Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြေထိန်းမြစ်ရှည်မြက် ဗက်တီဗာ (Vetiver) စိုက်ကြမယ်။

facebook မှာ တွေ့ခဲ့လို့ပါ။ သေချာဖတ်ကြည့်တော့ တော်တော်အကျိုးရှိတဲ့ အပင်ဖြစ်နေလို့ပါ။ ဒီမြက်ပင်အကြောင်းလေးလည်း သိတဲ့သူ ဆွေးနွေးပေးပါဦးနော်။

 

မြေထိန်းမြစ်ရှည်မြက် (ဗက်တီဗာ) စိုက်ကြပါ။

သဘာဝပတ်ဝန်းကျင် အကြီးအကျယ် ပျက်စီးဒုက္ခရောက်နေရတဲ့ မြန်မာနိုင်ငံမှာ အသုံးချ ကုစားစရာ အများပါဝင်ဆောင်ရွက်နိုင်မဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်တဲ့ ဗက်တီဗာခေါ် မြစ်ရှည်မြက် သို့မဟုတ် မြေထိန်းမြစ်ရှည်မြက် စိုက်ပျိုးအသုံးချခြင်း နည်းလမ်းကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးနိုင်ရန် တင်ပြရင်း တတ်နိုင်သလောက် စိုက်ပျိုးကြဖို့ အကြံပေးတိုက်တွန်းအပ်ပါတယ်။
သစ်ပင်တွေခုတ်ကြလို့ မိုးရွာတိုင်း မြေကြီးမြေဆီတွေ တိုက်စားခံရပါတယ်။ တိုက်စားခံရသမျှ သဲမြေများဟာ တားဆီးမဲ့ သစ်ပင်တွေမရှိတော့လို့ မိုးရေနဲ့အတူ တောင်စောင်း ချောင်းမြောင်းများတစ်လျောက် မျောပါစီးဆင်းရင်း မြစ်ချောင်းများအတွင်း ဝင်ရောက်လာခဲ့ကြပါတယ်။ ဒီနေရာမှာ တောင်ပေါ်နဲ့ မြင့်ရာနေရာတွေကနေ နိမ့်ရာကို၊ ရေစီးနဲ့အတူ သဲမြေတွေ တောက်လျှောက် စီးဆင်းသွားကြတော့ ရေစီးသန်တဲ့ တောင်ကျချောင်းတွေဖြစ်လာတာကြောင့် လူ တိရိစာ္ဆန်တွေ ဒုက္ခရောက်ကြရသလို၊ မိုးရေတွေအတွက်လည်း မြန်မြန်စီးရင်း မြေကြီးထဲကို စိမ့်ဝင်နိုင်ဖို့ အချိန်မရကြတော့ပါဘူး။ ဒီအကြောင်းကြောင့် မြေကြီးထဲဝင်ရောက်ခိုအောင်းနေတဲ့ မြေအောက်ရေတွေရဲ့ အမှတ်တွေလည်း လျော့ကျနိမ့်ဆင်း လာရပါတော့တယ်။
သယ်ဆောင်လာတဲ့ ချောင်းရေမြစ်ရေတွေ အရှိန်လျော့ပြီး နှေးသွားတဲ့အခါ ပါလာတဲ့ သဲမြေတွေဟာ မြစ်ချောင်းများအတွင်း ပို့ချခြင်းခံကြရပါတယ်။ ဒီလိုပို့ချခံရခြင်းကြောင့် မြစ်ချောင်းကြမ်းပြင်တွေလည်း မြင့်တက်လာခဲ့ကြပါတော့တယ်။ သဲမြေတွေပို့ကုန်လို့ မြစ်ချောင်းတွေအတွင်း ရေဝင်စီးစရာ လမ်းကြောင်းတွေ ပျောက်တော့၊ ရေကဘေးကို ဖြန့်လျှံစီးရင်း ရေကြီးရေလျှံမှုတွေဖြစ်လာပါတယ်။ လျှံတဲ့ရေက ဘေးကမြစ်ချောင်းကမ်းပါးတွေကို တစ်ခါ တိုက်စားတော့ မြစ်ချောင်းဘေးက လူနေအိမ်တွေ တခြားအဆောက်အဦးတွေ ပြိုကျပျက်စီး မျောပါကြရပြန်ပါတယ်။

13076841_1157753314256735_7630457569241428784_n 13087107_1157754064256660_634410217344356387_o 13087467_1157741784257888_2253849114688077208_n 13087786_1157747527590647_3803005664814912032_n 13094305_1157752300923503_3870936820626711591_n 13095806_1157743424257724_835325029065028779_n 13095924_1157755260923207_5491811754460102433_n 13096231_1157753947590005_3317769056428581113_n 13103319_1157742887591111_2872997280067667755_n 13118922_1157752690923464_8280269566582789383_n 13118977_1157755154256551_1842078992980410246_n

 

ဒီပြဿနာတွေနေ လျော့ပါးသက်သာ လာစေဖို့ လုပ်ဆောင်ရမဲ့ အဓိက နည်းလမ်းနှစ်ခုကတော့၊

၁။ မြစ်ချောင်းတွေထဲ ပို့နေတဲ့ သဲမြေတွေကို တူးထုတ်ပြီး မြစ်ကြောင်း ချောင်းလမ်းတွေ ပြန်ဖော် ပေးရပါမယ်။

မှန်မှန်ကန်ကန် စီးစရာလမ်းရသွားရင် မြစ်ချောင်းတွေဘေးမှာ ရေကြီးရေလျှံတွေ လျော့ပါးပျောက်ကွယ် သွားပါလိမ့်မယ်။ ရေစီးနှုန်းမှန်ရင် ပို့ချမှုတွေလည်းလျော့သွားပြီး ရေနဲ့သယ်ပါလာတဲ့ သဲနုန်းမြေကြီးတွေဟာ မြစ်ဝကျွန်းပေါ်ဖက်ကိုပဲ စီးသွားကြပါလိမ့်မယ်။ မြစ်ချောင်းဖော်တဲ့ အလုပ်က နှစ်စဉ် ပုံမှန် လုပ်ပေးနေရပါမယ်။

၂။ တောတောင် မြို့ရွာ ကွက်လပ်ရှိတဲ့ နေရာတိုင်းမှာ သစ်ပင်တွေ စိုက်ပေးရပါမယ်။

သစ်ပင်တွေရဲ့ အမြစ်တွေက ကုတ်တွယ်ပေးထားလို့ မိုးကြီးကြီးရွာရင်ေ13122953_1157752470923486_4904591171986063954_oတာင် မြေဆီမြေကြီးတွေ မိုးရေထဲ လွယ်လွယ်ကူကူ မျောပါသွားသွားနိုင်မှာ မဟုတ်တော့ပါ။ ဒါဆိုရင် ဆိုးရွားတဲ့ တောင်ကျချောင်းတွေနဲ့ ကြုံရလို့ ရလာတဲ့ ဒုက္ခတွေကနေ သက်သာရာ ရလာမဲ့အပြင် သစ်ပင်သစ်မြစ်တွေကြား တုန့်နှေးစွာ လှည့်ပတ် စီးဆင်းလာရတာကြောင့် မိုးရေတွေ မြေကြီးထဲကို စိမ့်ဆင်းဝင်ရောက်ဖို့ အခွင့်အရေးတွေ ပိုရလာလို့ ေြအောက်ရေတွေတိုးလာမှာ ဖြစ်သလို၊ စိုထိုင်းတဲ့ မြေကြီးကြောင့် စိုက်ပျိုးမှုတွေလည်း ပိုပြီး အကျိုးဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။

ပထမနည်းက အရင်းကြီးပြီး နည်းပညာလု်အပ်ချက်ကလည်း မြင့်လို့ အစိုးရက ဦးဆောင် အကောင်အထည် ဖော်ပေးမှ ဖြစ်နိုင်ပါမယ်။ ဒုတိယနည်းကတော့ လူတိုင်းပါဝင်ဆောင်ရွက်နိုင်လို့ သစ်ပင်ကြီးတွေ မစိုက်နိုင်သေးတဲ့ နေရာတွေမှာ၊ ပြိုကျနိုင်တဲ့ ကုန်းစောင်းကမ်းပါးတွမှာ၊ မြေထိန်းမြက်ရှည်မြက်တွေကို မိုးမကျခင် ကြိုတင်စိုက်ပျိုးခြင်းဖြင့် ရေလောင်းစရာမလိုပဲ အောင်မြင်ဖြစ်ထွန်း အကျိုးရှိစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ကြောင်းပါ။

တစ်ဆက်ထဲ မြစ်ကြောင်း ချောင်းလမ်းတွေ ပြန်ဖော်ပေးတာကိုလည်း မဖြစ်မနေလုပ်ပေးဖို့ အစိုးရကိုလည်း တိုက်တွန်းလိုက်ပါရစေ။13151431_1157737057591694_6529482426488931084_n13133271_1157752897590110_3475767298626104064_n

5 comments

  • kai

    June 9, 2016 at 5:24 pm

    ဟုတ်ပါ့..။ ကောင်းပါ့..။ သင့်တော်ပါ့..။ လုပ်သင့်ပါ့………။
    ကုန်ကျစရိပ်တွေ.. ဘက်ဂျက်တွေက… မိုးပေါ်ကကျလာမှာမို့..။ :k:

    နောက်တာပါ…။
    ရန်ကုန်မြစ်ထဲ..နုန်းတွေပို့ချတာများသမို့.. အဲဒါတွေကြောင့်ရေစူးတိမ်ပြီး.. သင်္ဘောကြီးတွေဝင်မရဖြစ်ပါတယ်..။
    သင်္ဘောတွေဝင်မှ.. ကုန်တွေချရမှာမို့.. သဘောင်္ဝင်ရအောင်.. နုန်းတွေဆည်တာ.. တနှစ်ဒေါ်လာ ၁.၅မီလီယံသုံးရတယ်တဲ့..။
    ရန်ကုန်လာတုံး.. အစည်းအဝေးမှာ..ကြားတာမှတ်ထားခဲ့တာ..။

    မြန်မာပြည်ပြဿနာက..တိုင်းပြည်… ဆင်းရဲနေတာဖြစ်ပါကြောင်းရယ်..။
    ချမ်းသာအောင်.. ဘာဖြစ်ဖြစ်လုပ်ကြမယ်..။ အလုပ်လုပ်ကြမယ်..။ ချွေတာကြမယ်ဆိုတဲ့.. စိတ်က.. တော်တော်… တော်တော်.. တော်တော့်ကို.. ပြန်မွေးယူရမယ်လို့ထင်..။ 😥

    • အောင် မိုးသူ

      June 10, 2016 at 8:54 am

      ခု ဒီမှာ ဗတီဗာ ကွန်ယက်ရှိတယ် သူကြီး။ အများကြီးမဟုတ်ဘဲ တစ်နိုင်တစ်ပိုင်စိုက်ချင်သူဆို မျိုးပေးပါသတဲ့။

  • Thint Aye Yeik

    June 10, 2016 at 7:03 am

    ရန်ကုန်မြစ်တလျှောက် လိုက် စိုက်ရင် ဘယ်လောက် ကုန်ကျမယ် မသိ။
    .မြေဆီလွှာတောင် ထိန်းပေးတယ်ဆိုတော့ နယ်တွေဘက်မှာလည်း စိုက်သင့်တာပေါ့။

    • အောင် မိုးသူ

      June 10, 2016 at 8:57 am

      ဒီမှာ ဗတီဗာ ကွန်ယက်ရှိတယ်။ အနည်းငယ်လောက်ဆို မျိုးပေးပါသတဲ့။

  • ခင်ဇော်

    June 13, 2016 at 11:53 am

    အစိုးရ ဦးဆောင်မှ အောင်မြင်မယ်ထင်ရဲ့။

Leave a Reply