အီကိုကျကျ ဒီဇိုင်းအလှ (Part 2) – ဗီရိုရှေ့ကို သွားကြမယ်။
အဝတ်အစားကတင်ကို ဘယ်၂ ပိုင်း သွားမယ် မသိ။ 🙄
ပြောချင်သလောက် ပြောနိုင်သလောက် တဖြေးဖြေးသွားကြတာပေါ့။ အမျိုးသမီးတိုင်း ကြုံဖူးမှာပါ။ ဝယ်ထားတာတွေလည်း အများကြီး၊ ဗီရိုကလည်း ပြည့်နေပြီ။ ဒါပေမဲ့ အရေးဟယ်အကြောင်းဟယ်ဆို ဘာဝတ်ရမှန်းမသိ။
အဲဒီ အချိန် နာ့ မှာ ဝတ်စရာမရှိပါလား ညည်းမိရော။ ကြားတဲ့ မြင်တဲ့သူ အမြင်ကပ်တာပေါ့နော့။
:mrgreenn:
ဒီနေရာမှာ ဖြတ်ပြောစရာရှိတာက ………….
တချို့က ပြောတယ်ဗျ။ အလှပြင်တတ်ရင် ဝတ်ချင်စားချင်စိတ်ရှိရင် “လင်က တစ်ယောက်ပဲ ရမှာ” ဆိုတာမျိုးး၊
ပြောတဲ့သူကတော့ သူ့ဘဝမှာ လင်ရဖို့ မယားရဖို့ ပဲ ပန်းတိုင်ထားလို့ ထင်ရဲ့။ အမှန်တော့ အလှပြင်ချင် လှချင်ခြင်းဟာ လင်ရဖို့ မရဖို့ ကိစ္စရပ်နဲ့ အဝေးကြီးး၊ အတွေးတွေထဲ သုတ်ပိုးရောက်နေတဲ့ သူတွေတော့ နောက်မှ ဆဲ ပါအူးမယ်။
ခုတော့ ဆက်ပြောရမှာက မိန်းကလေးတွေ အလှပြင်တာသည် မိန်းကလေး အချင်းချင်း အတွက်ပါ။
တကယ်ပြောတာ။
ယောင်္ကျားလေး တစ်ယောက်က မိန်းမတစ်ယောက် ကို အမြင် လှတယ် မလှဘူး ဆိုတာပဲ သိလိုက်တာ။ ဘယ်ဟာလေး ဘယ်လို ဝတ်ထားတာ။ ဘာမိတ်ကပ်လိမ်းထားတာ။ ဖိနပ်ကြီး ဂွမ်းတယ် စသည်ဖြင့်သိပ်မသိကြဘူးရယ်။
သူတို့ အမြင် အကုန်အဆင်ပြေပြီး ပြစ်ချက်မရှိရင် လက်ခံနိုင်ကြတယ်။
ကိုယ့် မောင်တွေ အကုန် အဲလိုတွေမို့ ကိုယ်က ကိုယ့်ယောင်းမတွေရဲ့ အလှတရားကို ချေးများနေချိန်မှာ သူတို့က လက်ထပ်ယူဖို့ လုပ်ပြီးနေပြီ။
ဆိုလိုချင်တာက အမျိုးသားတွေ အတွက်ဆို အသေးစိတ်အလှတရားမလိုဘူးလို့ ပြောချင်တာ။ တော်တန်ရုံကြည့်ကောင်းရင်ကို ရတယ်။
မယုံရင် ရွာသားလေး ကဆောရိုး နဲ့ ကို ဂျက်စပဲရိုး တို့ ကို မေးပါခည။
အဲ။
မိန်းမ အချင်းချင်းအတွက် အလုပ်ရှုပ်နေကြတဲ့ မိန်းမတွေပါ။ ကိုယ်အချင်းချင်းဆို….
ချစ်ခင်စိတ်နဲ့ ကြည့်တယ်။
မုန်းတဲ့စိတ်နဲ့ အပြစ်ရှာတယ်။
ပြိုင်ချင်စိတ်နဲ့ အကဲခတ်တယ်။ ဒီလို အကြည့်တွေ အတွက် ကြိုးပမ်းနေရမှန်းမသိ ကြိုးစားနေကြရတာ။
:mrgreenn:
ဆိုတော့ ဗီရိုရှေ့ကို ဆက်သွားရအောင်။
ကိုယ့်မှာ ရောင်စုံ အဆင်စုံ အဝတ်တွေ များပြီး တွဲမရ ဖြစ်နေသလားး။။
အရှင်းဆုံး အချက်တွေကို အရင် စဉ်းစားရအောင်။
၁) ကိုယ်တွေက မင်းသမီးမဟုတ်ဘူး
၂) ဘတ်ဂျက် တွက်ရသည်။
၃) ရှိသမျှ အဝတ်တွေ ပစ်ဖို့ မစဉ်းစားရ။
၄) တစ်ဗီရိုလုံးစာ အသစ်ဝယ်ဖို့ မဖြစ်နိုင်။
:mrgreenn:
အရိုးဆုံး ဒီဇိုင်း တွေ ကို အရင် စဉ်းစားရအောင်။
၁) မြန်မာ ဝတ်စုံ ဝမ်းဆက်
၂) ရှပ် အင်္ကျီ / Sport shirt
၃) ဂါဝန် အတို/အရှည်
၄) တီရှပ်
၅) စကပ်၊ ဘောင်းဘီ
ဒီဇိုင်းပိုင်းတွေ အရင် မသွားခင် နည်းနည်း ပွါးချင်တာက၊ အဝတ်အစားကို အနည်းဆုံးတော့ အထက်အောက် တူအောင် ဝတ်တဲ့ အရိုးရှင်းဆုံး နည်းကိုပဲ တစ်ချို့တွေ မေ့နေကြတယ်။
ကိုယ် အရင်က ဘာတွေကို မုန်းဖူးလဲသိလားး??? 8)
ဇာနဲ့ ပါတိတ်၊ ဇာနဲ့ချိတ်၊ ပိတ်ဖောက်နဲ့ ပါတိတ် လောက်ကိုကို ကိုယ့်မျက်စိထဲမှာ ပြင်ချင်နေတာ။
အရန်းပါဖက် ဖြစ်လွန်းစေချင်တာမျိုးမို့ စိတ်ကို လျှော့ပြီး ထားတယ်။ ကိုယ့် အဒေါ်တွေကို က အစ မပြောချင်တော့တာ။
ချိတ်နဲ့ ပိုးဗျောင် ဝတ်တော့ ဘာဖြစ်မှာတုန်းး
ချည်သားဗျောင်နဲ့ ပါတိတ်နဲ့ ဝတ်တော့ရော ဘာဖြစ်မှာတုန်းး
ဇာဆို ဝမ်းဆက်သာဝတ်၊ ပါတိတ်ဆိုလည်း ဝမ်းဆက်ဝတ် အဲလို အမြင်မှာ ပါဖက်ဖြစ်စေချင်တာ။
အဲဗျ။ တချို့ကျ အရောင်ဗျောင်ကို အထက်အောက် အရောင်မတူတာ ဝတ်တယ်။
အရောင်လေးတွေ အဆင်လေးတွေ ပါဖက်ဖြစ်ဖို့ ပိုက်ဆံကုန်ဖို့ မလိုပါဘူးး။
အပေါ် အဆင် အောက် အဆင် မတူတာတွေကို မမြင်ချင်တာ ကိုယ့် အိုစီဒီ (OCD) မို့ စိတ်လျှော့ထားတယ်။
:mrgreenn:
အပေါ်ပိုင်းက ဒီဇိုင်းကို ပြန်သွားမယ်။
၁) မြန်မာ ဝတ်စုံ
ဝတ်ပုံ၊ တွဲစပ်ပုံ၊ ချုပ်ပုံ အတုယူချင်ရင် ဘယ်မှ ရှည်ရှည်ဝေးဝေး မကြည့်နဲ့။ ကိုယ်တို့ လေဒီ ကို သာကြည့်။ ခုချိန်ထိ ဘာအပြစ်ပြောစရာမှ မရှိဘူးးး
အောက်ဘက်က ချိတ် ဆို အထက်က အရောင်တူ ပိုးဗျောင်လေးနဲ့။
ရိုးရာ/ချည်ထည်ဆိုရင် ဝမ်းဆက်ဝတ်တယ်။
ပိတ်ဖောက်ဆိုရင် အောက်က အနားလေးလောက်ပဲပါတဲ့ လုံချည် ဝတ်တယ်။
အဲတော့ တခြား မင်းသမီးတွေ ဝတ်ပြတဲ့ မြန်မာ ဝမ်းဆက်စစ်စစ်မဟုတ်တာတွေ မပြတော့ဘူးး၊ စိတ်ပိန်လို့။
ကိုယ့် အာဘော်ကို ပြောရမယ်ဆိုရင်တော့ မြန်မာချည်ထည်ဆိုရင် အဖြူ/အနက်/အသားရောင်/ပင်နီရောင်/ယောရောင် ကလွဲရင် တခြားအရောင်မရွေးဘူးး၊ အီကိုနော်မိမဖြစ်ဘူးး
တခြားအရောင်က ပထမ တစ်ခါပဲ ဝတ်လှပြီး လျှော်လေ ရုပ်မပေါက်လေ၊ ကိုယ် တရည်မတက်ရုံမက ကျသွားတာ။
ဆိုတော့ မြန်မာထည်တွေ ကွာလတီကောင်းမှ တခြားအရောင်ကို ဈေးကြီးပေးဝယ်မယ် စိတ်ကူးတယ်။ ဈေးတွေကလည်း မသေးဘူးး ဆိုတော့ ဒုန်းကြမ်းဝတ်ဖို့ မြန်မာချည်ထည်တွေ ဝယ်ယူခြင်းကို အားမပေးဘူးး
ငိငိငိ။ လှအောင်လေး ချုပ်ပြီး တခါတရံ တန်ဖိုးမြင့်အောင်လေးပဲ ဝတ်ချင်တယ်။
၂) ရှပ် အင်္ကျီ/Blouse/Polo shirt
ရှပ် အင်္ကျီ ဆိုလို့ ယောင်္ကျားဝတ် ရှပ်တွေ ပြေးမမြင်ကြနဲ့ အူးး။ အသားပျော့ပျော့တွေနဲ့ မိန်းကလေး ဝတ် ရှပ်ပျော့လေးတွေ လာပါတယ်။ (အသားက ၂ စ ပွတ်လိုက်ရင် ဂျစ်ဂျစ် မြည်တဲ့ အစမျိုးလေ။)
ဘယ်လောက် လျှော်လျှော် အရောင်မကျ၊ မီးပူတိုက်စရာမလို။
စကပ်နဲ့ ဝတ်လည်းရ၊ ဂျင်းနဲ့ ဝတ်လည်းရ၊ ဖော်မယ် ဘောင်းဘီနဲ့ ဝတ်လည်းရတယ်။
လုံခြုံတယ်။ အဆင့်ရှိတယ်။ ခန္ဓာကိုယ်မရွေးကြည့်ကောင်းတယ်။ ကိုယ်ကတော့ ချုပ်ထားတယ်။ တွေ့ရင် ဝယ်တယ်။ အဆင်ချေးများစရာမလိုဘူးး။
အရောင် အဆင်ပြေရင် တော်တန်ရုံနေရာ ဆို တောက်တောက်ပပ သပ်သပ်ရပ်ရပ် သွားဖြစ်တယ်။
မိန်းကလေးဝတ် လည်ပင်းကျကျ အသားဖားဖားပျော့ပျော့လေးတွေ ရွေးဝယ်နိုင် ချုပ်ထားနိုင်ရင်လည်း အိုကေတာပဲ။
နောက်ပြီး ပိုလိုရှပ် ခေါ်တဲ့ Sport Shirt လိုမျိုးတွေ လုံခြုံ အိမ်သာရေရ တာမို့ ဘောင်းဘီ ကွာတားနဲ့ ဝတ်ဝတ် အရှည်နဲ့ ဝတ်ဝတ်၊ ဝမ်းဖို့နဲ့ ဝတ်ဝတ် လိုက်တာမို့ ရှိထားသင့်တယ်ထင်တာပဲ။
၃) ဂါဝန် အတို/အရှည်
ခါးလျားလေးရှည်မယ်။ ဘိုက်မပူဘူးး ဖင်တွေ ရင်တွေ အရမ်းမထွက်၊ မကြီးဘူးး ဆိုရင် ဂါဝန်နဲ့ လိုက်ဖက်တဲ့ ကိုယ်လုံးပါ။ ရှိရင်ကို ဘုရားပေးတဲ့ လက်ဆောင်ပါ။ မပျက်စီးပါစေနဲ့။
အရမ်းမကားတဲ့ အရမ်းမကျပ်တဲ့ အရမ်းမတိုတဲ့ ဂါဝန် အတို/အရှည် လေးတွေ ရှိခြင်းဟာ အင်္ကျီ၊ ဘောင်းဘီ ဘာတွဲဝတ်ရမလဲ ဆိုတဲ့ ခေါင်းကိုက်မှုကို ရှောင်နိုင်ပါတယ်။
ဘယ်ဖိနပ်နဲ့မဆိုသင့်တော်တာမို့ အရောင် အဆင် သိပ်ရွေးချယ်စရာလည်းမလိုပါဘူးး။
အဲ! ကြားဖြတ် နောက် တစ်ခု ပြောချင်တာက အဝတ်အစားကို အပြထက် ကြည့်တော်အာင် ဝတ်ချင်ရင်
အလွယ်ဆုံးမှတ်ထားရမဲ့ နည်းက
– အထက်ရော အောက်ရော အကျပ်ဝတ်တာမျိုးရှောင်
– အထက်ဖော်ချင်ရင် အောက်ပိုင်းလုံလုံရှည်ရှည်လေးဝတ်
– အောက်ဖက် က တိုချင်ရင် အထက်က ဖားဖားလုံလုံလေး ဝတ်
ဒီလိုပဲ ဂါဝန်အတိုကို လက်ပြတ်ရှောင်ပြီး
လက်ပြတ်ဂါဝန်ရှည်ကြလှပြန်ရော။ အပေါ်ထပ်ဝတ် ဝတ်ချင်ရင် ဂါဝန်အရှည်ပေါ် ဂျက်ကက် အတို ထပ်သင့်ပြီး ဂါဝန် အတိုပေါ်ကို ခါးရှည် ဆွယ်တာသားမျိုးနဲ့ တွဲရင် လိုက်ဖက်တာပေါ့။
၄) တီရှပ်
ရံဖန်ရံခါ အပြင်သွားပေါ့ပေါ့ပါးပါး ကလွဲလို့ သိပ်ရုပ်မပေါက်တာမို့ ပိုက်ဆံ အကုန်ခံပြီးကို မဝယ်တာ။
ယောင်္ကျားလေး တီရှပ်လို လည်ပင်းပိတ် အဝိုင်း ပိုမုန်းသေးး၊ အရှေ့တိုင်း လည်တံတွေက မရှည်ဘူးရယ်။ ပခုံးအသားတွေက လည်း ပြည့်တာမို့ လက်ပင်းပိတ် ပုံစံနဲ့မလှတာမို့ ဝယ်ဖို့ ဝတ်ဖို့ မစဉ်းစားဖြစ်ဘူးး
ဝတ်ချင်ရင် မိန်းကလေး တီရှပ် လည်ပင်းကျကျ ကိုယ့်ကပ်ကပ်လေးမျိုးတွေ ရွေးပေါ့။ ဒါတောင် လျှော်လေ ရော်လေ အသားမျိုး ဆို ဝယ်ကို မဝယ်ဘူးး
၅) စကပ်၊ ဘောင်းဘီ
စကပ်က စပြောရအောင်။
စကပ် အပျော့သား ဖားဖား အရှည်ကတော့ လူတိုင်းနဲ့ လိုက်နိုင်တာမို့ ဘာမှ မစဉ်းစားပဲ မြန်မြန် ကောက်စွပ်လေး လုပ်ချင်ရင်တော့ ဝယ်ထားသင့်ပါတယ်။
လည်ပင်းကျကျ ဘလောက်(စ) တို့၊ စွပ်ကျယ်တို့၊ ရှပ်တို့နဲ့ ဝတ်လို့ရတာမို့ အဆင်အသွေးလှရင် သိမ်းထားပြီး ဝတ်ပါတယ်။
စကပ်အတို တိုင်း ကတော့ ကိုယ်ခန္ဓာတိုင်းနဲ့မလှတာမို့ ကိုယ်နဲ့ လိုက်မဲ့ စကပ်ပုံစံနဲ့ အရှည်ကို သိထားသင့်ပါတယ်။ (အဲဒါက ဆောင်းပါး သပ်သပ်လာမယ်နော်)
အဲဒီ ဒီဇိုင်း သိထားမှ ဝယ်ချင်ဝယ် ချုပ်ချင်ချုပ်ထားလို့ ဖြစ်မှာပါ။
ကိုယ်ကတော့ များသောအားဖြင့် စကပ်ကိုမချုပ်ခင် ကိုယ့်ရဲ့ ဘယ် အင်္ကျီ အတွက် စကပ်လိုလည်းလို့ အရင်ရှာပြီးမှ စကပ်ကို ရှာပါတယ်။ နို့မို့ ဘာနဲ့ ဘာနဲ့ တွဲ ဝတ်မလည်း စဉ်းစားရတာ ဘက်ပဲ့လို့ပါ။
နောက်ပြီး စကပ်ကို အင်္ကျီရှိသလောက် အများကြီးချုပ်ထားလို့ ဘယ်ကိုက်မတုန်းး။ ဘတ်ဂျက်မအိုကေဘူးလေ။
ဆိုတော့ အင်္ကျီမှာ အဆင်နဲ့များရင် စကပ်ကို အဖြူ/အနက်/မီးခိုး/နက်ပြာ/ဓာတ်ပြာ/ကာကီရောင် စတာတွေသာရွေးး ဘယ် အင်္ကျီနဲ့မဆို လိုက်တဲ့ အရောင်တွေပဲ ဦးစားပေးဝတ်တယ်။
ဘောင်းဘီမှာလည်း အဲဒီလိုပဲ ကိုယ်နဲ့ လိုက်တဲ့ ဘောင်းဘီအရှည်ပုံက သီးသန့်ရှိတယ် ဆိုရင် ဘုံ ဖြစ်တဲ့ အရောင် ၃ ရောင်ပဲ ရှိရင် အိုကေတယ်။
ကိုယ်ကတော့ ဂျင်းဘောင်းဘီ ဆို အများကြီးမဝယ်ဘူးး ကြိုက်တဲ့ မိုးပြာရောင် အနုနဲ့ အရင့် တံဆိပ်အကောင်းဆိုလို့ ၂ ထည်ပဲ ရှိတယ်။
““““““““““““““““““““““““
ကဲ၊ ပွါးတာ များလို့ အနှစ်ချုပ်ပေးရရင်…
ဗီရိုထဲက အဝတ်တွေ အကုန်ပစ်စရာမလိုပါဘူးး။ လဲစရာလည်းမလိုပါဘူးး၊ သန့်ပစ်ရုံပါပဲ။
အချိုးမပြေတဲ့၊ မလိုက်ဖက်တဲ့ အဝတ်တွေဖယ်ပြီးရင်တော့…..
ဂျင်း – ၂ ထည်
ဘောင်းဘီအရှည် – ၃ ထည် – ၅ ထည် – ရ ထည်
စကပ်အတို- ၃ ထည် – ၅ ထည် – ရ ထည်
စကပ် အရှည် – ၂ ထည်
အင်္ကျီ ကတော့ အလုပ်သွားရသူ ဆိုရင် – ၂ ပတ် စာလောက်ကို သန့်သန့်ရှိထားရင် အိုကေမယ်ထင်ရဲ့။
တချို့ အလုပ်က ယူနီဖောင်းပေးရင် တော့ ပိုသက်သာတာပေါ့။
ကိုယ်ကတော့။
ဝေ့စကုတ် – ၃ ထည် (ဗျောင်/ဂျင်း)
ပဝါ – ၃ ထည် (ဗျောင်)
အပေါ်ထပ်ဝတ် အပါး – ၃ ထည် လောက်ဆောင်ထားတယ်။ သူတို့ ပါရင် အဝတ်အစားက ထပ်မှန်းမသိသာဘူးး
…………………………………………………………………..
အဝတ်အစားအတွက် ဈေးဝယ်ထွက်ရင် (အီကို ကျချင်တဲ့ သူတွေ၊ ဘတ်ဂျက်တွက်ချင်သူတွေ အတွက် ပြောမှာနော်။ သထေးတွေ သည်းခံကြပါ)
၁) ဘာဝယ်မယ်လို့ မည်မည်ရရမရှိပဲ ရှော့ပင်းမထွက်ပါနဲ့။
၂) ဘယ်မော်ဒယ် ဝတ်တာမျိုး၊ ဘယ် အရုပ်မ က အင်္ကျီလှတယ်ဆိုပြီး ဝယ်တာမျိုး မလုပ်ပါနဲ့။
၃) အွန်လိုင်းက ဝယ်တာ အားမပေးး၊ ဝတ်ကြည့်ပြီးမှ ဒက်ထိ သင့်တော်မှ ဝယ်ပါ။
၄) သငယ်ချင်းက ဆင်တူဝတ်ရအောင်ပြောလို့ လိုက်ဝယ် ဝတ်တာမျိုး ရှောင် ပါ။ သူနဲ့ လှပြီး ကိုယ်ဂွမ်းရင် ပိုက်ဆံအလကားကုန်တယ်။
၅) ဗီရိုရှင်းရင် ကိုယ်နဲ့ ပွလို့ ၊ ရှည်လို့ စတဲ့ အဝတ်အစားတွေကို တစ်ထုတ် သပ်သပ်ထုတ်ပြီး ဆိုင်မှာ သွားပြင် (Alteration) ပါ။
၆) ကိုယ့်ဆီ ရှိတဲ့ အဝတ်အစားတွေကို အထက်အောက် တွဲကြည့်။ ဘက်ပဲ့နေတဲ့ အဝတ်အစားမျိုးကို ယူသွားပြီးမှ ဈေးဝယ်ထွက်ပါ၊ ရှာဝယ်ပါ။ ချုပ်ပါ။
ဒီလောက် ဆို ရပြီထင်ရဲ့။ များသွားလို့။
ဒါက အဝတ်အစားနဲ့ ပတ်သက်ပြီး ပြောချင်တာတွေ ပြောလိုက်တာ။ နောက် တစ်ပတ်မှ အရောင် အတွဲအစပ်တွေ လာပါ့ မယ်။
All Photos Credit to Original Uploaders
26 comments
ကျော်လွင်ဖြိုး
July 26, 2016 at 3:13 pm
ခုခေတ် ခေးမယေးဒေ ဝတ်နေကြတဲ့ စွပ်ကျယ် သေးသေးလေးတွေ နဲ့ ဇီးရိုး ကွာတား ဘောင်းဘီ တွေ အကြောင်းလဲ အလင်းပြဘာ မမဂျီးစ် 😛
မမချွိ
July 26, 2016 at 3:15 pm
အီကိုကိုက်ပေမဲ့ အီဖေကို တို့ နဲ့ မကိုက်ရင် အလင်းမပြနိုင်ဘုကွဲ့။
:k:
ကျော်လွင်ဖြိုး
July 26, 2016 at 3:17 pm
အကို တို့ နဲ့ ကိုက်တယ်လေ
😀 😀
မမချွိ
July 26, 2016 at 3:31 pm
အကိုတို့အတွက်က နောက်လာပါ့မယ်။
ဟိ
:k:
weiwei
July 26, 2016 at 3:22 pm
ရုံးယူနီဖောင်း ၅ ရက် ဝတ်ရတဲ့အတွက် အဝတ်အစားကိစ္စ ခေါင်းကိုက်တာ တော်တော်သက်သာသွားတယ် ..
ဒါပေမယ့် အလှူ မင်္ဂလာဆောင် ရှိလာရင် အလွန်စိတ်ညစ်ရတယ် … တစ်ခါလောက်ဝတ်ဖို့ ပိုက်ဆံအများကြီးကုန်ရတာလဲမတန်… ခပ်ပေါပေါလေးနဲ့ သွားပြန်ရင်လဲ မကောင်း ..
မမချွိ
July 26, 2016 at 3:30 pm
ကျနော် ဆိုရင်တော့ ရိုးရာထည် ကောင်းကောင်းသန့်သန့် ဝမ်းဆက်ပဲ ပဲ ဝတ်မယ်။
ဇာတွေ ချိတ်တွေခေတ် ရှိသတဲ့။
ဒိတ်အောက်တာတွေ ဘာတွေ ရှိတယ်လို့ ပြောတာမို့ စဉ်းစားနိုင်ဘူးး။ ခေါင်းနောက်တယ်။
ဟီးးး
အာ့ကြောင့် မြန်မာ ဆန်ဆန် ဝတ်ဖို့ကို ရှောင်တယ်။
ဝတ်ရမယ်ဆိုရင် ချည်ထည် ထူထူ အဖြူဝမ်းဆက် ဝတ်ပစ်မယ်။
အာ့က နောက် လည်း ဘယ်နားမဆို ဝတ်ရတယ်။
ဟိ။ ဝေ့ ဟို အနက်ဝမ်းဆက်လို ဟာမိုးလေးလေ။
ကြိုက်တယ်
:chit:
weiwei
July 26, 2016 at 3:51 pm
အင်း .. နောက်ထပ်ဆိုးတာတစ်ခုက လူမှတ်မိလွယ်တော့ ဒါဝတ်ပဲ ဖြစ်နေပြန်ရောပေါ့ .. ဖေ့ဘုတ်ခေတ်မှာ ပိုတောင်ဆိုးသေးတယ် ..
ဒါနဲ့ ခေါင်းစဉ်အတိုင်း ဘီဒိုရှေ့ကို ရောက်သွားတော့မှ .. ဪ .. ဘီဒိုတောင်မဖွင့်မိတာကြာပါလားလို့ သတိရမိတော့တယ် ..
ယူနီဖောင်း ၅ စုံနဲ့ ဂျင်းဘောင်းဘီ ၂ ထည်နဲ့ ဘီဒိုအပြင်မှာတင် ပတ်ချာလည်နေတာ ကြာပြီ ..
မမချွိ
July 26, 2016 at 3:55 pm
ဟိ။
အဒေါ် တစ်ယောက်က ပြောဖူးတယ်။
တွဲမဝတ်တတ်ရင် ရှပ်အဖြူနဲ့ ဂျင်းမိုးပြာပဲ ဝတ်ဆိုလို့ ခေါင်းခြောက်သက်သာပြီဆိုပြီး အားရင် အဲလိုပဲ တွဲဝတ်တာ မဒါဝတ်ဖြစ်နေတယ်။
မတူပါဘူးဆိုလည်း မယုံကြဘူးး
ဟီးဟီး
:k:
Kaung Kin Pyar
July 26, 2016 at 3:29 pm
ရှပ်အကျီင်္ကြိုက်တယ်….။ စကဒ်ထဲထည့်ဝတ်ဝတ် ဘောင်းဘီနဲ့ တွဲဝတ်ဝတ် အဆင်ပြေတာမို့….
လည်ပင်းကျကျ အသားဖားဖားလေးတွေလဲ ကြိုက်တယ်….။ ပေါ့ပေါ့ပါးပါးလေးရှိပြီး… အပြင်ဝတ် ရုံးဝတ်ရတာမို့…။ ခုနောက်ပိုင်းကို အဲ့လိုလေးတွေ အဓိက ရှာဖြစ်နေတယ်…။
ခုနောက်ပိုင်း ကြိုက်မိတာ… ဘောင်းဘီ ဒူးပေါ်လောက် ဒဲ့အနည်းငယ်မသိမသာပွ နဲ့ အပေါ်က စပို့တ်ရှပ်၊ တီရှပ်ဝတ်ရတာ.. ခိ (အသက်ကြီးမှ ပြန်ငယ်ချင်နေတာ… :k: )
ငယ်တုန်းက ဘာမှသိပ်မစဉ်းစားဘူးရယ်. တီရှပ်ရောင်စုံဝယ်တယ်၊ စပို့တ်ရှပ်လောက်နဲ့ ပြီးရော…
ခုနောက်ပိုင်းတော့ ရုံးဝတ် အပြင်ဝတ်ကောင်းတဲ့ပုံစံတွေဘက် လှည့်ရတယ်…။
ဂါဝန်တိုလေးတွေတော့ မြင်မိရင် ချစ်သားး။ ခုထိတော့ ဝတ်ဖို့ မရဲနေသေးဘူးရယ်…။ ခြေထောက်တွေက အရမ်းလှတာမို့… :k:
မမချွိ
July 26, 2016 at 3:34 pm
ဟယ်။
တူလိုက်တာ။
ဟိ။
ဘောင်းဘီ တို ပွ လိုက်ရှာနေလို့ မောင်လေးက ဝက်သားရောင်းတဲ့ တရုတ်မပုံ ဘောင်းဘီလို့ ပြောတာမို့ ခု ရပ်ထားတယ်။
အားကစားသမားပုံဖမ်းမို့ပါဆိုမှ ဓားမ ကိုင်ရမလိုဖစ်နေတယ်။
:mrgreenn:
မမဂျီးက ရှပ်အင်္ကျီ အဖြူခံပေါ်မှာ ဒီဇိုင်းတွေနဲ့ ဘောင်းဘီ အဝတ်များတယ်။
အလုပ်ရော၊ အပြင်ရော မရွေး ဝတ်လို့ရလို့။
:k:
Kaung Kin Pyar
July 26, 2016 at 3:37 pm
ခိ.. စမီးက ဂျပု… (ကြုံတုန်း ဝင်ကြွားထှာ..) :k:
အိုက်လို ဘောင်းဘီမျိုးဆို အတော်ရွေးရတယ်… ။ လိုတာထက် ပိုပွသွားရင်လဲ ကင်ပေတိုင် နဲ့ တူသွားရော…။
ကြပ်လွန်းတော့လဲ အသားက တစ်နေ….။
လိုချင်သလောက် ဝယ်ဖို့ ရွေးရခက်တာ.. အဲ့လို ဘောင်းဘီပဲ…။
အမဲလေးတစ်ထည်လား.. လောက်လောက်လားလားရှိတယ်…
မမချွိ
July 26, 2016 at 3:39 pm
စမီးက တဆက်တည်း ဝတ်ရတဲ့ ဟာမျိုးတွေ ရှာရမှာ။
ပြီးရင် ရှာပြမယ်။
ခန။
ဟိ
:k:
Kaung Kin Pyar
July 26, 2016 at 3:50 pm
hmee
July 26, 2016 at 11:05 pm
စပို့ရှပ်က ကောက်စွပ်ရုံ အထဲက အတွင်းခံ စဉ်းစားစရာမလိုလို့ ( အကျပ်ဆို အတွင်းခံက ခါးရှည်ဝတ်ရတာကိုး ကိုယ့်အကြောင်းကိုယ်သိ) ကြိုက်တယ်။ ၄ကွာတားနဲ့ ဝတ်ဝတ် အရှည်လည်းရ အတိုလည်းလိုက်လို့ အရောင်ကြိုက်ရင် ဝယ်တယ်။ စကပ် ဖါးဖါးရှည်ရှည်တော့ သူများဝတ်တာ ကြိုက်လှ ကိုယ် စမ်းဝတ်ကြည့် အတော်ကို ပုံဆိုးဆိုး။ ဇီ ပြောသလို ဂါဝန်ဖားဖား ဒူးအောက်ကို အပေါ်က အနွေးထည် အရှည်ဝတ်ပြီး ၂ခုတွဲပြီး အပေါ်က ခါးပတ်ပတ်တာလှတယ်။ သားကျောင်းက ဆရာမ ဝတ်ထားတာတွေ့လို့။ အမမှာက ဂါဝန်က မရမ်းခေါ်မလား ခရမ်းခေါ်မလား ခပ်ပုတ်ပုတ် မှောင်မှောင် တထည်
လက်ဆောင်ရထားတာ လက်ပြတ်ဖြစ်နေတော့ မဝတ်ရသေးဘူး။ ရှိတဲ့ ခပ်ပါးပါး အပေါ်ထည်က အပြာနုနုလေး။ တွဲဝတ်ရင်လှမလှ ဇီ အရောင်စပ်တွေလာမှ ကြည့်ရမယ်။ ပန်းရောင် ဖျော့ဖျော့လေးနဲ့ တွဲရင်လိုက်မှာ သိပေမဲ့ ဝယ်ဖို့ သွားတာ ကိုယ့်စိတ်ကြိုက်က အပေါ်ဝတ်ကလေးကို ဈေးက အော်ပျံနေတာ ဘတ်ဂျက်မကိုက်ဘူး။ လှချင်လွန်းသူမို့ အဝတ်အစား စမတ်ကျနေသူများဆို မှတ်ရတာ အမော
မမချွိ
July 27, 2016 at 8:51 am
အပေါ်ဝတ်ဘတ်ဂျက်မကိုက်ရင်
အဝတ် ပဝါအရှည် ရှိရင် ခြုံပြီးမှ ခါးပတ်ပတ်လည်းလှတယ်။
ဟိ။
:k:
မြစပဲရိုး
July 27, 2016 at 1:51 am
ကျွမ်းကျင်သူ ရဲ့ စနစ်တကျ ထုတ်နှုတ်ရှင်းပြမှု တွေကို ဖတ်သွား၊ မှတ်သွားပါသည်။ :-)))
လေဒီ လို့ မြင်ချိန် မှာ
ဒီလေဒီကြောင့် မြန်မာ့ရိုးရာထည် တွေ ပွဲဝင်လာတာ ကို ချီးမွမ်းမှု မပြုနိုင်ဘဲ
ပုဝါခြုံ ပုံ ကို ကဲ့ရဲ့ နေတဲ့ ကတော်ကြီး တစ်ယောက် နဲ့ စကားစစ်ထိုးဖူးလိုက်သေး တာ ပြေးသတိရလိုက်တယ်။
အခု လေဒီ ပြောင်တွေ နဲ့ အပွင့်လေးတွေ ဝတ်ပြန်တော့ အဲဒါတွေ ပြန်ပြီး ခေတ်ထ နေပြန်ပြီထင်တာဘဲ။
မမချွိ
July 27, 2016 at 8:50 am
ဟုတ်ပါ့။
ပဝါကိုလည်း ရိုးရိုးချည်ပဝါက လုံချည်နဲ့ အဆင်တူလေးတွေ ခြုံနေတယ်။
:chit:
မွသဲ ( 17082011 )
July 27, 2016 at 9:53 pm
Yes အောက်ဆုံးကအကြံပေးသလိုအမြဲလုပိတယ်
များသောအားဖြင့်အကျႌတွေကဒိတ်အောက်တာများလေတော့
ထမီ သို့မဟုတ် ဘောင်းဘီအရောင်လိုက်ပြီးအကျႌရှာလေ့ရှိတယ်
မမချွိ
July 28, 2016 at 9:08 am
အမှန်က လုံခြည် က အတွဲအစပ် ပစိပစပ်ပိုများသဗျ။
ဝမ်းဆက်မဟုတ်ရင် တွဲရခက်ရော။
ကျနော်က တိုင်းရင်းသား ရိုးရာ ချည်ထည်ကလွဲရင် တခြားလုံချည်မဝတ် သံဒိတ်ထန်ချမှတ်ထားဒေ။,
ရှိလည်းမရှိဘူးလေ။,
အဟိ
:k:
လုံမလေးမွန်မွန်
July 27, 2016 at 10:03 pm
အမလေး
အတော်တန်ဖိုးရှိတဲ့ ပို့စ်ရယ်ပါ . . .
ဒီမှာ တစ်ဗီရိုလုံး ပစ်ချင်နေတာ . . .ဟီး
မမချွိ
July 28, 2016 at 9:05 am
ဂစ်ဂစ်။
သထေးမရယ် စိတ်လျှော့ဘားးး
:k:
Wow
July 28, 2016 at 3:16 pm
ကိုယ့်ဘီရိုထဲရှိတာတွေလှတယ်မထင်ပဲ အပြင်ထွက်မျက်စိကျတိုင်းဝယ်ဖြစ်နေတာ စိတ်ကျရင် ဈေးပိုဝယ်ဖြစ်တယ်
မမချွိ
July 28, 2016 at 4:08 pm
ဟုတ်တယ်။
စိတ်အဆာပြေ ငန်းငန်းတက် ဝယ်ဖြစ်တယ်။
စိတ်ပြည့်နေရင် အိမ်ထဲမှာ အေးအေးဆေးဆေးပဲ။
ဟီးဟီးး
အရူးမဒေ။
:k:
Thint Aye Yeik
July 28, 2016 at 3:42 pm
မိန်းခေး အသားပေး ပို့စ်
:k:
ဘာပဲဖြစ်ဖြစ် အစ အဆုံး ဖတ်သွားတယ် သပ်လား
ယူတတ်မယ်ဆိုရင်တော့ ရတာချည်းပါပဲလို့စ်
:k:
မမချွိ
July 28, 2016 at 4:10 pm
နာ က ကိုယ့်ကိုယ်ကို စိတ်အဝင်စားဆုံးမို့
ရေးသမျှလည်း ကိုယ်တွေ့က မထွက်ဘူးး
:k:
အောင် မိုးသူ
July 29, 2016 at 11:41 am
မိန်းခေးအသားပေးမို့ ဘာမှ သိပ်မမန့်တော့ဘူးရယ်