နွေဥဩ (အပိုင်း-၃)
နှင်းစက်လေးရဲ့ဂရုဏာ
ထွန်းကျော်တစ်ယောက် အတန်းထဲတွင် သင်နေသောစာများကို ဂရုမစိုက်မိပေ။ ရှေ့တစ်တန်းကျော်တွင်ထိုင်နေသော မျက်ဝန်းလေး၏နောက်ကြောကို သာငေးကြည့်နေမိသည်။ ပုခုံးပေါ်ဝဲကျနေသောဆံပင်နှင့် ခန္ဓာကိုယ်မှာ မဝ မပိန်ပဲကြည့်ကောင်းသူဖြစ်သည်။ သုံးဦးစလုံးမှာ အလှကိုယ်စီနှင့် လှကြသည်။ ထိုအထဲတွင် မျက်ဝန်းလေးမှာ အလှဆုံးဟုထင်မိသည်။ မင်းနိုင်ကတော့ ရွက်သစ်ကို ပိုလှသည်ဟုထင်သည်။ မင်းနိုင်ဘေးမှ စိုးငြိမ်းကတော့ မိုးစက်ကို မဲပေးသည်။ ဟုတ်တော့လည်းဟုတ်သည် အကြိုက်ခြင်းတူလျှင်ရန်ပွဲတွေများနေမည်ဖြစ်သည်။ ထွန်းကျော်မည်မျှအတွေးလွန်နေသည်မသိ ဆရာမကြည့်နေသည်ကို ပင်သတိမထားလိုက်မိပေ။
“ဟေ့ဟိုတစ်ယောက်”
ဟုဆရာမကထွန်းကျော်ကို လက်ညှိုးထိုးရင်းခေါ်လိုက်သည်။ သို့သော်ထွန်းကျော်ကမကြားသဖြင့် မင်းနိုင် ၏လက်တို့ မူကြောင့်ဘုမသိဘမသိ ထရပ်လိုက်ရသည်။
“မင်းနာမည်ဘယ်လိုခေါ်သလဲ”
“ကျွန်တော့နာမည် ထွန်းကျော်ခင်မျ”
“မင်းငါစာသင်နေတဲ့အချိန် ဘာတွေလုပ်နေတာလဲ”
ထွန်းကျော်မဖြေနိုင်တော့ချေ။
“ခုနကငါရှင်းပြတဲ့စာ ပြန်ပြောပြစမ်းပါ”
“ဟုတ်ကဲ့” ဟုဆိုကာ ထွန်းကျော် ခပ်တည်တည်နှင့် အတန်းရှေ့ထွက်လာသည်။ မင်းနိုင်ခမျာလည်း ထွန်းကျော်အတွက်ပူပန်နေရသေးသည်။
“ပြောခုနကငါရှင်းပြတဲ့စာတွေ”
“ကျွန်တော်မသိဘူးဆရာမ ပြန်လေ့လာလိုက်ဦးမယ်”
“မင်းကဘာလဲ ခုနတုန်းကမှ ရှင်းပြထားတဲ့စာကို ပြန်လေ့လာဦးမယ်ဟုတ်လား ကျူရှင်ယူတယ် ကျုရှင်မှာ သင်မှာ ဘဲ ဒီဆရာမသင်တာ ဂရုစိုက်စရာမလိုဘူးလို့ ဆိုလိုချင်တာလား”
“မဟုတ်ဘူးခင်မျ။ ကျွန်တော်ဒီစာကို စသင်ကတည်းကနားမလည်တာ အဲဒါကြောင့်ပြန်လေ့လာချင်သေးတယ်လို့ပြောတာပါ”
“အေးမင်းပြန်လေ့လာဖို့ တစ်ပတ်အချိန်ပေးလိုက်မယ် တစ်ပတ်ပြည့်တဲ့နေ့ မင်းကို အကုန်ပြန်မေးမယ် သွားတော့”
ထွန်းကျော်ခပ်ကုပ်ကုပ်လေးကိုယ့်နေရာသို့ ပြန်လာသည်။ ထွန်းကျော်နှင်းဟန်ဖြိုးကို ကြည့်ဖြစ်အောင်ကြည့်လိုက်မိသည်။ မျက်ဝန်းလေးမှာ ဂရုဏာသက်လိုလို လှောင်သလိုလိုမျက်ဝန်းလေးဖြစ်နေသည်။ သို့သော် ကျွန်တော် ဂရူဏာမျက်လုံးလေးကို သာ ရင်ထဲသိမ်းထားလိုက်တော့သည်။
× × × ×× × × ×× × × ×× × × ×× × × ×× × × ×× × × ×× × × ×
နှင်း၏ မာယာ
“ဟေ့ကောင်မင်းကလည်းကွာ ဘယ်လိုဖြစ်တာလဲ”
“ငါလည်းမသိပါဘူး မင်းနိုင်ရာ”
“မင်းမသိပေမယ့်ငါသိတယ်ကွ မင်းဟိုသရဲသုံးကောင်ကို ငေးနေတာမဟုတ်လား”
“မင်းသိလည်းပြီးတာပဲကွာ စက်ချိန်တက်မှာမို့လား ။ မတက်ခင် ဗိုက်အရင်သွားဖြည့်ရအောင်”
“ထွန်းကျော် မင်းနိုင် ငါ့ဟေ့ကောင်တွေ ငါ့စောင့်ပါဦးကွ” ဟု ပြောရင်း စိုးငြိမ်းတစ်ယောက်အုူယားဖားယားအပြေးလာနေသည်။ စိုးငြိမ်းနှင့် 3rd year ရောက်မှ ခင်ခဲ့သည်။ စိုးငြိမ်းမှာ ကျောက်ပန်းတောင်းဘက်မှဖြစ်၍ စကားမပီပေ။
“လာစိုးငြိမ်း ငါတို့ကန်တင်းသွားမလို့”
“အတူတူသွားမယ်လေကွာ ငါလည်းစက်ချိန်တက်မှာကွ”
“ထွန်းကျော် ဟိုမှာ သူရဲသုံးကောင် လမင်းသာဆိုင်ထဲမှာ”
“”ဘယ်ကသူရဲသုံးကောင်လည်းမင်းနိုင်ရ”
အကြောင်းမသိသော စိုးငြိမ်းကမင်းနိုင်ကို မေးခွန်းထုတ်လေသည်။ ထွန်းကျော်မှာ သူတို့ကို ဂရုမစိုက်ပဲ ကန်တင်းသွားကာ သူရဲ သုံးကောင်ဘေးမှဝိုင်းသို့ ဝင်ထိုင်လိုက်သည်။
“အစ်မကြီး ဒီမှာ ကိုလာသုံးလုံး London တစ်ပွဲ”
ထွန်းကျော် ထိုင်ထိုင်ခြင်းသူငယ်ချင်းတွေကို မေးမနေဘဲ မှာလိုက်သည်။ ထွန်းကျော်၏ မုန့်မှာနေသောအသံကို ကြားသောအခါ တစ်ဖက်ဝိုင်းမှ နှင်းကလည်း
“အစ်မကြီးဒီမှာ ကိုလာသုံးလုံးနဲ့ လဘက်သုပ်တစ်ပွဲ မှာထားတာ အခုထိမရသေးဘူးလား”
“နှင်းမီးပျက်နေလို့ထင်တယ်”
“မီးပျက်တော့ ဘဘက်သုပ်လို့မရဘူးလေ”
“”မဟုတ်ဘူး မိုးစက်ရ လဘက်က အခုမှစိုက်တာ ဟားဟားဟား”
နှင်းဆိုသူကကိုယ့်စကားကို သဘောကျစွာရယ်မောနေပြန်၏။ ထွန်းကျော်တဟ်ယောက်အမြဲတမ်းပျော်ရွှင်နေကြသော သူမတို့ အဖွဲ့ကို အားကျသည်။ သူမတို့၏ရယ်သံကြားလျှင် စိတ်ရွှင်လန်းသွားသည်။
“ထွန်းကျော် အင်းသူရဲမလေးတွေအတောင်ကိုမသိသေးဘူးလား”
“အေးကွ ငါလည်းစုံစမ်းတုန်း”
“မင်းတို့ငါ မေးတာမဖြေရသေးဘူးနော် သူရဲမသုံးကောင်ဆိုတာဘယ်သူလဲ”
စိုးငြိမ်း၏အလိုက်မသိအော်မေးသံကြောင့် မင်းနိုင်စိတ်ညစ်သွားသည်။ ထိုစဉ် ထွန်းကျော်တစ်ယောက်နေရာမှရုတ်တရက်ထကာ
“နှင်းဟန်ဖြိုး စာတွေကူးချင်လို့ စာအုပ်ငှားပါဦး”
“ရှင်နဲ့ကျွန်မဘယ်တုန်းကသိလို့လဲ”
“နှင်းမသိပေမယ့် ကျွန်တော်ကတော့နှင်းကို သိပါတယ်”
နှင်းဟု အကျွမ်းတဝင်ခေါ်လိုက်ခြင်းကြောင့် နှင်းဟန်ဖြိုးအံ့ဩမိသည်။ အံ့ဩသွားသောမျက်နှာကို မြန်မြန် ပြုပြင်လိုက်သည်။ ထိုသို့ဖြစ်ပျက်သွားသောနှင်း ၏အဖြစ်အပျက်ကို ထွန်းကျော်ကလည်းမြင်ဖြစ်အောင်မြင်သွားသည်။ ဘာပဲဖြစ်ဖြစ်ထွန်းကျော်ကျေနပ်သည်။
“ရှင်အတန်းမတက်ဘူးလား”
“ကျွန်တော်ကကျောင်းကို လဝက်မှတက်တာခင်မျာ အဲဒါကြောင့် ရှေ့ပိုင်းကစာတွေမမှီဘူး”
“ရှင့်သူငယ်ချင်းကိုအေးဆေးကြီးရှိတာပဲ” နှင်းစကားကြောင့်မင်းနိုင်တချက်တွန့်သွားသည်။
“သူကစာလိုက်ကူးတာမဟုတ်ဘူး အလကားကောင်”
“ပြီးတာပဲလေ တစ်ရက်ပဲငှားမှာနော် ရက်မကျော်စေနဲ့ ရက်လွန်ခပေးရမယ်”
“ရက်လွန်ခကဘယ်လောက်လဲဟင်”
“တစ်ရက်လွန်ရင်အဲဒီတစ်ရက်အတွင်းကျွန်မတို့စားထားသမျှရှင်းရမယ်”
“ဒါနဲ့အဆောင်ဘယ်မှာနေတာလဲ ”
“ရှင်ကသိတော့ဘာလုပ်မှာလဲ အဆောင်လာမယ် စာအုပ်ငှားမယ် စကားတွေပြောမယ် ရင်းနှီးလာအောင်လုပ်မယ် ဒါမျိုးတွေက ရိုးနေပြီ ခင်ချင်ရင် ကျောင်းမှာ ဘဲခင် စာအုပ်ကိုလည်းကျောင်းမှာဘဲ ပေးပါ ဟုတ်ပြီလား”
“ရော့ဒီမှာ ငါတို့အဆောင်လိပ်စာပေးလိုက်”
ရွက်သစ်ကဘယ်အချိန်တုန်းကဆွဲထားမှန်းမသိသော မြေပုံကိုပေးသည်။ ထွန်းကျော်လည်းထိုမြေပုံစာရွက်ကို ယူ၍ မင်းနိုင်တို့ဝိုင်းသို့ပြန်ကူးလာသည်။
“ဟေ့ကောင်သူတို့အဆောင်ကဘယ်မှာတဲ့လဲ” မင်းနိုင် ကစိုးငြိမ်းကို သရဲသုံးကောင်အကြောင်းရှင်းပြပြီးပြီထင်သည် စိုးငြိမ်းကအဆောင်ကို အငမ်းမရမေးနေတော့သည်။ သူ့မှာလည်းသူကြိတ်ကြွေနေသော မိုးစက်ဆိုသူရှိနေသည်။
“ဒီမှာ ကွမြေပုံတဲ့”
ဟုဆိုရင်းသူငယ်ချင်းသုံးယောက်ဖြန့်ကြည့်ကြသည်။
လမ်းနာမည်မပါ။ ညွှန်ပြချက်မပါသောမြေပုံကိုကြည့်၍ အဆောင်ပါဟုဖော်ပြထားခြင်းမရှိသောစာရွက်ကို သုံးယောက်သားခေါင်းကုတ်နေကြတော့သည်။ ထိုသို့ဖြစ်ပျက်နေသည်ကို သူရဲသုံးကောင်သဘောကျစွာ ရယ်နေကြတော့သည်။
“ဟေ့ကောင် ရှေ့လ ခွင်နှစ်ရက်နေ့ကျရင် GTC ကျောင်းသွားရအောင်”
စိုးငြိမ်း၏ ကျောက်ပန်းတောင်းလေသံနှင့်စကားပြောသံကိုသူရဲမသုံးကောင်ကြားသည်ထင် တစ်ဟားဟားနှင့်ရယ်နေကြပြန်သည်။
ကောင်မလေးများ၏ ရယ်သံကြောင့် ရှက်သွားသောစိုးငြိမ်းတစ်ယောက် အမှားမှားအယွင်းယွင်းဖြစ်ကာ ထိုနေ့အတွက်ဂျိုကာတစ်ယောက်ဖြစ်နေတော့သည်။
× × × ×× × × ×× × × ×× × × ×× × × ×× × × ×× × × ×× × × ×
7 comments
Thint Aye Yeik
August 10, 2016 at 9:05 am
.တော်တော် ရယ်နိုင်တဲ့ကောင်မလေးတွေ
:k:
Foolish Girl
August 10, 2016 at 9:42 am
ဟုတ်ပတကယ်ကိုရယ်နိုင်ကြတာ အရင်တစ်ချိန်ကပေါ့
uncle gyi
August 10, 2016 at 10:10 am
ကိုရီးယားဇာတ်ကားထက်အခန်းဆက်ပိုပါပေတယ်
ဒါပေမဲ့လဲအဖြတ်အတောက်ကောင်းတော့ဆက်အားပေးနေပါတယ်
Foolish Girl
August 10, 2016 at 2:51 pm
ဟီးးးးး (အပျော်လွန်သောအသံ မြင်းဟီသံမဟုတ်ပါ )
ကျေးဇူးပါ
Foolish Girl
August 10, 2016 at 4:18 pm
ဇာတ်သိမ်းရောက်တော့မှာ ပါ
ဇာတ်ဘယ်လိုသိမ်းမယ်ထင်လည်းဟင် uncle gyi
လုံမလေးမွန်မွန်
August 11, 2016 at 1:19 am
အညာသားလေးတွေက ချစ်ဖို့ကောင်းတယ် သက်လား :k:
Foolish Girl
August 11, 2016 at 9:20 am
လုံမလေးမွန်မွန် အညာသားလေးတွေ့ထားတယ်ထင်တယ် 😛