နွေဥဩ (အပိုင်း-၁)
ကျွန်တော်၏နှင်း…………..
ညှို့စွမ်းအင်အပြည့်ရှိသော မျက်ဝန်းတစ်စုံကို ထွန်းကျော် ရင်ခုန်မိသည်။ သူမနာမည် ကိုမသိသော်လည်း “မျက်ဝန်းလေး” ဟုအမည်ပေးခဲ့သည်။ စာသင်ခန်းထဲသို့နောက်ကျမှရောက်၍ ဆရာရှိမရှိ ခိုးကြည့်သောမျက်ဝန်းလေးကို တွေ့မိလိုက်သည့် ထွန်းကျော် တစ်ယောက် မျက်ဝန်းတစ်စုံ၏ ညှို့ယူခြင်းကိုခံလိုက်ရပြီဖြစ်သည်။
“တောက်နာတယ်ကွာ ဒီလိုမှန်းသိအစောကြီးကတည်းကကျောင်းတက်ပါတယ်” ထွန်းကျော်တစ်ယောက်ကိုယ့်ဘာသာမကျေမနပ်နှင့် တစ်ယောက်တည်း ရေရွတ်နေမိသည်။ ကျောင်းကို လဝက်လောက်နောက်ကျမှတက်ခဲ့မိသည်ကို အလိုမကျဖြစ်နေခြင်းဖြစ်သည်။
“ဟေ့ကောင်ဘာတွေစဉ်းစားနေတာလဲကွ”
“လန့်လိုက်တာယောက်ဖရာ မင့်နှမ မုဆိုးမဖြစ်တော့မှာဘဲ”
“မင်းအတွေးလွန်လို့ပိုလန့်နေတာ ငါသိသားပဲ ငါခေါ်နေတာကြာနေပြီကွ။ မှန်မှန်ပြောမင်းဟိုကောင်မလေးအကြောင်းစဉ်းစားနေတာမဟုတ်လား”
မင်းနိုင်နှင့် ထွန်းကျော်တို့မှာ ပြောမနာဆိုမနာငယ်ပေါင်းကြီးဖော်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေမို့ အတွင်းသိအဆင်းသိများဖြစ်သည်။
“မင်းကို ငါမလိမ်ပါဘူးကွာ မင်းကိုလိမ်လို့ ငါဘာမှမရဘူး။ ဒါနဲ့မင်းအဲကောင်မလေးနာမည်သိလား။ မင်းကကျောင်းစဖွင့်ကတည်းက တက်တဲ့ကောင်ဆိုတော့”
“သူ့နာမည်က နှင်းဟန်ဖြိုးတဲ့ ဘုစပ်စပ်နဲ့ပါကွာ ဟိုတစ်ခါကတောင်ငါနဲ့ရန်ဖြစ်ကြသေးတယ်”
“ငါ့တောင်မပြောဘူးကွာ”
“ခွေးကောင်မင်းနဲ့ငါကမနက်ကမှတွေ့တာလေကွာ တွေ့တွေ့ချင်း သူ့အကြောင်းပြောရမှာလားကွ ဘာမှမဆိုင်ဘူး လာဘ်ပိတ်တယ်”
“တောင်းပန်ပါတယ်ယောက်ဖရယ်ပြောပြပါ”
“ညနေကျရင်လဘက်ရည်တိုက်ရင်တော့………”
“ငါတိုက်ပါ့မယ်ကွာ”
“အေးကတိနော်”
“ပြောမှာသာပြောပါ မိန်းမကျနေတာပဲ အိုက်တင်ခံနေတာ တကယ်ပါပဲ”
“ဒီလိုကွ ငါကန်တင်းမှာ တစ်ယောက်တည်းထိုင်နေတာ မင်းမရှိတော့ငါ့မှာ တစ်ယောက်တည်းယောင်ချာချာနဲ့ပေါ့ကွာ ၊ အဲဒီအချိန်မှာ တစ်ဖက်ဝိုင်းမှာ အဲဒီကောင်မလေးတို့သူငယ်ချင်းတစ်သိုက်ရောက်လာကြတာဆူညံပွက်လောရိုက်သွားတာပဲ”
လွန်ခဲ့ သော ၂ပတ်ခန့်က…..
“နှင်းဘာစားမှာလဲ”
“ငါက Cola ပဲသောက်မယ် ရွက်သစ်နဲ့ မိုးစက် နင်တို့ကရော မှာကြလေ”
“အစ်မကြီးရေဒီကိုလာပါဦး မှာမို့”
ဆိုင်ရှင်အစ်မရောက်လာသောအခါ
“အစ်မရေ Cola သုံးလုံး ၊ လဘက်သုပ် တစ်ပွဲ”
“ဒါပဲလားနေပါဦး မိုးစက် နင်ဘာမှာဦးမှာလဲ”
“ဟို Yum Yum တစ်ပွဲ”
“နှင်းနင်မနေ့က ငါ့ခဲဖျက် ဒီမှာကျန်ခဲ့တာ သေချာတယ်နော်”
“သေချာပါတယ် ရွက်သစ်ရာ ဟိုဘက်ခုံမှာ ဟော…ဟိုခုံအောက်မှာ တွေ့လား”
“အေးတွေ့ပါတယ်ဟ ဒါပေမယ့် ဟိုမှာ လူထိုင်နေတာမတွေ့ဘူးလား ငါမယူရဲဘူးနင်ယူပေး”
“ပိုင်ရှင်ကသွားယူရမှာပေါ့နော့ မိုးစက်ရာ”
“ရပါတယ် ဒီလိုပေါ့ စိတ်ဓါတ်လေးတွေသိရတာပေါ့” ဟုဘောက်ဆတ်ဆတ်နှင့် ရွက်သစ်ထကာ မင်းနိုင်ခုံအောက်ရှိခဲဖျက်ကိုသွားကောက်သည်။ ယောက်ကျားလေးတစ်ယောက်ထိုင်နေသောထိုင်ခုံအောက်ကို ကုန်းကုန်းကွကွလုပ်နေသည်ကို ဘာလဲဟ ဟူသောအထာနှင့်အကြည့်ခံရသည်ကို ဂရုမစိုက်ဘဲ ရွက်သစ်ထွက်ခဲ့သည်။
ထိုင်ခုံပြန်ရောက်သောအခါသူငယ်ချင်းများက
“ရွက်သစ်မင်းရဲ့သတ္တိကို ချီးကျူးတယ်ကွာ”
“နှင်းရွဲ့မပြောနဲ့ကွာ”
“ရင်တွေပူနေလား ရေခဲရေသောက်လေရွက်သစ်ရဲ့ ဆေးလိပ်ဆိုတာသောက်ရင် နှစ်လိပ်တစ်ပြိုင်ထဲသောက်မှ သောက်လို့ကောင်းတာ တို့ကသုံးယောက်ဆိုတော့ ၆လိပ်မှာ ရအောင်”
မဆိုင်သောစကားများကို အစမရှိပြောနေသော နှင်းကို ရွက်သစ် တစ်ယောက်နားမလည်နိုင်ပေ။ နားမလည်သလိုကြောင်အအဖြစ်နေသော ရွက်သစ်ကို နှင်းက ဟိုတစ်ယောက်ကို စောင်းပြောတာဟူသောမျက်ရိပ်မျက်ကဲဖြင့် ပြမှရွက်သစ်နားလည်သွားသည်။ ထိုအခါမှ အလိုက်အထိုက်ဖြစ်အောင်စကားဝင်ဖောလိုက်သည်။
“ဟုတ်တယ် နှင်းရဲ့ ငါ့ရင်တွေပူနေတာရေခဲရေများများသောက်မှဖြစ်မယ် ။
မိုးစက် ရေ နင်ရောနင်မပူဘူးလား ဒီလောက်ပူအိုက်နေတဲ့ရာသီမှာ”
“ပူတာပေါ့ရွက်သစ်ရဲ့ ဖြစ်နိုင်ရင် ရေခဲတုံးကိုရင်ဘက်မှာ ထားထားချင်ပါရဲ့”
မင်းနိုင်တစ်ယောက် စိတ်ညစ်ညူးစွားနှင့် ညည်းညူမိသည်။ ဤသည်ကို နှင်းကကြားဖြစ်အောင်ကြား၍ အသံကိုပိုမြှင့်ကာ
“ရွက်သစ်ရယ် ဒီလိုမျိုးရာသီမှာ တစ်ယောက်တည်းနေရတဲ့သူဆို ပိုပြီးရင်ပူမှာ ပေါ့နော်”
“မိုးပြောမယ်ဟိုလေ အဲဒါအပေါင်းအသင်းမဆန့်တာ၊ အထီးကျန်တာပေါ့နော် အစ်မကချန်ခဲ့တာကိုး၊ လူဆိုတာပတ်ဝန်းကျင်နဲ့ အထိုက်အလျောက် ဆက်ဆံတတ်ရတယ်၊ ပတ်ဝန်းကျင်ဆိုတာပစ်ပယ်ကောင်းတဲ့အရာမဟုတ်ဘူး”
“ဟုတ်တယ်ကွအဲဒါရွက်သစ်ထောက်ခံတယ် ပတ်ဝန်းကျင်မှာ ဥပမာပေါ့နော် အပြင်မှာ ရိုးရိုးကုတ်ကုတ်နဲ့ မိန်းမပီသချင်ယောက်ဆောင်နေတဲ့သူတွေက အိမ်မှာဆို အမေ့ကို အော်ပြောနေတာတစ်ရပ်ကွက်လုံးတောင်ကြားတယ်တဲ့ တစ်ချို့ကစွာကျယ်စွာကျယ်နဲ့အထိမခံပေါ့ ဒါပေမယ့်သူတို့စိတ်နှလုံးတွေကသိပ်နူးညံ့တာ အဲဒီလိုလူမျိုးတွေကျတော့ သူတို့ကပွင့်လင်းတယ်လို့ခေါ်ရပေါ့ဟာ “
မင်းနိုင်တစ်ယောက် အစမရှိအဆုံးမရှိ အဓိပ္ပါယ်မရှိလှသောစကားများကို စွာကျယ်စွာကျယ်ပြောနေကြသည်ကို ဆက်၍သည်းမခံနိုင်တော့ဘဲ
“ခင်များတို့ ငြိမ်ငြိ်မ်နေပေးလို့မရဘူးလားဗျာ”
ထိုအခါစကားသွက်သောနှင်းက
“ကျွန်မတို့ကဘယ်သူ့ကိုမှဘာမှမလုပ်ဘူးနော်ပြီးတော့ကိုယ့်ပါးစပ်နဲ့ကိုယ်ပြောနေတာ ငြိမ်ြိငိမ်နေဖို့လာမပြောနဲ့ ရှင့်န္ဓာနဲ့ငြိမ်ငြိမ်မနေတာမဟုတ်ဘူး”
“ခင်များတို့ပြောတော့ပတ်ဝန်းကျင်ကိုဂရုစိုက်ရမယ်ဆို ဒီမှာအေးအေးဆေးဆေးနေချင်လို့ဒီထောင့်လာထိုင်နေတာဗျ”
“ဒီမှာ ရှင့်ဒါကျောင်းသားကျောင်းသူတွေလွတ်လပ်ပျော်ပါးစွာနေလို့ရတဲ့အများပိုင်နေရာ အားလုံးကလည်းပျော်ပျော်ပါးပါးနေနေကြတာ ဆူမှာပဲ အေးရှင်ကအေးအေးဆေးဆေးနေချင်သပဆို ရေခဲတိုက်ထဲသွားနေပါလား အေးသမှအေးအေးအေးနဲ့နေမှာ ဘဲ”
နှင်း၏စကားကိုသဘောကျနှစ်သက်နေကြသော ရွက်သစ်နဲ့ မိုးစက်ပါဟားတိုက်ရယ်မောနေကြသည်။
“ခင်များနော် ကျွုပ်ကို မသာလို့ပြောနေတာပဲ ခင်များနော် ခင်များ မိန်းကလေးဖြစ်နေလို့”
“မိန်းကလေးဖြစ်နေလို့ခွင့်လွှတ်လိုက်မယ် ဟုတ်လား နှင်းတဲ့ တစ်နှင်းပဲရှိတယ် ရှင် က ဖိုက်ချင်တာလား လာလေ ဖိုက်မယ် ရှင်သတ္တိဘယ်လောက်ရှိလည်း မိန်းကလေးမို့ခွင့်လွှတ်သလိုနဲ့လာမလုပ်နဲ့ ပြီးတော့ရှင့်ကို မသာလို့လဲမပြောဘူးနော် ဩမေ့လို့ ကိုယ့်ကိုကိုယ် သိလို့ဖွင့်ပြောတာထင်ပါရဲ့”
ရွက်သစ်မိုးစက်နှင့် နှင်းတို့ သုံးယောက်သားမင်းနိုင်ကို ဟားတိုက်ရယ်မောနေကြသည်။ စကားနိုင်မလုချင်သည့်အဆုံး မင်းနိုင်တစ်ယောက် တောက်တစ်ချက်ခေါက်ကာထွက်သွားသည်။ ထိုအခါ ရွက်သစ်က
“ဟိတ်လူကြီး ခင်များစားထားတာရှင်းဦးလေ ။ ကျွန်မတို့ရှင့်အစားရှင်းမပေးနိုင်ဘူးရှင့်
ဩမေ့လို့ အေးဆေးတဲ့ရေခဲတိုက်ကိုသွားမှာဆိုတော့ သူစားတာရှင်းပေးလိုက်ရပါအောင်ပါ ကုသိုလ်ရပါတယ်” ဟုပြောပြီးတစ်ဟားဟားရယ်မောနေကြလေသည်။
11 comments
ဂျစ်စူ
August 5, 2016 at 6:59 pm
ဇာတ်သိမ်းရင် မင်းတားနဲ့ မင်းတမီးကို ညားပေးနော်
တားဂ အတဲငယ်လို့..
Foolish Girl
August 9, 2016 at 9:35 am
ပေါင်းစေချင်တယ်ပေါ့ 😀
kotun winlatt
August 5, 2016 at 7:25 pm
ကျောင်းဇာတ်လမ်းလေး ထင်ပါရဲ့
နောက်ထပ်အပိုင်းလေးတွေ ဆက်ပါဦးဗျို့
Foolish Girl
August 9, 2016 at 9:35 am
ဟုတ်ကဲ့ပါ စာရွက်နဲ့ရေးထားတာ ကွန်ပျူတာနဲ့စာပြန်စီတာမပြီးသေးလို့ပါ
uncle gyi
August 8, 2016 at 9:07 am
အခန်းဆက်မျှေ ျာ်
မမချွိ
August 8, 2016 at 1:43 pm
မင်းနိုင်က ဘာပြောလို့ မင်းနိုင်ကို စောင်းပြောကြတာလဲဟင်?
Foolish Girl
August 9, 2016 at 9:27 am
မင်းနိုင်ကဘာမှမပြောဘူး သူ့ဘာသာနေတာ ကောင်မလေးတွေက တမင်သွားစနေတာ တစ်ယောက်တည်းနဲ့ အများဆိုတော့ အနိုင်ကျင့်ကြတာ 😛
လုံမလေးမွန်မွန်
August 11, 2016 at 1:12 am
မိန်းခေးဆိုတာ အဖွဲ့လိုက်ဆို ဘုမှမကြောက်တော့ဘူး . . .
အပိုင်း ၂ ကို ပြေးလိုက်ဦးမယ်
Foolish Girl
August 11, 2016 at 9:18 am
ဟုတ်ပ တစ်ယောက်တည်းဆို ကုတ်လို့ 😀 (ငယ်ငယ်ကပြောပါတယ်)
Thint Aye Yeik
August 9, 2016 at 11:48 am
ဆရာ မင်းလူ ရေးတဲ့ ဝတ္ထုတွေလိုပဲ
ဇာတ်သိမ်းကာနီးမှ မင်းသားက မင်းသမီးကို ရည်းစားစကားပြောတာမျိုးတော့ မဟုတ်လောက်ဘူး ထင်ပါရဲ့လေ။
:k:
ဗမာ ဝတ္ထုတွေထဲမှာ ဇာတ်အိမ် ခိုင်ခံ့မှု ရှိတဲ့ ဝတ္ထတွေ အကြောင်း တွေးလိုက်တိုင်း
ဆရာမကြီး ကလျာ(ဝိဇ္ဇာ/သိပ္ပံ) ရဲ့ ဝတ္ထုတွေနဲ့ ဂျာနယ်ကျော်မမလေးရဲ့ ဝတ္ထုတွေကို သတိရမိတယ်။
Foolish Girl
August 9, 2016 at 11:58 am
သူတို့နဲ့တော့ အကွာကြီးပါ ဗျာ မယှဉ်ရဲပါဘူး
တက္ကသိုလ်တက်တုန်းက ဝတ္ထုတွေ ကဗျာတွေအရမ်းရေးချင်တဲ့အရွယ်တုန်းကရေးထားတာလေးပြန်တွေ့လို့ပါ။
ဝါသနာရှင်အဆင့်သာသာရယ်ပါလို့