောက်လှလှနဲ့ တွဲရင်ကျ ရင်ထိုးတွေ လည်း လိုချင်စရာပါပဲ။

IMG_4135

 

 

.

.

~~~~~~~~~~~~~~~~~~~~~~~~~

5) Feather အခြေခံ ဖန်စီ ပစ္စည်းတွေ

တွဲဝတ်တတ်ရင် ငေးနေရအောင်လှတယ်။

ကလစ်၊ နားဆွဲ၊ လက်ကောက် စတာတွေမှာ….

တချို့က ငှက်မွှေးအပေါ့စား သုံးသလို (ဖွားဖွားလေးတွေ)

IMG_4117

 

တချို့က ဘဲတောင်လိုမျိုး ကို ရောင်စုံရှိတယ်။

IMG_4114

 

တချို့ကတော့ ဒေါင်းတောင်လိုမျိုးတွေ သုံးတယ်။

 

IMG_4112

 

ဘယ်လိုပဲ ဖြစ်ဖြစ် ဝတ်တတ်ရင် လှတာပါပဲလေ။  :mrgreenn:

.

.

~~~~~~~~~~~~~~~~~~~~~~~~~

6) ပလတ်စတစ်/ဖိုင်ဘာ အခြေခံ ပစ္စည်းတွေ

ကိုယ်တို့ အမေတွေ ကျောင်းတက်တုန်းက ခေတ်စားတာမျိုးလေ။ ကော် နားကပ်ရောင်စုံ တို့ လက်ကောက် ရောင်စုံတို့ အဝတ် အရောင်နဲ့ လိုက်အောင် ဖက်ရှင်တကျ ဝတ်ခဲ့ဖူးကြတယ်။

IMG_4118

 

 

ကိုယ်တို့ ငယ်တုန်းက ဘုရားပွဲများဆို ပလပ်စတစ် လက်ကောက်အများကြီးတွေ ဝယ်ကို ဝယ်ရမှ။

IMG_4119

ဈေးကြီးတဲ့ထဲ မပါပေမဲ့ အရောင်နဲ့ ဖမ်းစားတတ်တဲ့ ပစ္စည်းတွေမို့ လှတာတွေ့ရင် ဓာတ်ပုံရိုက်ဖို့ ဆိုပြီး လိုချင်နေပြန်ရော။

ခေတ် အဆန်ဆုံးနဲ့ ဘယ်တော့မှ မရိုးတဲ့ ပုံကတော့ အသားကပ် ပလပ်စတစ်ကြိုးတွေပါပဲ။

IMG_4120

 

.

.

~~~~~~~~~~~~~~~~

နောက်ဆုံးကတော့ ဘယ်ထဲ ထည့်ရမှန်းမသိလို့  သတ်သတ်ခွဲလိုက်တဲ့ ဖန်စီပစ္စည်းလေးတွေ။

7) ဒေသထွက်ကုန်တွေနဲ့ လက်ဖြစ်ဖန်စီပစ္စည်း

ဒေသအလိုက် ရှိတဲ့ အုန်းဆံ၊ ထန်းရွက်၊ ကြိမ်၊ ဝါး၊ သစ်သား၊ ခရု၊ သက်ကယ် စတာမျိုးတွေနဲ့ လုပ်ထားတဲ့ ဒေသ အမှတ်တရ ရိုးရာ Fashion ဖန်စီ မျိုးလေးတွေလည်း ချစ်စရာကောင်းတယ်။

IMG_4129

 

IMG_4132

 

IMG_4131

 

IMG_4130

ကြာရှည်မခံပေမဲ့ ဒေသအလိုက် ခရီးသွားဖက်ရှင် အတွက် အသုံးသိပ်ဝင်တာမို့ ချန်ထားလို့မရ။

ကိုယ်တို့ဆီမယ် အဝေရာ စေ့တို့ ထန်းရွက်ပုတီးတို့ လုပ်ထားသလိုမျိုးပေါ့နော့။

2k14d674241e

 

 

.

.

~~~~~~~~~~~~~~~~~~~~~

ဆိုတော့…..

သိသလောက်…………..

လက်လှမ်းမှီသလောက်……………

ပြောချင်သလောက်…………….

တတ်နိုင်သလောက် ရှာဖွေစုဆောင်းမျှတလိုက်ပါတယ်။

အလိုမကျလို့ ဆဲချင်တာမြန်းရှိရင် မွမွဝါးကို ခရက်ဒစ် အရင်ပေးလိုက်ပါတယ်။

ခုခိ။

ခိခု

 

သူ မြှောက်ပေးတာမို့ပါ။

 

40 comments

  • pooch

    May 25, 2016 at 4:09 pm

    ပေးလိုက်တဲ့နားဆွဲကြိုက်တယ်မလား

    ရလပိုင်းသွားရင် စီချွမ်းတိဘက်ဘက်က ရိုးရာနားဆွဲတွေ ဆွဲကြိုးတွေ လက်ကောက်တွေ တွေ့ရင်ဝယ်ခဲ့ပေးမယ်သိလား :mrgreenn:

    • ခင်ဇော်

      May 25, 2016 at 4:12 pm

      ကြိုက်လွန်းလို့ ဇွတ်တောင်းထားရတာကို။
      ဟိဟိ
      အာ့လေး ဆွဲဖို့ ခရမ်းရောင် အင်္ကျီလေး ရှာနေသေးလို့။
      :k:
      ဂယ်နော်။
      ဟိ။
      ဘာနေနေ ကြိုက်တယ် သလားး
      :mrgreenn:

  • Wow

    May 25, 2016 at 4:14 pm

    ငယ်ငယ်ထဲက ဖန်စီလက်ကောက် တစ်သီကြီး နားဆွဲ တွေဘာတွေဝတ်ထားရင် အိမ်ကအဖွားက စွန်း ကျိမရတာ :mrgreen:
    လက်မောင်းပတ် ခေါင်းပတ်နဲ့ လက်ကောက်လက်စွပ်အတွဲလေးတွေ လှလိုက်တာ
    ခုတလော Dream capture ဆိုတဲ့ ချမ်းလေးတွေ ခေတ်စားနေတယ်အေ့ လှတော့လှတယ် သိပ်မခံလို့

    • ခင်ဇော်

      May 25, 2016 at 4:30 pm

      Dream catcher တော့ စိတ်ကို မလာတာ..
      ခု
      ခေါင်းပတ်နဲ့ လက်မောင်းပတ် လုပ်ရဲဖို့ သတ္တိမွေးနေတယ်
      ??

  • Kaung Kin Pyar

    May 25, 2016 at 4:37 pm

    ဖန်စီပစ္စည်းတွေက အဝတ်အစားနဲ့ မျက်နှာထားသိပ်ရွေးတာ.. ခိ..။
    တကယ် ရွေးပြီး တကယ်ဝတ်တတ်ရင်တော့..လုံးဝ ကွန်ဖီးဒွန့်သွားမှာပဲ…

    Feather တွေကို သိပ်ချစ်တာပဲ…။ မမဂျီးပုံထဲက ဆံပင်မှာထိုးထားတာလေး… ဘယ်လောက်လှလိုက်လဲ…၊ အဲ့နေရာမှာ ပန်းခွေဆိုရင်တောင် ဒီလောက်ပြည့်စုံမယ်မထင်ဘုစ့်…။
    ဒီမှာတော့ လက်မောင်းပတ်နဲ့ ခေါင်းပေါ်တင်တဲ့ကြိုးလေးတွေမျိုး သိပ်မတွေ့မိဘူး…။ You Tube မှာ ကိုယ့် ဟန်းချိန်းအတိုအစလေးတွေနဲ့ ခေါင်းပေါ်လှအောင်ဆင်လို့ရတာလေးမြင်တော့ စမ်းကြည့်သေးတယ်…၊ စိတ်မရှည်တတ်တဲ့အကျင့်ကြောင့် သူလဲ ခေါင်းပေါ် သိပ်မကြာလိုက်ပါဘူး.. :k:

    လက်မောင်းပတ်တွေကိုတော့ ရှေးခေတ်ကားတွေ ကြည့်ကြည့်ပြီး သဘောတွေကျတာ….။ (အရင် ဝိတ်ချလတ်ပါအူးမယ်… :k:

    ဟိုတစ်ရက်က အွန်လိုင်းရှော့ပင်တစ်ခုမှာ.. တနင်္လာဆိုဘာလက်ပတ်ပတ်၊ အဂါင်္ဆို ဘာပတ်သင့်တယ်နဲ့ နေ့နံအလိုက် ကျောက်တွေ စပ်ပေးထားတာ တွေ့တယ်…၊ Tiger eyes တို့ Rose Quatz တို့နဲ့ နောက်ပိုင်းပေါ်နေတဲ့ ကျောက်တော်တော်များများ ပါတယ်…။
    ဘာကြောင့် ဒီနေ့နံတွေနဲ့ ဒီကျောက်တွေနဲ့ သင့်တော်တာလဲလို့ လှမ်းမေးတော့လဲ မပြောနိုင်ဘူး…။
    နောက်ပြီး စစ်မစစ်ကိုရော ဘယ်လိုနည်းနဲ့ တိုင်းလို့ရမလဲကလဲ ပတနာ… ။ လူလိုချင်တွေ သိပ်များလာရင် ဆေးသွင်းတာတို့ တခြားနည်းတို့ သုံးလာဖို့ကလဲ ဖြစ်နိုင်ချေများ….။
    နောက်ပြီး ဘာကျောက်ဆောင်ထားရင် ဘယ်လိုဆိုတဲ့ ယုံကြည်မှုထက်… လှဖို့အတွက်လောက်ပဲ အဓိက ထားဖြစ်တယ်… :k:
    ဒီပိုစ့်ထဲမှာ ဖန်စီတွေ အမျိုးစုံရော့… ။ :chit:
    ဂျင်းနဲ့ တွဲဝတ်ထားတဲ့ အပြာအကြီးကြီးကလွဲရင် အကုန် လိုချင်တယ်….။ :mrgreen:

    • ခင်ဇော်

      May 25, 2016 at 4:44 pm

      Feather ကို နားဆွဲရယ် ကျားပါးစပ်လို ကလစ်ကြီးးမျိုးးရယ် လုပ်ဖူးးတယ်.. နောက်မှာ ထိုင်တဲ့ သူငယ်ချင်းးတွေ ဝိုင်းနှုတ်ဆော့တာနဲ့ ပြောင်ရော..
      ???
      မွေးးနေ့နဲ့ ကိုက်တာ မကိုက်တာ မှန်မမှန်မတွေးးပဲ မျိုးစုံ လိုချင်နေတော့ မခက်လားး
      ???
      ဂျင်းး နဲ့ က ဝတ်တတ်ရင် လှတယ်… ဒီဟာ က ကြီးးလွန်းးလို့ … ဟိ

  • Thint Aye Yeik

    May 25, 2016 at 4:56 pm

    သားကတော့ ဖန်စီဆိုလို့…နားကပ်လေးတစ်မျိုးပဲ….ကြိုက်ပြီး..ကျန်တာ သဘောမကျသလိုဖြစ်နေတာ။
    လက်ပတ်တို့ဘာတို့ဆိုရင်.. ရှုပ်ရှက်ခက်နေတာတွေ မကြိုက်ပဲ…ပိုးကြိုး(အနီ/အနက်)သီးသန့်ပဲ… ဝတ်ချင်တာရယ်… ။

    .ရွာသားတစ်ယောက်ယောက်က…ယောကျာ်းလေးတွေ အတွက်ထပ် စုပြီး..ဒီလိုပိုစ့်လေးတင်ရင်…ပိုပြည့်စုံသွားပြီ။

    😆

    • ခင်ဇော်

      May 25, 2016 at 5:05 pm

      မိန်းးခလေးး ဖက်ရှင် အမြင်မှာတောင် ဂလိုရှိတယ်ဟ…!!
      လက်ဝတ်လက်စားးမှာ အကုန် တဆင်စာဆိုပြီးး စုပြုံ ဝတ်တာ ဆင်ခြင်ရတယ်..
      သေးးသေးးလေးးတွေ က ကိစ္စ မရှိ..
      အကြီးးကြီးးတွေဆို မြင်ယောင်ကြည့်..!!
      နားဆွဲ ကြီးးကြီးးနဲ့ လည်တုံ အကပ်ကြီးး ဆို ကြည့်ရတာ အသက်ရှူကြပ်..
      လက်ကောက် အများးကြီးး လက်စွပ် အများကြီး ပြိုင်ဝတ်ရင် ကြည့်ရတာ မျက်စိနောက်..
      ဆိုတော့ ထင်ထင်ရှားးရှားး များး ဝတ်ချင်ရင်..
      အကုန် ပြုံ မဝတ်ပါနဲ့ လို့ .. ???

  • ဂျစ်စူ

    May 25, 2016 at 11:17 pm

    သတ္ထုဖန်စီမှာ နိုင်းတူးဖိုင်ဆိုတာကို 925 လို့ ပြောင်းရေးပါ အွီးကဇော်
    ငယ်ဆင် အခါကတော့
    ဝယ်လိုက် ဘီအီးသောက်ဖို့ ပေါင်လိုက်နဲ့ နိုင်းတူးဖိုက်
    ကိုယ်နဲ့ မြဲတယ် မရှိပါဘူး 🙂
    ကျီးလာတော့
    သာမည လက်စွတ်ရယ် ဘိုးပေါက်ဆိန် ဆွဲကြိုးတော့
    ကဇော်နဲ့ လဲသောက်မရလို့လား မသိ
    အတော်တော့ မြဲနေသဗျာ
    ကျန် ဖန်စီကတော့ အွီးကဇော် တို့ အဆင်ယင်များဖြစ်သမို့
    သများတို့ မဆွေးနွေးတတ်တော့ပေါင်

    • ခင်ဇော်

      May 26, 2016 at 6:45 am

      အေးးး ဟုတယ်
      925 …
      ပီစီမှာ ဘားးဂလစ် ကနေရေးးတော့ ပြီးးမှ ပြင်မယ်ဆိုပြီးးမေ့တာာာ…
      925 တွေက အမျိုးသားတွေ ပိုကြိုက်သလားးးမသိ..
      နာ ကတော့ စကော့ဈေးးက ငွေထည် တွေပဲ ကြိုက်တယ်.. ဟိ…
      တစ်ချို့ က ဘော် လို့ လည်းး ပြောကြတယ်..
      :k:
      သေချာ ဖတ်သွားလို့ ကျေးကျေးး

  • မြစပဲရိုး

    May 26, 2016 at 4:05 am

    အင်မတန်တူ ကြောင်း သက်သေပြချင်စမ်းပါဘိ။ :-)))

    • ခင်ဇော်

      May 26, 2016 at 6:46 am

      အဟိဟိ..
      အစ က ကိုယ် ဖန်စီလေးးတွေ ဝတ်ပြီးး ရိုက်တဲ့ ပုံတွေ တင်အူးးမလို့ …
      ပိတ်သတ်တွေ ဖန်စီ ဝတ်ချင်စိတ် ကုန်သွားးပါ့မယ်လေ ဆို ပြီးးးး
      ???

  • ဂျက်စပဲရိုး

    May 26, 2016 at 8:45 am

    fancy ဆိုတာထက် accessories တွေကို ကြိုက်တာ။
    ဟန်းချိန်း အဓိက
    ဒါပေမယ့် ကိုယ်ပေါ်မှာ ဘယ်ဟာ မှ ကြာကြာ အထား မခံဘူးရယ်။
    ဟန်းချိန်း ဝတ်လဲ ၃ ၄ နာရီပဲ ပြန်ဖြုတ်
    လက်ပတ် နာရီ တောင် ရုံးသွားရင် ပတ်လာ
    ရုံးမှာ ဖြုတ်ထားနဲ့ရယ်။
    လက်စွပ် ဆို ပိုဆိုးသေး လက်သီးဆုပ်ရင် ခိုးလိုးခုလု ဖြစ်နေတတ်လို့ ဆိုပြီး ဝတ်ကို မဝတ်တတ်။
    ဆွဲကြိုး ဆိုလဲ လည်ပင်းယား

    ငယ်တုန်းက အမေတို့ ဆင်ပေးတာတွေလဲ ဟိုနား ဖြုတ်ထား မေ့ ဒီနားဖြုတ်ထား မေ့ နဲ့မို့ အကုန် ပြန်သိမ်းခံထိ

    သူများ သားသမီးတွေ ချိန်းတွေ လက်စွပ် တွေ နဲ့ ဂေါ်နေကြတာ မြင်တော့လဲ ဝတ်ချင်။
    gothic လို metal လို ဒီဇိုင်းတွေတော့ ဝတ်ချင်တုန်းရယ်။

    (အကောင်းနဲ့ကို မတန်တာပါ ဟီးဟီး) 😛 😛 😛

    • ခင်ဇော်

      May 26, 2016 at 9:51 am

      အင်းလေ ပေါ့ပေါ့ပါးပါး ပစ္စည်းများ ဟုတ်ဘူးးလားး
      ခိခိ။
      နာလည်း အရှင်းပဲ ကြိုက်တယ်။
      ဒါပေမဲ့ ဓာတ်ပုံရိုက်ရင်တို့ စိတ်ပါတဲ့ အခါတို့တော့ ရှုပ်နေချင်တာ။
      ဟိဟိ

      :k:

    • ခင်ဇော်

      May 26, 2016 at 11:37 am

      ခုလည်း ဝတ်လို့ရပါတယ် မိုက်မိုက်ရဲ့။
      ဆင် ပေးမယ်လေ။

      :k:

  • ဖန်စီဆို အရောင်တွေထက် အဖြူကို ပိုကြိုက်တယ်..
    နောက် တိုင်းရင်းသားတွေလုပ်တဲ့ handmade တွေကို ပိုကြိုက်တယ်.. ပြီးတော့ recycle တွေ ဝတ်ချင်တယ်.. newspaper နဲ့ လုပ်ထားတာတွေ.. ဒီဇိုင်းဆိုင်ရင်လည်း ရှင်းရှင်းလေးနဲ့ antique ပုံစံလေးတွေ ကြိုက်တယ်..

    အခုတော့ ရှိစုမဲ့စု ရွှေလေးတွေ အိမ်ကို အကုန်ပြန်ပေးထားတယ်.. အိမ်ပြန်လို့ အမျိုးတွေနဲ့တွေ့ရင် ရွှေမဝတ်လို့ အမြဲအဆူခံရတယ်.. :k:

    • ခင်ဇော်

      May 28, 2016 at 6:06 pm

      လှအောင် ဝတ်တတ်ရင် အကုန်ကြည့်ကောင်းးတာပဲရယ် ??

  • CharTooLan

    May 28, 2016 at 12:17 pm

    ပြထားတဲ့ထဲမတော့ အငယ်ကတည်းကလိုဂျင်တာ လက်မောင်းပတ် လက်ကျပ်ခေါ်တာလားမသိ
    ငယ်ငယ်ကဖတ်တဲ့ နန်းတွင်းကာတွန်းတွေထဲမှာ ထဲ့ဆွဲထားတာကိုတွေ့ပီးလိုချင်နေခဲ့တာ
    ဈေးတွေ ကုန်တိုက်တွေပတ်တဲ့အကျင့်မရှိတော့ ရွှေနဲ့လုပ်မှဖစ်မယ်ပဲထင်နေတော့တာ 😀
    မြင်သမျှသဘောကျတာကတော့ ဒေသထွက်ကုန်တွေနဲ့ လက်ဖစ်ဖန်စီတွေရယ်ပါ
    အင်းလေး တောင်ကြီးဘက်က အုန်းမုန့်ခွက်အခွံရောင်စုံလေးတွေနဲ့လုပ်ထားတာလေးတွေ ဆွဲကြိုး လက်ပတ် နာရီပါတဲ့လက်ပတ် ခါးပတ် လက်ကိုင်အိတ် စတာလေးတွေ အရမ်းသဘောကျ
    ဒါပေမယ့် အုန်းမုန့်ခွက်ပေါတဲ့ ငွေဆောင်မှာတော့ အာ့မျိုးမတွေခဲ့ဘူးရယ်

    • ခင်ဇော်

      May 28, 2016 at 6:05 pm

      ဒီမှာ လည်းး ပွဲဈေးတွေ ရှိတယ်..
      တစ်ချို့နေရာ ပွဲဈေးမှာ ဆို ရက်အင်ဒီရမ်းး ရိုးရာ အမှတ်တရ ပစ္စည်းးတွေ လာရောင်းးတာရှိတယ်.. အနီနဲ့ အနက် စပ် ခေါင်းစည်းတွေ လက်ပတ်ကြိုးတွေ ဘူမာရင်းး တွေ ငှက်တောင်ဆင်ထားးတဲ့ ပစ္စည်းတွေ အရွယ်စုံ လို ချင်စရာ..
      ??

  • manawphyulay

    May 31, 2016 at 5:14 pm

    ဖန်စီတွေ ကြိုက်တော့ ကြိုက်တယ်… မဝယ်နိုင်လို့ ဝယ်ပေးပါလားဟင်…

    • ခင်ဇော်

      June 3, 2016 at 9:52 am

      ဝယ်ပေးမယ်

      :mrgreenn:

  • ပျင်းတကာ့ ထိပ်ခေါင်တင်

    June 2, 2016 at 2:27 pm

    သယ်ရင်းတျောက် ဖန်စီနားကပ်လေးပေးတာ ဝတ်ချင်တော့ အားယားပြီး မရှိတဲ့နားပေါက် အသားအနာခံပြီး သွားဖောက်သလေ
    ပြီးမှ ဓာတ်မတည့်လို့ ဝတ်မရ၊ နားပေါက်ကလေးနှစ်ပေါက်ပဲ အရှုံးထွက်(အသားမတင်လို့)ကျန်ခဲ့တယ်။ 😥
    ဖန်စီထဲဆို ခရစ်စတယ်တို့ အရောင်တောက်တောက်/လင်းလင်း ပြောင်ပြောင်ရောင်ရောင်မျိုး မကြိုက်တတ်လှ
    ကြိုက်လိုက်ပလား မြင်လိုက်ပလားဆို အရောင်မွဲမွဲ/မှောင်မှောင် လယ်သာတို့ aged metal မျိုးချည့်ဆိုဒေါ့ဂါ လူရုပ်မပေါ် 🙁
    အာ့မျိုးဒေဝတ်တိုင်း လူတကာဝေဖန်ရှုတ်ချမှု ခံပြီးသကာလ ဖန်စီဝတ်မှု/ဝယ်မှုအဝဝကို အကန့်အသတ်မရှိ ရပ်ဆိုင်းပလိုက်တယ်(ပြန်ဝတ်ချင်/ဝယ်ချင်စိတ် မပေါ်မချင်းထိ) :a:

    • ခင်ဇော်

      June 3, 2016 at 9:50 am

      သားရေကြိုးတွေ ဟိုစည်းဒီစည်းမို့ အဖိုးကပြောဖူးတယ်။
      ခွက်ဆွဲဖို့ပဲ လိုတော့တယ်တဲ့။
      အဟိ

      :k:

    • ပျင်းတကာ့ ထိပ်ခေါင်တင်

      June 3, 2016 at 9:56 am

      အဖိုးဆီက ရွှေခွက်အမွေရရင် ဆွဲပါ့မယ်လို့ ပြောလိုက်ဖူးလား
      :k:

  • kai

    June 6, 2016 at 10:13 am

    ဖန်စီက… အလုပ်အကိုင်အခွင့်အလန်းသစ်တွေအများကြီးဖေါ်ပေးနိုင်သမို့.. မြန်မာတွေ.. အထူးသဖြင့် မြန်မာအမျိုးသမီးတွေ ကန်င်ပိန်းလုပ်ပြီးကို.. ကြိုက်သင့်..ဝတ်သင့်လှတယ်…။
    ဂျပန်မှာတုံးကတော့.. ဂျပန်မတွေ.. အဲဒီပိစိပေါက်စလေးတွေကို.. စနစ်တကျစီစဉ်လှအောင်လုပ်ပြီး.. ကိုယ်တိုင်လည်းဝတ်… နီးရာစတိုးဆိုင်တွေမှာလည်း.. တင်ရောင်းတတ်တာသတိထားမိလို့ပါ…။
    ဝယ်ချင်သူတွေကဝယ်.. ရောင်းချင်သူတွေကရောင်း.. မီလီယံဘစ်ဇနက်ပေါ့…။ အနုပညာအတွေးအခေါ်ရှိတဲ့ မြန်မာအမျိုးသမီး ဦးရေသောင်းချီတွေ.. အလုပ်လည်းရ.. လက်မှု အနုစိတ်အရည်အချင်းလည်းမြင့်လာ…။ win-win ပဲ..။

    ဆိုတော့…
    ကာတီယာပဲထားပါတော့…
    ၁၈ ကာရက်လောက် ပလိမ်းလက်စွပ်လေးတကွင်း… သူ့နာမယ်လေးထိုးထားတာနဲ့.. ဒေါ်လာထောင်ချီသွားတယ်..။
    သာမန်ဆို.. ဒေါ်လာ ၁ဝဂဏန်းပေါ့…။

    Cartier Love Yellow Gold Size 4.75 Ring $1,595.00

    • ခင်ဇော်

      June 6, 2016 at 11:23 am

      ဘရန်း နာမည် နဲ့ ဖန်စီတွေကတော့ နောက် တစ်ဆင့်ပေါ့နော်။
      လောလောဆယ်ကို
      လက်မှုပညာ ရိုးရာပစ္စည်းလေးတွေကို ခိုင်ခိုင်ခန့်ခန့်နဲ့ စေတနာပါပါ လုပ်နိုင်ရင်ကို မဆိုးဘူးးး
      အင်ဒို ကမ်းခြေက ခရုပုတီးနဲ့ မြန်မာ ကမ်းခြေက ခရုပုတီးလေးတွေ အရင် ယှဉ်ကြည့်စေချင်တာ။

      :k:

  • ဂျက်စပဲရိုး

    June 6, 2016 at 1:51 pm

    ကိုယ့်ပေါင် ကိုယ်ပြန်လှန်ထောင်းရရင်ဖြင့်
    မြန်မာပြည် ပြန်တုန်းက ဒီက ဘော်ဒါတွေကို လက်ဆောင်ပေးမယ် လေ ဆိုပြီး ပြင်ဦးလွင် က နေ သစ်သား နဲ့ လုပ်ထားတဲ့ ဟန်းချိန်းလေးတွေ ဝယ်လာတယ်။
    ဒီတောင် ပြန်မရောက်လိုက်ဘူး ရန်ကုန်မှာတင် ကိုယ်ပတ်ထားတဲ့ ဟာကနေ ကြိုးတွေ ပြေကုန် ပြုတ်ကုန်လို့ ထားခဲ့ရတယ်။
    ပုတီးလို လက်ကောက်တွေကျတော့လဲ ပုတီးစေ့တွေက ကွာလတီ တယ်မကောင်းလှဘူး။
    စစ်ကိုင်းဘက်ကနေ သစ်သား ပေတံလေးတွေ ဝယ်ပြန်တော့လဲ ဆေးတွေက ကျွတ်တာ ကျွတ် မညီတာ မညီ နဲ့။
    နောက်ဆုံး ရန်ကုန် ပြည်သူ့ရင်ပြင်ထဲက လက်ဆောင်ပစ္စည်းဆိုင်က သစ်သား နဲ့ လုပ်ထားတဲ့ ဘောပင်လေးတွေ ဝယ်မယ် လုပ်တော့လဲ မှင်ချောင်းက ခလုပ်နှိပ်တိုင်း မထွက်။

    ဆိုတော့ကာ ကိုယ့်နိုင်ငံမှာ ဖန်စီ ပစ္စည်း လုပ်ဖို့ ကုန်ကြမ်းကောင်းကောင်းလဲရှိတယ်။ အိုင်ဒီယာ လဲ ရှိတယ်။ လုပ်လဲ လုပ်နိုင်တယ်။ ဝယ်မယ့် ဈေးကွက်လဲ ရှိတယ်။ အာ့ကို အရည်အသွေး ကောင်းကောင်းလေးနဲ့ ဈေးကွက်ကို ထိုးဖောက်နိုင်ရင်ဖြင့်…..

    • ခင်ဇော်

      June 6, 2016 at 2:11 pm

      ကြုံဖူးတာ အံတိုနေပေါ့။
      ကြိမ်ပစ္စည်းတွေဆိုလည်း အစမသတ်တော့ ထိုးထိုးထောင်ထောင် စူးသေးးး
      တနပ်စားမကြံတဲ့ စိတ်ပဲ လိုတာပါနော့။
      ဂျပန်ယွန်းလက်ကောက်တို့ ဝါးယပ်တောင်တို့ နဲ့ ကိုယ့်ဆီက ယွန်းထည်တွေ ဝါးထည်တွေနဲ့ ယှဉ်ကြည့်ရင်ကို သိသာတယ်။

      ခုတော့ ပြန်ရင် မေမြို့က သိုးမွှေးထည်တွေ ဝယ်တာများတယ်။
      ဟန်းမိတ်စစ်စစ်ဆိုပြီး ပဝါတွေပဲ ပေးလိုက်တယ်။
      အေးရော။
      🙂

      • ဂျက်စပဲရိုး

        June 6, 2016 at 2:13 pm

        မေမြို့က သိုးမွှေးထည်က လွန်ခဲ့သော သုံးနှစ်လောက်က ဝယ်ဖူးတယ် ထင်ပ။
        ဇစ်တွေက မကောင်းဘူး ဖြစ်နေတာ။
        အိမ်ပြန်ရောက်တော့ ပြန်ချုပ်ရတယ်။ း)
        ဒီက uniqlo ကမှ တန်သေး ဟီးဟီး

        • ခင်ဇော်

          June 6, 2016 at 2:17 pm

          ခွီးးးး
          သိပါ့။
          အာ့ကြောင့် ပဝါတွေပဲ ဝယ်တာ။
          စကားစပ်မိလို့ပြောပါအူးမယ်။
          နာက ချည်ကြမ်းသားခွေဇီ။
          ဒေသထွက် ချည်ကြမ်းသားတွေဆို ချုပ်ရိုးထပ်လိုက်ရပါတယ်ဆို။
          ဘယ်နဲ့ ငါကပဲ အတော်ကြမ်းသလားပေါ့။
          ကြယ်သီးတွေပါပြုတ်နဲ့ မြင်မကောင်း ကြားမကောင်းပေါင်အေ။
          အာ့နဲ့ ချည်ကြမ်းသားလိုချင်ရင် ခု အင်ဒို ဆိုင်ရယ် ယပလက်ဆိုင်ရယ်မှာပဲ သွားကြည့်တော့တယ်။
          ဟီးဟီး

          :k:

        • ဂျက်စပဲရိုး

          June 6, 2016 at 2:20 pm

          လှည်းတန်းက ညဝတ်အကျီင်္ လို ဝမ်းဆက် ရောင်းတဲ့ ဆိုင်က ချည်သား လည်ဝိုင်းလေးတွေပဲ ဝတ်တယ် ဟီးဟီး

  • ဒီရက်ပိုင်း သတင်းစာ မဂ္ဂဇင်းစက္ကူတွေကို recycle ပြန်သုံးပြီး paper beads တွေလုပ်တာ စိတ်ပါနေတယ်.. မျက်လုံးမကောင်းလို့ ဖဘ မသုံးတာ.. အဲဒါတွေလုပ်မှာ ပိုဆိုးနေသလားမသိ… beads တွေလိပ်တာက အဆင်ပြေပေမယ့်.. polish လုပ်တာတို့.. ဆေးခြယ်တာတို့.. နားကပ်အတွက် ချိတ်တွေ.. ဆွဲကြိုးအတွက် ကြိုးတွေက နီးနီးနားနားမှာ ရှာမရဘူး.. ပိတ်ရက်တော့ ဗိုလ်ချုပ်ဈေးထဲ သွားမွှေမလားလို့.. 🙂

    • ခင်ဇော်

      June 9, 2016 at 3:43 pm

      ပေါလစ် အတွက်က လက်သည်းနီ အကြည်ပုလင်းလေး ဝယ်ထားလေ။
      သုံးပါလေ့။
      :mrgreenn:

      • လက်သည်းနီက အသုံးမခံဘူး… ခဏလေးနဲ့ကုန်တာ.. ဟိ.. စလုံးကအသိကို ပြန်လာရင် ကော်ဘူးတွေ ဝယ်ခဲ့ပေးဖို့ ပြောထားတယ်.. Mod Podge ဆိုလား.. အဲဒါလေးလည်း မိုက်တယ်.. ဈေးတော့ကြီးတယ်.. အရင်းအနှီးက မနည်းဘူး..

        ဒါနဲ့ မင်္ဂလာပါမြန်မာ ဆိုင်က recycle တွေလုပ်ရောင်းတာနော်.. မိုက်တယ်… အဲဒီလိုမျိုးတွေလုပ်ချင်တာ.. အိုင်ဒီယာကကွေးတာက လွဲလို့ပေါ့.. ဟိ

    • kai

      June 9, 2016 at 3:51 pm

      ကုန်ကြမ်းပေါတဲ့… ချိုင်းနားပြည်ကြီးနားကပ်နေတဲ့.. မြန်မာပြည်…။
      အဲဒီပိစိပေါက်စတွေကို… အသေးအနုစိတ်သာ အနုပညာထည့်လုပ်တတ်ရင်.. တိုးရစ်တွေလာလာဝယ်မယ့်.. ဧရာမဈေးကွက်ကြီးဖြစ်လောက်တယ်…။

      • ခင်ဇော်

        June 9, 2016 at 4:02 pm

        စာဖတ်တာရယ်
        စာရေးတာရယ်
        ရုပ်ရှင်ကြည့်တာရယ်
        သီချင်းတွေ လိုက်နားထောင်ပြီး အမ်တီဗီတွေ ကြည့်နေတာရယ်
        အလုပ်ချိန်ရယ်
        ဂိမ်းကစားတာလေးရယ်
        ဟင်းချက်တာရယ်
        စားတဲ့ အချိန်တွေရယ်ကနေများ အားရင်လေ အရမ်းလုပ်ချင်တဲ့ အလုပ်။
        ဒီဇိုင်း အသစ်တွေအသစ်တွေ ကိုလည်း ခေါင်းထဲက ပေါ်ပေါ်လာတာမခက်လားးး
        (ကိုယ်နဲ့လိုက်တဲ့ design ပုံတွေအများစု ဖြစ်နေတာကလွဲလို့ပေါ့လေ)

        :k:

        • kai

          June 13, 2016 at 4:47 pm

          Team လေးဖွဲ့ပြီး.. Made in Singaporeဆိုပြီး ဝက်ဘ်ဆိုက်(ဖဘ)မှာတင်ရောင်းပေါ့…။
          မြန်မာတွေရဲ့ အနုပညာဗီဇကို.. စင်္ကာပူလိုနိုင်ငံရဲ့.. အနုစိတ်တိကျသေသပ်မှုပေါင်းလိုက်ရင်.. တော်တော်ကောင်းတာတွေထွက်လာမယ်လို့.. ထင်တယ်..။
          ခုခေတ်ပဲကြည့်လေ…
          ဒေါ်အောင်ဆန်းစုကြည်ကောင်းမှုနဲ့.. ခေတ်စားလာတဲ့ မြန်မာအမျိုးသမီးဝတ်ဖက်ရှင်..
          ဒီဇိုင်း အသစ်အသစ်တွေ လုပ်လို့ကိုမကုန်နိုင်…။ ရုံးကလူမျိုးခြားတွေတောင် အံ့ဩလို့…။

    • ခင်ဇော်

      June 13, 2016 at 8:27 am

      ခရစ်စတယ်က ဒီဇိုင်းလှရင် နီလာတွေ ပတ္တမြားတွေထက် မက်မောစရာ ကောင်းတယ်။

      :k:

Leave a Reply