အီကိုကျကျ ဒီဇိုင်းအလှ (Part 3) – အရောင်များနဲ့ ပွါးများခြင်း Colours
အရောင် အတွဲအစပ်တွေ ရေးမယ် ဆိုပေမဲ့ အရောင်ကို အလှတရားအနေနဲ့ပဲ မြင်တတ်တယ်လို့ ကြိုတင် ဝန်ခံထားပါရစေ။
အရောင်မှာ အပူရောင်တို့ အအေးရောင်တို့ ဘာကိုယ်စားပြု ဘာညာ သိပ်မသိပါဘူးး။
ကိုယ်နဲ့ လိုက်တဲ့ အရောင်မှန်သမျှကို ဝတ်ပြီး လှတယ်ထင်တဲ့ အရောင်မှန်သမျှကို ကြိုက်ပါတယ်။
.
.
ကိုယ်က အသားညိုတာမို့ အရင်ကဆို အရောင်အမှိုင်းနဲ့ အနက် ကိုပဲ ရွေးချယ်လေ့ရှိပါတယ်။ မွေးမေလေ့ဆုံးမဖူးတာကိုပြောရမယ်ဆိုရင် သဘာဝတရားကြီးက အရောင်စုံပေးထားတာ ကိုမသုံးနိုင်ရင် နင် အရှုံးတဲ့။
အဲတော့ ကိုယ့်မယ် ကြိုးစားပြီး လှရာလှကြောင်းအရောင်တောက်လေးတွေ ကြိုးစား ဝတ်ရာက စလုံးလည်း ရောက်ရော နည်းနည်း ဂွမ်းပါတယ်။
ကိုယ် ဝတ်နေကျ အနီရောင်ဟာ သူတို့က နေရှင်နယ်ဒေးတို့ နှစ်ကူးတို့မှ ဝတ်ပါသတဲ့။
နည်းနည်း အရောင်ထွက်ရင် ဘယ်သွားမလဲ အမေးခံရပါတယ်။
ဒါပေမဲ့လည်း လျှော့ဖို့ မလွယ်တော့ပါဘူးး၊ အရောင်တွေရဲ့ ဖျားယောင်းမှုနောက် ပါသွားပြီးပြီကိုး။
.
.
အခြေခံ အရတော့အဝတ်အစားမှာ ၂ ရောင်ထက် ပိုဆင်လို့ မကောင်းဘူးလို့ပဲ ကိုယ့်ကိုယ်ကို မြင်တာပါပဲ။
၂ ရောင်ထက်ပိုရင် အဝတ်အစားဒီဇိုင်းရယ်၊ တခြား Accessories တွေရယ်မှာ သတိထားရလို့ပါ။
ကိုယ်က ပြည့်တဲ့သူမို့ များသောအားဖြင့် အထက်နဲ့အောက် အရောင်တူရာ ညီရာ ဝတ်လေ့ရှိပါတယ်။
အဖြူဆိုလည်း တဆက်တည်းး၊ အမဲဆိုလည်း ဝမ်းဆက်၊ စသည်ဖြင့်ပေါ့။
အောက်ပိုင်း အဆင်နဲ့ဆို အပေါ်ဗျောင်၊ အပေါ်ပိုင်း အဆင်နဲ့ဆို အောက်ပိုင်းဗျောင် စသည်ဖြင့် လမ်းရိုး အတိုင်းပဲ လိုက်ပါတယ်။ မလှရင်တောင် ကြည့်ရမဆိုးဘူးလေ။ :mrgreenn:
အဲ။ အရောင်ကွဲရင်တော့ ၂ ရောင်ထက်ပိုမဝတ်မိအောင်ကြိုးစားရပါတယ်။ ၂ ရောင်ကိုတောင် လူကို အထက်အောက် တစ်ဝက်ဆီ ခွဲထားသလို အဝတ်အစားမျိုးရှောင်တယ်။
အရပ် ပု လို့ ပါ။
များသောအားဖြင့် အပေါ်အင်္ကျီကို ခါးရှည်ရွေးတာများရဲ့။ အမြင်အရ သွယ်သလို ထင်အောင် လှည့်စားရပါတယ်။
စကပ်/ဘောင်းဘီအရှည် ဖိနပ်အမြင့်စီးမှသာ အင်္ကျီခါးတိုတာကို ရွေးပါတယ်။
ဒီ နေရာမှာ ဘတ်ဂျက် အရပြောရရင်……
ကိုယ့်မှာ ဖိနပ် ဆို ၂ ရံပဲထားပါတယ်။ အဖြူနဲ့ အနက်ပါ။
အဲဒါကြောင့် စကပ်တို့ ဘောင်းဘီတို့ ကိုလည်း အဖြူနဲ့ အနက် ကာလာရိန့်(ချ) ထဲက ပြေးမလွတ်တာတွေ ပဲ ရွေးထားပါတယ်။
ဖိနပ်နဲ့ အောက်ပိုင်းအဝတ်အစား အရောင်ကွဲရင် ကြည့်ရဆိုးလို့။
အရောင်ကို အင်္ကျီမှာပဲ စိတ်ကြိုက်ရွေးပါတယ်။
အိတ်ကိုလည်း အဖြူနဲ့ အနက်ပဲ ၂ လုံးလှည့်ကိုင်ပါတယ်။ အပိုမထားပါဘူးး။။
နာရီလည်း ၂ လုံးပဲ အဖြူနဲ့ အနက်ပဲ။
အမျိုးသားတွေမှာလည်း နာရီသားရေကြိုးရယ်၊ ဖိနပ်ရယ်၊ ခါးပတ်ရယ် တူဖို့ပဲ အားပေးပါတယ် ခညာ။ (အီကား စကားချပ်)
:mrgreenn:
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရောင်မတူတာ တွဲဝတ်ဆို များသောအားဖြင့် တစ်ရောင်ဆီ က အနုနဲ့ အရင့်ကိုပဲ ယူလေ့ရှိတယ်။
ဒီ စက်ဝိုင်းထဲကလိုမျိုး မျိုးတူထဲက အနုအရင့်သွားဝတ်လည်းလှတယ်။
အနုနဲ့ အရင့်ကို တုံးတိ ဝတ်မဲ့ အစား ombre colour combinatioin လို့ ခေါ်တဲ့ (မြန်မာအခေါ် ရေစိုဆင်လို) ဝတ်တာ ပိုလှပါသတဲ့။
ကိုယ်က အပေါ်ပိုင်း ပိုကြီးရင် အရင့်ကို အပေါ်က ထားပါ။ အောက်ပိုင်းပိုကားရင် အရင့်ကို အောက်ဘက်ကျအောင် ဒီဇိုင်းကို ရွေးပါ ခည။
:mrgreenn:

~~~~~~~~~~~~~~~~~~
အကြိုက်တွေ့တဲ့ မတူတဲ့ ၂ ရောင်တွဲတွေကို ပြောရရင်
၁) အဖြူနဲ့ အနက် (အာဟိ)
၂) အဖြူ နဲ့ ကာကီ
၃) စစ်စိမ်းနဲ့ ကာကီ
၄) အနက်နဲ့ ဘဲခေါင်းစိမ်း
အာ့လောက်ပဲ ကြိုက်တယ်။ အောက်ဘက်က ပုံလို ကာလာ အများကြီး ကွန်ဘိုင်နေးရှင်း ဟာမျိုးတွေတော့ ရှောင်တယ်။ ကိုယ်က အရပ်သူမို့ မိတ်ကပ်နဲ့ တခြားအဆင်တန်ဆာတွေ မလိုက်နိုင်လို့။ :mrgreenn:
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒါကတော့ ၂ ရောင်ထက် ပိုတဲ့ ကာလာ မက်ချင်းချင်သူတွေ အတွက် နမူနာပါ။
ရာချီ ရှိတဲ့ထဲက သင့်တော်မယ်ထင်တဲ့ဟာပဲ ရွေးပေးလိုက်ပါတယ်။
Credit to – http://life-begins-at.co.uk/brilliant-colour-combinations-for-your-wardrobe/




























~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒါက အမျိုးသားတွေ အတွက် အကြမ်းဖျင်း အရောင် ရိန့်(ချ) ပါ ခညာ။
ကာလာမက်ချင်းကတော့ ဒီနေ့ ဂလောက်ပဲ။။
ဟိ။
နောက်ရက် ဘာရေးရမယ်မသိသေးဘူးး
All photos credit to Original Uploader
20 comments
hmee
July 27, 2016 at 7:45 pm
Great for pink coat က နောက်ဆုံးအရောင်ဆိုတော့ကာ အပြာနုနဲ့ မလိုက်ဆိုတဲ့သဘောမို့ အဲ့ ထဲက တရောင်ရှာရမယ်သဘောဖြစ်ြပြီ။ အပေါ်ထပ်ဝတ်တာလေးကို ဈေးကြီးကြီး ပေး မဝယ်ချင်ဘူးကွယ်။ ပုဝါနဲ့လည်း ခေးမေဆိုတော့ ခေးတွေက ဟိုဆွဲ ဒီဆွဲ နဲ့ မို့ အရူးမနဲ့ တူသွားမှာ။ :O အဲ့အတွဲ အစပ်လေးပဲကူးသွားြပြီ။
hmee
July 27, 2016 at 7:57 pm
အရောင်အစပ်တွေ ဘယ်လိုပဲ မတွဲစပ်တတ်ပါစေ မလိုက်ပါစေ အနည်းဆုံးတော့ လက်ကိုင်အိတ်နဲ့ ဖိနပ်တော့ အရောင်တူပါစေတဲ့ အဲ့ဒါဆိုရင်လည်း ဖက်ရှင်ကျပါသတဲ့ အမ ဖတ်ဖူးတာ။ အရင်ကတော့ ဖိနပ်ဆို အနက်ပဲ ဘာနဲ့တွဲတွဲ မလိုက်ဖက်မှာ မပူရဘူး။ ကိုယ်က မင်းသမီး မဟုတ်တော့ ရောင်စုံမှ မဝယ်နိုင်တာ. မလိုက်ဖက်ပဲလည်း မဝတ်ချင်ဘုူး။ ခုတော့ လက်ကိုင်အိတ်နဲ့ ဖိနပ် အရောင် ခပ်ဆင်ဆင်ဝယ်ပြီး ဝတ်တယ်။ မဟုတ်ရင် ဖိနပ်က အနက်ကြည့် မဒါဝတ်ဖြစ်နေလို့။ 😛 😛
မမချွိ
July 27, 2016 at 8:14 pm
ဟု..
ဖိနပ်နဲ့ အိတ်နဲ့ အရောင် တူသင့်ကြောင်းး ဖိနပ် ပို့စ်မှာ ပြောခဲ့တယ်…
အများကြီးး မလဲနိုင်လို့
ဖိနပ်လည်းး အဖြူနဲ့ အနက်
အိတ် လည်းး အဖြူနဲ့အနက် ပဲ ထားးတယ်..
???
မမချွိ
July 27, 2016 at 8:15 pm
အပြာနု ဆို ပန်းးနု နဲ့ လိုက်ပါတယ် အမရေ
??
မွသဲ ( 17082011 )
July 27, 2016 at 9:18 pm
အဲ့လောက်အရောင်တွေအများကြီးကတော့ မြန်မာဝတ်စုံကျမှဝတ်တယ်
အပေါ်ပြောင်ဆိုအောက်ကအပွင့်
အောက်ကပြောင်ဆိုအပေါ်ကအပွင့်
ထသွားထလာဆိုရင်တော့ဂျင်းနဲ့အပေါ်ကတခုခုကောက်စွပ်သွားလိုကိတာပဲ
ဖိနပ်ကတော့ဝယ်သမျှအမဲထဲကမလွတ်ဖူး
အဖြူကတော့ရန်ကုန်အနေအထားအရမဝတ်သင့်ဘူးထင်လိုမဝယ်ဘူး
အိပ်ကတော့ လှတယ်ထင်ဝယ်လိုက်တာဘဲ ခိခိခိ
မမချွိ
July 28, 2016 at 9:13 am
ငင့်။
မြန်မာ ဝတ်စုံက အဲလောက် ရောင်စုံရင် လှသလားး
ဘယ် အဝတ်အစားမဆို ဗျောင် ကို ၂ ရောင်ထက် ပိုရင်ကို မကြိုက်တော့တာ။
ဟိဟိ။
ရောင်စုံပွင့်ရိုက် စကပ်တွေတော့ ကြိုက်တယ်။
:k:
မြစပဲရိုး
July 28, 2016 at 2:24 pm
လက်ရှိ ကိုယ့်ထီးကိုယ့်နန်း နဲ့ အခြေအနေမှာ
အနက် ဘောင်းဘီ – ၃
နက်ပြာ – ၂
ကာကီ – ၂
ဂျင်း – ၂
ဒီတော့ အကျီင်္ ကို ကြုံရာဆွဲဘဲ။
အေးတာမို့ ဂျက်ကက် က အမြဲလိုတော့ အမဲ နဲ့ နက်ပြာ ဂျက်ကက် တွေ ပိုလိုတယ်။
ဒီလောက်ဘဲ ချမ်းသာတာ။
ရွှေထီးဆောင်း အမေ့အိမ် ကို ပြန်လွမ်းပြရင်တော့ အစ်ကို မောင် သင်းဘောသီး တွေ ရဲ့ စပွန်စာ နဲ့
ပါတိတ် ဝမ်းဆက် ချည်း ဆို ရိုးလို့ အပေါ်က ပြောင် ရှပ်ပွပွ တွေထပ်ပြီး ဝတ်တာ။
အဲလိုမျိုး စတိုင်ကို တစ်လလောက် မထပ်အောင် ဝတ်ပြနိုင်ခဲ့ဖူး ရဲ့။
ကီမိုနို တွေ ကတော့ ဘယ်လို မှ ခံစားမရလို့ ပြန်ရောင်းစားတယ်။
အဖေ နယ်စပ် သွားရင် ဆိုတာတွေ ကျန်သေး။
(ကြွားစ် – ဟိ)
အလုပ်မှာ စာသင် တဲ့ နေ့ ဆို လေဒီ့ ရဲ့ စတိုင် မြန်မာရိုးရာ လုံချည် မျိုးစုံ ကို အပေါ်က မြန်မာရင်ဖုံး ခါးတို ပွပွ နဲ့။
စာရေးရင် ခါးပေါ်တာ သိလဲ ခပ်တည်တည် နဲ့ ကဲ ခဲ့ဖူး ရဲ့။
ထမီ တိုတို မှာ Foot chain နဲ့ ခေတ်ကောင်းစဉ် အခါပေါ့။
စတိတ်ကျောင်း တုန်း ကတော့ ထမိန် ဒရွတ်ဆွဲ လို့ အမြဲ ဒါဏ်ပေးခံရ။
တစ်ခါက တွေလေ။ :-))))))))))))))
မမချွိ
July 28, 2016 at 2:34 pm
စကား အတင်းစပ်
အရီး ရွာပြန်တုန်းက ပုံထဲမှာတွေ့လိုက်တဲ့ အဖြူဝမ်းဆက်ကို အရမ်းကြွေတာပဲ တိလားး။
အပွေးမြင် အပင်သိရမယ်လေ။
ဟိ။
:chit:
မြစပဲရိုး
July 29, 2016 at 12:18 am
ဒေါ်ဇီဇီ ကလေး လူများမှား နေလားကွယ်။
ရွာပြန်တုန်း က အဖြူဝမ်းဆက် ဆိုတာ အရီး ဝုတ်ဘူးထင်တယ်။
သူကြီး များလား? ကျော်သူ စတိုင်နဲ့။ 🙄
မမချွိ
July 29, 2016 at 8:07 am
ပုံပြန်ရှာတာ မတွေ့တော့လို့ အရီးရဲ့။
အရီးပါ။
တညားလူမမှားပါဘူးး ဟိဟိ
အင်္ကျီအဖြူလေးနဲ့ လုံချည်လားစကပ်လားမသိအဖြူနဲ့ အနက်လေးး။
:chit:
ဒါနဲ့ ရိုးရာလုံချည် ခုရော ဝတ်သေးလား
ပိန်နဲ့ သူ ဝတ်ရင် လှမဲ့ အဆင်လေးတွေတညားမှာ ရှိတယ်။
:k:
Thint Aye Yeik
July 28, 2016 at 3:45 pm
မမဂျီးနဲ့ အနော်
ဘူ အသားပို ညိုလဲ
.ပြိုင်မားးး
:k:
ရွာသူထဲမှာ အသားအရည်အလှဆုံး ဆု ပေးမယ်ဆိုရင်
ဘူရမယ် ထင်လဲငင်
:k:
မမချွိ
July 28, 2016 at 4:12 pm
သူမတာ
ကိုယ် အတုဘ ထင်ပါရဲ့။
ဟိ။
ရွာသူတွေထဲတော့ အကုန်အသားအရည်လှကြတယ်။
မြင်ဖူးသလောက်ပေါ့။
:k:
Wow
July 28, 2016 at 3:58 pm
အဖြူရောင်နဲ့အနက်ရောင်ကိုကြိုက်ဆုံးပေမဲ့ တခါတလေ အရောင်လွင်လွင်လေးတွေ စုံနေအောင်ဝတ်ရတာ သဘောကျတယ် ပန်းရောင်ပွင့်ရိုက်ကာလာပြေပြေလေးကို စကပ် အပြာပွင့်ရိုက်ပြေပြေလေးနဲ့တွဲ ဝတ် ဖိနပ်ပန်းအပြာစပ် နာ့မှာရှိဖူးတယ်ချစ်စရာလေး အာ့နဲ့တွဲဝတ် အိတ်အကြိုးရှည်ရှည်လေးလွယ် ရောင်စုံပန်းခင်းလေးကျ ကွကိုယ်ထင်တာ
Wow
July 28, 2016 at 3:59 pm
အိတ်အညို ပြောတာ
မမချွိ
July 28, 2016 at 4:15 pm
စလူးမဒေ နာ့ ကို ပြောဒါ။
နင်က Striking Colour တွေ သိပ်ကြိုက်တာနော်တဲ့။
နာ့ ကို ပြောပြောပြီးရင် လူတွေ ဝဋ်လည်တာ။
ခိ။
ခု သူတို့ လိုက်ဝတ်တော့ အသက်အရ ခရေဇီကာလာတွေ ဝတ်တာ ဘာညာ နဲ့ ခေးက ပြောတော့ ဂွမ်းနေဒေ။
ဟိ။
:k:
နာ က ပွင့်ရိုက် စကပ်တို့ လုံချည်တို့ ဂါဝန်တို့ သိပ်ကြိုက်တာ။
ရှားရှားပါးပါး မိန်းမဆန်ချင်တဲ့ အချက်လေးး
ဟိ။
နောက်ခါ ပွင့်ရိုက် စိတ်စိတ်ဆင် အနက်ခံကို ဂါဝန်ရှည်ချုပ်ဝတ်။
နိ နဲ့ လှမှာ။
:chit:
Wow
July 28, 2016 at 5:56 pm
ရှိပါ့ ဟီး
ဂျစ်စူ
July 28, 2016 at 10:48 pm
များဒို့က စလစ်ဘလစ်တီ မဟုတ်တော့
ဖရိးစတိုင်
မြင်းဂေါင်းနဲ့ အာကာထွန်းပဲဟေ့
weiwei
July 29, 2016 at 9:31 am
အရောင်တွေနဲ့ ပတ်သက်ရင်တော့ ဘိုဆန်တယ်လို့ ပြောလို့ရတဲ့ အရောင်တွေကို ကြိုက်ပါတယ် …
အခုတလောတော့ တောက်တဲ့အရောင်တွေကို မျက်စိကျနေတယ် .. ဓါတ်ဆရာပီသလာလို့လားတော့မသိ .. သူများဝတ်တဲ့အရောင်တွေကိုလဲ စိတ်ဝင်စားပြီး မှတ်တတ်နေတယ် ..
အောင် မိုးသူ
July 29, 2016 at 11:41 am
အရောင်တွေထဲ အဖြူ နဲ့ အနက်အကြိုက်ဆုံး ကျန်တာ အရောင်မှိန်မှိန်တွေပဲကြိုက်တတ်တယ်။ မိန်းခေးအသားပေး ပို့စ်မို့ ဘာမှ သိပ်မမန့်တော့ဘူးရယ်။
black chaw
August 3, 2016 at 1:03 pm
မဝံ့မရဲ နဲ့ ဝင်ပြောကြည့်မယ်ဗျာ…။
ကျွန်တော့် အသားက အနက်နုရောင်လေးမို့
အရောင် ရွေးပါတယ်ဗျာ…။
ဆိုတော့ ခုနောက်ပိုင်း
နက်ပြာ…၊ အနက်…၊ အပြာ စတဲ့ အရောင်တွေကို
ပိုအဝတ်များနေပါတယ်…။
အသားမဲတော့ ကိုယ့်ကိုယ်ကို လည်း ယုံကြည်မှု
နည်းပါတယ် ခင်ဗျာ…။
(ဝမ်းနည်းသွားပြီ)